ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ငယ္ငယ္က ေမာင္ေဖငယ္လို အခ်စ္မ်ိဳး ဆိုတဲ့ သီခ်င္းကို နားရည္၀ခဲ့ပါတယ္။ ဒါေပမဲ့ ဒုိင္းခင္ခင္ရဲ႕ ဘ၀ရာဇ၀င္ ဇာတ္လမ္းကို ကၽြန္မ စိတ္မ၀င္စားခဲ့ပါ။ ဆရာမ စိမ့္(ပညာေရး) ရဲ႕ ဒိုင္းခင္ခင္ ၀တၳဳကို ဖတ္လိုက္ရေတာ့ ဒိုင္းခင္ခင္ရဲ႕ ဘ၀ရာဇ၀င္က ကၽြန္မ ႏွလံုးသားမွာ စြဲက်န္ေနခဲ့ပါတယ္။ ဇာတ္က သိပ္နာလြန္းျပီး၊ စာေရးသူရဲ႕ အဖြဲ႔အႏြဲ႔ ေကာင္းေတြေၾကာင့္၊ စာဖတ္ရင္း မ်က္ရည္က်ရပါတယ္။ သတိ သံေ၀ဂေတြလည္း ေတာ္ေတာ္ရလိုက္ပါတယ္။ အခ်ိန္ရရင္ ဒိုင္းခင္ခင္နဲ႔ ပတ္သက္လို႔ ကၽြန္မ ခံစားမိတာ၊ စဥ္းစားဆင္ျခင္ မိတာေတြကို စာတစ္ပုဒ္ေရးဖို႔ စိတ္ကူးရွိခဲ့တာကို အေကာင္အထည္ေဖာ္ ေရးလိုက္ပါတယ္။

ကၽြန္မက စာအုပ္ေကာင္းေတြ ဖတ္ရရင္ သူငယ္ခ်င္း မိတ္ေဆြေတြကို ေပးဖတ္ေလ့ရွိပါတယ္။ ဒိုင္းခင္ခင္ ၀တၳဳကို ဖတ္ရတဲ့လူတိုင္းက ဒိုင္းခင္ခင္ဘက္ကေန နာက်င္ခံစား ၾကပါတယ္။ သီေပါမင္းက ဘုရင္ျဖစ္ျပီး၊ ေယာက်္ားမပီသဘူးလို႔ မွတ္ခ်က္ခ်ၾကပါတယ္။ ကၽြန္မ ကိုယ္တိုင္လည္း စဥ္းစာဥာဏ္နည္းေသာ ကတိသစၥာ မတည္ေသာ သီေပါဘုရင္ကို အထင္ၾကီးေလးစားလို႔ မရပါ။ မိဖုရားေျမွာက္မယ္လို႔ အလြယ္တကူ ကတိေပးျပီး၊ အရိုးခံ မိန္းမပ်ိဳေလးကို အနိဳင္ယူသိမ္းပိုက္တယ္။ ဘုရင္မို႔ မျငင္းဆန္ရဲတာကို အခြင့္ေကာင္းယူတယ္။ ပေဒသရာဇ္ေခတ္ သက္ဦးဆံပိုင္ ဘုရင္စႏွစ္မွာ မိန္းမလွ ျဖစ္ရတဲ့ ဘ၀က မသက္သာပါလားလို႔ ေတြးမိပါတယ္။ လွပေခ်ာေမာတဲ့ ဒိုင္းခင္ခင္ကို စြဲလန္းႏွစ္သက္မိတဲ့ သီေပါမင္းရဲ႕ ခ်စ္ျခင္းဟာ ရယူလိုစိတ္ တခုကိုသာသိတဲ့ ခ်စ္ျခင္း၊ တာ၀န္ယူမွဳကင္းေသာ ခ်စ္ျခင္း။ ရယူလိုမွဳဆႏၵကို ေရွ႕တန္းတင္ျပီး၊ အမ်ိဴးေကာင္းသမီးေတြကို တန္ဖိုးထား ကာကြယ္ေစာင့္ေရွာက္ရမယ္ဆိုတဲ့ အသိမရွိျခင္း သာျဖစ္ပါတယ္။

