Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စက္တင္ဘာလ ပထမပတ္အတြင္း ရန္ကုန္ၿမိဳ႕ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး႐ံုးခ်ဳပ္မွာ တန္ဖိုးနည္း အိမ္ရာဝယ္ယူခြင့္ရရွိသူမ်ားအား အိမ္ခန္းမ်ားကို မဲႏိႈက္သတ္မွတ္ၿပီး ေရာင္းခ်ေပးခဲ့တာ ေတြ႕ရွိရပါ တယ္။ လိႈင္သာယာ ေရႊလင္ဗန္းနဲ႔ ဒဂံု (ဆိပ္ကမ္း)တုိ႔မွာ ေဆာက္ လုပ္တဲ့ တန္ဖိုးနည္းအိမ္ရာ အိမ္ ခန္းမ်ားကို ေရာင္းခ်ေပးျခင္းျဖစ္ ေၾကာင္း သိရွိရပါတယ္။

ဝယ္ယူခြင့္ရရွိသူမ်ားရဲ႕ မ်က္ ႏွာမ်ားမွာ ဝင္းပၾကည္လင္ၿပီး ေပ်ာ္ရႊင္ၾကည္ႏူးေနၾကတာကို ေတြ႕ ျမင္ရတဲ့အတြက္ ဝမ္းေျမာက္ဝမ္း သာျဖစ္မိပါတယ္။ လိႈင္သာယာ ဘက္ နီးစပ္သူေတြက ေရႊလင္ဗန္း အိမ္ရာမွ အိမ္ခန္းမ်ား ေရြးခ်ယ္ ခြင့္ရွိၿပီး ဒဂံု (ဆိပ္ကမ္း)ၿမိဳ႕သစ္နဲ႔ သြားလာေရးအဆင္ေျပသူတုိ႔က ကေနာင္အိမ္ရာနဲ႔ ယုဇနအိမ္ရာကိုမဲႏိႈက္ၾကတာျဖစ္ပါတယ္။ တန္ဖိုးနည္းအိမ္ရာေတြကို တစ္ေနရာ တည္းမွာ စုၿပံဳမေဆာက္ဘဲ ရန္ကုန္ရဲ႕ အေရွ႕ပိုင္း၊ အေနာက္ပိုင္းစသည္ျဖင့္ ျဖန္႔ၾကက္ေဆာက္လုပ္ ေပးတဲ့ စနစ္ဟာ အလြန္ေကာင္းမြန္ပါတယ္။ လက္ရွိ အလုပ္အကိုင္နဲ႔ အလွမ္းမေဝးေလ ေကာင္းေလ ျဖစ္ၿပီး အိမ္ခန္းအမ်ိဳးအစားသာ မက ေနရာေဒသကိုပါ ေရြးခ်ယ္ ႏိုင္တဲ့ အစီအစဥ္မ်ားဟာ အလြန္ သင့္ေလ်ာ္ပါတယ္။ ဘာျဖစ္လို႔လဲ ဆုိေတာ့ ရန္ကုန္ၿမိဳ႕ဟာ ၃၀၆ စတုရန္းမိုင္က်ယ္ဝန္းၿပီး အေရွ႕နဲ႔ အေနာက္ ကန္႔လန္႔ျဖတ္ခရီးက အခ်ိန္ႏွစ္နာရီေလာက္ၾကာမွာ ျဖစ္လို႔ပါပဲ။ တစ္ေနရာတည္းေဆာက္ လုပ္ထားရင္ ‘ေပးကားေပး၏ မရ’ ဆုိတာလို ေနလို႔မျဖစ္တဲ့ဘဝကို ေရာက္ၾကရမယ့္သူေတြ အမ်ား ႀကီးရွိလာမွာ ျဖစ္ပါတယ္။ ဒါ ေၾကာင့္ က်ဴးေက်ာ္အိမ္ရာမ်ားကို ျပန္လည္ေနရာခ်ထားေပးၾကရင္ လည္း တန္ဖိုးနည္းအိမ္ရာအစီအ စဥ္လိုပဲ ေနရာခြဲျခားျဖည္းဆည္း ေပးဖို႔ အထူးလိုအပ္ေၾကာင္း ႀကိဳ တင္ေျပာၾကားလိုပါတယ္။

တန္ဖိုးနည္းဆိုတဲ့ေနရာမွာ လက္ရွိစံႏႈန္းမ်ားအရ အိမ္ခန္း တန္ဖိုး သိန္း ၁၀၀ ဝန္းက်င္ရွိတဲ့ အိမ္ခန္းမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရ ပါတယ္။ မ်ားေသာအားျဖင့္ သိန္း ၁၀၀ အထက္ သိန္း ၂၀၊ ၃၀ ခန္႔ စြန္းေနတာ ေတြ႕ရပါတယ္။ ထံုးစံ အတိုင္း အေပၚဆံုးငါးလႊာဟာ ေဈးအသက္သာဆံုးျဖစ္ၿပီး သိန္း ၉၀ နဲ႔ ဝယ္လို႔ရတဲ့ ေနရာေတြပါ ဝင္ပါတယ္။ ဝယ္ယူခြင့္ရသူမ်ား အတြက္ လစဥ္အနည္းဆံုး အိမ္ ေထာင္စုဝင္ေငြ သတ္မွတ္ခ်က္မွာ က်ပ္သံုးသိန္းျဖစ္ေၾကာင္းလည္း ေတြ႕ရွိရပါတယ္။ ဒီသတ္မွတ္ခ်က္ အရ ဝင္ေငြနည္းသူတို႔နဲ႔ အလွမ္း ေဝးေနေသးတယ္လို႔ ဆုိရမွာပါပဲ။ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္မွာ ၇၀ ရာခိုင္ႏႈန္းေသာ ျပည္သူတုိ႔ဟာ လစဥ္ဝင္ေငြ သံုးသိန္းေအာက္မွာ ရွိတယ္လုိ႔ HABITAT စာတမ္းမ်ား အရ သိရၿပီး အနည္းဆံုးလုပ္ခ ၃,၆၀၀ နဲ႔ဆုိရင္ ဝင္ေငြနည္းျပည္ သူတို႔ရဲ႕ လစဥ္ဝင္ေငြဟာ တစ္ သိန္းခန္႔သာရွိတာကို ေတြ႕ရပါ တယ္။ ဒါေပမဲ့ ႏွစ္ဦး၊ သံုးဦး အ လုပ္လုပ္ၾကတဲ့ မိသားစုမွာေတာ့ အိမ္ေထာင္စုဝင္ေငြဟာ သံုးသိန္း ရွိႏုိင္ပါတယ္။ ဒါေၾကာင့္ လက္ရွိ အိမ္ခန္းဝယ္ၾကတဲ့သူေတြမွာ အဲဒီ လို အိမ္ေထာင္စုေတြ အမ်ားဆံုး ပါဝင္ေၾကာင္း သိရွိရပါတယ္။

