ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဝိတ္ခ်မယ့္ သူတေယာက္ဟာ ကယ္လိုရီကို စနစ္တက် တြက္ခ်က္ၿပီးမွ ဝိတ္ခ်သင့္တယ္။
ကိုယ္စားတဲ့ အစားေသာက္တခုဟာ ကယ္လိုရီဘယ္ေလာက္ပါလဲ သိမွ ဝိတ္ခ်ရတာ လြယ္ကူမွာ ျဖစ္ပါတယ္။
ကယ္လိုရီဆိုတာ စြမ္းအင္အရင္းအျမစ္တခုျဖစ္ပါတယ္။ ကစီဓာတ္၊ အဆီဓာတ္နဲ႔ ပ႐ိုတင္းဓာတ္ အစားအေသာက္ေတြကေန အဓိက ရရွိတယ္။ ကယ္လိုရီတြက္တာ ကၽြမ္းက်င္ပညာရွင္ မဟုတ္ရင္ တြက္ရခက္တယ္။ မလြယ္ကူဘူး။ သို႔ေသာ္ ဝိ္တ္ခ်ရာမွာေတာ့ လိုအပ္တဲ့ ကယ္လိုရီကို အၾကမ္းဖ်င္း တြက္ၿပီးမွ ေလွ်ာ့ စားသင့္တယ္။

✔ဘယ္ေလာက္ေလွ်ာ့စားမလဲ??
ကယ္လိုရီတြက္ဖို႔ အလြယ္ဆံုးနည္းတခုရွိတယ္။
အဲဒါကေတာ့ စားသမွ်ကို စာအုပ္ထဲ ခ်ေရးတဲ့နည္း ျဖစ္ပါတယ္။
ဥပမာ ေန႔လည္စာကို ၾကက္ဥတလံုးနဲ႔ ထမင္းဆီဆမ္း စားတယ္ဆိုပါစို႔။ၾကက္ဥ၊ထမင္းနဲ႔ ဆီ သံုးမ်ဳိးပါတယ္လို႔ မွတ္ရမယ္။
အရင္ဆံုး ခ်ေရးပါ။ ၿပီးရင္ စာအုပ္ေနာက္မွာ ေရးထားတဲ့ ကယ္လိုရီပမာဏနဲ႔ နိႈင္းယွဥ္ၿပီး ဘယ္ေလာက္စားလဲ တြက္ခ်က္ပါ။
🍳ၾကက္ဥတလံုး - ၈၀ကယ္လိုရီ၊ 🍚ထမင္းတပန္းကန္ - ၁၅၀ ကယ္လိုရီ၊ 🍯ဆီ လက္ဖက္ရည္တဇြန္း - ၄၀ ကယ္လိုရီ ။
စုစုေပါင္း ကယ္လိုရီ(၂၇၀)ဝင္သြားၿပီ ျဖစ္ပါတယ္။ အဲလိုစားသမွ်ကို တခုမက်န္ ခ်ေရးျခင္းအားျဖင့္ တြက္ခ်က္ႏိုင္ပါတယ္။

