Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆင္ေဂါင္းေတာင္ က “ ေက်ာက္နဂါး ” သမိုင္းေႀကာင္း

++++++++++++++++++++


“ ဆင္ေဂါင္းေတာင္ အေနာက္ ၊ ေက်ာက္မ်က္ကေရေပၚ

“၀”ဘုရားေျခေအာက္ ၊ နဂါးေရေသာက္ ”

စစ္ကိုင္းတုိင္း ၊ ေျမာင္ၿမိဳ႕နယ္ မွာ ႐ွိတဲ့ ဆင္ေဂါင္းေတာင္ က “ ေက်ာက္နဂါး ”

ေ႐ွးလူႀကီးသူမမ်ား ထပ္ဆင့္စကားအရ၊ ေျမာင္ ( ဆင္ေဂါင္းေတာင္ ) တြင္ ဤတစ္ေဘာင္ ေပၚခဲ့ဖူးသည္ဟူ၏။ ၾကားဖူးသူ႐ွိသလို ၊ မၾကားဖူးသူလည္း ႐ွိပါမည္။တိုက္ဆိုင္သည္ဟုဆိုလိုက ဆိုႏုိင္ပါသည္။

ဦးရဲျမင့္ ( M.P.P.E ) ဦးေဆာင္ေသာ ေနလကမၻာနယ္လွည့္ သာသနာ့အက်ိဳးေဆာင္အဖဲြ႔ ေရာက္႐ွိလာၿပီး ေငြက်ပ္သိန္း ၂၀ ခန္႔ လွဴဒါန္း၍ ဆင္ေဂါင္းေတာင္ အေနာက္ေတာင္ဘက္ ေတာင္စြယ္ေပၚတြင္ “၀” ဘုရားတည္ပါသည္။

အေနာက္ဘက္ ေက်ာက္က်စ္ေတာင္ေက်ာထိပ္တြင္ ဗုိလ္ႀကီးခင္ေမာင္ဦး မိသားစု ( M.P.P.E ) မွ ေငြက်ပ္ ၁၀ သိန္းခန္႔ လွဴဒါန္း၍ PH ( 7.4 ) အဆင့္႐ွိ ေရခ်ိဳေရသန္႔ ထြက္ေအာင္ စက္တြင္းတစ္တြင္း တူးေပးပါသည္။ သို႔ျဖင့္ တစ္ေဘာင္ပါ ၊ “ ေက်ာက္မ်က္ကေရေပၚ ‘၀’ဘုရား ” ဟူေသာ အေၾကာင္းအရာ ႏွစ္ရပ္ ျပည့္စံုခဲ့ေလ၏။

၉ လ ခန္႔ၾကာေသာ္ ‘၀’ဘုရားအေစာင့္တဲေန ဦးညိဳသည္ အခ်ိဳ႕ေသာ လျပည့္လကြယ္ ညမ်ားတြင္ ‘၀’ဘုရား၏ စေနေထာင့္ ေအာက္ေျခခ်ပ္ၾကားႀကီးထဲမွ သတၱ၀ါဟိန္းသံႀကီး ၾကားရေၾကာင္းဦးဟန္တင္ထံ သတင္းပို႔ၿပီး၊ က်န္းမာေရး အေၾကာင္းျပခါ ေျပာင္းေ႐ႊ႕သြားေတာ့၏။

မ်ားမၾကာမွီ ေဆးသဲ့ေတာင္ဆရာေတာ္ႀကီး ဦးေတဇႏွင့္ သားတပည့္ ဦးသိန္းလြင္ ( ေငြငန္းျဖဴ ေဟာ္တယ္၊ မႏၱေလး ) တို႔ေရာက္လာၿပီး အဘဘိုးမင္းေခါင္ ထီးႀကီးေအာက္တြင္ ထိုင္ေနပံုျပဳလုပ္ရန္ ေငြက်ပ္ ၁၀ သိန္းလွဴဒါန္းေလသည္။

သို႔ျဖင့္ ဦးဟန္တင္သည္ ‘၀’ဘုရားေအာက္ေျခ ဟိန္းသံႀကီးမ်ားလာရာ ခ်ပ္ၾကားႀကီး၏ ေရစီးေခ်ာင္းတြင္ ၂ ေပခန္႔ ကန္႔လန္႔ခံ၍ေပၚေနေသာ ေက်ာက္တံုးႀကီးအား အဘဘိုးမင္းေခါင္ ထိုင္မည့္ ေက်ာက္ဖ်ာလုပ္ရန္ ရည္သန္၍ တူးေဖာ္ၾကည့္ရာ အင္ၾကင္းေက်ာက္ပင္စည္ႀကီး ျဖစ္ေနေၾကာင္း ေတြ႔႐ွိ၏။

