ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လူသတ္တရားခံေတြမွာ လူသတ္ရတဲ႔ အေၾကာင္းရင္းတစ္ခုစီရွိၾကမွာပါ။ ပိုက္ဆံလိုလို႔၊ မနာလိုလို႔၊ ေဒါသထြက္လို႔ အစရွိသျဖင္႔ေပါ႔။ ဒါေပမယ္႔ တခ်ိဳ႕လူေတြကေတာ႔ လူသတ္တာကို စြဲလမ္းေနတဲ႔လူေတြရွိပါတယ္။ သူတို႔ကိုေတာ႔ စိတၱဇလူသတ္သမားေတြလို႔ သတ္မွတ္ထားပါတယ္။

သူတို႔လူသတ္ရတဲ႔အေၾကာင္းရင္းက စိတ္ပိုင္းဆိုင္ရာ မက်န္းမာမႈေၾကာင္႔ပါပဲ။ သမိုင္းတေလွ်ာက္မွာ အရက္စက္ဆံုး စိတၱဇလူသတ္သမားေတြထဲမွာ လွပတဲ႔အမ်ိဳးသမီးေလးေတြလည္း ပါေနတယ္ဆို ယံုမွာလား။ အခုေဖာ္ျပေပးမွာကေတာ႔ လူ႔သမိုင္းတေလွ်ာက္မွာ အလွပဆံုးနဲ႔ အရက္စက္ဆံုး အမ်ိဳးသမီး စိတၱဇလူသတ္သမားေတြပါပဲ။
၁။ Karla Homolka

သူမဟာ ကေနဒါသမိုင္းမွာ အၾကမ္းဆံုးလူသတ္သမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ျပစ္မႈအားလံုးကို သူမရဲ႕ပထမခင္ပြန္းျဖစ္သူ Paul Bernard နဲ႔အတူ က်ဴးလြန္ခဲ႔တာပါ။ သူတို႔ဟာ ေခ်ာေမာလွပတဲ႔ ဇနီးေမာင္ႏွံျဖစ္တဲ႔အတြက္ နယ္ခံမီဒီယာေတြက သူတို႔ကို "Barbie and Ken Killers" (ဘာဘီရုပ္ေလးနဲ႔ ကန္ လူသတ္သမားမ်ား) လို႔ ေခၚေဝၚသမုတ္ခဲ႔ပါတယ္။

Karla Homolka ဟာ သူမရဲ႕ခင္ပြန္းနဲ႔အတူ အမ်ိဳးသမီးငယ္ေလးေတြကို ေဆးခပ္၊ မုဒိန္းက်င္႔၊ ႏွိပ္စက္၊ သတ္ျဖတ္ခဲ႔တဲ႔အတြက္ ေထာင္ဒဏ္ (၁၂) ႏွစ္ က်သင္႔ခဲ႔ပါတယ္။ သူမတို႔လင္မယားဟာ အမ်ိဳးသမီးငယ္ေလးေတြ ေနထိုင္တဲ႔ အိမ္ထဲကို အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ဝင္ေရာက္ၿပီး ဖမ္းဆီးႏွိပ္္စက္၊ သတ္ျဖတ္ခဲ႔တာပါ။ အဲဒီလိုလုပ္ထားတာေတြကိုလည္း ဗီဒီယိုကင္မရာနဲ႔ ရိုက္ယူခဲ႔ပါေသးတယ္။

အဲဒီ ဗီဒီယိုဖိုင္ေတြကပဲ တရားခြင္မွာ အဓိကသက္ေသျဖစ္လာခဲ႔တာပါ။ ယေန႕မွာေတာ႔ Karla Homolka ဟာ တျခားတစ္ေယာက္နဲ႔ ထပ္မံလက္ထပ္ထားၿပီး နာမည္ဝွက္တစ္ခုနဲ႔ ေနထိုင္ေနပါတယ္။ ဒုတိယခင္ပြန္းနဲ႔ ကေလး (၃) ေယာက္လည္း ရထားပါတယ္။
၂။ Aileen Wuornos
Image result for Aileen Wuornos
Aileen Wuornos ကေတာ႔ ငယ္စဥ္က ႏွိပ္စက္ညွင္းပန္းခံခဲ႔ရတဲ႔ ကေလးတစ္ေယာက္ျဖစ္ၿပီး ႀကီးလာတဲ႔အခါ ျပည္႔တန္ဆာတစ္ဦး ျဖစ္သြားခဲ႔ပါတယ္။ သူမဟာ အမ်ိဳးသား (၆) ဦးကို သတ္ျဖတ္မႈနဲ႔ အဖမ္းခံခဲ႔ရၿပီး ေနာက္ပိုင္းမွာ ဖေလာ္ရီဒါေထာင္ထဲမွာ ေသဒဏ္ေပးခံခဲ႔ရပါတယ္။

