ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

နွစ္ေထာင္ျပည့္လြန္ဆယ္စုႏွစ္ဝက္အတြင္း ‘ေအာင္ျမင္မႈကို ေငြေၾကးနဲ႔ ဝယ္ယူလုိ႔မရဘူး’ဆိုတဲ့ စကားတစ္ခြန္းက ေဘာလံုးေလာကမွာ အေတာ္ေလး ေခတ္စားခဲ့ပါတယ္။ ႏိုင္ငံတကာက ကုေဋႂကြယ္သူေဌးေတြကနာမည္ႀကီး
ေဘာလံုးကလပ္ေတြကို ဝယ္ယူၿပီးခ်ိန္မွာ ေငြေၾကးအလံုးအရင္းသံုးစြဲၿပီး ကစားသမားသစ္ေတြ ေခၚယူ၊ အသင္းကို ေတာင့္တင္းလာေအာင္ ေငြေၾကးအားကိုးနဲ႔ တည္ေဆာက္လာတဲ့ အေပၚမွာ တံု႔ျပန္ေဝဖန္ခဲ့တဲ့ စကားပါ။

ဒါေပမဲ့ ဒီစကားဟာ ထင္သေလာက္ေတာ့ မမွန္ခဲ့ပါဘူး။ ေငြေၾကးသံုးစြဲမႈကို အားကိုးၿပီး ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးတို႔ဟာ ျမန္ျမန္ဆန္ဆန္ အသြင္ေျပာင္းလာတယ္။ ဥေရာပရဲ႕ ထိပ္သီးအဆင့္ထိ တက္လွမ္းလာတယ္။ အစဥ္အလာအႀကီးဆံုး ၿပိဳင္ဘက္ေတြနည္းတူ ေအာင္ျမင္မႈေတြလည္း ရလာတယ္။ အခုေနာက္ဆံုး ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီဟာလည္း ေငြခင္းၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ တက္လာျပန္ပါၿပီ။ ဒီႏွစ္ေႏြရာသီမွာ ပီအက္စ္ဂ်ီရဲ႕လုပ္ကြက္ေတြက ဥေရာပ ေဘာလံုးေလာကတစ္ခုလံုး အံ့ဩ ေငးေမာသြားရေလာက္ေအာင္ ႐ိုက္ခတ္မႈေတြ ျပင္းထန္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ တစ္ခ်ိန္က ျပည္တြင္းမွာေတာင္ ဒုတိယတန္းစား အဆင့္ေလာက္ပဲရွိခဲ့တဲ့ ကလပ္အသင္းတစ္ခုပါ။ ဒါေပမဲ့ ၂၀၁၁ မွာ ကာတာက ကုေဋႂကြယ္ သူေဌးေတြရဲ႕ ဝယ္ယူမႈနဲ႔အတူ လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲလာခဲ့တယ္။ ထိပ္တန္းကစားသမားသစ္ေတြ ဝယ္ယူၿပီး အသင္းကို ခမ္းခမ္းနားနား တည္ေဆာက္ခဲ့တာေၾကာင့္ ၂၀၁၃ ကေန ၂၀၁၆ ထိ ေလးႏွစ္ဆက္တိုက္ ျပင္သစ္လီဂူးဝမ္း ခ်န္ပီယံျဖစ္လာတယ္။ ၿပီးခဲ့တဲ့ ရာသီမွာေတာ့ မိုနာကိုက ေက်ာ္တက္ၿပီး ဗိုလ္စြဲသြားပါတယ္။