ရက္စက္လြန္းတဲ့ စုဖုရားလတ္ကိုေတာ့ သီေပါမင္းအေပၚ အခ်စ္ၾကီးတာလို႔ ကၽြန္မ မျမင္ပါဘူး။ အတၱသိပ္ၾကီးတာ လ႔ိုပဲျမင္ပါတယ္။ မုန္႔ကိုသာေ၀စားနိဳင္မယ္၊ အခ်စ္ကို ေ၀မစားနိဳင္ဘူးဆိုတာကို ကၽြန္မ နားလည္လို႔ ရတယ္။ တစ္လင္တစ္မယားစႏွစ္ကို က်င့္သံုးခ်င္တာကိုလည္း ကၽြန္မလက္ခံပါတယ္။ ဒါေပမဲ့ မိန္းမသားခ်င္း စာနာစိတ္ကင္းမဲ့တဲ့ စုဖုရားလတ္ရဲ႕ စရိုက္၊ အမအရင္းေခါက္ေခါက္ အေပၚလည္း ညွာတာစိတ္မရွိတဲ့ စရို္က္ကို စက္ဆုပ္မိပါတယ္။ ဥာဏ္ပညာနဲ႔ ဆင္ျခင္နိဳင္စြမ္းမရွိပဲ နန္းတြင္းေရး တုိင္ျပည္အေရးမွာ ၀င္စြက္ဖက္ျပီး၊ အရာရာတိုင္းမွာ အတၱကိုေရွ႕တန္းတင္ စဥ္းစားဆံုးျဖတ္ခဲ့တဲ့အတြက္ ျမန္မာ့သမိုင္းနဲ႔ စုဖုရားလတ္ရဲ႕ ရာဇ၀င္က အက်ည္းတန္ခဲ့ ပါတယ္။

ေျမနိမ္ရာ လွံစိုက္ၾကတဲ့ အသိုက္အ၀န္းမွာ အမ်ိဴးေကာင္းသမီး ဒိုင္းခင္ခင္ရဲ႕ဘ၀ မရွဳမလွ ေၾကြပ်က္ခဲ့ရတာ ရင္နင့္စရာေကာင္း ပါတယ္။ ဒိုင္းခင္ခင္က မိဖုရား ျဖစ္ရမယ္ဆိုတဲ့ သီေပါဘုရင္ရဲ႕ ကတိစကားအေပၚ သာယာတပ္မက္သြားတယ္လို႔ စာဖတ္သူတဦးက ေကာက္ခ်က္ခ်ပါတယ္။ အဲဒီေခတ္အခါက မိန္းမသားေတြ မိဖုရားဘ၀ကို မက္ေမာၾကတာ မဆန္းဘူးလို႔ပဲ ဆိုရမွာပါ။ နန္းတြင္းသူဘ၀ကို အလိုမတူပဲ အေၾကာက္တရားေၾကာင့္ လက္ခံခဲ့ရတယ္။ သီေပါမင္း ေျခေတာ္တင္တာကို မျငင္းရဲလို႔ လိုက္ေလ်ာခဲ့ရာက သီေပါမင္းကို ခ်စ္ၾကိဳက္စြဲလန္းသြားတယ္။ ေနာက္ဆံုး ျပန္ရလိုက္တဲ့ အခ်စ္ဆုလာဒ္က စုဖုရားလတ္ရဲ႕ အမ်က္ေတာ္ရွမွဳေၾကာင့္ မာယာပရိယာယ္ ေထာင္ေခ်ာက္ထဲက ရာဇဒါဏ္။ တႏြယ္ငင္ တစင္ပါ၊ အျပစ္မဲ့တဲ့ မိဘႏွစ္ပါးလည္း ေသဒါဏ္ရခဲ့တယ္။ ပါးစပ္ထဲကလာတဲ့ ဥပေဒနဲ့ စီရင္ခ်က္ခ်တဲ့ ရွင္ဘုရင္ေတြေခတ္က အစဥ္အလာေတြကို ကၽြန္မ ေၾကာက္ရြံ႕ တုန္လွဳပ္မိပါတယ္။

ခ်စ္သူေကာင္းစားေရးကို ဦးစားေပးတဲ့ ေတာင္သမန္လယ္စား ေမာင္ေဖငယ္ကိုေတာ့ စာေပသမားမို႔ ေလးစားစိတ္ျဖစ္မိသလို စိတ္ထဲ မခ်င့္မရဲ ျဖစ္မိပါတယ္။ ဘုရင့္အမိန္႔ကို တေသြမတိမ္းလိုက္နာရတဲ့ ေခတ္စနစ္ကိုပဲ အျပစ္တင္ရမလား။ ရာဇမာန္ကို ေၾကာက္တဲ့စိတ္ေၾကာင့္ အမိန္႔ေပးသမွ် ေဆာင္ရြက္ေပးၾကတဲ့ ေမာင္ေဖငယ္လို မင္းခေယာကၤ်ားမိ်ဳးကို သတၱိေၾကာင္တယ္လို႔ အျပစ္ဖို႔ရမလား။ တရားသည္ျဖစ္ေစ၊ မတရားသည္ျဖစ္ေစ အမိန္႔အတိုင္း လုပ္ရတယ္ဆိုတာကို ကၽြန္မလက္ခံ ၾကည္႔လို႔မရပါ။ ေမာင္ေဖငယ္ရဲ႕ သူငယ္ခ်င္း ေမာင္ေမာင္တုတ္လို မင္းခစားမ်ိဳးကေတာ့ ဘယ္ေခတ္အခါမွာပဲ ျဖစ္ျဖစ္ရွိေနမွာပါ။ ရာဇ၀င္တြင္ေလာက္တဲ့ ဘီလိန္မကလို႔ ဘာၾကီးပဲျဖစ္ေနပါေစ၊ စည္းစိမ္ယစ္မူးခြင့္ရဖို႔ကိုသာ အဓိကထားတဲ့လူေတြ ေခတ္အဆက္ဆက္မွာ ေနရာရ ေနၾကလို႔ ျမန္မာ့သမိုင္းက ပိုပိုျပီး အရုပ္ဆိုးလာခဲ့တာ မဟုတ္လား။

