Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
ဟန်နီ
Credit: Trend Myanmar
# Unicode Version #
ကဲ ခုပဲ စိတ်ကူးနေတဲ့ နေရာဒေသတွေဆီ ခရီးထွက်ဖို့ ပြင်ဆင်လိုက်ပါတော့။ ခရီးသွားရတာ ပျော်ဖို့ကောင်းသလို ခရီးထွက်ခြင်းက ရနိုင်တဲ့ အကျိုးကျေးဇူး (၇) မျိုးကလည်း သင့်ကို များစွာ အထောက်အကူပြုဦးမှာပါ။ မကြာခဏ ခရီးထွက်ပေးခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူေးတွကတော့
၁။ ကိုယ်ချစ်ခင်ရသူတွေနဲ့ ခရီးထွက်ခြင်းကနေ ပျော်ရွှင်ခြင်းသုခ၊ အပန်းပြေခြင်းနဲ့၊ စိတ်ဓာတ်ခွန်အားအသစ်တွေ ပိုင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။
၂။ နယ်မြေသစ်တွေ ခရီးထွက်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျှော့ချပေးနိုင်ပါတယ်။ ဘယ်လောက်ပဲ အလုပ်မှာ စိတ်ဖိစီးမှု ရှိခဲ့ရှိခဲ့ မရောက်ဖူးတဲ့ နေရာတွေ သွားရောက် လည်ပတ်လိုက်ရတဲ့အခါ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ အပန်းပြေမှုတွေကြောင့် ခုနခံစားနေရတဲ့ ဖိစီးမှုတွေ လျော့ကျသွားပါလိမ့်မယ်။
၃။ ခရီးထွက်ရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေကလည်း သင့်စိတ်ကို ပြန်လည် ကြည်နူးစေပြန်ပါတယ်။ ခရီးကပြန်လာရင် သူငယ်ချင်းတွေ၊ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေကို ခရီးအကြောင်းပြောပြ၊ ဓာတ်ပုံတွေပြန်ပြ၊ ကိုယ်တိုင် ပြန်ကြည့်ရတာဟာလည်း အရသာတစ်ခုပဲ မဟုတ်ပါလား။
၄။ နေ့စဉ်ဘဝ၊ တာဝန်တွေကနေ ခုလို ခရီးထွက်ပစ်လိုက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ရော၊ စိတ်ပါ အပန်းပြေစေပါတယ်။ ဒါ့ကြောင့် အလုပ်တွေပြန်လုပ်ရတဲ့အခါ အိုင်ဒီယာအသစ်တွေနဲ့ တက်ကြွ လန်းဆန်းနေတတ်ပါတယ်။
၅။ လုပ်နေကျအရာတွေ မဟုတ်ပဲ အသစ်အသစ်သော အရာတွေကို စမ်းကြည့် လုပ်ဆောင်ရတဲ့အတွက် သင့်ဦးနှောက်လည်း ပိုမို ကျန်းမာစေပါတယ်။
၆။ အလုပ်ခွင်ထဲ ပြန်ဝင်ရတဲ့အခါ အလုပ်တွေ ပြန်လုပ်ရတဲ့အခါ အိုင်ဒီယာအသစ်တွေနဲ့ တက်ကြွ လန်းဆန်းနေတတ်ပါတယ်။
၇။ နိုင်ငံရပ်ခြားကို ခရီးထွက်မယ်ဆိုရင်တော့ အဲ့ဒီလူဟာ ဖန်တီးမှုပိုင်းဆိုင်ရာမှာ ပိုမို မြင့်မားလာတတ်တယ်လို့ သိရပါတယ်။
ဟန်နီ
ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top