တကယ္ေတာ့ ပီအက္စ္ဂ်ီ အသင္းပိုင္ရွင္ေတြ ရည္မွန္းတာဟာ ျပည္တြင္းေအာင္ျမင္မႈကို ထိန္းသိမ္းဖုိ႔ မဟုတ္ပါဘူး။ ဥေရာပထိပ္သီးအဆင့္ထိ တက္လွမ္းဖို႔ ျဖစ္ပါတယ္။ ဒီအတြက္ အေျခခံ အက်ဆံုး လိုအပ္ခ်က္က ဥေရာပခ်န္ပီယံလိဂ္ ဆုဖလားကို ဆြတ္ခူးရယူဖို႔ပါ။ ပီအက္စ္ဂ်ီဟာ ထိပ္သီး ကစားသမားေတြကို ေငြေၾကးအရ ဆဲြေဆာင္ သိမ္းသြင္းႏုိင္ခဲ့ေပမယ့္ ကမၻာ့အဆင့္ ၾကယ္ပြင့္ေတြကို ေခၚယူဖို႔ေတာ့ အခက္အခဲေတြ ရွိေနခဲ့တယ္။ ဒီေႏြရာသီမွာေတာ့ ပီအက္စ္ဂ်ီက အဲဒီကန္႔သတ္ခ်က္ကို ႐ိုက္ခ်ိဳးခဲ့ပါတယ္။

ဘာစီလိုနာ တိုက္စစ္မွဴး ေနမာကို ကမၻာ့စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂ သန္းနဲ႔ ေခၚယူျပလိုက္တယ္။ ဒါဟာ ဘယ္သူမွ ေမွ်ာ္လင့္မထားတဲ့ အေျပာင္းအေရႊ႕ပါ။ ကမၻာ့ေဘာလံုးေလာကမွာ အစဥ္အလာ အႀကီးမားဆံုး
ကလပ္အသင္းႀကီး တစ္ခုရဲ႕ အဓိကကစားသမားကို အရေခၚယူျပခဲ့တာျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ေဘာလံုးသမား အေရာင္းအဝယ္ တစ္ခုထက္ပိုၿပီး ပါဝါကစားနည္းတစ္ခုလို႔ေတာင္ ယူဆႏုိင္ပါတယ္။ ေငြေၾကးသက္သက္နဲ႔ ကမၻာ့အဆင့္ ကစားသမားေတြကိုဆြဲေဆာင္ဖုိ႔ မျဖစ္ႏုိင္ဘူးဆိုတဲ့ သံုးသပ္ခ်က္ေတြကို ေက်ပ်က္သြားေစတယ္။

ဘာစီလိုနာဟာ ေနမာကို အပါမခံခ်င္ေပမယ့္ စာခ်ဳပ္ပါ သတ္မွတ္ေလ်ာ္ေၾကးအတုိင္း ေပးေခ်တဲ့ ပီအက္စ္ဂ်ီကို မတားဆီးႏုိင္ခဲ့ပါဘူး။ ပီအက္စ္ဂ်ီဟာ ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ ဘ႑ာေရး ဘက္ညီမွ်တမႈ သတ္မွတ္ခ်က္ေတြနဲ႔အညီ ေနမာကို အရေခၚျပသြားတာက ဘာစီလိုနာအတြက္ ပိုၿပီး အခံရခက္စရာ ျဖစ္ေစတယ္။ ကိုယ့္ရဲ႕ အေကာင္းဆံုး ကစားသမားတစ္ေယာက္ရဲ႕ စိမ္းစိမ္းကားကား စြန္႔ခြာမႈက ဘာစီလိုနာအတြက္ သိကၡာပါ က်ေစခဲ့တာေသခ်ာပါတယ္။ ဒါေၾကာင့္လည္း စာခ်ဳပ္သေဘာတူညီမႈ ေဖာက္ဖ်က္တယ္ဆိုၿပီး ေနမာကို ဘာစီလိုနာက တရားစြဲပါေတာ့တယ္။