အမွန္အားျဖင့္ တန္ဖိုးနည္း အိမ္ရာဆုိတာ အိမ္ေထာင္စုဝင္ ေငြနည္းသူေတြ လက္လွမ္းမီႏိုင္ပါ မွ အဓိပၸာယ္အျပည့္အဝမွန္ကန္မႈ ရွိမွာပါ။ ယခုအခါ အဲဒီလို ဝင္ေငြ နည္းသူေတြ လက္လွမ္းမီေစမယ့္ နည္းလမ္းမ်ား ျဖည့္ဆည္းေပးရန္ သတ္မွတ္ခ်က္မ်ားကို ေလွ်ာ့ခ်ဖို႔ CHDB ဘဏ္က ႀကိဳးပမ္းေန ေၾကာင္း သိရတဲ့အတြက္ သာဓု တစ္ႀကိမ္ ေခၚထားလုိပါတယ္။ ႏွစ္ ႀကိမ္ေတာ့ ခ်န္ထားရပါဦးမယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ စာေရးသူ တို႔ႏုိင္ငံမွာ စီမံကိန္းကို ျပည္ ေထာင္စုအစိုးရက ခြင့္ျပဳလုိ႔ စတင္ေဆာင္ရြက္ေနတဲ့အဆင့္အထိ စိတ္မခ်ႏုိင္ေသးပါဘူး။ ဒလတံ တားစီမံကိန္းကိုၾကည့္ပါ။ MIP (Myanmar Industrial Port) က ေနရာေျပာင္းေပးပါ၊ (သို႔မဟုတ္) Tunnel (ေျမေအာက္လိုဏ္ေခါင္း) တူးေပးပါလုိ႔ စာပို႔ထားျပန္ၿပီလုိ႔ သိရလုိ႔ ‘တုံတလဲ့မွာျဖစ္ အံုဖြဲ႕လို႔ ငိုင္ ကုန္ရပါၿပီ’၊ တံုတလဲ့ဆုိတာ မြန္အေခၚ ဒလၿမိဳ႕ပါ။ ဒါေၾကာင့္ လက္ေတြ႕ျဖစ္မလာေသးမီ ‘သာဓု’တစ္ႀကိမ္ပဲေခၚတာ ျမန္မာျပည္ စီမံကိန္း အေတြ႕အႀကံဳမ်ားအရ အ ေတာ္ပဲလို႔ ထင္ျမင္မိပါတယ္။

တန္ဖိုးနည္းအေၾကာင္း ဆက္ပါဦးမယ္။ အထက္ပါေရာင္းခ်ပြဲ မွာ အိမ္ခန္းေရာင္းခ်မႈ၊ အိမ္ခန္း ထုတ္လုပ္မႈ၊ အိမ္ခန္းလက္က်န္နဲ႔ လက္ရွိတန္ဖိုးနည္းအိမ္ရာ ဝယ္လိုအေျခအေနေတြကို စူးစမ္းမိျပန္ပါတယ္။ ဒီေနရာမွာ မွတ္မိတဲ့ အ ေတြ႕အႀကံဳေလးတစ္ခုကို ႀကိဳတင္ၿပီး ေျပာျပခ်င္ပါတယ္။ မဆလ ေခတ္က က်ိဳကၠဆံကြင္းမွာ ျပည္ ေထာင္စုေန႔ ပြဲေတာ္ႀကီးက်င္းပပါတယ္။ ေပ်ာ္ပြဲရႊင္ပြဲေတြနဲ႔ အစိုးရ ဌာနေတြက ဆိုင္ခန္းမ်ိဳးစံုဖြင့္လွစ္ ေရာင္းခ်ပါတယ္။ ငါးပုပ္ေျခာက္၊ ငါးရံ႕ေျခာက္ေတြကို ေဈးသက္သာစြာ ေရာင္းခ်တဲ့ေနရာမွာ လူအုပ္ႀကီးက တုိးမႏိုင္ပါဘူး။ ေရာင္းခ်ိန္က တစ္နာရီေလာက္ၾကာေတာ့ ပစၥည္းျပတ္သြားပါတယ္။ ေနပူပူ ဖုန္မႈန္႔တေသာေသာၾကားထဲမွာ လူအုပ္ႀကီးဟာ ဇြဲမေလွ်ာ့ဘဲ ေစာင့္ေနၾကပါတယ္။ ႏွစ္နာရီေလာက္ ၾကာတဲ့အခါ ပစၥည္းေရာက္ၿပီဆုိ ၿပီး ေရာင္းလုိက္ျပန္ပါေရာ တစ္နာရီေလာက္ၾကာေတာ့ ပစၥည္းျပတ္ၿပီဆုိၿပီး ရပ္သြားျပန္ပါေရာ။ ဝယ္ခြင့္ရထားတဲ့လူေတြကလည္း အျမတ္တင္ၿပီး ျပန္ေရာင္းလုိ႔ ဟန္က်ေနၾကတာေပါ့။ ဆက္ၿပီးေစာင့္ ေနတဲ့ လူတန္းႀကီးလည္း အရွည္ႀကီးပဲ။ ညမိုးခ်ဳပ္အထိ ေရာင္းလိုက္၊ ရပ္လိုက္နဲ႔ပါပဲ။ အဲဒီစနစ္ကို သံုးသပ္ၾကည့္တဲ့အခါမွာ အဓိကအားျဖင့္ စဥ္ဆက္မျပတ္ လံု ေလာက္စြာ ပစၥည္းေရာင္းခ်ေပး ႏုိင္တဲ့ အစီအစဥ္မရွိျခင္းဆိုတဲ့ အားနည္းခ်က္ကို အတိအလင္း ေတြ႕ခဲ့ရပါတယ္။