Aileen ရဲ႕ မိဘေတြက ကေလးယူဖို႔ အဆင္သင္႔မျဖစ္ေသးခင္မွာ သူမကို ကိုယ္ဝန္ေဆာင္ခဲ႔ရတဲ႔အတြက္ ေမြးဖြားၿပီးခ်ိန္မွာ စြန္႔ပစ္ခဲ႔ၾကပါတယ္။ ဒါေၾကာင္႔ Aileen ဟာ အဖိုးအဖြားေတြနဲ႔ ႀကီးမားခဲ႔ရပါတယ္။ စိတ္ဒဏ္ရာေတြနဲ႔ ႀကီးျပင္းခဲ႔ရတဲ႔ Aileen ေလးစားဟာ ဘဝမွာ အလြယ္လမ္းကိုလိုက္ဖို႔ ဆံုးျဖတ္ခဲ႔ၿပီး ထရပ္ကားသမားေတြအတြက္ အေပ်ာ္ေနေပးတဲ႔ ျပည္႔တန္ဆာတစ္ဦး ျဖစ္လာခဲ႔ပါတယ္။

သူမရဲ႕ေဖာက္သည္တစ္ေယာက္က သူမကို ရိုက္ႏွက္ဖို႔ ႀကိဳးစားခဲ႔တဲ႔အတြက္ သူ႔ကို သတ္ပစ္ခဲ႔မိပါတယ္။ အဲဒီအခ်ိန္ကစၿပီး သူမဟာ သူမရဲ႕စိတ္ထဲက လိုလားေတာင္႔တေနတဲ႔ အရာကို ေတြ႕ရွိသြားပါေတာ႔တယ္။ ေယာက်္ားအားလံုးကို မုန္းတီးတဲ႔စိတ္နဲ႔ သူမဟာ အေမရိကန္တစ္ႏိုင္ငံလံုးမွာ အေက်ာ္ၾကားဆံုး စိတၱဇလူသတ္သမားတစ္ဦး ျဖစ္လာခဲ႔ပါတယ္။

ေနာက္ပိုင္းမွာ သူမကို ေဆးထိုးသတ္ဖို႔ တရားရံုးက အမိန္႕ခ်ခဲ႔ပါတယ္။ "Monster" ဆိုတဲ႔ ရုပ္ရွင္ထဲမွာ Aileen ေနရာက သရုပ္ေဆာင္ခဲ႔တဲ႔ Charlize Theron ဟာ ေအာ္စကာဆု ရရွိခဲ႔ပါတယ္။

၃။ Beverly Allitt
Related image
"Angel of death" (ေသျခင္းတရားရဲ႕ တမန္ေတာ္) လို႔ နာမည္ဝွက္ေပးခံခဲ႔ရတဲ႔ သူနာျပဳဆရာမေလး Beverly Allitt ဟာ ကေလး (၄) ေယာက္ကို သတ္ျဖတ္ခဲ႔ၿပီး ေနာက္ထပ္ (၉) ေယာက္ကို သတ္ျဖတ္ရန္ ၾကံစည္ခဲ႔မႈနဲ႔ အဖမ္းခံခဲ႔ရပါတယ္။ သူမဟာ ကေလးေတြကို ဆရာဝန္ ညႊန္ၾကားတဲ႔အတိုင္း ေဆးမတိုက္ဘဲ ေဆးညႊန္းေတြကို ေျပာင္းလဲၿပီး ရလဒ္ေတြကို ေစာင္႔ၾကည္႔ခဲ႔တာပါ။ သူမရဲ႕ ရည္ရြယ္ခ်က္ကို ဘယ္သူမွ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အခုအခ်ိန္မွာေတာ႔ သူမဟာ ေထာင္ထဲမွာ တစ္သက္လံုး ေနသြားရေတာ႔မွာပါ။
၄။ Myra Hindley
Image result for Myra Hindley
Myra Hindley ကေတာ႔ အစပိုင္းမွာ သူမရဲ႕ခင္ပြန္းနဲ႔အတူ ဘဏ္ဓားျပတိုက္ဖို႔ စီစဥ္ခဲ႔တာပါ။ ဒါေပမယ္႔ ေနာက္ပိုင္းမွာ အဲဒီထက္ပိုၿပီး လုပ္ႏိုင္တယ္ဆိုတာကို နားလည္သေဘာေပါက္ခဲ႔ပါတယ္။ ဖုန္းဆုိးေျမလူသတ္သမားလို႔ နာမည္ေက်ာ္ခဲ႔တဲ႔ လင္မယားဟာ အနည္းဆံုး ကေလး (၅) ေယာက္ကို ဖမ္းဆီးသတ္ျဖတ္ခဲ႔ၿပီး အေလာင္းေတြကို ဖုန္းဆိုးေျမထဲမွာ သြားေရာက္စြန္႕ပစ္ခဲ႔ပါတယ္။