သို႔ေသာ္ ႏွေျမာသျဖင့္ မျဖတ္ေတာက္လိုသည့္အတြက္ လက္ယက္မေက်း႐ြာေန ဦးလွ၀င္းေအာင္ ႏွင့္ အဖဲြ႔၏ က်ပ္တစ္သိန္းတန္ လုပ္အားဒါနျဖင့္ သဲေတာင္ခ်ပ္ၾကားႀကီးအတြင္း ဆက္လက္တူးေဖာ္ၾကရာ ေပ၃၀ ေက်ာ္ခန္႔ အထိ ေရာက္႐ွိေသာ္လည္း အရင္းအဖ်ားမေပၚေသး၍ ရပ္ထားလိုက္ရသည္။

တစ္ညတြင္ ျမည္ဟိန္းသံႀကီးႏွင့္အတူ ခ်ပ္ၾကားသဲကမၻာရံႀကီး ၿပိဳက်သံၾကားရၿပီး နံနက္ခင္း၌ သြားေရာက္ၾကည့္႐ႈ ၾကေသာအခါ အင္ၾကင္းေက်ာက္ပင္ႀကီး အရင္းပိုင္း
သစ္ျမစ္ဆံုႀကီးဘက္ဆီသို႔ ေရာက္ေအာင္ ေပ ၂၀ ခန္႔ သဲလိုဏ္ေခါင္းႀကီး ၿပိဳ၍ အင္ၾကင္းသစ္ျမစ္ဆံုႀကီး တစ္ပိုင္းတစ္စ ေပၚေနသည္ကို ေတြ႔႐ွိရသည္။

သဲမ်ားယက္၍ အင္ၾကင္းေက်ာက္ သစ္ျမစ္ဆံုႀကီးအား တူးေဖာ္ၾကည့္ရာ သတၱ၀ါတစ္ေကာင္၏ ဦးေခါင္းပံုသ႑ာန္ ဟန္ပန္ေပၚေန၏။ ထို႔ေၾကာင့္ သစ္ျမစ္ဆံုႀကီး၏ အင္ၾကင္းေက်ာက္အစအန မ်ားကိုေကာက္ယူ၍ ဆက္စပ္ၾကည့္ လိုက္ေသာအခါ နဂါးေခါင္းႀကီး သ႑ာန္ပံုေပၚလာေတာ့၏။

သံုးရက္ခန္႔အၾကာတြင္ ျပည္ၿမိဳ႕ မယ္ေတာ္ႀကီးေဒၚသိန္းတင္ ႏွင့္ သားတပည့္ မေကြးၿမိဳ႕ေန ဦးေအးကို + ေဒၚတင္တင္၀င္း ( စြယ္ေတာ္ဖူး - သယ္ယူပို႔ေဆာင္ေရး ) တို႔က ေငြက်ပ္ ၁၀ သိန္း လွဴဒါန္ၿပီး အၿမီးပိုင္း ၅ ေပ ခန္႔ ဆက္လက္တူးေဖာ္၍ ေက်ာက္နဂါး ဦးေခါင္းပိုင္းေပၚတြင္ ေနလဓါတ္ေပါင္းေစတီ တည္ပါသည္။

၀န္ႀကီးခရီးစဥ္ႏွင့္ လမ္းႀကံဳေန၍ ေရာက္႐ွိလာေသာ ယဥ္ေက်းမႈ၀န္ႀကီးဌာန၀န္ႀကီး ဗိုလ္ခ်ဳပ္ၾကည္ေအာင္က အ႐ွည္ ၅၅ ေပ ႐ွိ ယင္းအင္ၾကင္းပင္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ေလးသန္းခန္႔ကဟု အတည္ျပဳေပးၿပီး၊ ထိမ္းသိမ္းရန္ တရား၀င္လမ္းညႊန္ ေဆာင္႐ြက္ေပးသည္။