စာေရးသူကိုယ္တုိင္လည္း က်ိဳကၠဆံပြဲေတာ္မွာ ဌာနအတြက္ သက္သာေခ်ာင္ခ်ိေရး အေအးဆိုင္ဖြင့္ၿပီး အားကစားရန္ပံုေငြ ရွာေဖြခဲ့ပါတယ္။ ကရင္ဆုိဒါ၊ ပင္မွည့္၊ စပါကလင္အခ်ိဳရည္ေတြကို သက္ဆုိင္ရာစက္႐ံုမွာ ေလွ်ာက္ လႊာတင္ ေငြသြင္းၿပီး သြားဝယ္ရပါတယ္။ ေငြကို အရင္သြင္းထား ၿပီး ပစၥည္းရဖို႔ ေစာင့္ဆုိင္းရပါတယ္။

  ေစာင့္ဆုိင္းေနရင္း ကိုယ့္ အလွည့္ေရာက္မွ ‘‘အရည္ကုန္ၿပီ’’ လုိ႔ ေအာ္လိုက္ရင္ အေမာဆို႔သြား ေတာ့တာပါပဲ။ ‘‘အရည္က ဘာ ျဖစ္လို႔ ကုန္ရတာလဲ။ မင္းတုိ႔အ ရည္မရွိဘဲ ေငြေတြဘာျဖစ္လို႔ယူ ထားသလဲ’’ဆုိၿပီးေျပာရင္ တာဝန္ ခံက ‘‘စက္နဲ႔ထုတ္တာဗ်။ လူနဲ႔ လုပ္တာမဟုတ္ဘူး’’လုိ႔ ျပန္ေအာ္ တာ ခံရပါတယ္။ တစ္ေန႔လံုး အ ရည္ကုန္ေနရင္ ေနာက္တစ္ေန႔ ဆက္ေစာင့္ရတာပါပဲ။

အထက္မွာေျပာခဲ့သလို တန္ ဖိုးနည္းအိမ္ရာေတြဝယ္ဖို႔ ဘဏ္ မွာေငြစုထားၿပီး ကိုယ့္အလွည့္ ေရာက္မွ ‘‘အရည္ကုန္ၿပီ’’ဆုိရင္ မခက္ပါလား။ လက္ရွိ CHDB ဘဏ္မွာ တန္ဖိုးနည္းအိမ္ရာဝယ္ ယူဖို႔ နယ္မွ ဘဏ္ခြဲေတြအပါအ ဝင္ စုေဆာင္းေငြစာရင္းဖြင့္ထားသူ အေရအတြက္ဟာ ၁၈,၀၀၀ (တစ္ ေသာင္းရွစ္ေထာင္ေက်ာ္)ရွိတယ္ လို႔ သိရပါတယ္။ အဲဒီအထဲမွာ ၂၀၁၇ ဇြန္လအကုန္အထိ ပထမ အရစ္တန္ဖိုးေငြ ၃၀ ရာခိုင္ႏႈန္းေပး သြင္းၿပီးသူဟာ စုစုေပါင္း ၃,၀၀၀ ေက်ာ္ ရွိတယ္လို႔လည္း သိရပါ တယ္။ အိမ္ခန္းေရာင္းခ်မႈကို ေလ့ လာၾကည့္တဲ့အခါ ၂၀၁၇ စက္ တင္ဘာ ၂ ရက္ႏွင့္ စက္တင္ဘာ ၄ ရက္ ႏွစ္ရက္မွာ စုစုေပါင္းအိမ္ ခန္း ၅၀၀ ခန္႔နီးပါး ေရာင္းခ်ေပး ႏုိင္ခဲ့တယ္လုိ႔ သိရွိရပါတယ္။ ၂၀၁၇ ဇြန္လကုန္အထိ ဘဏ္မွာ က်ပ္သိန္း ၃၀ စုေဆာင္းၿပီးသား အေရအတြက္ထဲမွ အနည္းဆံုး ၂,၀၀၀ ေက်ာ္က ဆက္လက္ဝယ္ ယူခြင့္ ေစာင့္ဆုိင္းေနၾကမွာ ျဖစ္ပါ တယ္။ အဲဒီလူေတြအတြက္ အိမ္ ခန္းလက္က်န္ ၅၆၅ ခန္းကို မၾကာ မီ ဆက္လက္ေရာင္းခ်ေပးႏုိင္မယ္ လို႔ သိရွိရပါတယ္။ အဲဒီအခါ ဇူလိုင္၊ ဩဂုတ္ႏွင့္ စက္တင္ဘာ မွာ သိန္း ၃၀ ျပည့္လာမယ့္ ေငြစု ေဆာင္းသူေတြ တုိးလာဦးမွာမို႔ ဝယ္ခြင့္ရတဲ့ အေရအတြက္ဟာ ၃,၀၀၀ ခန္႔ ျဖစ္လာမွာ ေသခ်ာပါ တယ္။ ေနာက္ထပ္ ၂၀၁၇ ႏွစ္ကုန္မွာ ဒဂံု (ဆိပ္ကမ္း)မွ မေနာ္ဟရီ အိမ္ရာဆုိတဲ့ စီမံကိန္းမွာ အိမ္ခန္း ၉၆၀ ခန္းလည္း ေပၚထြက္လာ မယ္လုိ႔ သိရွိရပါတယ္။ အဲဒါေတြ အကုန္ စုစုေပါင္းၿပီး အိမ္ခန္း ၁,၅၀၀ ခန္႔ ေရာင္းလိုက္ရင္ေတာင္ဝယ္လိုအားက ၁,၅၀၀ ခန္႔ က်န္ ေနဦးမယ္လို႔ အၾကမ္းဖ်င္းတြက္ လို႔ရပါတယ္။