ဒီစာေရးရင္း ေဆာင္းပါးတစ္ပုဒ္ကို တုန္႔ျပန္ထားတဲ့ မွတ္ခ်က္တစ္ခုကို သတိရလိုက္ပါတယ္။ မွတ္ခ်က္ေရးတဲ့ သူက လူငယ္တေယာက္ ျဖစ္မယ္ထင္ပါတယ္။ ေဆာင္းပါး အေၾကာင္းအရာကို ကၽြန္မ မမွတ္မိေတာ့ေပမဲ့ မွတ္ခ်က္ကိုေတာ့ ေကာင္းေကာင္း မွတ္မိေနပါတယ္။ ျမန္မာ့သမိုင္းကို ျပန္ၾကည့္လိုက္ရင္ အကုန္လံုး လထစ္ေတြ ခ်ည္းဘဲ လို႔ဆိုပါတယ္။ ကၽြန္မ အဲဒီမွတ္ခ်က္ကို ဖတ္ျပီးျပံဳးလိုက္ မိပါတယ္။ ဆရာမ စိမ့္ (ပညာေရး) ေရးတဲ့ ဒိုင္းခင္ခင္နဲ႔ ရွင္ဘို႔မယ္ အေၾကာင္းေတြကို ဖတ္ရျပီး၊ သက္ဦးဆံပိုင္ အာဏာရွင္ ျမန္မာဘုရင္ေတြနဲ႕ ဂုဏ္ေမာက္တဲ့ မိဖုရားေတြအေပၚ ေလးစားမွဳေရခ်ိန္က်ေနတဲ့ ကၽြန္မက လထစ္ေတြ ခ်ည္းဘဲ ဆိုတဲ့မွတ္ခ်က္ကို သေဘာက်သလို ျဖစ္မိလို႔ပါ။ လူေတြ ကိုယ့္ရာဇ၀င္ကို ကိုယ္တိုင္ပဲ ေရးၾကသူမို႔ လထစ္ေတြခ်ည္းပါလို႔ အေျပာခံရမယ့္ ရာဇ၀င္မ်ိဳး ဆက္ေရးေနၾကမယ္ ဆိုရင္လည္း ကၽြန္မတို႔ ဘာတတ္နိဳင္မွာလဲ။ ဘယ္အရာကိုမွ အစိုးရတဲဲ့သေဘာ၊ ကိုယ့္အလိုတိုင္းမျဖစ္ သူ႔သေဘာသူေဆာင္တဲ့ သေဘာေတြလို႔သာ ႏွလံုးသြင္းဆင္ျခင္ျပီး လူဘ၀တိုတိုေလးမွာ ေနတတ္ေအာင္ ေနသြားၾကဖို႔ပဲ ရွိပါတယ္။

ဒို္င္းခင္ခင္ရဲ႕ ဇာတ္လမ္းကို အေၾကာင္းျပဳျပီး၊ ျမန္မာအမ်ိဳးသမီးေတြအေၾကာင္းကို ကၽြန္မ စဥ္းစားၾကည့္မိ ပါတယ္။ ရာဇ၀င္တြင္ခဲ့တဲ့ ဒိုင္းခင္ခင္ရဲ႕ ဇာတ္လမ္းကိုေတာ့ လူသိမ်ားၾကတယ္။ လူမသိ သူမသိ ေၾကြခဲ့ၾကတဲ့ အမ်ိဳးသမီးေတြ အေၾကာင္းကို လူေတြ မွန္းဆေတြးၾကည့္မိ ပါရဲ႕လား။ နိုင္ထက္စီးနင္း အက်င့္ခံရတဲ့ မိန္းကေလးေတြ၊ ေငြေၾကးေၾကာင့္ အနိဳင္ယူ သိမ္းပိုက္ခံရတဲ့ အမိ်ဳးသမီးေတြ၊ ပ်ားရည္ထက္ခ်ိဳေသာ ခ်စ္စကားအလွေတြေၾကာင့္ မျငင္းရဲ မျငင္းရက္တဲ့ အေျခအေနမ်ိဳးမွာ အေလွ်ာ့ေပးလုိက္ရတဲ့ မိန္းကလးေတြ။ ျမန္မာမိန္းကေလးေတြကို ေခၽြခ်တဲ့ သူေတြအမ်ားစုက ျမန္မာေယာက်္ားေတြပဲ မဟုတ္လား။