သို႔ျဖင့္ ရာသီဥတုဒဏ္ ကာကြယ္ရန္ မံု႐ြာၿမိဳ႕ ခ်င္းတြင္းမင္းသမီး ( ေဆာက္လုပ္ေရး ပစၥည္းေရာင္း၀ယ္ေရး ) မွ ဦးတိုက္ေအာင္ + ေဒၚခင္စန္း၀င္း တို႔မွ ေငြက်ပ္ ၁၀ သိန္း လွဴဒါန္းၿပီး အမိုးပိုင္းကို တက္အားသ၍ ေဆာင္႐ြက္ေပးပါသည္။

စိုက္ပ်ိဳးေရး၀ါသနာ႐ွင္တစ္ဦးကလည္း ေငြက်ပ္ ၁၀ သိန္းခန္႔ အကုန္က်ခံ၍ သစ္ပင္ အမ်ိဳးမ်ိဳးကို ေတာင္ေက်ာေပၚတြင္ နည္းစနစ္တက် ႐ွင္သန္ေအာင္ စိုက္ပ်ိဳးေပးပါသည္။

ထို႔ေနာက္ အေနာက္ေျမာက္ပိုင္းတိုင္းမွဴး ဗိုလ္ခ်ဳပ္သာေအးသည္ တိုင္းမွဴးခရီးစဥ္ လမ္းႀကံဳႀကိဳက္ေနသျဖင့္ ဆင္ေဂါင္းေတာင္ သို႔ေရာက္လာၿပီး ၾကည့္႐ႈစစ္ေဆးရာ ဤနဂါးပံုသ႑ာန္ အင္ၾကင္းေက်ာက္ျဖစ္
႐ုပ္ႂကြင္း၏ ဟန္ပန္အမူအရာသည္ အေနာက္အရပ္မွ အေ႐ွ႕အရပ္သို႔ တြားလွမ္းလာခါ၊ မိမိ ေလွ်ာက္လွမ္းခဲ့ေသာ လမ္းအား ျပန္လည္ၾကည့္႐ႈ သံုးသပ္ဟန္ျဖင့္ အၿမီးပိုင္း႐ွိရာ အေနာက္ရပ္ဘက္ကို မ်က္ႏွာမူ လွည့္ၾကည့္ေနဟန္ ျဖစ္သည့္အျပင္ အၿမီး ႏွင့္ အေမာက္မွာလည္း တည့္ေနေၾကာင္း မွတ္ခ်က္ျပဳပါသည္။

ထို႔ျပင္ စိုက္ပ်ဳိးေရး တမာပင္မ်ားႏွင့္ ဆင္ေဂါင္းေတာင္ ပတ္၀န္းက်င္ စိမ္းလမ္းစိုေျပေရး အတြက္ ဖြံ႕ၿဖိဳးေရးဆည္တစ္ခုႏွင့္ ေက်ာက္နဂါး အနီးတြင္ ဆည္တစ္ခု တည္ေဆာက္ေပးပါသည္။ ထို႔ေၾကာင့္ နဂါးေရေသာက္ ဟူေသာ တေဘာင္ပါ အေၾကာင္းအရာ သံုးရပ္ ၿပီးျပည့္စံုသြားပါေတာ့သည္။


#ဓမၼရတနာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာ့ရိုးရာယဥ္ေက်းမႈနွင့္ဗုဒၶေစတီေတာ္မ်ား

#Unicode Version#
ဆင်ဂေါင်းတောင် က “ ကျောက်နဂါး ” သမိုင်းကြောင်း

++++++++++++++++++++

“ ဆင်ဂေါင်းတောင် အနောက် ၊ ကျောက်မျက်ကရေပေါ်

“ဝ”ဘုရားခြေအောက် ၊ နဂါးရေသောက် ”

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် မှာ ရှိတဲ့ ဆင်ဂေါင်းတောင် က “ ကျောက်နဂါး ”

ရှေးလူကြီးသူမများ ထပ်ဆင့်စကားအရ၊ မြောင် ( ဆင်ဂေါင်းတောင် ) တွင် ဤတစ်ဘောင် ပေါ်ခဲ့ဖူးသည်ဟူ၏။ ကြားဖူးသူရှိသလို ၊ မကြားဖူးသူလည်း ရှိပါမည်။တိုက်ဆိုင်သည်ဟုဆိုလိုက ဆိုနိုင်ပါသည်။

