ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သမီးျဖစ္သူရဲ႕ အေပၚပုိင္းဗလာက်င္းဓာတ္ပံုေတြ ဖြက္သိမ္းဆည္းထားတာကုိ မိခင္ျဖစ္သူက သိရွိသြားခဲ့လုိ႔ ရည္းစားအမ်ိဳးသားကုိ ကုိ ဓါးနဲ႔ေျခာက္ခ်က္ထိုးသြင္းခဲ့တယ္လုိ႔ သိရပါတယ္။ ရည္းစားအမ်ိဳးသားဆုိသူ မွာ အသက္ ၁၂ အရြယ္သမီးကုိ ထိပါးဖုိ႔ႀကိဳးစားခဲ့တယ္ဆုိတဲ့ အေၾကာင္းအရင္းနဲ႔ ရဲစခန္းမွာ ဖြင့္ဟ ေျပာၾကားသြားခဲ့ၿပီး ဓါးထိုးမႈျဖစ္ခဲ့တယ္လုိ႔ ဆုိခဲ့ပါတယ္။

အမည္မေဖာ္လုိသူ မိခင္ျဖစ္သူ တရားခံအမ်ိဳးသမီးက စလီဗီလန္ ေနအိမ္မွာ အသင့္ေဆာင္လာတဲ့ အိတ္ကပ္အတြင္းက ဓါးနဲ႔ အသက္ ၃၁ ႏွစ္အရြယ္ အမ်ိဳးသားရဲ႕ ရင္ဘတ္နဲ႔ ဦးေခါင္းေတြကုိ ဓါးနဲ႔ထိုးသြင္း တုိက္ခုိက္ခဲ့ တယ္လုိ႔ သိရပါတယ္။ သတင္းဌာနေတြရဲ႕ သတင္းေဖာ္ျပခ်က္ထဲမွာဆုိရင္ အမ်ိဳးသမီးဟာ အခင္းျဖစ္ ပြားၿပီး အခ်ိန္မွာပဲ ရဲတပ္ဖြဲ႔ကုိ အေၾကာင္းၾကားေခၚခဲ့ၿပီး ျဖစ္စဥ္အေသး စိတ္ကုိဆုိကာ ဝန္ခံခဲ့တာျဖစ္ ပါတယ္။

သမီးငယ္ကုိ ထိပါးၿပီးေစာ္ကားေႏွာင့္ယွက္ဖုိ႔ ႀကိဳးစားေနကာ သမီးရဲ႕ ဗလာက်င္းဓာတ္ပံုေတြကုိ သိမ္းဆည္းစုေဆာင္းထားတဲ့ ရည္းစားအမ်ိဳးသားရဲ႕ လုပ္ရပ္ကုိ မိခင္ျဖစ္သူက သိရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။ အသက္ ၁၂ အရြယ္သမီးျဖစ္သူကလည္း မိခင္ျဖစ္သူရဲ႕ ရည္းစားအမ်ိဳးသားက သူမကုိ က်ီစယ္နမ္းရႈံ႕ျခင္းေတြလုပ္ေၾကာင္းနဲ႕ အဝတ္အစားေဘာင္းဘီေတြ ခၽြတ္ေစၿပီး မဖြယ္မရာကျပျခင္း ေတြ လုပ္ေဆာင္ေစခုိင္းတယ္လုိ႔ ရဲတပ္ဖြဲ႔ကုိ ထြက္ဆုိေျပာၾကားထားတယ္လုိ႔ သိရပါတယ္။

မိခင္ျဖစ္သူမွာ အဆုိပါျဖစ္ရပ္ကုိ လံုးဝလက္မခံႏုိင္ေၾကာင္းနဲ႔ သမီးျဖစ္သူကုိ ထိပါးေႏွာင့္ယွက္တဲ့ အတြက္ ဆႏၵအေလွ်ာက္ အမ်ိဳးသားကုိ တုိက္ခိုက္ခဲ့ျခင္းျဖစ္တယ္လုိ႔ ဆုိထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
သမီးဖြစ်သူရဲ့ အပေါ်ပိုင်းဗလာကျင်းဓာတ်ပုံတွေ ဖွက်သိမ်းဆည်းထားတာကို မိခင်ဖြစ်သူက သိရှိသွားခဲ့လို့ ရည်းစားအမျိုးသားကို ကို ဓါးနဲ့ခြောက်ချက်ထိုးသွင်းခဲ့တယ်လို့ သိရပါတယ်။ ရည်းစားအမျိုးသားဆိုသူ မှာ အသက် ၁၂ အရွယ်သမီးကို ထိပါးဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းနဲ့ ရဲစခန်းမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပြီး ဓါးထိုးမှုဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အမည်မဖော်လိုသူ မိခင်ဖြစ်သူ တရားခံအမျိုးသမီးက စလီဗီလန် နေအိမ်မှာ အသင့်ဆောင်လာတဲ့ အိတ်ကပ်အတွင်းက ဓါးနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားရဲ့ ရင်ဘတ်နဲ့ ဦးခေါင်းတွေကို ဓါးနဲ့ထိုးသွင်း တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။ သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ထဲမှာဆိုရင် အမျိုးသမီးဟာ အခင်းဖြစ် ပွားပြီး အချိန်မှာပဲ ရဲတပ်ဖွဲ့ကို အကြောင်းကြားခေါ်ခဲ့ပြီး ဖြစ်စဉ်အသေး စိတ်ကိုဆိုကာ ဝန်ခံခဲ့တာဖြစ် ပါတယ်။

သမီးငယ်ကို ထိပါးပြီးစော်ကားနှောင့်ယှက်ဖို့ ကြိုးစားနေကာ သမီးရဲ့ ဗလာကျင်းဓာတ်ပုံတွေကို သိမ်းဆည်းစုဆောင်းထားတဲ့ ရည်းစားအမျိုးသားရဲ့ လုပ်ရပ်ကို မိခင်ဖြစ်သူက သိရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၁၂ အရွယ်သမီးဖြစ်သူကလည်း မိခင်ဖြစ်သူရဲ့ ရည်းစားအမျိုးသားက သူမကို ကျီစယ်နမ်းရှုံ့ခြင်းတွေလုပ်ကြောင်းနဲ့ အဝတ်အစားဘောင်းဘီတွေ ချွတ်စေပြီး မဖွယ်မရာကပြခြင်း တွေ လုပ်ဆောင်စေခိုင်းတယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုပြောကြားထားတယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူမှာ အဆိုပါဖြစ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ သမီးဖြစ်သူကို ထိပါးနှောင့်ယှက်တဲ့ အတွက် ဆန္ဒအလျှောက် အမျိုးသားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top