လူမ်ိဳးျခားေၾကာင့္ ေၾကြသြားတဲ့ မိန္းေလးေတြထက္ ျမန္မာေယာက်္ားေတြေၾကာင့္ ေၾကြခဲ့တဲ့ မိန္ကေလးအေရအတြက္က ပိုမ်ားမယ္လို႔ ဆိုရင္ မမွားဘူးထင္ပါတယ္။ ခ်င္းေတာင္လို ေဒသမ်ိဳးမွာ မိန္းမပ်ိဳေလးေတြကို ေပ်ာ္ေတာ္ဆက္အျဖစ္ သံုးခဲ့ၾကတာ ျမန္မာအရာရွိ လူၾကီးလူေကာင္း ဆုိသူေတြပဲ မဟုတ္လား။ တိုင္းရင္းသူေတြကို အနိဳင္က်င့္ ေစာ္ကားၾကတာလည္း တျပည္တည္းက ေပါက္ဖြားလာတဲ့ ကိုေရႊျမန္မာေတြပဲ မဟုတ္လား။ တဖက္နိဳင္ငံေတြမွာ ျမန္မာမိန္ကေလးေတြ ပံုစံအမ်ိဳးမ်ိုဳးနဲ႕ ဘ၀ေတြ နစ္မြန္းရတာဟာလည္း၊ အုပ္ခ်ဳပ္သူ လူၾကီးမင္းမ်ားက ျပည္သူေတြရဲ႕ ဘ၀လံုျခံဳေရးကို ေကာင္းစြာ မေစာင့္ေရွာက္တတ္လို႔ပဲဆိုတာ စဥ္းစားတတ္သူတိုင္း နားလည္ၾကပါတယ္။

တိုင္းျပည္နဲ႔ လူမ်ိဳးကို သိပ္ခ်စ္တယ္ ဆိုသူေတြ ျမန္မာ အမ်ိဳးသမီးေတြကို တကယ္တန္ဖိုးၾကရဲ႕လားလို႔ ေမးခ်င္ပါတယ္။ တိုင္းျပည္ကို တည္ေဆာက္ရာမွာ အမ်ိဳးသမီးေတြ၊ မိခင္ေတြရဲ႕ အခန္းက႑က အလြန္အေရးၾကီး ပါတယ္။ လူငယ္ေတြက တိုင္းျပည္ရဲ႕ အနာဂတ္ဆိုရင္ လူငယ္ေတြကို ေမြးထုတ္ေပးတဲ့ မိခင္ေတြ၊ မိခင္ေလာင္းေတြဟာ တိုင္းျပည္ရဲ႕ အနာဂတ္ပါ။

မိခင္ေလာင္းေတြရဲ႕ ဘ၀ သာယာ လွပမွသာ မ်ိဳးဆက္သစ္ေတြရဲ႕ ဘ၀ ေတာက္ပ လန္းဆန္းမယ္၊ တုိင္းျပည္ကို ေကာင္းစြာ ဖန္တီး၊ တည္ေဆာက္ နိဳင္ပါလိမ့္မယ္။ အမိ်ဳးကို တကယ္ခ်စ္တယ္ဆိုရင္ အမ်ိဳးသမီးမ်ားရဲ႕ တန္ဖိုးကို နားလည္ရမယ္၊ အမ်ိဳးသမီးမ်ားကို ေနရာေပး ေလးစားတတ္ဖို႔ လိုပါတယ္။ ဆူၾကံဳ နိမ္ျ့မင့္ အလႊာေပါင္းစံုက မိန္းကေလးတိုင္းဟာ တန္ဖိုးကိုယ္စီရွိၾကတဲ့ တိုင္းျပည္ရဲ႕ ရတနာေတြလို႔ ျမင္နိဳင္ရမယ္။ မိန္းမေတြဟာ ေယာက်္ားေတြကို ေပ်ာ္ေေတာ္ဆက္ဖို႔ တစ္ခုတည္းအတြက္ ေမြးဖြားလာျခင္း မဟုတ္ဘူး။ ခ်စ္ျခင္းေမတၱာကို မွ်ေ၀ခံစားတတ္ဖို႔၊ လူေတြ ကမၻာေျမေပၚမွာ ျငိမ္းခ်မ္းစြာ အတူလက္တြဲ ေနနိဳင္တတ္ေအာင္ သင္ၾကားေပးဖို႔ မိခင္မ်ားအျဖစ္ တည္ရွိေနျခင္း ျဖစ္ပါတယ္။