ဒါေၾကာင့္ ပထမအရစ္သြင္း ေငြေပးၿပီးေပမယ့္ ဘဏ္က အတုိးပဲရၿပီး အိမ္ခန္းဝယ္ယူခြင့္ကို ျပည္ေထာင္စု ၁,၅၀၀ ခန္႔ဟာ ဆက္လက္ေစာင့္ဆုိင္းေနၾကရမွာ ေသခ်ာပါတယ္။ စီးပြားေရးသေဘာ အရ ဝယ္လိုအားက ေရာင္းလိုအားထက္ ျမင့္ေနတာ ျဖစ္ပါတယ္။

ဝင္ေငြနည္းျပည္သူအခ်ိဳ႕ဟာ အိမ္ခန္းလိုခ်င္လြန္းလို႔ ဟိုဟာေရာင္း ဒီဟာေရာင္း၊ ဟိုကဆြဲ ဒီကဆြဲၿပီး သိန္း ၃၀ ျပည့္ေအာင္ျဖည့္ရ၊ စုရတာေတြျဖစ္ပါတယ္။ သိန္း ၃၀ ဘဏ္ထဲကိုေရာက္မွ အိမ္ခန္းက ဝယ္မရေသး၊ လက္က်န္မရွိေသး၊ ဒီေတာ့ ေငြေတြျပန္ထုတ္ရမွာ လား၊ ဆက္ၿပီး ဘယ္ေလာက္အထိ ေစာင့္ႏုိင္မွာလဲဆုိတဲ့အေျခအ ေနေတြ ႀကံဳလာရရွာမွာပါ။

‘‘ကြၽန္မက မုဆိုးမပါ။ သား ႏွစ္ေယာက္က စုေဆာင္းေပးတာ နဲ႔ အေမအုိႀကီးရဲ႕ လက္ဝတ္လက္စားေတြ ေရာင္းလုိ႔ရတာအျပင္ နည္းနည္းပါးပါး ေခ်းလုိ႔ရတာ ေလးနဲ႔ ပထမအရစ္ ေငြသြင္းခဲ့ရပါတယ္။ ဇူလုိင္မွာ သိန္း ၃၀ ျပည့္ ခဲ့ပါၿပီ။ ဒါေပမဲ့ ကိုယ္လိုခ်င္တဲ့ ေနရာအတြက္ ဆက္ၿပီးတန္းစီရဦး မယ္လို႔ သိရပါတယ္။ လက္ရွိငွား ေနတဲ့ အိမ္ခန္းက သီတင္းကြၽတ္ ရင္ ေနာက္ထပ္ေျခာက္လစာ တင္ရဦးမွာ ဒုကၡပါပဲ။ ဘာလုပ္ရမွန္း မသိေတာ့ပါဘူး’’ဆုိတဲ့ စကားသံ ကိုလည္း ၾကားခဲ့ရပါတယ္။ တစ္ဖက္မွာ CHDB ဘဏ္က ပထမ အရစ္ သိန္း ၃၀ ကို ေလွ်ာ့ေပးဖို႔၊ အရစ္က်ေငြသြင္းကာလကို ၁၅ ႏွစ္အထိ တိုးျမႇင့္ေပးဖို႔၊ အနည္းဆံုး အိမ္ေထာင္စုဝင္ေငြ သတ္မွတ္ခ်က္ကို သံုးသိန္းေအာက္ေလွ်ာ့ခ် ဖို႔ ႀကိဳးစားေနတဲ့ သတင္းေတြ ၾကားသိေနရၿပီး အဲဒီအစီအစဥ္ ေတြျဖစ္လာရင္ အိမ္ခန္းဝယ္လိုတဲ့  ဝင္ေငြနည္းျပည္သူေတြ ဘဏ္မွာ အလုအယက္ စုေဆာင္းလာၾကဦးမွာ အလြန္ေသခ်ာပါတယ္။ အဲဒီ အခါ ေလွ်ာက္ထားတဲ့အေရအ တြက္ စုပံုမႈ (Housing Backlog) ဟာ ေၾကာက္ခမန္းလိလိတိုးပြား လာႏုိင္ပါတယ္။ ျဖည့္ဆည္းေရး (Supply)ကို လက္ရွိထက္ အရွိန္ အဟုန္ျမႇင့္ေပးၾကဖို႔ လိုအပ္လာၿပီ ဆုိတာ အလြန္ထင္ရွားေနပါ တယ္။

ဒါေၾကာင့္ အဓိကထုတ္လုပ္ ျဖည့္ဆည္းေပးတဲ့ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဌာနအေနနဲ႔ ေျမေတြ ထပ္ရေအာင္၊ ေငြအရင္းအႏွီး ထပ္မံရရွိေအာင္ ဘယ္လိုလုပ္မလဲလို႔ တီးေခါက္ၾကည့္တဲ့အခါ မွာ အစြမ္းကုန္ ႐ုန္းကန္ေနရတာ ပါပဲလုိ႔ ၾကားရ သိရပါတယ္။ က်ဳိက္ထီး႐ိုးက ေရႊရင္ဆို႔တက္ရသလိုျဖစ္ေနၿပီလို႔ တခ်ိဳ႕က ပမာ ျပဳၾကပါတယ္။ ျပည္ေထာင္စုအစိုးရအေနနဲ႔ ဘဏ္စုေဆာင္းေငြ စနစ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ တန္ဖိုးနည္းအိမ္ရာေတြ ျဖည့္ဆည္းမႈမွာ Backlog မျဖစ္ေအာင္ အထူးစီမံ ခ်က္မ်ား ခ်မွတ္ၿပီး ဦးစားေပး ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း အႀကံျပဳလုိပါတယ္။ ၂၀၁၈ မွာ ဒဂံု(ဆိပ္ကမ္း)မွ ႐ိုးမအိမ္ရာစီမံ ကိန္းအရ တည္ေဆာက္ဆဲအိမ္ခန္း ၂,၀၀၀ ခန္႔ၿပီးမယ္ဆုိတဲ့ သတင္းကိုလည္း ၾကားသိရပါ တယ္။ ဘာပဲျဖစ္ျဖစ္ ျပည္သူမ်ားရဲ႕ ပထမအရစ္ေခ်းေငြသြင္းၿပီးတဲ့ကာလနဲ႔ အိမ္ရာျဖည့္ဆည္းေပးရမယ့္ကာလဟာ မ်ားစြာအလွမ္း မကြာေစခ်င္ပါဘူး။ မႏၲေလးက ျမရည္နႏၵာအိမ္ရာစီမံကိန္းမွာ မဲႏိႈက္ေရာင္းခ်ၿပီး ရွစ္လခန္႔ၾကာ သည့္တိုင္ေအာင္ လွ်ပ္စစ္မီးမရလို႔ အိမ္ခန္းမအပ္ႏိုင္ေသးဘူးဆုိတာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။