ဦးရဲမြင့် ( M.P.P.E ) ဦးဆောင်သော နေလကမ္ဘာနယ်လှည့် သာသနာ့အကျိုးဆောင်အဖွဲ့ ရောက်ရှိလာပြီး ငွေကျပ်သိန်း ၂၀ ခန့် လှူဒါန်း၍ ဆင်ဂေါင်းတောင် အနောက်တောင်ဘက် တောင်စွယ်ပေါ်တွင် “ဝ” ဘုရားတည်ပါသည်။

အနောက်ဘက် ကျောက်ကျစ်တောင်ကျောထိပ်တွင် ဗိုလ်ကြီးခင်မောင်ဦး မိသားစု ( M.P.P.E ) မှ ငွေကျပ် ၁၀ သိန်းခန့် လှူဒါန်း၍ PH ( 7.4 ) အဆင့်ရှိ ရေချိုရေသန့် ထွက်အောင် စက်တွင်းတစ်တွင်း တူးပေးပါသည်။ သို့ဖြင့် တစ်ဘောင်ပါ ၊ “ ကျောက်မျက်ကရေပေါ် ‘ဝ’ဘုရား ” ဟူသော အကြောင်းအရာ နှစ်ရပ် ပြည့်စုံခဲ့လေ၏။

၉ လ ခန့်ကြာသော် ‘ဝ’ဘုရားအစောင့်တဲနေ ဦးညိုသည် အချို့သော လပြည့်လကွယ် ညများတွင် ‘ဝ’ဘုရား၏ စနေထောင့် အောက်ခြေချပ်ကြားကြီးထဲမှ သတ္တဝါဟိန်းသံကြီး ကြားရကြောင်းဦးဟန်တင်ထံ သတင်းပို့ပြီး၊ ကျန်းမာရေး အကြောင်းပြခါ ပြောင်းရွှေ့သွားတော့၏။

များမကြာမှီ ဆေးသဲ့တောင်ဆရာတော်ကြီး ဦးတေဇနှင့် သားတပည့် ဦးသိန်းလွင် ( ငွေငန်းဖြူ ဟော်တယ်၊ မန္တလေး ) တို့ရောက်လာပြီး အဘဘိုးမင်းခေါင် ထီးကြီးအောက်တွင် ထိုင်နေပုံပြုလုပ်ရန် ငွေကျပ် ၁၀ သိန်းလှူဒါန်းလေသည်။

သို့ဖြင့် ဦးဟန်တင်သည် ‘ဝ’ဘုရားအောက်ခြေ ဟိန်းသံကြီးများလာရာ ချပ်ကြားကြီး၏ ရေစီးချောင်းတွင် ၂ ပေခန့် ကန့်လန့်ခံ၍ပေါ်နေသော ကျောက်တုံးကြီးအား အဘဘိုးမင်းခေါင် ထိုင်မည့် ကျောက်ဖျာလုပ်ရန် ရည်သန်၍ တူးဖော်ကြည့်ရာ အင်ကြင်းကျောက်ပင်စည်ကြီး ဖြစ်နေကြောင်း တွေ့ရှိ၏။

သို့သော် နှမြောသဖြင့် မဖြတ်တောက်လိုသည့်အတွက် လက်ယက်မကျေးရွာနေ ဦးလှဝင်းအောင် နှင့် အဖွဲ့၏ ကျပ်တစ်သိန်းတန် လုပ်အားဒါနဖြင့် သဲတောင်ချပ်ကြားကြီးအတွင်း ဆက်လက်တူးဖော်ကြရာ ပေ၃၀ ကျော်ခန့် အထိ ရောက်ရှိသော်လည်း အရင်းအဖျားမပေါ်သေး၍ ရပ်ထားလိုက်ရသည်။

တစ်ညတွင် မြည်ဟိန်းသံကြီးနှင့်အတူ ချပ်ကြားသဲကမ္ဘာရံကြီး ပြိုကျသံကြားရပြီး နံနက်ခင်း၌ သွားရောက်ကြည့်ရှု ကြသောအခါ အင်ကြင်းကျောက်ပင်ကြီး အရင်းပိုင်း
သစ်မြစ်ဆုံကြီးဘက်ဆီသို့ ရောက်အောင် ပေ ၂၀ ခန့် သဲလိုဏ်ခေါင်းကြီး ပြို၍ အင်ကြင်းသစ်မြစ်ဆုံကြီး တစ်ပိုင်းတစ်စ ပေါ်နေသည်ကို တွေ့ရှိရသည်။