ပီအက္စ္ဂ်ီရဲ႕ ရည္မွန္းခ်က္ႀကီးႀကီး ျပင္ဆင္မႈဟာ ဒီမွာတင္ ရပ္မသြားပါဘူး။ ရီးရဲလ္မက္ဒရစ္လို အသင္းမ်ိဳးက အာသာငမ္းငမ္း အလိုရွိေနၿပီး ကမၻာ့ေဘာလံုးေလာကရဲ႕ ပါရမီ အျပည့္ဝဆံုး လူငယ္တိုက္စစ္သမားေလးအျဖစ္
သတ္မွတ္ခံရတဲ့ ကိုင္လီယန္မက္ဘီကို အရေခၚယူခဲ့ျပန္တယ္။ ဒီေခၚယူမႈမွာလည္း ဘ႑ာေရး ဘက္ညီမွ်တမႈ စည္းမ်ဥ္းကို ခ်ိဳးေဖာက္ရာ မေရာက္ရေအာင္ တစ္ရာသီ အငွားေခၚယူၿပီး လာမယ့္ႏွစ္မွ ယူ႐ို ၁၄၅ သန္းကေန ယူ႐ို သန္း ၁၈၀ ၾကား ေစ်းႏႈန္းတစ္ရပ္နဲ႔ အၿပီးဝယ္ယူဖုိ႔ မိုနာကိုနဲ႔ ညႇိႏိႈင္းထားတယ္။ ကမၻာ့ထိပ္သီး ေဘာလံုးအသင္းအမ်ားအျပားက လိုလား ေနတဲ့ ျပင္သစ္ ဆယ္ေက်ာ္သက္ေလးကို ပီအက္စ္ဂ်ီက အက်ဥ္းအက်ပ္ ၾကားထဲကေန အရေခၚယူတဲ့ သေဘာပါ။

ေနာက္ထပ္ ေႏြရာသီ အားျဖည့္မႈအသစ္ေတြ အေနနဲ႔ ဘရာဇီး ဝါရင့္ ေတာင္ပံခံစစ္မွဴးႀကီး ဒန္နီအဲလ္ဗက္စ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလုိက္တယ္။ ရီးရဲလ္ဆိုစီဒက္ ေနာက္ခံလူ ယူရီဘာခ်ီခ်ီကို ယူ႐ို ၁၆ သန္းနဲ႔ ဝယ္ထားတယ္။ ဆာဂ်ီေအာ္ရီရာ၊ ဘလာစီ မာတြိဳင္ဒီတို႔ အပါအဝင္ ကစားသမား ခုနစ္ေယာက္ကို ထြက္ခြာခြင့္ ျပဳလုိက္တယ္။ အခုရာသီ ပီအက္စ္ဂ်ီရဲ႕ လူစာရင္းဟာ ပိုမိုက်စ္လ်စ္ၿပီး ဥေရာပရဲ႕ ေရေပၚဆီ ထိပ္သီးေတြနဲ႔ တန္းတူ၊ ဒါမွမဟုတ္ တန္းတူနီးပါး ယွဥ္ႏိုင္တဲ့အဆင့္ကို ေရာက္ရွိလာပါၿပီ။

တိုက္စစ္မွာ ေနမာနဲ႔ မက္ဘီတို႔ကို အီဒင္ဆန္ ကာဗာနီနဲ႔ တြဲဖက္ေပးထားၿပီး အရန္ခံုမွာ အိန္ဂ်ယ္လ္ဒီမာရီယာ၊ ဂ်ဴလီယန္ ဒ႐ိုက္ဆလာ၊ လူးကက္စ္မုိရာတို႔ အဆင္သင့္ ရွိေနပါတယ္။ ကြင္းလယ္မွာ မာကိုဗာရတ္တီ၊ သီယာဂိုေမာ့တာ၊ ေဟတမ္ဘန္အာဖာ၊ ဟာဗီးယား ပက္စ္တိုရီ၊ အက္ဒရီယန္ ရာဘီေယာ့၊ ခရစၥတိုဖာ အန္ကူလူတုိ႔ ရွိေနၿပီး ဘယ္လို ၿပိဳင္ဘက္ကိုမဆို ရင္ဆိုင္ႏုိင္တဲ့စုဖြဲ႕မႈပါ။ သီယာဂိုေဆးလ္ဗား၊ မာကြင္ေဟာ့စ္၊ ေလဗင္ကာဇာဝါတို႔နဲ႔ ေတာင့္တင္းၿပီးသားခံစစ္ကို အဲလ္ဗက္စ္ လာေရာက္ပူးေပါင္းမႈက အရာရာ ျပည့္စံုသြားေစတယ္။ အရန္ခံုမွာ ပရင္စ္နဲလ္ ကင္ပန္ဘီ၊ ေသာမတ္စ္ ျမဴနီယာတို႔အျပင္ အသစ္ေခၚယူထားတဲ့ ဘာခ်ီခ်ီပါ ရွိေနတယ္။ ဂိုးသမား ေနရာကလည္း ကီဗင္ထရပ္ေရာ၊ အယ္လ္ဖြန္ဆီ အာရီယိုလာပါ ဥေရာပတန္းဝင္ အဆင့္မ်ိဳးေတြ ျဖစ္ၾကတယ္။