ေတြ႕ရွိခဲ႔ရတဲ႔ ကေလးအေလာင္းေတြထဲက အနည္းဆံုး ကေလး (၄) ေယာက္မွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံထားရတဲ႔ လကၡဏာေတြ ေတြ႕ရွိရပါတယ္။ အဖမ္းခံရၿပီးခ်ိန္မွာေတာင္ စိတၱဇ လူသတ္သမား ဇနီးေမာင္ႏွံက ကေလးေတြကုိ ျမွုပ္ထားတဲ႔ေနရာ ေနာက္ထပ္ (၉) ခုရွိေသးတဲ႔အေၾကာင္း ေျပာၾကားခဲ႔ၿပီး အေကာင္းဆံုးစားေသာက္ဆိုင္တစ္ဆိုင္မွာ ႏွစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ စားခြင္႔ေပးမွ လိုက္ျပမယ္လို႔ ေျပာခဲ႔ပါေသးတယ္။

သူတို႔ကို ဘယ္သူမွ မယံုၾကည္ခဲ႔ပါဘူး။ Myra Hindley ကေတာ႔ ေထာင္ထဲမွာပဲ ေသဆံုးသြားခဲ႔ၿပီး သူမရဲ႕ ခင္ပြန္းကေတာ႔ ေထာင္ထဲမွာ တစ္သက္တစ္ကြ်န္း က်ေနတံုးပါပဲ။
၅။ Maria Petrova

"Zuzino က စိတၱဇလူသတ္သမား" လို႔ နာမည္တြင္တဲ႔ Maria Petrova ကေတာ႔ ရုရွႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕မွာ အမ်ိဳးသားေတြကို တိုက္ခိုက္မႈ (၆) ခုကို က်ဴးလြန္ခဲ႔ပါတယ္။ သေဘာေကာင္းတဲ႔ ဆရာမေလးတစ္ဦးျဖစ္ခဲ႔တဲ႔ Maria Petrova ကို သူမရဲ႕ သူငယ္ခ်င္းတစ္ေယာက္က အဓမၼျပဳက်င္႔ခဲ႔သလို သူမထက္အသက္ႀကီးတဲ႔ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးကလည္း လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင္႔ယွက္မႈကို က်ဴးလြန္ခဲ႔ပါတယ္။

စိတ္ဒဏ္ရာရသြားတဲ႔ Maria Petrova ဟာ ေနာက္ပိုင္းမွာ အမ်ိဳးသားေတြအားလံုးကို မုန္းတီးသြားခဲ႔ၿပီး လက္စားေခ်ဖို႔ ဆံုးျဖတ္ခဲ႔ပါတယ္။ သူမဟာ မီးဖိုေခ်ာင္သံုး ဓားတစ္ေခ်ာင္းတည္းနဲ႔ ျပစ္မႈေတြကို က်ဴးလြန္ခဲ႔တာပါ။ Maria Petrova ဆီမွာ စိတ္က်န္းမာေရးအထူးဆိုးရြားေနတာကို ေတြ႕ရွိခဲ႔ရတဲ႔အတြက္ စိတ္ေရာဂါကုေဆးရံုတစ္ခုမွာ အထူးၾကပ္မတ္ ကုသထားရပါတယ္။

Source: topbanger

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
လူသတ်တရားခံတွေမှာ လူသတ်ရတဲ့ အကြောင်းရင်းတစ်ခုစီရှိကြမှာပါ။ ပိုက်ဆံလိုလို့၊ မနာလိုလို့၊ ဒေါသထွက်လို့ အစရှိသဖြင့်ပေါ့။ ဒါပေမယ့် တချို့လူတွေကတော့ လူသတ်တာကို စွဲလမ်းနေတဲ့လူတွေရှိပါတယ်။ သူတို့ကိုတော့ စိတ္တဇလူသတ်သမားတွေလို့ သတ်မှတ်ထားပါတယ်။