ဒိုင္းခင္ခင္လို ဘ၀ဇာတ္သိမ္းမ်ိဳးက နာက်င္စရာ ေကာင္းလြန္းလို႔၊ တျဖဳတ္ျဖဳတ္ ေၾကြက်ေနတဲ့ ျမန္မာ့သမီးပ်ိဳေလးေတြကို ႏွေမ်ာလြန္းလို႔ ဒီစာကိုခံစား ေရးလိုက္ရပါတယ္။ ျမန္မာ့လူမ်ိဳးေတြ ၾကီးျမတ္ေသာ ႏွလံုးသားမ်ားနဲ႔ ကိုယ့္ေသြးခ်င္းေတြကို ကာကြယ္ေစာင့္ေရွာက္တတ္ၾကပါေစ။ ျမန္မာ့ သမီးပ်ိဳေတြ အသိဥာဏ္ ျမင့္မားျပီး ပညာမ်က္စိ ရွိေစဖို႔ အေျခခံပညာ အုတ္ျမစ္ေတြ ခိုင္မာေအာင္ တည္ေဆာက္ေပး နိဳင္ၾကပါေစ။ ေလာက ျငိမ္းခ်မ္းသာယာေရးကို တည္ေဆာက္ရာမွာ ျမန္မာအမိ်ဳးသမီးေတြ တတပ္တအား ပါ၀င္နိဳင္ၾကပါေစလို႔ ဆႏၵျပဳပါတယ္။

စံပယ္ျဖဴ …. ရႊင္လန္းခ်မ္းေျမ႕ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: apannpyay

# Unicode Version #
ငယ်ငယ်က မောင်ဖေငယ်လို အချစ်မျိုး ဆိုတဲ့ သီချင်းကို နားရည်ဝခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်းခင်ခင်ရဲ့ ဘဝရာဇဝင် ဇာတ်လမ်းကို ကျွန်မ စိတ်မဝင်စားခဲ့ပါ။ ဆရာမ စိမ့်(ပညာရေး) ရဲ့ ဒိုင်းခင်ခင် ဝတ္ထုကို ဖတ်လိုက်ရတော့ ဒိုင်းခင်ခင်ရဲ့ ဘဝရာဇဝင်က ကျွန်မ နှလုံးသားမှာ စွဲကျန်နေခဲ့ပါတယ်။ ဇာတ်က သိပ်နာလွန်းပြီး၊ စာရေးသူရဲ့ အဖွဲ့အနွဲ့ ကောင်းတွေကြောင့်၊ စာဖတ်ရင်း မျက်ရည်ကျရပါတယ်။ သတိ သံဝေဂတွေလည်း တော်တော်ရလိုက်ပါတယ်။ အချိန်ရရင် ဒိုင်းခင်ခင်နဲ့ ပတ်သက်လို့ ကျွန်မ ခံစားမိတာ၊ စဉ်းစားဆင်ခြင် မိတာတွေကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရှိခဲ့တာကို အကောင်အထည်ဖော် ရေးလိုက်ပါတယ်။

ကျွန်မက စာအုပ်ကောင်းတွေ ဖတ်ရရင် သူငယ်ချင်း မိတ်ဆွေတွေကို ပေးဖတ်လေ့ရှိပါတယ်။ ဒိုင်းခင်ခင် ဝတ္ထုကို ဖတ်ရတဲ့လူတိုင်းက ဒိုင်းခင်ခင်ဘက်ကနေ နာကျင်ခံစား ကြပါတယ်။ သီပေါမင်းက ဘုရင်ဖြစ်ပြီး၊ ယောကျ်ားမပီသဘူးလို့ မှတ်ချက်ချကြပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း စဉ်းစာဉာဏ်နည်းသော ကတိသစ္စာ မတည်သော သီပေါဘုရင်ကို အထင်ကြီးလေးစားလို့ မရပါ။ မိဖုရားမြှောက်မယ်လို့ အလွယ်တကူ ကတိပေးပြီး၊ အရိုးခံ မိန်းမပျိုလေးကို အနိုင်ယူသိမ်းပိုက်တယ်။ ဘုရင်မို့ မငြင်းဆန်ရဲတာကို အခွင့်ကောင်းယူတယ်။ ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် ဘုရင်စနှစ်မှာ မိန်းမလှ ဖြစ်ရတဲ့ ဘဝက မသက်သာပါလားလို့ တွေးမိပါတယ်။ လှပချောမောတဲ့ ဒိုင်းခင်ခင်ကို စွဲလန်းနှစ်သက်မိတဲ့ သီပေါမင်းရဲ့ ချစ်ခြင်းဟာ ရယူလိုစိတ် တခုကိုသာသိတဲ့ ချစ်ခြင်း၊ တာဝန်ယူမှုကင်းသော ချစ်ခြင်း။ ရယူလိုမှုဆန္ဒကို ရှေ့တန်းတင်ပြီး၊ အမျိူးကောင်းသမီးတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိမရှိခြင်း သာဖြစ်ပါတယ်။