ေအာင္ျမင္မႈကို ေငြနဲ႔ ဝယ္လုိ႔မရဘူးဆိုတဲ့ စကားဟာ ပီအက္စ္ဂ်ီ အတြက္ေတာ့ ရယ္စရာျဖစ္ေနမွာပါ။ အခုရာသီမွာလည္း လီဂူးဝမ္း အဖြင့္ငါးပြဲစလံုး သက္ေသာင့္သက္သာ အႏိုင္ရထားၿပီးၿပီ။ ငါးပြဲကစား၊ ငါးပြဲႏုိင္ထားတဲ့အျပင္သြင္းဂိုး ၁၉ ဂိုးနဲ႔ ဇယားထိပ္မွာ ဦးေဆာင္ေနပါတယ္။ ဒါေပမဲ့ ဒီထက္ပိုၿပီး အေလးအနက္ ေစာင့္ၾကည့္ရမွာက ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီ ဘယ္အဆင့္ထိ တက္လွမ္းမလဲ ဆိုတာပါပဲ။ အုပ္စုအဆင့္မွာ ဘုိင္ယန္ျမဴးနစ္၊ အန္ဒါလက္ခ်္၊ ဆဲလ္တစ္တို႔နဲ႔ အတူက်ေနၿပီး ေနာက္တစ္ဆင့္တက္ဖုိ႔ကေတာ့ အခက္အခဲ မရွိႏုိင္ပါဘူး။ ျပင္သစ္လီဂူးမွာ ဒီရာသီ ပီအက္စ္ဂ်ီ ခ်န္ပီယံဆု ျပန္ရမွာလားဆိုတာက ေမးေနဖို႔ကို မလိုတဲ့ေမးခြန္းျဖစ္ပါလိမ့္မယ္။ ဥေရာပအဆင့္မွာပါမထင္တာေတြ လုပ္ျပႏုိင္ခဲ့မယ္ဆိုရင္ေတာ့ ပီအက္စ္ဂ်ီရဲ႕ ေငြခင္းတဲ့ ေအာင္ျမင္မႈလမ္းဟာ မွန္းသေလာက္ ျဖစ္လာၿပီလုိ႔ အသိအမွတ္ ျပဳရေတာ့မွာပါပဲ။ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day daily

#Unicode Version#
 နှစ်ထောင်ပြည့်လွန်ဆယ်စုနှစ်ဝက်အတွင်း ‘အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်ယူလို့မရဘူး’ဆိုတဲ့ စကားတစ်ခွန်းက ဘောလုံးလောကမှာ အတော်လေး ခေတ်စားခဲ့ပါတယ်။ နိုင်ငံတကာက ကုဋေကြွယ်သူဌေးတွေကနာမည်ကြီး
ဘောလုံးကလပ်တွေကို ဝယ်ယူပြီးချိန်မှာ ငွေကြေးအလုံးအရင်းသုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူ၊ အသင်းကို တောင့်တင်းလာအောင် ငွေကြေးအားကိုးနဲ့ တည်ဆောက်လာတဲ့ အပေါ်မှာ တုံ့ပြန်ဝေဖန်ခဲ့တဲ့ စကားပါ။


