ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပ်ားရည္နဲ႔ သစ္ႀကံပိုးေခါက္ဟာ ရိုးရာတိုင္းရင္းေဆးေတြမွာ ထင္ရွားတဲ့ သဘာ၀ ပစၥည္းေလးေတြျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီပစၥည္းေတြဟာ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိတယ္ဆိုတာ လက္ခံထားၾကလို႔ပါပဲ။ အခုစာဖတ္သူေတြကို မွ်ေ၀ေပးမဲ့ ရိုးရာနည္းလမ္းေလးကလည္း ဆံႏြယ္ေလးေတြကို ၀င္းလက္ေတာက္ေျပာင္ေစမွာျဖစ္လို႔ စာဖတ္သူေတြ ႏွစ္သက္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

ပ်ားရည္နဲ႔ သစ္ႀကံပိုးေခါက္မွာ အဟာရဓါတ္ျပည့္၀စြာပါ၀င္တဲ့အျပင္ ဦးေရျပားကို စိုေျပေစတာေၾကာင့္ ဆံႏြယ္အဖ်ားမွာကြဲတာ၊ ေဗာက္ထတာ နဲ႔ ဆံပင္ကၽြတ္တာေတြကို ကာကြယ္ေပးပါတယ္။

ျပဳလုပ္ရမဲ့ နည္းလမ္းေလးကေတာ့ ဒီလိုပါ။

ပါ၀င္ပစၥည္း

သစ္ႀကံပိုးေခါက္ အမႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

သံလြင္ဆီ ၁/၂ ခြက္

ျပဳလုပ္နည္း

သံလြင္ဆီ ခြက္တစ္၀က္ကို အိုး(ေသးငယ္ေသာအိုး) ထဲထည့္ၿပီး မီးဖိုေပၚတင္ထားပါ။ ဆီ အနည္းငယ္ပူေႏြးလာရင္ မီးဖိုေပၚကခ်ပါ။

ပန္းကန္တစ္လံုးထဲမွာ သံလြင္ဆီကို ထည့္ၿပီး၊ သစ္ႀကံပိုးေခါက္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း နဲ႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္ထည့္ပါ။ အဲဒီေနာက္ ေသခ်ာေလးေမႊေပးပါ။

ဦးေရျပားေပၚ လိမ္းေပးဖို႔အတြက္ ေပါင္းေဆးလိမ္းတဲ့ဘီး ကိုအသံုးျပဳႏိုင္ပါတယ္။ ပထမဆံုး ေခါင္းအရင္ၿဖီးေပးပါ။ အဲဒီေနာက္ ေပါင္းေဆးလိမ္းတဲ့ ဘီး နဲ႔ အေနာက္ကေန အေရွ႕ကို ႏွံ႔စပ္ေအာင္ လိမ္းေပးပါ။

အဲဒီေနာက္ အနည္းဆံုး ၁၅ မိနစ္ေလာက္ထားပါ။ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်ၿပီး မိမိ ပံုမွန္သံုးေနတဲ့ ေပါင္းေဆးသံုးပါ။

အခုေျပာျပခဲ့တဲ့ သဘာ၀ ေပါင္းတင္နည္းကို တစ္ပတ္မွာ တစ္ႀကိမ္ေလာက္လုပ္ၿပီး ေတာက္ေျပာင္ သန္စြမ္းတဲ့ ဆံႏြယ္ကို အရယူလိုက္ဖို႔ အႀကံျပဳလုိက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
ပျားရည်နဲ့ သစ်ကြံပိုးခေါက်ဟာ ရိုးရာတိုင်းရင်းဆေးတွေမှာ ထင်ရှားတဲ့ သဘာ၀ ပစ္စည်းလေးတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ လက်ခံထားကြလို့ပါပဲ။ အခုစာဖတ်သူတွေကို မျှဝေပေးမဲ့ ရိုးရာနည်းလမ်းလေးကလည်း ဆံနွယ်လေးတွေကို ဝင်းလက်တောက်ပြောင်စေမှာဖြစ်လို့ စာဖတ်သူတွေ နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။

ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှာ အဟာရဓါတ်ပြည့်ဝစွာပါဝင်တဲ့အပြင် ဦးရေပြားကို စိုပြေစေတာကြောင့် ဆံနွယ်အဖျားမှာကွဲတာ၊ ဗောက်ထတာ နဲ့ ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးပါတယ်။

ပြုလုပ်ရမဲ့ နည်းလမ်းလေးကတော့ ဒီလိုပါ။

ပါဝင်ပစ္စည်း

သစ်ကြံပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ ၁/၂ ခွက်

ပြုလုပ်နည်း

သံလွင်ဆီ ခွက်တစ်ဝက်ကို အိုး(သေးငယ်သောအိုး) ထဲထည့်ပြီး မီးဖိုပေါ်တင်ထားပါ။ ဆီ အနည်းငယ်ပူနွေးလာရင် မီးဖိုပေါ်ကချပါ။

ပန်းကန်တစ်လုံးထဲမှာ သံလွင်ဆီကို ထည့်ပြီး၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်ထည့်ပါ။ အဲဒီနောက် သေချာလေးမွှေပေးပါ။

ဦးရေပြားပေါ် လိမ်းပေးဖို့အတွက် ပေါင်းဆေးလိမ်းတဲ့ဘီး ကိုအသုံးပြုနိုင်ပါတယ်။ ပထမဆုံး ခေါင်းအရင်ဖြီးပေးပါ။ အဲဒီနောက် ပေါင်းဆေးလိမ်းတဲ့ ဘီး နဲ့ အနောက်ကနေ အရှေ့ကို နှံ့စပ်အောင် လိမ်းပေးပါ။

အဲဒီနောက် အနည်းဆုံး ၁၅ မိနစ်လောက်ထားပါ။ ခေါင်းလျှော်ရည်နဲ့ လျှော်ချပြီး မိမိ ပုံမှန်သုံးနေတဲ့ ပေါင်းဆေးသုံးပါ။

အခုပြောပြခဲ့တဲ့ သဘာ၀ ပေါင်းတင်နည်းကို တစ်ပတ်မှာ တစ်ကြိမ်လောက်လုပ်ပြီး တောက်ပြောင် သန်စွမ်းတဲ့ ဆံနွယ်ကို အရယူလိုက်ဖို့ အကြံပြုလိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top