ရက်စက်လွန်းတဲ့ စုဖုရားလတ်ကိုတော့ သီပေါမင်းအပေါ် အချစ်ကြီးတာလို့ ကျွန်မ မမြင်ပါဘူး။ အတ္တသိပ်ကြီးတာ လ့ိုပဲမြင်ပါတယ်။ မုန့်ကိုသာဝေစားနိုင်မယ်၊ အချစ်ကို ဝေမစားနိုင်ဘူးဆိုတာကို ကျွန်မ နားလည်လို့ ရတယ်။ တစ်လင်တစ်မယားစနှစ်ကို ကျင့်သုံးချင်တာကိုလည်း ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ မိန်းမသားချင်း စာနာစိတ်ကင်းမဲ့တဲ့ စုဖုရားလတ်ရဲ့ စရိုက်၊ အမအရင်းခေါက်ခေါက် အပေါ်လည်း ညှာတာစိတ်မရှိတဲ့ စရိုက်ကို စက်ဆုပ်မိပါတယ်။ ဉာဏ်ပညာနဲ့ ဆင်ခြင်နိုင်စွမ်းမရှိပဲ နန်းတွင်းရေး တိုင်ပြည်အရေးမှာ ဝင်စွက်ဖက်ပြီး၊ အရာရာတိုင်းမှာ အတ္တကိုရှေ့တန်းတင် စဉ်းစားဆုံးဖြတ်ခဲ့တဲ့အတွက် မြန်မာ့သမိုင်းနဲ့ စုဖုရားလတ်ရဲ့ ရာဇဝင်က အကျည်းတန်ခဲ့ ပါတယ်။

မြေနိမ်ရာ လှံစိုက်ကြတဲ့ အသိုက်အဝန်းမှာ အမျိူးကောင်းသမီး ဒိုင်းခင်ခင်ရဲ့ဘ၀ မရှုမလှ ကြွေပျက်ခဲ့ရတာ ရင်နင့်စရာကောင်း ပါတယ်။ ဒိုင်းခင်ခင်က မိဖုရား ဖြစ်ရမယ်ဆိုတဲ့ သီပေါဘုရင်ရဲ့ ကတိစကားအပေါ် သာယာတပ်မက်သွားတယ်လို့ စာဖတ်သူတဦးက ကောက်ချက်ချပါတယ်။ အဲဒီခေတ်အခါက မိန်းမသားတွေ မိဖုရားဘဝကို မက်မောကြတာ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ နန်းတွင်းသူဘဝကို အလိုမတူပဲ အကြောက်တရားကြောင့် လက်ခံခဲ့ရတယ်။ သီပေါမင်း ခြေတော်တင်တာကို မငြင်းရဲလို့ လိုက်လျောခဲ့ရာက သီပေါမင်းကို ချစ်ကြိုက်စွဲလန်းသွားတယ်။ နောက်ဆုံး ပြန်ရလိုက်တဲ့ အချစ်ဆုလာဒ်က စုဖုရားလတ်ရဲ့ အမျက်တော်ရှမှုကြောင့် မာယာပရိယာယ် ထောင်ချောက်ထဲက ရာဇဒါဏ်။ တနွယ်ငင် တစင်ပါ၊ အပြစ်မဲ့တဲ့ မိဘနှစ်ပါးလည်း သေဒါဏ်ရခဲ့တယ်။ ပါးစပ်ထဲကလာတဲ့ ဥပဒေနဲ့ စီရင်ချက်ချတဲ့ ရှင်ဘုရင်တွေခေတ်က အစဉ်အလာတွေကို ကျွန်မ ကြောက်ရွံ့ တုန်လှုပ်မိပါတယ်။

ချစ်သူကောင်းစားရေးကို ဦးစားပေးတဲ့ တောင်သမန်လယ်စား မောင်ဖေငယ်ကိုတော့ စာပေသမားမို့ လေးစားစိတ်ဖြစ်မိသလို စိတ်ထဲ မချင့်မရဲ ဖြစ်မိပါတယ်။ ဘုရင့်အမိန့်ကို တသွေမတိမ်းလိုက်နာရတဲ့ ခေတ်စနစ်ကိုပဲ အပြစ်တင်ရမလား။ ရာဇမာန်ကို ကြောက်တဲ့စိတ်ကြောင့် အမိန့်ပေးသမျှ ဆောင်ရွက်ပေးကြတဲ့ မောင်ဖေငယ်လို မင်းခယောင်္ကျားမျိုးကို သတ္တိကြောင်တယ်လို့ အပြစ်ဖို့ရမလား။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အမိန့်အတိုင်း လုပ်ရတယ်ဆိုတာကို ကျွန်မလက်ခံ ကြည့်လို့မရပါ။ မောင်ဖေငယ်ရဲ့ သူငယ်ချင်း မောင်မောင်တုတ်လို မင်းခစားမျိုးကတော့ ဘယ်ခေတ်အခါမှာပဲ ဖြစ်ဖြစ်ရှိနေမှာပါ။ ရာဇဝင်တွင်လောက်တဲ့ ဘီလိန်မကလို့ ဘာကြီးပဲဖြစ်နေပါစေ၊ စည်းစိမ်ယစ်မူးခွင့်ရဖို့ကိုသာ အဓိကထားတဲ့လူတွေ ခေတ်အဆက်ဆက်မှာ နေရာရ နေကြလို့ မြန်မာ့သမိုင်းက ပိုပိုပြီး အရုပ်ဆိုးလာခဲ့တာ မဟုတ်လား။

