Golden City Promotion
×

လိပ္ေခါင္းေၾကာင့္ နာက်င္မႈ၊ ယားယံမႈနဲ႔ ေရာင္ရမ္းမႈေတြကို ခံစား ေနရပါသလား။ လိပ္ေခါင္း ေဝဒနာေတြ သက္သာေစဖို႔ ေအာက္ပါ လြယ္ကူတဲ့ ကုသနည္းေတြကို လိုက္နာေပးပါ။

၁) ေရကုထံုးသံုးပါ

ေရဟာ ေရာင္ရမ္းနာက်င္ကာ ယားယံေနတဲ့ လိပ္ေခါင္းကို သက္သာ ေစႏိုင္ပါတယ္။ ဒါေၾကာင့္ စအိုတစ္ဝိုက္ကို ေအးျမတဲ့ အဝတ္စတစ္စ ကပ္တာ ဒါမွမဟုတ္ ၁၀ မိနစ္ေလာက္ ၾကက္သီးေႏြးေရထဲ စိမ္ေပးတာကို လုပ္ေပးပါ။ လိပ္ေခါင္းရွိသူ အမ်ားစုဟာ အိမ္သာသံုးစကၠဴ အစား စိုစြတ္တဲ့ အိမ္သာသံုး တစ္သွ်ဴးနဲ႔ ညင္ညင္သာသာ သုတ္ေပးတာေၾကာင့္ လိပ္ေခါင္း သက္သာတာကို ေတြ႕ရွိရပါတယ္။၂) မိမိဘာသာ အလြယ္တကူ ဝယ္ႏိုင္ေသာေဆးမ်ား သံုးပါ

မိမိဘာသာ အလြယ္တကူ ဝယ္ႏိုင္တဲ့ လိပ္ေခါင္း ေပ်ာက္ေဆးေတြဟာ လိပ္ေခါင္း ေဝဒနာေတြကို ယာယီနဲ႔ အျမန္ သက္သာ ေစပါတယ္။ ခရင္မ္၊ ဂ်ဲလ္၊ ဟိုက္ဒ႐ိုေကာ္တီဇုန္း ပါတဲ့ လိပ္ေခါင္းကု လိမ္းေဆးစတာေတြက လိပ္ေခါင္းကို သက္သာ ေစႏိုင္ပါတယ္။ လိပ္ေခါင္းက နာက်င္ကာ ေရာင္ရမ္းေနရင္ ပါရာစီတေမာ၊ အက္စပရင္နဲ႔ အိုင္ဗ်ဴ ပ႐ိုဖင္တို႔ပါတဲ့ အကိုက္အခဲ ေပ်ာက္ေဆးေတြကို မီွဝဲေပးဖုိ႔ လိုပါတယ္။

၃) အမွ်င္ဓာတ္ မ်ားမ်ားစားပါ

အမွ်င္ဓာတ္ဟာ ဝမ္းမွန္မွန္ သြားေစၿပီး အူလႈပ္ရွားမႈကို ေကာင္းမြန္ ေစပါတယ္။ အမွ်င္ဓာတ္ မ်ားမ်ားပါတဲ့ အစားအေသာက္ေတြက လိပ္ေခါင္းေၾကာင့္ နာက်င္မႈကို ေလ်ာ့က်ေစၿပီး ဝမ္းေပ်ာ့ေပ်ာ့ သြားေစကာ ဝမ္းကို အလြယ္တကူ သြားေစႏိုင္ပါတယ္။ အမွ်င္ဓာတ္ မ်ားမ်ားပါဝင္တဲ့ အစားအစာေတြက သစ္သီး၊ ဟင္းသီးဟင္းရြက္၊ ပဲအမ်ဳိးမ်ဳိး၊ ဖြဲႏု၊ အခြံခၽြတ္မထားတဲ့ ေကာက္ႏွံနဲ႔ လုပ္ထားတဲ့ ေပါင္မုန္႔ညိဳ၊ ေကြကာ စတာေတြကို မ်ားမ်ား စားေပးပါ။ အမွ်င္ဓာတ္ မ်ားမ်ားပါတဲ့ အစားအေသာက္ေတြကို စားတာက အူမႀကီး ကင္ဆာ၊ ႏွလံုးေရာဂါနဲ႔ အဝလြန္တာေတြလို ျပင္းထန္တဲ့ ေရာဂါေတြရဲ႕ ျဖစ္ႏိုင္ေျခကို ေလ်ာ့က် ေစပါတယ္။

၄) အစားအေသာက္မွ အမွ်င္ဓာတ္မရလွ်င္ အမွ်င္ဓာတ္ ျဖည့္စြက္ေဆး မွီဝဲပါ

လူအမ်ားစုဟာ အစားအေသာက္မွ အမွ်င္ဓာတ္ အလံုအေလာက္ရဖို႔ ခက္ခဲ တတ္ပါတယ္။ ဒါဆိုရင္ အမွ်င္ဓာတ္ ပါတဲ့ ျဖည့္စြက္ေဆးကို မွီဝဲသင့္ပါတယ္။ ဒါမွ ဝမ္းေပ်ာ့ေပ်ာ့သြားမွာ ျဖစ္ၿပီး လိပ္ေခါင္း ျဖစ္ႏိုင္ေျခနဲ႔ လိပ္ေခါင္းရွိေနသူေတြမွာ နာက်င္မႈကို ေလ်ာ့က် ေစႏိုင္ပါတယ္။