သူတို့လူသတ်ရတဲ့အကြောင်းရင်းက စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုကြောင့်ပါပဲ။ သမိုင်းတလျှောက်မှာ အရက်စက်ဆုံး စိတ္တဇလူသတ်သမားတွေထဲမှာ လှပတဲ့အမျိုးသမီးလေးတွေလည်း ပါနေတယ်ဆို ယုံမှာလား။ အခုဖော်ပြပေးမှာကတော့ လူ့သမိုင်းတလျှောက်မှာ အလှပဆုံးနဲ့ အရက်စက်ဆုံး အမျိုးသမီး စိတ္တဇလူသတ်သမားတွေပါပဲ။
၁။ Karla Homolka

သူမဟာ ကနေဒါသမိုင်းမှာ အကြမ်းဆုံးလူသတ်သမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပြစ်မှုအားလုံးကို သူမရဲ့ပထမခင်ပွန်းဖြစ်သူ Paul Bernard နဲ့အတူ ကျူးလွန်ခဲ့တာပါ။ သူတို့ဟာ ချောမောလှပတဲ့ ဇနီးမောင်နှံဖြစ်တဲ့အတွက် နယ်ခံမီဒီယာတွေက သူတို့ကို "Barbie and Ken Killers" (ဘာဘီရုပ်လေးနဲ့ ကန် လူသတ်သမားများ) လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။

Karla Homolka ဟာ သူမရဲ့ခင်ပွန်းနဲ့အတူ အမျိုးသမီးငယ်လေးတွေကို ဆေးခပ်၊ မုဒိန်းကျင့်၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တဲ့အတွက် ထောင်ဒဏ် (၁၂) နှစ် ကျသင့်ခဲ့ပါတယ်။ သူမတို့လင်မယားဟာ အမျိုးသမီးငယ်လေးတွေ နေထိုင်တဲ့ အိမ်ထဲကို အကြောင်းအမျိုးမျိုးပြပြီး ဝင်ရောက်ပြီး ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခဲ့တာပါ။ အဲဒီလိုလုပ်ထားတာတွေကိုလည်း ဗီဒီယိုကင်မရာနဲ့ ရိုက်ယူခဲ့ပါသေးတယ်။

အဲဒီ ဗီဒီယိုဖိုင်တွေကပဲ တရားခွင်မှာ အဓိကသက်သေဖြစ်လာခဲ့တာပါ။ ယနေ့မှာတော့ Karla Homolka ဟာ တခြားတစ်ယောက်နဲ့ ထပ်မံလက်ထပ်ထားပြီး နာမည်ဝှက်တစ်ခုနဲ့ နေထိုင်နေပါတယ်။ ဒုတိယခင်ပွန်းနဲ့ ကလေး (၃) ယောက်လည်း ရထားပါတယ်။
၂။ Aileen Wuornos

Aileen Wuornos ကတော့ ငယ်စဉ်က နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး ကြီးလာတဲ့အခါ ပြည့်တန်ဆာတစ်ဦး ဖြစ်သွားခဲ့ပါတယ်။ သူမဟာ အမျိုးသား (၆) ဦးကို သတ်ဖြတ်မှုနဲ့ အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ ဖလော်ရီဒါထောင်ထဲမှာ သေဒဏ်ပေးခံခဲ့ရပါတယ်။

Aileen ရဲ့ မိဘတွေက ကလေးယူဖို့ အဆင်သင့်မဖြစ်သေးခင်မှာ သူမကို ကိုယ်ဝန်ဆောင်ခဲ့ရတဲ့အတွက် မွေးဖွားပြီးချိန်မှာ စွန့်ပစ်ခဲ့ကြပါတယ်။ ဒါကြောင့် Aileen ဟာ အဖိုးအဖွားတွေနဲ့ ကြီးမားခဲ့ရပါတယ်။ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ Aileen လေးစားဟာ ဘဝမှာ အလွယ်လမ်းကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထရပ်ကားသမားတွေအတွက် အပျော်နေပေးတဲ့ ပြည့်တန်ဆာတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ဖောက်သည်တစ်ယောက်က သူမကို ရိုက်နှက်ဖို့ ကြိုးစားခဲ့တဲ့အတွက် သူ့ကို သတ်ပစ်ခဲ့မိပါတယ်။ အဲဒီအချိန်ကစပြီး သူမဟာ သူမရဲ့စိတ်ထဲက လိုလားတောင့်တနေတဲ့ အရာကို တွေ့ရှိသွားပါတော့တယ်။ ယောကျ်ားအားလုံးကို မုန်းတီးတဲ့စိတ်နဲ့ သူမဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ အကျော်ကြားဆုံး စိတ္တဇလူသတ်သမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ သူမကို ဆေးထိုးသတ်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ "Monster" ဆိုတဲ့ ရုပ်ရှင်ထဲမှာ Aileen နေရာက သရုပ်ဆောင်ခဲ့တဲ့ Charlize Theron ဟာ အော်စကာဆု ရရှိခဲ့ပါတယ်။