ဒီစာရေးရင်း ဆောင်းပါးတစ်ပုဒ်ကို တုန့်ပြန်ထားတဲ့ မှတ်ချက်တစ်ခုကို သတိရလိုက်ပါတယ်။ မှတ်ချက်ရေးတဲ့ သူက လူငယ်တယောက် ဖြစ်မယ်ထင်ပါတယ်။ ဆောင်းပါး အကြောင်းအရာကို ကျွန်မ မမှတ်မိတော့ပေမဲ့ မှတ်ချက်ကိုတော့ ကောင်းကောင်း မှတ်မိနေပါတယ်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်ရင် အကုန်လုံး လထစ်တွေ ချည်းဘဲ လို့ဆိုပါတယ်။ ကျွန်မ အဲဒီမှတ်ချက်ကို ဖတ်ပြီးပြုံးလိုက် မိပါတယ်။ ဆရာမ စိမ့် (ပညာရေး) ရေးတဲ့ ဒိုင်းခင်ခင်နဲ့ ရှင်ဘို့မယ် အကြောင်းတွေကို ဖတ်ရပြီး၊ သက်ဦးဆံပိုင် အာဏာရှင် မြန်မာဘုရင်တွေနဲ့ ဂုဏ်မောက်တဲ့ မိဖုရားတွေအပေါ် လေးစားမှုရေချိန်ကျနေတဲ့ ကျွန်မက လထစ်တွေ ချည်းဘဲ ဆိုတဲ့မှတ်ချက်ကို သဘောကျသလို ဖြစ်မိလို့ပါ။ လူတွေ ကိုယ့်ရာဇဝင်ကို ကိုယ်တိုင်ပဲ ရေးကြသူမို့ လထစ်တွေချည်းပါလို့ အပြောခံရမယ့် ရာဇဝင်မျိုး ဆက်ရေးနေကြမယ် ဆိုရင်လည်း ကျွန်မတို့ ဘာတတ်နိုင်မှာလဲ။ ဘယ်အရာကိုမှ အစိုးရတဲ့သဘော၊ ကိုယ့်အလိုတိုင်းမဖြစ် သူ့သဘောသူဆောင်တဲ့ သဘောတွေလို့သာ နှလုံးသွင်းဆင်ခြင်ပြီး လူဘဝတိုတိုလေးမှာ နေတတ်အောင် နေသွားကြဖို့ပဲ ရှိပါတယ်။

ဒိုင်းခင်ခင်ရဲ့ ဇာတ်လမ်းကို အကြောင်းပြုပြီး၊ မြန်မာအမျိုးသမီးတွေအကြောင်းကို ကျွန်မ စဉ်းစားကြည့်မိ ပါတယ်။ ရာဇဝင်တွင်ခဲ့တဲ့ ဒိုင်းခင်ခင်ရဲ့ ဇာတ်လမ်းကိုတော့ လူသိများကြတယ်။ လူမသိ သူမသိ ကြွေခဲ့ကြတဲ့ အမျိုးသမီးတွေ အကြောင်းကို လူတွေ မှန်းဆတွေးကြည့်မိ ပါရဲ့လား။ နိုင်ထက်စီးနင်း အကျင့်ခံရတဲ့ မိန်းကလေးတွေ၊ ငွေကြေးကြောင့် အနိုင်ယူ သိမ်းပိုက်ခံရတဲ့ အမျိုးသမီးတွေ၊ ပျားရည်ထက်ချိုသော ချစ်စကားအလှတွေကြောင့် မငြင်းရဲ မငြင်းရက်တဲ့ အခြေအနေမျိုးမှာ အလျှော့ပေးလိုက်ရတဲ့ မိန်းကလးတွေ။ မြန်မာမိန်းကလေးတွေကို ချွေချတဲ့ သူတွေအများစုက မြန်မာယောကျ်ားတွေပဲ မဟုတ်လား။

