ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီတစ္ေခါက္မွာေတာ႔ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ကိုရီးယား မင္းသား လီမင္ဟိုရဲ႕ အေၾကာင္းကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

လီမင္ဟိုကို ၁၉၈၇ ခုႏွစ္ ဇြန္လ ၂၂ရက္ေန႔မွာ ေမြးဖြားခဲ႔တာပါ။ မင္ဟိုရဲ႕ အေဖက စီးပြားေရး သမားတစ္ဦးျဖစ္ျပီး မင္ဟိုရဲ႕ အေမကေတာ႔ အိမ္ေထာင္ရွင္မ တစ္ဦး ျဖစ္ပါတယ္။ သူ႔မွာ အစ္မ တစ္ေယာက္ရွိျပီး သူမကေတာ႔ လီမင္ဟိုရဲ႕ ေအဂ်င္စီျဖစ္တဲ႔ MYM Entertainment ရဲ႕ CEO ပဲ ျဖစ္ပါတယ္။ လီမင္ဟိုရဲ႕ ငယ္ဘဝ အိ္မ္မက္ကေတာ႔ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ဖို႔ မဟုတ္ခဲ႔ဘဲ ေဘာလံုးသမား တစ္ေယာက္ျဖစ္ခ်င္ခဲ႔တာပါ။ သူက ငယ္စဥ္ ေက်ာင္းသားဘဝမွာကတည္းမွာ ေက်ာင္းမွာ လူသိမ်ားသူတစ္ဦး ျဖစ္ခဲ႔ျပီး ရုပ္ရည္ေခ်ာေမာမႈ အျပင္ သူ႔ရဲ႕ ၾကင္နာသနားတတ္မႈေၾကာင္႔ ျဖစ္တယ္လို႔ သိရပါတယ္။
Related image
လီမင္ဟိုရဲ႕ အခ်စ္ေရးအေၾကာင္း ေျပာရရင္ေတာ႔ လက္ရွိမွာ Miss A အဖြဲ႔က အဆိုေတာ္ သရုပ္ေဆာင္ Suzy နဲ႔ ခ်စ္သူေတြ ျဖစ္ေနၾကတယ္ဆိုတဲ႔ အေၾကာင္းကို 2015 ခုႏွစ္ကတည္းက တရားဝင္ ေၾကညာခဲ႔တာပဲျဖစ္ပါတယ္။ ဆူဇီ မတိုင္ခင္ကဆိုရင္ေတာ႔ လီမင္ဟို အေနနဲ႔ City Hunter ဇာတ္ကားမွာ သူနဲ႔ အတူ တြဲဖက္ သရုပ္ေဆာင္ခဲ႔တဲ႔ သရုပ္ေဆာင္ မင္းသမီး ပတ္မင္ေယာင္းနဲ႔ ခ်စ္ၾကိဳက္ခဲ႔ဖူးပါေသးတယ္။
Related image
သူပထမဆံုး ေခါင္းေဆာင္အျဖစ္ ပါဝင္ခြင္႔ရခဲ႔တဲ႔ ကိုရီးယားစီးရီးကေတာ႔ ၂၀၀၆ ခုႏွစ္က ထုတ္လႊင္႔ခဲ႔တဲ႔ Secret Campus ဆိုတဲ႔ လူငယ္ ေက်ာင္းသားစီးရီး မွာပဲ ျဖစ္ပါတယ္။ လီမင္ဟိုကို ဘယ္ဇာတ္ကားနဲ႔ လူသိမ်ားလာခဲ႔သလဲ ဆိုတာကေတာ႔ အထူးအေထြ ေျပာေနစရာလိုမယ္မထင္ပါဘူး။ ဂူဂၽြန္ပ်ိဳ ဆိုတဲ႔ ဇာတ္ေကာင္ အျဖစ္ သူသရုပ္ေဆာင္ခဲ႔တဲ႔ Boys Over Flowers (2009) (F4 ခ်စ္သူ) ဆိုတဲ႔ ဇာတ္လမ္းတြဲကေတာ႔ သူ႕ကို လီမင္ဟို ဆိုျပီး အေအာင္ျမင္ဆံုး ျဖစ္သြားေစခဲ႔တာပါ။ သူဆက္လက္ ပါဝင္ရိုက္ကူးခဲ႔တဲ႔ City Hunter (2011) ၊ The Heirs (2013) တို႔အျပင္ သူေနာက္ဆံုး ရိုက္ကူးခဲ႔တဲ႔ တီဗီစီးရီး The Legend of the Blue Sea (2016) တို႔နဲ႔ အတူ သူ႔ရဲ႕ ေအာင္ျမင္မႈကို အေကာင္းဆံုး ထိန္းသိမ္း ထားႏိုင္ဆဲ မင္းသားတစ္လက္လို႔ဆိုရမွာပါပဲ။