သဲများယက်၍ အင်ကြင်းကျောက် သစ်မြစ်ဆုံကြီးအား တူးဖော်ကြည့်ရာ သတ္တဝါတစ်ကောင်၏ ဦးခေါင်းပုံသဏ္ဍာန် ဟန်ပန်ပေါ်နေ၏။ ထို့ကြောင့် သစ်မြစ်ဆုံကြီး၏ အင်ကြင်းကျောက်အစအန များကိုကောက်ယူ၍ ဆက်စပ်ကြည့် လိုက်သောအခါ နဂါးခေါင်းကြီး သဏ္ဍာန်ပုံပေါ်လာတော့၏။

သုံးရက်ခန့်အကြာတွင် ပြည်မြို့ မယ်တော်ကြီးဒေါ်သိန်းတင် နှင့် သားတပည့် မကွေးမြို့နေ ဦးအေးကို + ဒေါ်တင်တင်ဝင်း ( စွယ်တော်ဖူး - သယ်ယူပို့ဆောင်ရေး ) တို့က ငွေကျပ် ၁၀ သိန်း လှူဒါန်ပြီး အမြီးပိုင်း ၅ ပေ ခန့် ဆက်လက်တူးဖော်၍ ကျောက်နဂါး ဦးခေါင်းပိုင်းပေါ်တွင် နေလဓါတ်ပေါင်းစေတီ တည်ပါသည်။

ဝန်ကြီးခရီးစဉ်နှင့် လမ်းကြုံနေ၍ ရောက်ရှိလာသော ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြည်အောင်က အရှည် ၅၅ ပေ ရှိ ယင်းအင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းသည် လွန်ခဲ့သော နှစ်ပေါင်း လေးသန်းခန့်ကဟု အတည်ပြုပေးပြီး၊ ထိမ်းသိမ်းရန် တရားဝင်လမ်းညွှန် ဆောင်ရွက်ပေးသည်။

သို့ဖြင့် ရာသီဥတုဒဏ် ကာကွယ်ရန် မုံရွာမြို့ ချင်းတွင်းမင်းသမီး ( ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး ) မှ ဦးတိုက်အောင် + ဒေါ်ခင်စန်းဝင်း တို့မှ ငွေကျပ် ၁၀ သိန်း လှူဒါန်းပြီး အမိုးပိုင်းကို တက်အားသ၍ ဆောင်ရွက်ပေးပါသည်။

စိုက်ပျိုးရေးဝါသနာရှင်တစ်ဦးကလည်း ငွေကျပ် ၁၀ သိန်းခန့် အကုန်ကျခံ၍ သစ်ပင် အမျိုးမျိုးကို တောင်ကျောပေါ်တွင် နည်းစနစ်တကျ ရှင်သန်အောင် စိုက်ပျိုးပေးပါသည်။

ထို့နောက် အနောက်မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေးသည် တိုင်းမှူးခရီးစဉ် လမ်းကြုံကြိုက်နေသဖြင့် ဆင်ဂေါင်းတောင် သို့ရောက်လာပြီး ကြည့်ရှုစစ်ဆေးရာ ဤနဂါးပုံသဏ္ဍာန် အင်ကြင်းကျောက်ဖြစ်
ရုပ်ကြွင်း၏ ဟန်ပန်အမူအရာသည် အနောက်အရပ်မှ အရှေ့အရပ်သို့ တွားလှမ်းလာခါ၊ မိမိ လျှောက်လှမ်းခဲ့သော လမ်းအား ပြန်လည်ကြည့်ရှု သုံးသပ်ဟန်ဖြင့် အမြီးပိုင်းရှိရာ အနောက်ရပ်ဘက်ကို မျက်နှာမူ လှည့်ကြည့်နေဟန် ဖြစ်သည့်အပြင် အမြီး နှင့် အမောက်မှာလည်း တည့်နေကြောင်း မှတ်ချက်ပြုပါသည်။

ထို့ပြင် စိုက်ပျိုးရေး တမာပင်များနှင့် ဆင်ဂေါင်းတောင် ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေး အတွက် ဖွံ့ဖြိုးရေးဆည်တစ်ခုနှင့် ကျောက်နဂါး အနီးတွင် ဆည်တစ်ခု တည်ဆောက်ပေးပါသည်။ ထို့ကြောင့် နဂါးရေသောက် ဟူသော တဘောင်ပါ အကြောင်းအရာ သုံးရပ် ပြီးပြည့်စုံသွားပါတော့သည်။


#ဓမ္မရတနာ

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတီတော်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top