✔ေန႔စဥ္ ကယ္လိုရီ ဘယ္ေလာက္ လိုသလဲ???
ကယ္လိုရီတြက္နည္း အမ်ဳ္းမ်ဳိးရွိတယ္။
ဒီေန႔ေခတ္မွာ အေျခခံဇီဝျဖစ္ပ်က္မႈ(basal metabolic rate)ကို တိုင္းတာဖို႔
Mifflin-St Jeor formula နည္းကိုသာ အသံုးျပဳတယ္။
အသက္ရႈ၊ႏွလံုးခုန္ စတဲ့ အေျခခံဇီဝျဖစ္ပ်က္မႈအတြက္ သံုးစြဲရတဲ့ စြမ္းအင္ပမာဏကို BMR လို႔ ေခၚပါတယ္။ တကယ့္အေျခခံအက်ဆံုး လုပ္ေဆာင္မႈအတြက္ သံုးစြဲရတဲ့ စြမ္းအင္ျဖစ္ပါတယ္။ ေန႔စဥ္လိုအပ္ခ်က္ကို စနစ္တက် တြက္ၿပီးမွ ေလွ်ာ့စားသင့္တယ္။
တြက္နည္း
Men(အမ်ဳိးသား) 👷
10 x weight (kg) + 6.25 x height (cm) - 5 x age (y) + 5
Women(အမ်ဳိးသမီး)💁
10 x weight (kg) + 6.25 x height (cm) - 5 x age (y) - 161
ဥပမာ - က်ေတာ္ဆိုရင္ 61 kg ရွ္ိတယ္။ အရပ္အျမင့္က (၅)ေပ (၈)လက္မျဖစ္လို႔ 180 cm ရွိတယ္။
တြက္ၾကည့္ရင္ ကယ္လိုရီ (၁၅၆၀)ေန႔စဥ္ လိုအပ္ေနတယ္။ ဒီကယ္လိုရီအတိုင္း ေန႔စဥ္စားေနရင္ ဝိတ္တက္မွာ မဟုတ္သလို ဝိတ္လည္း မက်ပါ။ သို႔ေသာ္ ဝိတ္က်ခ်င္တယ္ဆိုရင္ ေန႔စဥ္လိုအပ္တာထက္ (၂၀)ရာခိုင္နႈန္းေလွ်ာ့စားရမယ္။

✔ဒါ့ေၾကာင့္ ေန႔စဥ္ ကယ္လိုရီ_၃၀၀ေလွ်ာ့စားမွ_ဝိတ္က်လိမ့္မယ္။
အဲတိုင္းစားရင္ တပတ္ေနတဲ့အခါ ကိုယ္အေလးခ်ိန္ တေပါင္က်ဆင္းတဲ့ က်ေတာ့္ကို ျမင္ရပါလိမ့္မယ္။
ဝိတ္က်ခ်င္သူတိုင္း ဒီနည္းနဲ႔ တြက္ခ်က္ၿပီးမွ ေလွ်ာ့စားသင့္တယ္။
ေဒါက္တာ ေအးမင္းထူး ေရးထားတဲ့ က်န္းမာေရးမွတ္စုတိုကို
ကၽြန္ေတာ့္မွာရွိတဲ့ အစားအေသာက္ေတြမွာပါတဲ့ ကယ္လိုရီ ပံုမွတ္စုေလးေတြ နဲ႔ တစ္ခါတည္း တြဲတင္ေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kozawwinsingpore

# Unicode Version #
ဝိတ်ချမယ့် သူတယောက်ဟာ ကယ်လိုရီကို စနစ်တကျ တွက်ချက်ပြီးမှ ဝိတ်ချသင့်တယ်။
ကိုယ်စားတဲ့ အစားသောက်တခုဟာ ကယ်လိုရီဘယ်လောက်ပါလဲ သိမှ ဝိတ်ချရတာ လွယ်ကူမှာ ဖြစ်ပါတယ်။
ကယ်လိုရီဆိုတာ စွမ်းအင်အရင်းအမြစ်တခုဖြစ်ပါတယ်။ ကစီဓာတ်၊ အဆီဓာတ်နဲ့ ပရိုတင်းဓာတ် အစားအသောက်တွေကနေ အဓိက ရရှိတယ်။ ကယ်လိုရီတွက်တာ ကျွမ်းကျင်ပညာရှင် မဟုတ်ရင် တွက်ရခက်တယ်။ မလွယ်ကူဘူး။ သို့သော် ဝိတ်ချရာမှာတော့ လိုအပ်တဲ့ ကယ်လိုရီကို အကြမ်းဖျင်း တွက်ပြီးမှ လျှော့ စားသင့်တယ်။