၅) ေရဓာတ္ ျပည့္ဝေအာင္ ႀကိဳးစားပါ

ေရကို မ်ားမ်ားေသာက္တာဟာ ဝမ္းေပ်ာ့ေပ်ာ့ သြားေစၿပီး လိပ္ေခါင္းေၾကာင့္ နာက်င္မႈကို ေလ်ာ့က်ေစပါတယ္။ ေရအလံုအေလာက္ ေသာက္တာက လိပ္ေခါင္းမျဖစ္ေအာင္ ကာကြယ္ ေပးႏိုင္ပါတယ္။ ေယဘုယ်အားျဖင့္ ပူတဲ့ေန႔ေတြနဲ႔ ေလ့က်င့္ခန္း လုပ္ခ်ိန္ေတြမွာ တစ္ေန႔ ေရရွစ္ခြက္ေလာက္ ေသာက္ေပးပါ။ ဒါ့အျပင္ အယ္လ္ကိုေဟာနဲ႔ ကဖင္းဓာတ္ကို ေလွ်ာ့ေသာက္ပါ။ အယ္လ္ကိုေဟာနဲ႔ ကဖင္းဓာတ္က ခႏၶာကိုယ္မွ ေရဓာတ္ဆံုး႐ႈံးမႈကို အားေပးေစၿပီး ဝမ္းကို မာေက်ာေစကာ လိပ္ေခါင္းေၾကာင့္ နာက်င္မႈကို တိုးေစႏိုင္ပါတယ္။

၆) ေလ့က်င့္ခန္းကို အလံုအေလာက္ လုပ္ေဆာင္ပါ

ေလ့က်င့္ခန္းဟာ လိပ္ေခါင္း မျဖစ္ေအာင္ ကာကြယ္ေရးနဲ႔ ကုသေရးမွာ အေရးပါတဲ့ အခ်က္ပါပဲ။ ေန႔စဥ္ဘဝမွာ အထိုင္မ်ားရင္ တစ္နာရီၾကာတိုင္း မတ္တပ္ရပ္ၿပီး လမ္းေလွ်ာက္ကာ လႈပ္ရွားမႈေတြကို လုပ္သင့္ပါတယ္။ အိမ္သာသြားရင္ ၾကာၾကာထိုင္တာ၊ အေလးအပင္ မတာေတြကို ေရွာင္သင့္ပါတယ္။

၇) ဝမ္းသြားခ်င္စိတ္ကို အေလးထားပါ

မိသားစုတိုင္း အတြက္ နံနက္ခင္း အခ်ိန္က အလုပ္မ်ားလွ ပါတယ္။ အိမ္သာသြားဖို႔ အခ်ိန္ မေပးႏိုင္တာေၾကာင့္ ဝမ္းသြား ခ်င္စိတ္ကို လ်စ္လ်ဴ႐ႈမိရာက ဝမ္းခ်ဳပ္ကာ လိပ္ေခါင္း ျဖစ္သူေတြ မ်ားလွပါတယ္။ ဒါေၾကာင့္ ဝမ္းသြားခ်င္စိတ္ ေပၚတိုင္း အခ်ိန္ေပးၿပီး အိမ္သာ တက္ေပးဖို႔ လိုပါတယ္။ ဝမ္းခ်ဳပ္တာေၾကာင့္ ဝမ္းသြားခ်ိန္ ၾကာတာကလည္း လိပ္ေခါင္းကို ပိုဆိုးေစႏိုင္ပါတယ္။

၈) ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ အထူးဂ႐ုစိုက္ပါ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လိပ္ေခါင္း အျဖစ္ မ်ားပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ ေဆာင္ခ်ိန္မွာ စအို နာက်င္တာနဲ႔ ယားယံတာလို ေဝဒနာေတြ ခံစားရရင္ ဆရာဝန္နဲ႔ ျပပါ။ ကိုယ္ဝန္ ေဆာင္ခ်ိန္မွာ အိပ္စက္စဥ္၊ အနားယူစဥ္ ခႏၶာကိုယ္ကို ဘယ္ဘက္ေစာင္းၿပီး လဲေလ်ာင္းတာေၾကာင့္ ေသြးျပန္ ေၾကာေတြ အေပၚ ဖိအား သက္ေရာက္မႈ ေလ်ာ့က် ေစပါတယ္။ ဒါေၾကာင့္ လိပ္ေခါင္းကို သက္သာ ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္ခုိင္ဦး
(ေဆးဝါးတကၠသိုလ္)
ျမ၀တီ

#Unicode Version#
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ

မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာ စေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူ ပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့ သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

၄) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ် ဖြည့်စွက်ဆေး မှီဝဲပါ

လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲ တတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်း ဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ

ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ

လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

မိသားစုတိုင်း အတွက် နံနက်ခင်း အချိန်က အလုပ်များလှ ပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွား ချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်း ဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ် များပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန် ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန် ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျ စေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာ စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
မြဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top