ရန္ကုန္မွာသာမက တျခား ေဒသေတြမွာပါ တန္ဖိုးနည္းအိမ္ရာေတြကို ပထမအရစ္ေငြသြင္း ၿပီးတာနဲ႔ အခ်ိန္အနည္းငယ္အ တြင္း လက္ဝယ္ပိုင္ပိုင္ ရရွိႏိုင္ေအာင္ စီစဥ္ေပးၾကဖို႔၊ ေမွ်ာ္လင့္ႀကီးစြာနဲ႔ ေငြသြင္းၿပီးခါမွ ‘အရည္ ကုန္ၿပီ’ဆုိတာမ်ိဳး မႀကံဳရေအာင္ စီစဥ္ေဆာင္ရြက္ေပးၾကဖို႔၊ ‘ေငြသြင္းအေရာင္းစနစ္’မွာ အစိုးရဘက္က ေငြယူၿပီး လစ္ဟင္းမႈရွိတာမ်ိဳး မျဖစ္ေစဖို႔ ႀကိဳးပမ္းေဆာင္ရြက္ေပးၾကပါလုိ႔ တိုက္တြန္းႏိႈး ေဆာ္ရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္။

(ေဖာ္ျပပါ ေဆာင္းပါးသည္ စာေရးသူ၏ အာေဘာ္သာျဖစ္သည္။)


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 စက်တင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးရုံးချုပ်မှာ တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့်ရရှိသူများအား အိမ်ခန်းများကို မဲနှိုက်သတ်မှတ်ပြီး ရောင်းချပေးခဲ့တာ တွေ့ရှိရပါ တယ်။ လှိုင်သာယာ ရွှေလင်ဗန်းနဲ့ ဒဂုံ (ဆိပ်ကမ်း)တို့မှာ ဆောက် လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာ အိမ် ခန်းများကို ရောင်းချပေးခြင်းဖြစ် ကြောင်း သိရှိရပါတယ်။

ဝယ်ယူခွင့်ရရှိသူများရဲ့ မျက် နှာများမှာ ဝင်းပကြည်လင်ပြီး ပျော်ရွှင်ကြည်နူးနေကြတာကို တွေ့ မြင်ရတဲ့အတွက် ဝမ်းမြောက်ဝမ်း သာဖြစ်မိပါတယ်။ လှိုင်သာယာ ဘက် နီးစပ်သူတွေက ရွှေလင်ဗန်း အိမ်ရာမှ အိမ်ခန်းများ ရွေးချယ် ခွင့်ရှိပြီး ဒဂုံ (ဆိပ်ကမ်း)မြို့သစ်နဲ့ သွားလာရေးအဆင်ပြေသူတို့က ကနောင်အိမ်ရာနဲ့ ယုဇနအိမ်ရာကိုမဲနှိုက်ကြတာဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေကို တစ်နေရာ တည်းမှာ စုပြုံမဆောက်ဘဲ ရန်ကုန်ရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်းစသည်ဖြင့် ဖြန့်ကြက်ဆောက်လုပ် ပေးတဲ့ စနစ်ဟာ အလွန်ကောင်းမွန်ပါတယ်။ လက်ရှိ အလုပ်အကိုင်နဲ့ အလှမ်းမဝေးလေ ကောင်းလေ ဖြစ်ပြီး အိမ်ခန်းအမျိုးအစားသာ မက နေရာဒေသကိုပါ ရွေးချယ် နိုင်တဲ့ အစီအစဉ်များဟာ အလွန် သင့်လျော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မြို့ဟာ ၃၀၆ စတုရန်းမိုင်ကျယ်ဝန်းပြီး အရှေ့နဲ့ အနောက် ကန့်လန့်ဖြတ်ခရီးက အချိန်နှစ်နာရီလောက်ကြာမှာ ဖြစ်လို့ပါပဲ။ တစ်နေရာတည်းဆောက် လုပ်ထားရင် ‘ပေးကားပေး၏ မရ’ ဆိုတာလို နေလို့မဖြစ်တဲ့ဘဝကို ရောက်ကြရမယ့်သူတွေ အများ ကြီးရှိလာမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ကျူးကျော်အိမ်ရာများကို ပြန်လည်နေရာချထားပေးကြရင် လည်း တန်ဖိုးနည်းအိမ်ရာအစီအ စဉ်လိုပဲ နေရာခွဲခြားဖြည်းဆည်း ပေးဖို့ အထူးလိုအပ်ကြောင်း ကြို တင်ပြောကြားလိုပါတယ်။