စီးရီးေတြအျပင္ Gangnam Blues (2015) နဲ႔ Bounty Hunters (2016) လို ေအာင္ျမင္တဲ႔ ရုပ္ရွင္ေတြမွာလည္း သူအဓိက ပါဝင္သရုပ္ေဆာင္ခဲ႔ပါတယ္။ ေဟာလိဝုဒ္က ရုပ္ရွင္ထုတ္လုပ္ေရးေတြကေန သူ႕ကို ကမ္းလွမ္းတာေတြရွိခဲ႔ေပမယ္႔ သူ႔အေနနဲ႔ လိုအပ္ခ်က္ေတြရွိ ေနေသးတယ္လို႔ ထင္တာေၾကာင္႔ လက္မခံေသးဘူးလို႔ သိရပါတယ္။ ဒါ႔ျပင္ လီမင္ဟိုဟာ သီခ်င္းေတြလည္း သီဆိုသူျဖစ္ျပီး သူပါဝင္ သရုပ္ေဆာင္တဲ႔ ဇာတ္လမ္းက ဇာတ္ဝင္ သီခ်င္းေတြကို ကိုယ္တိုင္ သီဆိုေလ႔ရွိသူပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ႔ လီမင္ဟိုဟာ စစ္မႈထမ္းေနတာျဖစ္ျပီး သူ႔ရဲ႕ စစ္မႈထမ္းကာလကေတာ႔ 2017 ေမလကမွ စတင္ခဲ႔တာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Zym (ရိုးရာေလး)
#Unicode Version#
ဒီတစ်ခေါက်မှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယား မင်းသား လီမင်ဟိုရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လီမင်ဟိုကို ၁၉၈၇ ခုနှစ် ဇွန်လ ၂၂ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မင်ဟိုရဲ့ အဖေက စီးပွားရေး သမားတစ်ဦးဖြစ်ပြီး မင်ဟိုရဲ့ အမေကတော့ အိမ်ထောင်ရှင်မ တစ်ဦး ဖြစ်ပါတယ်။ သူ့မှာ အစ်မ တစ်ယောက်ရှိပြီး သူမကတော့ လီမင်ဟိုရဲ့ အေဂျင်စီဖြစ်တဲ့ MYM Entertainment ရဲ့ CEO ပဲ ဖြစ်ပါတယ်။ လီမင်ဟိုရဲ့ ငယ်ဘဝ အိမ်မက်ကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ မဟုတ်ခဲ့ဘဲ ဘောလုံးသမား တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ သူက ငယ်စဉ် ကျောင်းသားဘဝမှာကတည်းမှာ ကျောင်းမှာ လူသိများသူတစ်ဦး ဖြစ်ခဲ့ပြီး ရုပ်ရည်ချောမောမှု အပြင် သူ့ရဲ့ ကြင်နာသနားတတ်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လီမင်ဟိုရဲ့ အချစ်ရေးအကြောင်း ပြောရရင်တော့ လက်ရှိမှာ Miss A အဖွဲ့က အဆိုတော် သရုပ်ဆောင် Suzy နဲ့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ အကြောင်းကို 2015 ခုနှစ်ကတည်းက တရားဝင် ကြေညာခဲ့တာပဲဖြစ်ပါတယ်။ ဆူဇီ မတိုင်ခင်ကဆိုရင်တော့ လီမင်ဟို အနေနဲ့ City Hunter ဇာတ်ကားမှာ သူနဲ့ အတူ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ပတ်မင်ယောင်းနဲ့ ချစ်ကြိုက်ခဲ့ဖူးပါသေးတယ်။

သူပထမဆုံး ခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ကိုရီးယားစီးရီးကတော့ ၂၀၀၆ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Secret Campus ဆိုတဲ့ လူငယ် ကျောင်းသားစီးရီး မှာပဲ ဖြစ်ပါတယ်။ လီမင်ဟိုကို ဘယ်ဇာတ်ကားနဲ့ လူသိများလာခဲ့သလဲ ဆိုတာကတော့ အထူးအထွေ ပြောနေစရာလိုမယ်မထင်ပါဘူး။ ဂူဂျွန်ပျို ဆိုတဲ့ ဇာတ်ကောင် အဖြစ် သူသရုပ်ဆောင်ခဲ့တဲ့ Boys Over Flowers (2009) (F4 ချစ်သူ) ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ သူ့ကို လီမင်ဟို ဆိုပြီး အအောင်မြင်ဆုံး ဖြစ်သွားစေခဲ့တာပါ။ သူဆက်လက် ပါဝင်ရိုက်ကူးခဲ့တဲ့ City Hunter (2011) ၊ The Heirs (2013) တို့အပြင် သူနောက်ဆုံး ရိုက်ကူးခဲ့တဲ့ တီဗီစီးရီး The Legend of the Blue Sea (2016) တို့နဲ့ အတူ သူ့ရဲ့ အောင်မြင်မှုကို အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ဆဲ မင်းသားတစ်လက်လို့ဆိုရမှာပါပဲ။

စီးရီးတွေအပြင် Gangnam Blues (2015) နဲ့ Bounty Hunters (2016) လို အောင်မြင်တဲ့ ရုပ်ရှင်တွေမှာလည်း သူအဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်ရေးတွေကနေ သူ့ကို ကမ်းလှမ်းတာတွေရှိခဲ့ပေမယ့် သူ့အနေနဲ့ လိုအပ်ချက်တွေရှိ နေသေးတယ်လို့ ထင်တာကြောင့် လက်မခံသေးဘူးလို့ သိရပါတယ်။ ဒါ့ပြင် လီမင်ဟိုဟာ သီချင်းတွေလည်း သီဆိုသူဖြစ်ပြီး သူပါဝင် သရုပ်ဆောင်တဲ့ ဇာတ်လမ်းက ဇာတ်ဝင် သီချင်းတွေကို ကိုယ်တိုင် သီဆိုလေ့ရှိသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လီမင်ဟိုဟာ စစ်မှုထမ်းနေတာဖြစ်ပြီး သူ့ရဲ့ စစ်မှုထမ်းကာလကတော့ 2017 မေလကမှ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Zym (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top