လူမျိုးခြားကြောင့် ကြွေသွားတဲ့ မိန်းလေးတွေထက် မြန်မာယောကျ်ားတွေကြောင့် ကြွေခဲ့တဲ့ မိန်ကလေးအရေအတွက်က ပိုများမယ်လို့ ဆိုရင် မမှားဘူးထင်ပါတယ်။ ချင်းတောင်လို ဒေသမျိုးမှာ မိန်းမပျိုလေးတွေကို ပျော်တော်ဆက်အဖြစ် သုံးခဲ့ကြတာ မြန်မာအရာရှိ လူကြီးလူကောင်း ဆိုသူတွေပဲ မဟုတ်လား။ တိုင်းရင်းသူတွေကို အနိုင်ကျင့် စော်ကားကြတာလည်း တပြည်တည်းက ပေါက်ဖွားလာတဲ့ ကိုရွှေမြန်မာတွေပဲ မဟုတ်လား။ တဖက်နိုင်ငံတွေမှာ မြန်မာမိန်ကလေးတွေ ပုံစံအမျိုးမျိုုးနဲ့ ဘဝတွေ နစ်မွန်းရတာဟာလည်း၊ အုပ်ချုပ်သူ လူကြီးမင်းများက ပြည်သူတွေရဲ့ ဘဝလုံခြုံရေးကို ကောင်းစွာ မစောင့်ရှောက်တတ်လို့ပဲဆိုတာ စဉ်းစားတတ်သူတိုင်း နားလည်ကြပါတယ်။

တိုင်းပြည်နဲ့ လူမျိုးကို သိပ်ချစ်တယ် ဆိုသူတွေ မြန်မာ အမျိုးသမီးတွေကို တကယ်တန်ဖိုးကြရဲ့လားလို့ မေးချင်ပါတယ်။ တိုင်းပြည်ကို တည်ဆောက်ရာမှာ အမျိုးသမီးတွေ၊ မိခင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီး ပါတယ်။ လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ဆိုရင် လူငယ်တွေကို မွေးထုတ်ပေးတဲ့ မိခင်တွေ၊ မိခင်လောင်းတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။

မိခင်လောင်းတွေရဲ့ ဘ၀ သာယာ လှပမှသာ မျိုးဆက်သစ်တွေရဲ့ ဘ၀ တောက်ပ လန်းဆန်းမယ်၊ တိုင်းပြည်ကို ကောင်းစွာ ဖန်တီး၊ တည်ဆောက် နိုင်ပါလိမ့်မယ်။ အမျိုးကို တကယ်ချစ်တယ်ဆိုရင် အမျိုးသမီးများရဲ့ တန်ဖိုးကို နားလည်ရမယ်၊ အမျိုးသမီးများကို နေရာပေး လေးစားတတ်ဖို့ လိုပါတယ်။ ဆူကြုံ နိမ်ြ့မင့် အလွှာပေါင်းစုံက မိန်းကလေးတိုင်းဟာ တန်ဖိုးကိုယ်စီရှိကြတဲ့ တိုင်းပြည်ရဲ့ ရတနာတွေလို့ မြင်နိုင်ရမယ်။ မိန်းမတွေဟာ ယောကျ်ားတွေကို ပျော်ေတော်ဆက်ဖို့ တစ်ခုတည်းအတွက် မွေးဖွားလာခြင်း မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာကို မျှဝေခံစားတတ်ဖို့၊ လူတွေ ကမ္ဘာမြေပေါ်မှာ ငြိမ်းချမ်းစွာ အတူလက်တွဲ နေနိုင်တတ်အောင် သင်ကြားပေးဖို့ မိခင်များအဖြစ် တည်ရှိနေခြင်း ဖြစ်ပါတယ်။

ဒိုင်းခင်ခင်လို ဘဝဇာတ်သိမ်းမျိုးက နာကျင်စရာ ကောင်းလွန်းလို့၊ တဖြုတ်ဖြုတ် ကြွေကျနေတဲ့ မြန်မာ့သမီးပျိုလေးတွေကို နှမျောလွန်းလို့ ဒီစာကိုခံစား ရေးလိုက်ရပါတယ်။ မြန်မာ့လူမျိုးတွေ ကြီးမြတ်သော နှလုံးသားများနဲ့ ကိုယ့်သွေးချင်းတွေကို ကာကွယ်စောင့်ရှောက်တတ်ကြပါစေ။ မြန်မာ့ သမီးပျိုတွေ အသိဉာဏ် မြင့်မားပြီး ပညာမျက်စိ ရှိစေဖို့ အခြေခံပညာ အုတ်မြစ်တွေ ခိုင်မာအောင် တည်ဆောက်ပေး နိုင်ကြပါစေ။ လောက ငြိမ်းချမ်းသာယာရေးကို တည်ဆောက်ရာမှာ မြန်မာအမျိုးသမီးတွေ တတပ်တအား ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

စံပယ်ဖြူ …. ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: apannpyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top