 ဒါပေမဲ့ ဒီစကားဟာ ထင်သလောက်တော့ မမှန်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှုကို အားကိုးပြီး ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ဟာ မြန်မြန်ဆန်ဆန် အသွင်ပြောင်းလာတယ်။ ဥရောပရဲ့ ထိပ်သီးအဆင့် ထိ တက်လှမ်းလာတယ်။ အစဉ်အလာအကြီးဆုံး ပြိုင်ဘက်တွေနည်းတူ အောင်မြင်မှုတွေလည်း ရလာတယ်။ အခုနောက်ဆုံး ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာလည်း ငွေခင်းပြီး အောင်မြင်မှုလမ်းကြောင်းပေါ် တက်လာပြန်ပါပြီ။ ဒီနှစ်နွေရာသီမှာ ပီအက်စ်ဂျီရဲ့
လုပ်ကွက်တွေက ဥရောပ ဘောလုံးလောကတစ်ခုလုံး အံ့ဩ ငေးမောသွားရလောက်အောင် ရိုက်ခတ်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ တစ်ချိန်က ပြည်တွင်းမှာတောင် ဒုတိယတန်းစား အဆင့်လောက်ပဲရှိခဲ့တဲ့ ကလပ်အသင်းတစ်ခုပါ။ ဒါပေမဲ့ ၂၀၁၁ မှာ ကာတာက ကုဋေကြွယ် သူဌေးတွေရဲ့ ဝယ်ယူမှုနဲ့အတူ လျင်လျင်မြန်မြန် ပြောင်းလဲလာခဲ့တယ်။ ထိပ်တန်းကစားသမားသစ်တွေ ဝယ်ယူပြီး အသင်းကို ခမ်းခမ်းနားနား တည်ဆောက်ခဲ့တာကြောင့် ၂၀၁၃ ကနေ ၂၀၁၆ ထိ လေးနှစ်ဆက်တိုက် ပြင်သစ်လီဂူးဝမ်း ချန်ပီယံဖြစ်လာတယ်။ ပြီးခဲ့တဲ့ ရာသီမှာတော့ မိုနာကိုက ကျော်
တက်ပြီး ဗိုလ်စွဲသွားပါတယ်။

တကယ်တော့ ပီအက်စ်ဂျီ အသင်းပိုင်ရှင်တွေ ရည်မှန်းတာဟာ ပြည်တွင်းအောင်မြင်မှုကို ထိန်းသိမ်းဖို့ မဟုတ်ပါဘူး။ ဥရောပထိပ်သီးအဆင့်ထိ တက်လှမ်းဖို့ ဖြစ်ပါတယ်။ ဒီအတွက် အခြေခံ အကျဆုံး လိုအပ်ချက်က ဥရောပ
ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးရယူဖို့ပါ။ ပီအက်စ်ဂျီဟာ ထိပ်သီး ကစားသမားတွေကို ငွေကြေးအရ ဆွဲဆောင် သိမ်းသွင်းနိုင်ခဲ့ပေမယ့် ကမ္ဘာ့အဆင့် ကြယ်ပွင့်တွေကို ခေါ်ယူဖို့တော့ အခက်အခဲတွေ ရှိနေခဲ့တယ်။ ဒီနွေရာသီမှာတော့ ပီအက်စ်ဂျီက အဲဒီကန့်သတ်ချက်ကို ရိုက်ချိုးခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ခေါ်ယူပြလိုက်တယ်။ ဒါဟာ ဘယ်သူမှ မျှော်လင့်မထားတဲ့ အပြောင်းအရွှေ့ပါ။ ကမ္ဘာ့ဘောလုံးလောကမှာ အစဉ်အလာ အကြီးမားဆုံး
ကလပ်အသင်းကြီး တစ်ခုရဲ့ အဓိကကစားသမားကို အရခေါ်ယူပြခဲ့တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဘောလုံးသမား အရောင်းအဝယ် တစ်ခုထက်ပိုပြီး ပါဝါကစားနည်းတစ်ခုလို့တောင် ယူဆနိုင်ပါတယ်။ ငွေကြေးသက်သက်နဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကိုဆွဲဆောင်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေကို ကျေပျက်သွားစေတယ်။

