ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခုိင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ကိုဖီအာနန္ ေကာ္မရွင္တင္ျပခဲ့ ေသာ ေထာက္ခံအႀကံျပဳခ်က္မ်ား အေကာင္အထည္ေပၚေရး အေမ ရိကန္က ျမန္မာအစိုးရကို ကူညီလိုေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန အေရွ႕ေတာင္အာရွဆိုင္ရာ ထိပ္တန္းအရာရွိ တစ္ဦးက ေျပာၾကားသည္။

အေမရိကန္ႏုိင္ငံျခားေရးဝန္ ႀကီးဌာန၏ အေရွ႕ေတာင္အာရွဆိုင္ရာ ဒုတိယလက္ေထာက္ ႏိုင္ငံျခားေရး၀န္ႀကီး ပက္ထရစ္မာဖီက သတင္းဌာနအခ်ိဳ႕ႏွင့္ တယ္လီကြန္ဖရင့္ ျပဳလုပ္ရာတြင္ ရခုိင္အေရး၊ ဘဂၤါလီမ်ိဳးႏြယ္စုမ်ားအေရးႏွင့္ပတ္သက္ၿပီး အေမရိကန္၏ သေဘာထားကို ထုတ္ေဖာ္ေျပာဆိုျခင္းျဖစ္သည္။

‘‘လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ အစိုးရဟာ ကုလသမဂၢအတြင္း ေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ဦးေဆာင္မႈနဲ႔ ရခုိင္ျပည္နယ္ဆိုင္ ရာ အႀကံေပးေကာ္မရွင္ကို ဖြဲ႕ စည္းခဲ့တယ္။ ဩဂုတ္ ၂၅ ရက္မွာ ေကာ္မရွင္က အၿပီးသတ္အစီရင္ခံစာနဲ႔ အႀကံျပဳတင္ျပခ်က္ေတြ ကို ေၾကညာခဲ့တယ္။ အဲဒီေန႔မွာပဲ အၾကမ္းဖက္ တုိက္ခုိက္မႈေတြ စတင္လာတာ။ တိုးတက္လာတဲ့ အေျခအေနနဲ႔ အခ်ိန္ကိုက္ျဖစ္ လာတာပါ’’ ဟု မာဖီက ဆိုသည္။

‘‘ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာအစိုးရဟာ ေကာ္မရွင္ရဲ႕ ေထာက္ခံတင္ျပခ်က္ေတြကို လက္ခံတယ္။ အခု ကြၽန္ေတာ္တုိ႔ က ဒီတင္ျပခ်က္ေတြ အျပည့္အဝ အေကာင္အထည္ေပၚလာ ေအာင္ တြန္းအားေပး႐ံုပဲ။ ဒါဟာမလြယ္ကူပါဘူး။ ေထာက္ခံတင္ ျပထားတဲ့ အခ်က္ေပါင္း ၈၀ ေက်ာ္ရွိတယ္။ ဒါေပမဲ့ ရခုိင္ျပည္နယ္ရဲ႕ အေျခအေနက ထိရွမႈေတြ၊စိန္ေခၚမႈေတြ အမ်ားႀကီးရွိေန တယ္။ ဒီေတာ့ ကြၽန္ေတာ္တုိ႔က ျမန္မာအစိုးရနဲ႔ ပူးေပါင္းၿပီး အလုပ္လုပ္ဖုိ႔လိုလားတယ္။ ဒီတင္ျပခ်က္ေတြ အေကာင္အထည္ေဖာ္ရာမွာ စူးစူးစိုက္စိုက္ ထိထိေရာက္ ေရာက္ လုပ္ေဆာင္ႏုိင္ဖုိ႔ ကူညီခ်င္ တယ္။ အေရးႀကီးတဲ့ အခ်က္က ကြၽန္ေတာ္ ေျပာခဲ့သလိုပါပဲ။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေကာ္မရွင္ကို စတင္ဖြဲ႕စည္းေပး ခဲ့သူ၊ ေကာ္မရွင္ရဲ႕ ေထာက္ခံအ ႀကံျပဳခ်က္ေတြကိုလည္း လိုလိုလားလား လက္ခံခဲ့တယ္။ ဒါဟာတိုးတက္မႈတစ္ခုပါ။ ကြၽန္ေတာ္တို႔ ေထာက္ခံရပ္တည္ၿပီး လက္တြဲ ကူညီလုိတဲ့ ျဖစ္စဥ္တစ္ခုလို႔ ဆိုႏုိင္ပါတယ္’’ဟု မာဖီက မွတ္ခ်က္ ေပးခဲ့သည္။