တန်ဖိုးနည်းဆိုတဲ့နေရာမှာ လက်ရှိစံနှုန်းများအရ အိမ်ခန်း တန်ဖိုး သိန်း ၁၀၀ ဝန်းကျင်ရှိတဲ့ အိမ်ခန်းများဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။ များသောအားဖြင့် သိန်း ၁၀၀ အထက် သိန်း ၂၀၊ ၃၀ ခန့် စွန်းနေတာ တွေ့ရပါတယ်။ ထုံးစံ အတိုင်း အပေါ်ဆုံးငါးလွှာဟာ ဈေးအသက်သာဆုံးဖြစ်ပြီး သိန်း ၉၀ နဲ့ ဝယ်လို့ရတဲ့ နေရာတွေပါ ဝင်ပါတယ်။ ဝယ်ယူခွင့်ရသူများ အတွက် လစဉ်အနည်းဆုံး အိမ် ထောင်စုဝင်ငွေ သတ်မှတ်ချက်မှာ ကျပ်သုံးသိန်းဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ ဒီသတ်မှတ်ချက် အရ ဝင်ငွေနည်းသူတို့နဲ့ အလှမ်း ဝေးနေသေးတယ်လို့ ဆိုရမှာပါပဲ။ စီးပွားရေးမြို့တော် ရန်ကုန်မှာ ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့ဟာ လစဉ်ဝင်ငွေ သုံးသိန်းအောက်မှာ ရှိတယ်လို့ HABITAT စာတမ်းများ အရ သိရပြီး အနည်းဆုံးလုပ်ခ ၃,၆၀၀ နဲ့ဆိုရင် ဝင်ငွေနည်းပြည် သူတို့ရဲ့ လစဉ်ဝင်ငွေဟာ တစ် သိန်းခန့်သာရှိတာကို တွေ့ရပါ တယ်။ ဒါပေမဲ့ နှစ်ဦး၊ သုံးဦး အ လုပ်လုပ်ကြတဲ့ မိသားစုမှာတော့ အိမ်ထောင်စုဝင်ငွေဟာ သုံးသိန်း ရှိနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ အိမ်ခန်းဝယ်ကြတဲ့သူတွေမှာ အဲဒီ လို အိမ်ထောင်စုတွေ အများဆုံး ပါဝင်ကြောင်း သိရှိရပါတယ်။

အမှန်အားဖြင့် တန်ဖိုးနည်း အိမ်ရာဆိုတာ အိမ်ထောင်စုဝင် ငွေနည်းသူတွေ လက်လှမ်းမီနိုင်ပါ မှ အဓိပ္ပာယ်အပြည့်အဝမှန်ကန်မှု ရှိမှာပါ။ ယခုအခါ အဲဒီလို ဝင်ငွေ နည်းသူတွေ လက်လှမ်းမီစေမယ့် နည်းလမ်းများ ဖြည့်ဆည်းပေးရန် သတ်မှတ်ချက်များကို လျှော့ချဖို့ CHDB ဘဏ်က ကြိုးပမ်းနေ ကြောင်း သိရတဲ့အတွက် သာဓု တစ်ကြိမ် ခေါ်ထားလိုပါတယ်။ နှစ် ကြိမ်တော့ ချန်ထားရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးသူ တို့နိုင်ငံမှာ စီမံကိန်းကို ပြည် ထောင်စုအစိုးရက ခွင့်ပြုလို့ စတင်ဆောင်ရွက်နေတဲ့အဆင့်အထိ စိတ်မချနိုင်သေးပါဘူး။ ဒလတံ တားစီမံကိန်းကိုကြည့်ပါ။ MIP (Myanmar Industrial Port) က နေရာပြောင်းပေးပါ၊ (သို့မဟုတ်) Tunnel (မြေအောက်လိုဏ်ခေါင်း) တူးပေးပါလို့ စာပို့ထားပြန်ပြီလို့ သိရလို့ ‘တုံတလဲ့မှာဖြစ် အုံဖွဲ့လို့ ငိုင် ကုန်ရပါပြီ’၊ တုံတလဲ့ဆိုတာ မွန်အခေါ် ဒလမြို့ပါ။ ဒါကြောင့် လက်တွေ့ဖြစ်မလာသေးမီ ‘သာဓု’တစ်ကြိမ်ပဲခေါ်တာ မြန်မာပြည် စီမံကိန်း အတွေ့အကြုံများအရ အ တော်ပဲလို့ ထင်မြင်မိပါတယ်။

တန်ဖိုးနည်းအကြောင်း ဆက်ပါဦးမယ်။ အထက်ပါရောင်းချပွဲ မှာ အိမ်ခန်းရောင်းချမှု၊ အိမ်ခန်း ထုတ်လုပ်မှု၊ အိမ်ခန်းလက်ကျန်နဲ့ လက်ရှိတန်ဖိုးနည်းအိမ်ရာ ဝယ်လိုအခြေအနေတွေကို စူးစမ်းမိပြန်ပါတယ်။ ဒီနေရာမှာ မှတ်မိတဲ့ အ တွေ့အကြုံလေးတစ်ခုကို ကြိုတင်ပြီး ပြောပြချင်ပါတယ်။ မဆလ ခေတ်က ကျိုက္ကဆံကွင်းမှာ ပြည် ထောင်စုနေ့ ပွဲတော်ကြီးကျင်းပပါတယ်။ ပျော်ပွဲရွှင်ပွဲတွေနဲ့ အစိုးရ ဌာနတွေက ဆိုင်ခန်းမျိုးစုံဖွင့်လှစ် ရောင်းချပါတယ်။ ငါးပုပ်ခြောက်၊ ငါးရံ့ခြောက်တွေကို ဈေးသက်သာစွာ ရောင်းချတဲ့နေရာမှာ လူအုပ်ကြီးက တိုးမနိုင်ပါဘူး။ ရောင်းချိန်က တစ်နာရီလောက်ကြာတော့ ပစ္စည်းပြတ်သွားပါတယ်။ နေပူပူ ဖုန်မှုန့်တသောသောကြားထဲမှာ လူအုပ်ကြီးဟာ ဇွဲမလျှော့ဘဲ စောင့်နေကြပါတယ်။ နှစ်နာရီလောက် ကြာတဲ့အခါ ပစ္စည်းရောက်ပြီဆို ပြီး ရောင်းလိုက်ပြန်ပါရော တစ်နာရီလောက်ကြာတော့ ပစ္စည်းပြတ်ပြီဆိုပြီး ရပ်သွားပြန်ပါရော။ ဝယ်ခွင့်ရထားတဲ့လူတွေကလည်း အမြတ်တင်ပြီး ပြန်ရောင်းလို့ ဟန်ကျနေကြတာပေါ့။ ဆက်ပြီးစောင့် နေတဲ့ လူတန်းကြီးလည်း အရှည်ကြီးပဲ။ ညမိုးချုပ်အထိ ရောင်းလိုက်၊ ရပ်လိုက်နဲ့ပါပဲ။ အဲဒီစနစ်ကို သုံးသပ်ကြည့်တဲ့အခါမှာ အဓိကအားဖြင့် စဉ်ဆက်မပြတ် လုံ လောက်စွာ ပစ္စည်းရောင်းချပေး နိုင်တဲ့ အစီအစဉ်မရှိခြင်းဆိုတဲ့ အားနည်းချက်ကို အတိအလင်း တွေ့ခဲ့ရပါတယ်။