✔ဘယ်လောက်လျှော့စားမလဲ??
ကယ်လိုရီတွက်ဖို့ အလွယ်ဆုံးနည်းတခုရှိတယ်။
အဲဒါကတော့ စားသမျှကို စာအုပ်ထဲ ချရေးတဲ့နည်း ဖြစ်ပါတယ်။
ဥပမာ နေ့လည်စာကို ကြက်ဥတလုံးနဲ့ ထမင်းဆီဆမ်း စားတယ်ဆိုပါစို့။ကြက်ဥ၊ထမင်းနဲ့ ဆီ သုံးမျိုးပါတယ်လို့ မှတ်ရမယ်။
အရင်ဆုံး ချရေးပါ။ ပြီးရင် စာအုပ်နောက်မှာ ရေးထားတဲ့ ကယ်လိုရီပမာဏနဲ့ နှိုင်းယှဉ်ပြီး ဘယ်လောက်စားလဲ တွက်ချက်ပါ။
🍳ကြက်ဥတလုံး - ၈၀ကယ်လိုရီ၊ 🍚ထမင်းတပန်းကန် - ၁၅၀ ကယ်လိုရီ၊ 🍯ဆီ လက်ဖက်ရည်တဇွန်း - ၄၀ ကယ်လိုရီ ။
စုစုပေါင်း ကယ်လိုရီ(၂၇၀)ဝင်သွားပြီ ဖြစ်ပါတယ်။ အဲလိုစားသမျှကို တခုမကျန် ချရေးခြင်းအားဖြင့် တွက်ချက်နိုင်ပါတယ်။

✔နေ့စဉ် ကယ်လိုရီ ဘယ်လောက် လိုသလဲ???
ကယ်လိုရီတွက်နည်း အမျု်းမျိုးရှိတယ်။
ဒီနေ့ခေတ်မှာ အခြေခံဇီဝဖြစ်ပျက်မှု(basal metabolic rate)ကို တိုင်းတာဖို့
Mifflin-St Jeor formula နည်းကိုသာ အသုံးပြုတယ်။
အသက်ရှု၊နှလုံးခုန် စတဲ့ အခြေခံဇီဝဖြစ်ပျက်မှုအတွက် သုံးစွဲရတဲ့ စွမ်းအင်ပမာဏကို BMR လို့ ခေါ်ပါတယ်။ တကယ့်အခြေခံအကျဆုံး လုပ်ဆောင်မှုအတွက် သုံးစွဲရတဲ့ စွမ်းအင်ဖြစ်ပါတယ်။ နေ့စဉ်လိုအပ်ချက်ကို စနစ်တကျ တွက်ပြီးမှ လျှော့စားသင့်တယ်။
တွက်နည်း
Men(အမျိုးသား) 👷
10 x weight (kg) + 6.25 x height (cm) - 5 x age (y) + 5
Women(အမျိုးသမီး)💁
10 x weight (kg) + 6.25 x height (cm) - 5 x age (y) - 161
ဥပမာ - ကျတော်ဆိုရင် 61 kg ရှိတယ်။ အရပ်အမြင့်က (၅)ပေ (၈)လက်မဖြစ်လို့ 180 cm ရှိတယ်။
တွက်ကြည့်ရင် ကယ်လိုရီ (၁၅၆၀)နေ့စဉ် လိုအပ်နေတယ်။ ဒီကယ်လိုရီအတိုင်း နေ့စဉ်စားနေရင် ဝိတ်တက်မှာ မဟုတ်သလို ဝိတ်လည်း မကျပါ။ သို့သော် ဝိတ်ကျချင်တယ်ဆိုရင် နေ့စဉ်လိုအပ်တာထက် (၂၀)ရာခိုင်နှုန်းလျှော့စားရမယ်။

✔ဒါ့ကြောင့် နေ့စဉ် ကယ်လိုရီ_၃၀၀လျှော့စားမှ_ဝိတ်ကျလိမ့်မယ်။
အဲတိုင်းစားရင် တပတ်နေတဲ့အခါ ကိုယ်အလေးချိန် တပေါင်ကျဆင်းတဲ့ ကျတော့်ကို မြင်ရပါလိမ့်မယ်။
ဝိတ်ကျချင်သူတိုင်း ဒီနည်းနဲ့ တွက်ချက်ပြီးမှ လျှော့စားသင့်တယ်။
ဒေါက်တာ အေးမင်းထူး ရေးထားတဲ့ ကျန်းမာရေးမှတ်စုတိုကို
ကျွန်တော့်မှာရှိတဲ့ အစားအသောက်တွေမှာပါတဲ့ ကယ်လိုရီ ပုံမှတ်စုလေးတွေ နဲ့ တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kozawwinsingpore
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top