ဘာစီလိုနာဟာ နေမာကို အပါမခံချင်ပေမယ့် စာချုပ်ပါ သတ်မှတ်လျော်ကြေးအတိုင်း ပေးချေတဲ့ ပီအက်စ်ဂျီကို မတားဆီးနိုင်ခဲ့ပါဘူး။ ပီအက်စ်ဂျီဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး ဘက်ညီမျှတမှု သတ်မှတ်ချက်တွေနဲ့အညီ နေမာကို အရခေါ်ပြသွားတာက ဘာစီလိုနာအတွက် ပိုပြီး အခံရခက်စရာ ဖြစ်စေတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ရဲ့ စိမ်းစိမ်းကားကား စွန့်ခွာမှုက ဘာစီလိုနာအတွက် သိက္ခာပါ ကျစေခဲ့တာ
သေချာပါတယ်။ ဒါကြောင့်လည်း စာချုပ်သဘောတူညီမှု ဖောက်ဖျက်တယ်ဆိုပြီး နေမာကို ဘာစီလိုနာက တရားစွဲပါတော့တယ်။

ပီအက်စ်ဂျီရဲ့ ရည်မှန်းချက်ကြီးကြီး ပြင်ဆင်မှုဟာ ဒီမှာတင် ရပ်မသွားပါဘူး။ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးက အာသာငမ်းငမ်း အလိုရှိနေပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ ပါရမီ အပြည့်ဝဆုံး လူငယ်တိုက်စစ်သမားလေးအဖြစ်
သတ်မှတ်ခံရတဲ့ ကိုင်လီယန်မက်ဘီကို အရခေါ်ယူခဲ့ပြန်တယ်။ ဒီခေါ်ယူမှုမှာလည်း ဘဏ္ဍာရေး ဘက်ညီမျှတမှု စည်းမျဉ်းကို ချိုးဖောက်ရာ မရောက်ရအောင် တစ်ရာသီ အငှားခေါ်ယူပြီး လာမယ့်နှစ်မှ ယူရို ၁၄၅ သန်းကနေ ယူရို သန်း ၁၈၀ ကြား ဈေးနှုန်းတစ်ရပ်နဲ့ အပြီးဝယ်ယူဖို့ မိုနာကိုနဲ့ ညှိနှိုင်းထားတယ်။ ကမ္ဘာ့ထိပ်သီး ဘောလုံးအသင်းအများအပြားက လိုလား နေတဲ့ ပြင်သစ် ဆယ်ကျော်သက်လေးကို ပီအက်စ်ဂျီက အကျဉ်းအကျပ် ကြားထဲကနေ
အရခေါ်ယူတဲ့ သဘောပါ။

နောက်ထပ် နွေရာသီ အားဖြည့်မှုအသစ်တွေ အနေနဲ့ ဘရာဇီး ဝါရင့် တောင်ပံခံစစ်မှူးကြီး ဒန်နီအဲလ်ဗက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တယ်။ ရီးရဲလ်ဆိုစီဒက် နောက်ခံလူ ယူရီဘာချီချီကို ယူရို ၁၆ သန်းနဲ့ ဝယ်ထားတယ်။ ဆာဂျီအော်ရီရာ၊ ဘလာစီ မာတွိုင်ဒီတို့ အပါအဝင် ကစားသမား ခုနစ်ယောက်ကို ထွက်ခွာခွင့် ပြုလိုက်တယ်။ အခုရာသီ ပီအက်စ်ဂျီရဲ့ လူစာရင်းဟာ ပိုမိုကျစ်လျစ်ပြီး ဥရောပရဲ့ ရေပေါ်ဆီ ထိပ်သီးတွေနဲ့ တန်းတူ၊ ဒါမှမဟုတ် တန်းတူနီးပါး ယှဉ်နိုင်တဲ့အဆင့်ကို ရောက်ရှိလာပါပြီ။