စာရေးသူကိုယ်တိုင်လည်း ကျိုက္ကဆံပွဲတော်မှာ ဌာနအတွက် သက်သာချောင်ချိရေး အအေးဆိုင်ဖွင့်ပြီး အားကစားရန်ပုံငွေ ရှာဖွေခဲ့ပါတယ်။ ကရင်ဆိုဒါ၊ ပင်မှည့်၊ စပါကလင်အချိုရည်တွေကို သက်ဆိုင်ရာစက်ရုံမှာ လျှောက် လွှာတင် ငွေသွင်းပြီး သွားဝယ်ရပါတယ်။ ငွေကို အရင်သွင်းထား ပြီး ပစ္စည်းရဖို့ စောင့်ဆိုင်းရပါတယ်။

  စောင့်ဆိုင်းနေရင်း ကိုယ့် အလှည့်ရောက်မှ ‘‘အရည်ကုန်ပြီ’’ လို့ အော်လိုက်ရင် အမောဆို့သွား တော့တာပါပဲ။ ‘‘အရည်က ဘာ ဖြစ်လို့ ကုန်ရတာလဲ။ မင်းတို့အ ရည်မရှိဘဲ ငွေတွေဘာဖြစ်လို့ယူ ထားသလဲ’’ဆိုပြီးပြောရင် တာဝန် ခံက ‘‘စက်နဲ့ထုတ်တာဗျ။ လူနဲ့ လုပ်တာမဟုတ်ဘူး’’လို့ ပြန်အော် တာ ခံရပါတယ်။ တစ်နေ့လုံး အ ရည်ကုန်နေရင် နောက်တစ်နေ့ ဆက်စောင့်ရတာပါပဲ။

အထက်မှာပြောခဲ့သလို တန် ဖိုးနည်းအိမ်ရာတွေဝယ်ဖို့ ဘဏ် မှာငွေစုထားပြီး ကိုယ့်အလှည့် ရောက်မှ ‘‘အရည်ကုန်ပြီ’’ဆိုရင် မခက်ပါလား။ လက်ရှိ CHDB ဘဏ်မှာ တန်ဖိုးနည်းအိမ်ရာဝယ် ယူဖို့ နယ်မှ ဘဏ်ခွဲတွေအပါအ ဝင် စုဆောင်းငွေစာရင်းဖွင့်ထားသူ အရေအတွက်ဟာ ၁၈,၀၀၀ (တစ် သောင်းရှစ်ထောင်ကျော်)ရှိတယ် လို့ သိရပါတယ်။ အဲဒီအထဲမှာ ၂၀၁၇ ဇွန်လအကုန်အထိ ပထမ အရစ်တန်ဖိုးငွေ ၃၀ ရာခိုင်နှုန်းပေး သွင်းပြီးသူဟာ စုစုပေါင်း ၃,၀၀၀ ကျော် ရှိတယ်လို့လည်း သိရပါ တယ်။ အိမ်ခန်းရောင်းချမှုကို လေ့ လာကြည့်တဲ့အခါ ၂၀၁၇ စက် တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၄ ရက် နှစ်ရက်မှာ စုစုပေါင်းအိမ် ခန်း ၅၀၀ ခန့်နီးပါး ရောင်းချပေး နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ၂၀၁၇ ဇွန်လကုန်အထိ ဘဏ်မှာ ကျပ်သိန်း ၃၀ စုဆောင်းပြီးသား အရေအတွက်ထဲမှ အနည်းဆုံး ၂,၀၀၀ ကျော်က ဆက်လက်ဝယ် ယူခွင့် စောင့်ဆိုင်းနေကြမှာ ဖြစ်ပါ တယ်။ အဲဒီလူတွေအတွက် အိမ် ခန်းလက်ကျန် ၅၆၅ ခန်းကို မကြာ မီ ဆက်လက်ရောင်းချပေးနိုင်မယ် လို့ သိရှိရပါတယ်။ အဲဒီအခါ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ မှာ သိန်း ၃၀ ပြည့်လာမယ့် ငွေစု ဆောင်းသူတွေ တိုးလာဦးမှာမို့ ဝယ်ခွင့်ရတဲ့ အရေအတွက်ဟာ ၃,၀၀၀ ခန့် ဖြစ်လာမှာ သေချာပါ တယ်။ နောက်ထပ် ၂၀၁၇ နှစ်ကုန်မှာ ဒဂုံ (ဆိပ်ကမ်း)မှ မနော်ဟရီ အိမ်ရာဆိုတဲ့ စီမံကိန်းမှာ အိမ်ခန်း ၉၆၀ ခန်းလည်း ပေါ်ထွက်လာ မယ်လို့ သိရှိရပါတယ်။ အဲဒါတွေ အကုန် စုစုပေါင်းပြီး အိမ်ခန်း ၁,၅၀၀ ခန့် ရောင်းလိုက်ရင်တောင်ဝယ်လိုအားက ၁,၅၀၀ ခန့် ကျန် နေဦးမယ်လို့ အကြမ်းဖျင်းတွက် လို့ရပါတယ်။

ဒါကြောင့် ပထမအရစ်သွင်း ငွေပေးပြီးပေမယ့် ဘဏ်က အတိုးပဲရပြီး အိမ်ခန်းဝယ်ယူခွင့်ကို ပြည်ထောင်စု ၁,၅၀၀ ခန့်ဟာ ဆက်လက်စောင့်ဆိုင်းနေကြရမှာ သေချာပါတယ်။ စီးပွားရေးသဘော အရ ဝယ်လိုအားက ရောင်းလိုအားထက် မြင့်နေတာ ဖြစ်ပါတယ်။