၃။ Beverly Allitt

"Angel of death" (သေခြင်းတရားရဲ့ တမန်တော်) လို့ နာမည်ဝှက်ပေးခံခဲ့ရတဲ့ သူနာပြုဆရာမလေး Beverly Allitt ဟာ ကလေး (၄) ယောက်ကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ် (၉) ယောက်ကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူမဟာ ကလေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးမတိုက်ဘဲ ဆေးညွှန်းတွေကို ပြောင်းလဲပြီး ရလဒ်တွေကို စောင့်ကြည့်ခဲ့တာပါ။ သူမရဲ့ ရည်ရွယ်ချက်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုအချိန်မှာတော့ သူမဟာ ထောင်ထဲမှာ တစ်သက်လုံး နေသွားရတော့မှာပါ။
၄။ Myra Hindley

Myra Hindley ကတော့ အစပိုင်းမှာ သူမရဲ့ခင်ပွန်းနဲ့အတူ ဘဏ်ဓားပြတိုက်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီထက်ပိုပြီး လုပ်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့ပါတယ်။ ဖုန်းဆိုးမြေလူသတ်သမားလို့ နာမည်ကျော်ခဲ့တဲ့ လင်မယားဟာ အနည်းဆုံး ကလေး (၅) ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ဖုန်းဆိုးမြေထဲမှာ သွားရောက်စွန့်ပစ်ခဲ့ပါတယ်။

တွေ့ရှိခဲ့ရတဲ့ ကလေးအလောင်းတွေထဲက အနည်းဆုံး ကလေး (၄) ယောက်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရှိရပါတယ်။ အဖမ်းခံရပြီးချိန်မှာတောင် စိတ္တဇ လူသတ်သမား ဇနီးမောင်နှံက ကလေးတွေကို မြှုပ်ထားတဲ့နေရာ နောက်ထပ် (၉) ခုရှိသေးတဲ့အကြောင်း ပြောကြားခဲ့ပြီး အကောင်းဆုံးစားသောက်ဆိုင်တစ်ဆိုင်မှာ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စားခွင့်ပေးမှ လိုက်ပြမယ်လို့ ပြောခဲ့ပါသေးတယ်။

သူတို့ကို ဘယ်သူမှ မယုံကြည်ခဲ့ပါဘူး။ Myra Hindley ကတော့ ထောင်ထဲမှာပဲ သေဆုံးသွားခဲ့ပြီး သူမရဲ့ ခင်ပွန်းကတော့ ထောင်ထဲမှာ တစ်သက်တစ်ကျွန်း ကျနေတုံးပါပဲ။
၅။ Maria Petrova

"Zuzino က စိတ္တဇလူသတ်သမား" လို့ နာမည်တွင်တဲ့ Maria Petrova ကတော့ ရုရှနိုင်ငံ၊ မော်စကိုမြို့မှာ အမျိုးသားတွေကို တိုက်ခိုက်မှု (၆) ခုကို ကျူးလွန်ခဲ့ပါတယ်။ သဘောကောင်းတဲ့ ဆရာမလေးတစ်ဦးဖြစ်ခဲ့တဲ့ Maria Petrova ကို သူမရဲ့ သူငယ်ချင်းတစ်ယောက်က အဓမ္မပြုကျင့်ခဲ့သလို သူမထက်အသက်ကြီးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို ကျူးလွန်ခဲ့ပါတယ်။

စိတ်ဒဏ်ရာရသွားတဲ့ Maria Petrova ဟာ နောက်ပိုင်းမှာ အမျိုးသားတွေအားလုံးကို မုန်းတီးသွားခဲ့ပြီး လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ မီးဖိုချောင်သုံး ဓားတစ်ချောင်းတည်းနဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တာပါ။ Maria Petrova ဆီမှာ စိတ်ကျန်းမာရေးအထူးဆိုးရွားနေတာကို တွေ့ရှိခဲ့ရတဲ့အတွက် စိတ်ရောဂါကုဆေးရုံတစ်ခုမှာ အထူးကြပ်မတ် ကုသထားရပါတယ်။

Source: topbanger

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top