တိုက်စစ်မှာ နေမာနဲ့ မက်ဘီတို့ကို အီဒင်ဆန် ကာဗာနီနဲ့ တွဲဖက်ပေးထားပြီး အရန်ခုံမှာ အိန်ဂျယ်လ်ဒီမာရီယာ၊ ဂျူလီယန် ဒရိုက်ဆလာ၊ လူးကက်စ်မိုရာတို့ အဆင်သင့် ရှိနေပါတယ်။ ကွင်းလယ်မှာ မာကိုဗာရတ်တီ၊ သီယာဂိုမော့တာ၊ ဟေတမ်ဘန်အာဖာ၊ ဟာဗီးယား ပက်စ်တိုရီ၊ အက်ဒရီယန် ရာဘီယော့၊ ခရစ္စတိုဖာ အန်ကူလူတို့ ရှိနေပြီး ဘယ်လို ပြိုင်ဘက်ကိုမဆို ရင်ဆိုင်နိုင်တဲ့စုဖွဲ့မှုပါ။ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟော့စ်၊ လေဗင်ကာဇာဝါတို့နဲ့ တောင့်တင်းပြီးသားခံစစ်ကို အဲလ်ဗက်စ် လာရောက်ပူးပေါင်းမှုက အရာရာ ပြည့်စုံသွားစေတယ်။ အရန်ခုံမှာ ပရင်စ်နဲလ် ကင်ပန်ဘီ၊ သောမတ်စ် မြူနီယာတို့အပြင် အသစ်ခေါ်ယူထားတဲ့ ဘာချီချီပါ ရှိနေတယ်။ ဂိုးသမား နေရာကလည်း ကီဗင်ထရပ်ရော၊ အယ်လ်ဖွန်ဆီ အာရီယိုလာပါ ဥရောပတန်းဝင် အဆင့်မျိုးတွေ ဖြစ်ကြတယ်။

အောင်မြင်မှုကို ငွေနဲ့ ဝယ်လို့မရဘူးဆိုတဲ့ စကားဟာ ပီအက်စ်ဂျီ အတွက်တော့ ရယ်စရာဖြစ်နေမှာပါ။ အခုရာသီမှာလည်း လီဂူးဝမ်း အဖွင့်ငါးပွဲစလုံး သက်သောင့်သက်သာ အနိုင်ရထားပြီးပြီ။ ငါးပွဲကစား၊ ငါးပွဲနိုင်ထားတဲ့အပြင်
သွင်းဂိုး ၁၉ ဂိုးနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး အလေးအနက် စောင့်ကြည့်ရမှာက ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီဘယ်အဆင့်ထိ တက်လှမ်းမလဲဆိုတာပါပဲ။ အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ်၊ အန်ဒါလက်ချ်၊ ဆဲလ်တစ်တို့နဲ့ အတူကျနေပြီး နောက်တစ်ဆင့်တက်ဖို့ကတော့ အခက်အခဲ မရှိနိုင်ပါဘူး။ ပြင်သစ်လီဂူးမှာ ဒီရာသီ ပီအက်စ်ဂျီ ချန်ပီယံဆု ပြန်ရမှာလားဆိုတာက မေးနေဖို့ကို မလိုတဲ့မေးခွန်းဖြစ်ပါလိမ့်မယ်။ ဥရောပအဆင့်မှာပါ
မထင်တာတွေ လုပ်ပြနိုင်ခဲ့မယ်ဆိုရင်တော့ ပီအက်စ်ဂျီရဲ့ ငွေခင်းတဲ့ အောင်မြင်မှုလမ်းဟာ မှန်းသလောက် ဖြစ်လာပြီလို့ အသိအမှတ် ပြုရတော့မှာပါပဲ။ ။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top