၎က ရခုိင္ျပည္နယ္တြင္ လူသားခ်င္းစာနာမႈ အေထာက္အပံ့မ်ား ျပန္လည္ရရွိရန္ ႏုိင္ငံ တကာ အသိုက္အဝန္းကေရာ ျမန္မာအာဏာပိုင္မ်ားကပါ ပူး ေပါင္းကူညီရန္ လိုအပ္မည္ဟုသံုးသပ္ခဲ့သည္။ ၎က ‘‘ဘယ္လိုတိုက္ခုိက္မႈကိုမဆို ကြၽန္ေတာ္တို႔႐ႈတ္ခ်ပါတယ္။ လံုၿခံဳေရး တပ္ဖြဲ႕ ဝင္ေတြ တိုက္ခုိက္ခံရတာျဖစ္ေစ၊ အရပ္သားေတြ တုိက္ခုိက္ခံရတာျဖစ္ေစ ကြၽန္ေတာ္တုိ႔ မလိုလားပါဘူး။ ဘက္ေပါင္းစံုက အေျခအေန ကို စိတ္ေအးေအးထားၿပီး ကိုင္တြယ္ေျဖရွင္းဖို႔ တိုက္တြန္းလိုပါ တယ္’’ဟု ေျပာၾကားသည္။

မာဖီက ပဋိပကၡမ်ား တစ္ ေက်ာ့ျပန္ စတင္လာေစသည့္ အၾကမ္းဖက္တိုက္ခုိက္မႈမ်ားကို အေလးအနက္ ဆန္းစစ္ရန္ လိုေၾကာင္းလည္း ေထာက္ျပသည္။ ‘‘ဩဂုတ္ ၂၅ ရက္က လံုၿခံဳေရး တပ္ဖြဲ႕ဝင္ေတြကို တိုက္ခုိက္ခဲ့တဲ့ ျဖစ္ရပ္ကိုၾကည့္ရင္ အေရအတြက္မ်ားျပားသလို ေတာ္ေတာ္ကို ဟန္ခ်က္ညီညီ လုပ္သြားတာကို ေတြ႕ရတယ္။ ဒါက တကယ့္ အသစ္အဆန္းပဲ။ ထိခိုက္ေသေက်မႈေတြ လည္း ရွိခဲ့တယ္။ ဒီျဖစ္ရပ္နဲ႔ ဆက္စပ္ၿပီး စိုးရိမ္ပူပန္မႈေတြ၊ အ ေၾကာက္တရားေတြ ျဖစ္လာတာ။ လံုၿခံဳေရးတပ္ဖြဲ႕ဝင္ေတြဘက္က လည္း တံု႔ျပန္ဖုိ႔ လိုအပ္ခ်က္ရွိလာ ပါတယ္။ အေရးႀကီးတာက အဲဒီ တံု႔ျပန္မႈဟာ ဥပေဒနဲ႔ ညီၫြတ္ၿပီး လူ႔အခြင့္အေရးအေပၚ ေလးစား ေစာင့္ထိန္းဖို႔၊ ေဒသခံေတြကို အကာအကြယ္ေပးႏုိင္ဖုိ႔ အဓိက စူးစိုက္ထားရမွာပါ’’ဟု ၎က ဆိုသည္။

၎က အေမရိကန္အေန ျဖင့္ ရခုိင္ျပည္နယ္အေျခအေနကို ပိုမို၍ ထဲထဲဝင္ဝင္ သိနားလည္ သည့္ ျမန္မာအစိုးရႏွင့္ လက္တြဲ ကာ မီဒီယာမ်ားႏွင့္ လူသားခ်င္း စာနာကူညီမႈ အဖြဲ႕အစည္းမ်ား ျပန္လည္ဝင္ေရာက္ခြင့္ရရွိေရး၊ တင္းမာမႈမ်ား ေလ်ာ့ပါးေအာင္ ေဆာင္ရြက္ေရး အစရွိသည့္ က႑မ်ားကို ကူညီအေကာင္အထည္ ေဖာ္လိုေၾကာင္း အတည္ျပဳ ေျပာ ၾကားသည္။

—Ref: US Department of State

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version #
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိုဖီအာနန် ကော်မရှင်တင်ပြခဲ့ သော ထောက်ခံအကြံပြုချက်များ အကောင်အထည်ပေါ်ရေး အမေ ရိကန်က မြန်မာအစိုးရကို ကူညီလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားသည်။


အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန၏ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက သတင်းဌာနအချို့နှင့် တယ်လီကွန်ဖရင့် ပြုလုပ်ရာတွင် ရခိုင်အရေး၊ ဘင်္ဂါလီမျိုးနွယ်စုများအရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

