ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ မွာ တန္ဖိုးေငြက်ပ္ သိန္း ၄၆၂၀ ရိွ စိတ္ၾကြ႐ူးသြပ္ေဆးျပား တစ္သိန္းေက်ာ္ကို အမ်ိဳးသားႏွစ္ဦးဆီကေန ဖမ္းဆီးရမိခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲ႕တပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

စက္တင္ဘာ ၂၇ ရက္ မနက္ ၁၁ နာရီ ၃၅ မိနစ္ေလာက္က မူးယစ္တပ္ဖြဲ႕စု (၄၁) ရန္ကုန္ (အေရွ႕)မွ တပ္ဖြဲ႕၀င္ေတြပါ၀င္တဲ့ ပူးေပါင္းအဖြဲ႕က အဆိုပါၿမိဳ႕နယ္ အမွတ္(၁)ရပ္ကြက္ သီရိမြန္ပလာဇာ၀င္း သီရိမြန္ ၁၀ လမ္း Galaxy Star Motel ေရွ႕လမ္းေပၚမွာ စိုင္းျပည့္ေက်ာ္ ေမာင္းႏွင္ၿပီး သန္းေအာင္လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ကုိ ရွာေဖြတာကေန အဆိုပါစိတ္ၾကြေဆးျပားေတြကို ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

အဆိုပါယာဥ္ အလယ္ခန္းထဲက လက္ဆြဲအိတ္ထဲကေန စိတ္ၾကြ႐ူးသြပ္ေဆးျပား ၁၃၂၀၀၀ ျပားနဲ႔ လက္ကိုင္ဖုန္းႏွစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့ၿပီး သန္းေအာင္ (၅၆)ႏွစ္နဲ႔ စိုင္းျပည့္ေက်ာ္အသက္ (၃၀) တို႔ကို ဘုရင့္ေနာင္နယ္ေျမရဲစခန္းမွာ မယ(ပ)၁၃/၂၀၁၇၊ မူးယစ္ေဆး၀ါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉ (က) /၂၁ နဲ႔ အမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။

Source & Photo : Yangon Police
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မှာ တန်ဖိုးငွေကျပ် သိန်း ၄၆၂၀ ရှိ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်ကို အမျိုးသားနှစ်ဦးဆီကနေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနက် ၁၁ နာရီ ၃၅ မိနစ်လောက်က မူးယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန် (အရှေ့)မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အဆိုပါမြို့နယ် အမှတ်(၁)ရပ်ကွက် သီရိမွန်ပလာဇာဝင်း သီရိမွန် ၁၀ လမ်း Galaxy Star Motel ရှေ့လမ်းပေါ်မှာ စိုင်းပြည့်ကျော် မောင်းနှင်ပြီး သန်းအောင်လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရှာဖွေတာကနေ အဆိုပါစိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါယာဉ် အလယ်ခန်းထဲက လက်ဆွဲအိတ်ထဲကနေ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး သန်းအောင် (၅၆)နှစ်နဲ့ စိုင်းပြည့်ကျော်အသက် (၃၀) တို့ကို ဘုရင့်နောင်နယ်မြေရဲစခန်းမှာ မယ(ပ)၁၃/၂၀၁၇၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source & Photo : Yangon Police

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top