ဝင်ငွေနည်းပြည်သူအချို့ဟာ အိမ်ခန်းလိုချင်လွန်းလို့ ဟိုဟာရောင်း ဒီဟာရောင်း၊ ဟိုကဆွဲ ဒီကဆွဲပြီး သိန်း ၃၀ ပြည့်အောင်ဖြည့်ရ၊ စုရတာတွေဖြစ်ပါတယ်။ သိန်း ၃၀ ဘဏ်ထဲကိုရောက်မှ အိမ်ခန်းက ဝယ်မရသေး၊ လက်ကျန်မရှိသေး၊ ဒီတော့ ငွေတွေပြန်ထုတ်ရမှာ လား၊ ဆက်ပြီး ဘယ်လောက်အထိ စောင့်နိုင်မှာလဲဆိုတဲ့အခြေအ နေတွေ ကြုံလာရရှာမှာပါ။

‘‘ကျွန်မက မုဆိုးမပါ။ သား နှစ်ယောက်က စုဆောင်းပေးတာ နဲ့ အမေအိုကြီးရဲ့ လက်ဝတ်လက်စားတွေ ရောင်းလို့ရတာအပြင် နည်းနည်းပါးပါး ချေးလို့ရတာ လေးနဲ့ ပထမအရစ် ငွေသွင်းခဲ့ရပါတယ်။ ဇူလိုင်မှာ သိန်း ၃၀ ပြည့် ခဲ့ပါပြီ။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ နေရာအတွက် ဆက်ပြီးတန်းစီရဦး မယ်လို့ သိရပါတယ်။ လက်ရှိငှား နေတဲ့ အိမ်ခန်းက သီတင်းကျွတ် ရင် နောက်ထပ်ခြောက်လစာ တင်ရဦးမှာ ဒုက္ခပါပဲ။ ဘာလုပ်ရမှန်း မသိတော့ပါဘူး’’ဆိုတဲ့ စကားသံ ကိုလည်း ကြားခဲ့ရပါတယ်။ တစ်ဖက်မှာ CHDB ဘဏ်က ပထမ အရစ် သိန်း ၃၀ ကို လျှော့ပေးဖို့၊ အရစ်ကျငွေသွင်းကာလကို ၁၅ နှစ်အထိ တိုးမြှင့်ပေးဖို့၊ အနည်းဆုံး အိမ်ထောင်စုဝင်ငွေ သတ်မှတ်ချက်ကို သုံးသိန်းအောက်လျှော့ချ ဖို့ ကြိုးစားနေတဲ့ သတင်းတွေ ကြားသိနေရပြီး အဲဒီအစီအစဉ် တွေဖြစ်လာရင် အိမ်ခန်းဝယ်လိုတဲ့  ဝင်ငွေနည်းပြည်သူတွေ ဘဏ်မှာ အလုအယက် စုဆောင်းလာကြဦးမှာ အလွန်သေချာပါတယ်။ အဲဒီ အခါ လျှောက်ထားတဲ့အရေအ တွက် စုပုံမှု (Housing Backlog) ဟာ ကြောက်ခမန်းလိလိတိုးပွား လာနိုင်ပါတယ်။ ဖြည့်ဆည်းရေး (Supply)ကို လက်ရှိထက် အရှိန် အဟုန်မြှင့်ပေးကြဖို့ လိုအပ်လာပြီ ဆိုတာ အလွန်ထင်ရှားနေပါ တယ်။

ဒါကြောင့် အဓိကထုတ်လုပ် ဖြည့်ဆည်းပေးတဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနအနေနဲ့ မြေတွေ ထပ်ရအောင်၊ ငွေအရင်းအနှီး ထပ်မံရရှိအောင် ဘယ်လိုလုပ်မလဲလို့ တီးခေါက်ကြည့်တဲ့အခါ မှာ အစွမ်းကုန် ရုန်းကန်နေရတာ ပါပဲလို့ ကြားရ သိရပါတယ်။ ကျိုက်ထီးရိုးက ရွှေရင်ဆို့တက်ရသလိုဖြစ်နေပြီလို့ တချို့က ပမာ ပြုကြပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ ဘဏ်စုဆောင်းငွေ စနစ်နဲ့ ချိတ်ဆက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဖြည့်ဆည်းမှုမှာ Backlog မဖြစ်အောင် အထူးစီမံ ချက်များ ချမှတ်ပြီး ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုလိုပါတယ်။ ၂၀၁၈ မှာ ဒဂုံ(ဆိပ်ကမ်း)မှ ရိုးမအိမ်ရာစီမံ ကိန်းအရ တည်ဆောက်ဆဲအိမ်ခန်း ၂,၀၀၀ ခန့်ပြီးမယ်ဆိုတဲ့ သတင်းကိုလည်း ကြားသိရပါ တယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူများရဲ့ ပထမအရစ်ချေးငွေသွင်းပြီးတဲ့ကာလနဲ့ အိမ်ရာဖြည့်ဆည်းပေးရမယ့်ကာလဟာ များစွာအလှမ်း မကွာစေချင်ပါဘူး။ မန္တလေးက မြရည်နန္ဒာအိမ်ရာစီမံကိန်းမှာ မဲနှိုက်ရောင်းချပြီး ရှစ်လခန့်ကြာ သည့်တိုင်အောင် လျှပ်စစ်မီးမရလို့ အိမ်ခန်းမအပ်နိုင်သေးဘူးဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။

ရန်ကုန်မှာသာမက တခြား ဒေသတွေမှာပါ တန်ဖိုးနည်းအိမ်ရာတွေကို ပထမအရစ်ငွေသွင်း ပြီးတာနဲ့ အချိန်အနည်းငယ်အ တွင်း လက်ဝယ်ပိုင်ပိုင် ရရှိနိုင်အောင် စီစဉ်ပေးကြဖို့၊ မျှော်လင့်ကြီးစွာနဲ့ ငွေသွင်းပြီးခါမှ ‘အရည် ကုန်ပြီ’ဆိုတာမျိုး မကြုံရအောင် စီစဉ်ဆောင်ရွက်ပေးကြဖို့၊ ‘ငွေသွင်းအရောင်းစနစ်’မှာ အစိုးရဘက်က ငွေယူပြီး လစ်ဟင်းမှုရှိတာမျိုး မဖြစ်စေဖို့ ကြိုးပမ်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းနှိုး ဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top