‘‘လွန်ခဲ့တဲ့ တစ်နှစ်လောက် က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အစိုးရဟာ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်မှုနဲ့ ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင်ကို ဖွဲ့ စည်းခဲ့တယ်။ ဩဂုတ် ၂၅ ရက်မှာ ကော်မရှင်က အပြီးသတ်အစီရင်ခံစာနဲ့ အကြံပြုတင်ပြချက်တွေ ကို ကြေညာခဲ့တယ်။ အဲဒီနေ့မှာပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ စတင်လာတာ။ တိုးတက်လာတဲ့ အခြေအနေနဲ့ အချိန်ကိုက်ဖြစ် လာတာပါ’’ ဟု မာဖီက ဆိုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဟာ ကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေကို လက်ခံတယ်။ အခု ကျွန်တော်တို့ က ဒီတင်ပြချက်တွေ အပြည့်အဝ အကောင်အထည်ပေါ်လာ အောင် တွန်းအားပေးရုံပဲ။ ဒါဟာမလွယ်ကူပါဘူး။ ထောက်ခံတင် ပြထားတဲ့ အချက်ပေါင်း ၈၀ ကျော်ရှိတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ထိရှမှုတွေ၊စိန်ခေါ်မှုတွေ အများကြီးရှိနေ တယ်။ ဒီတော့ ကျွန်တော်တို့က မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဖို့လိုလားတယ်။ ဒီတင်ပြချက်တွေ အကောင်အထည်ဖော်ရာမှာ စူးစူးစိုက်စိုက် ထိထိရောက် ရောက် လုပ်ဆောင်နိုင်ဖို့ ကူညီချင် တယ်။ အရေးကြီးတဲ့ အချက်က ကျွန်တော် ပြောခဲ့သလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော်မရှင်ကို စတင်ဖွဲ့စည်းပေး ခဲ့သူ၊ ကော်မရှင်ရဲ့ ထောက်ခံအ ကြံပြုချက်တွေကိုလည်း လိုလိုလားလား လက်ခံခဲ့တယ်။ ဒါဟာတိုးတက်မှုတစ်ခုပါ။ ကျွန်တော်တို့ ထောက်ခံရပ်တည်ပြီး လက်တွဲ ကူညီလိုတဲ့ ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်’’ဟု မာဖီက မှတ်ချက် ပေးခဲ့သည်။

၎င်းက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အထောက်အပံ့များ ပြန်လည်ရရှိရန် နိုင်ငံ တကာ အသိုက်အဝန်းကရော မြန်မာအာဏာပိုင်များကပါ ပူး ပေါင်းကူညီရန် လိုအပ်မည်ဟုသုံးသပ်ခဲ့သည်။ ၎င်းက ‘‘ဘယ်လိုတိုက်ခိုက်မှုကိုမဆို ကျွန်တော်တို့ရှုတ်ချပါတယ်။ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ တိုက်ခိုက်ခံရတာဖြစ်စေ၊ အရပ်သားတွေ တိုက်ခိုက်ခံရတာဖြစ်စေ ကျွန်တော်တို့ မလိုလားပါဘူး။ ဘက်ပေါင်းစုံက အခြေအနေ ကို စိတ်အေးအေးထားပြီး ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းလိုပါ တယ်’’ဟု ပြောကြားသည်။

မာဖီက ပဋိပက္ခများ တစ် ကျော့ပြန် စတင်လာစေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို အလေးအနက် ဆန်းစစ်ရန် လိုကြောင်းလည်း ထောက်ပြသည်။ ‘‘ဩဂုတ် ၂၅ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကိုကြည့်ရင် အရေအတွက်များပြားသလို တော်တော်ကို ဟန်ချက်ညီညီ လုပ်သွားတာကို တွေ့ရတယ်။ ဒါက တကယ့် အသစ်အဆန်းပဲ။ ထိခိုက်သေကျေမှုတွေ လည်း ရှိခဲ့တယ်။ ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး စိုးရိမ်ပူပန်မှုတွေ၊ အ ကြောက်တရားတွေ ဖြစ်လာတာ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က လည်း တုံ့ပြန်ဖို့ လိုအပ်ချက်ရှိလာ ပါတယ်။ အရေးကြီးတာက အဲဒီ တုံ့ပြန်မှုဟာ ဥပဒေနဲ့ ညီညွတ်ပြီး လူ့အခွင့်အရေးအပေါ် လေးစား စောင့်ထိန်းဖို့၊ ဒေသခံတွေကို အကာအကွယ်ပေးနိုင်ဖို့ အဓိက စူးစိုက်ထားရမှာပါ’’ဟု ၎င်းက ဆိုသည်။

၎င်းက အမေရိကန်အနေ ဖြင့် ရခိုင်ပြည်နယ်အခြေအနေကို ပိုမို၍ ထဲထဲဝင်ဝင် သိနားလည် သည့် မြန်မာအစိုးရနှင့် လက်တွဲ ကာ မီဒီယာများနှင့် လူသားချင်း စာနာကူညီမှု အဖွဲ့အစည်းများ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး၊ တင်းမာမှုများ လျော့ပါးအောင် ဆောင်ရွက်ရေး အစရှိသည့် ကဏ္ဍများကို ကူညီအကောင်အထည် ဖော်လိုကြောင်း အတည်ပြု ပြော ကြားသည်။

—Ref: US Department of State

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top