ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမစ္ႀကီးအခ်ိဳ႕ စိုးရိမ္ေရ မွတ္အထက္တြင္ ဆက္လက္ တည္ရွိေနၿပီး ကခ်င္ျပည္နယ္ႏွင့္ ေနျပည္ေတာ္၌ ေနရာကြက္၍ မိုး ႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္သည္။

စက္တင္ဘာ ၁ ရက္ တိုင္း တာခ်က္အရ ဧရာဝတီျမစ္ေရ သည္ ဟသၤာတႏွင့္ ဇလြန္ၿမိဳ႕၊ စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူ ႏွင့္ မေဒါက္ၿမိဳ႕၊ ငဝန္ျမစ္ေရသည္ ငါးသိုင္းေခ်ာင္းႏွင့္ သာေပါင္းၿမိဳ႕ တြင္ စိုးရိမ္ေရမွတ္ အထက္သို႔ ၁ လက္မမွ ၁ ေပခန္႔အထိေက်ာ္ လြန္ေနဆဲျဖစ္ေၾကာင္း မိုးဇလ က သတိေပးထားသည္။ လတ္တ ေလာ ရာသီဥတုအေနအထားအ ရ ျမန္မာႏိုင္ငံေဒသအႏွံ႔တြင္ မိုး ရြာေနႏိုင္ကာ ကခ်င္ျပည္နယ္ႏွင့္ ေနျပည္ေတာ္တြင္ ေနရာကြက္ မိုးႀကီးႏိုင္ေၾကာင္း သတင္းထုတ္ ျပန္ထားသည္။

ဧရာဝတီႏွင့္ခ်င္းတြင္းျမစ္ ေရသည္ ၾသဂုတ္လဆန္းက စတင္ ကာ စိုးရိမ္ေရမွတ္အထက္သို႔ ေက်ာ္လြန္ခဲ့ၿပီး စစ္ေတာင္း၊ ငဝန္၊ တိုးျမစ္၊ ဒု႒ဝတီျမစ္ႏွင့္သံလြင္ျမစ္ တို႔သည္ ၾသဂုတ္လလယ္ခန္႔က စတင္ကာ စိုးရိမ္ေရမွတ္အထက္ သို႔ ေက်ာ္လြန္ခဲ့သည္။ ျမစ္ေရမ်ား ျမင့္တက္ေနခ်ိန္ မိုးေကာင္းခဲ့၍ ကခ်င္ျပည္နယ္၊စစ္ကိုင္း၊မႏၲေလး၊ မေကြးႏွင့္ ဧရာဝတီတိုင္းေဒသ ႀကီးတို႔တြင္ လူေလးေသာင္းေက်ာ္ ေရေဘးရင္ဆိုင္ခဲ့ရေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနမွ သတင္းရရွိသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily



#Unicode Version#
မြစ်ကြီးအချို့ စိုးရိမ်ရေ မှတ်အထက်တွင် ဆက်လက် တည်ရှိနေပြီး ကချင်ပြည်နယ်နှင့် နေပြည်တော်၌ နေရာကွက်၍ မိုး ကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။


စက်တင်ဘာ ၁ ရက် တိုင်း တာချက်အရ ဧရာဝတီမြစ်ရေ သည် ဟင်္သာတနှင့် ဇလွန်မြို့၊ စစ်တောင်းမြစ်ရေသည် တောင်ငူ နှင့် မဒေါက်မြို့၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့ တွင် စိုးရိမ်ရေမှတ် အထက်သို့ ၁ လက်မမှ ၁ ပေခန့်အထိကျော် လွန်နေဆဲဖြစ်ကြောင်း မိုးဇလ က သတိပေးထားသည်။ လတ်တ လော ရာသီဥတုအနေအထားအ ရ မြန်မာနိုင်ငံဒေသအနှံ့တွင် မိုး ရွာနေနိုင်ကာ ကချင်ပြည်နယ်နှင့် နေပြည်တော်တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း သတင်းထုတ် ပြန်ထားသည်။

ဧရာဝတီနှင့်ချင်းတွင်းမြစ် ရေသည် သြဂုတ်လဆန်းက စတင် ကာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ခဲ့ပြီး စစ်တောင်း၊ ငဝန်၊ တိုးမြစ်၊ ဒုဋ္ဌဝတီမြစ်နှင့်သံလွင်မြစ် တို့သည် သြဂုတ်လလယ်ခန့်က စတင်ကာ စိုးရိမ်ရေမှတ်အထက် သို့ ကျော်လွန်ခဲ့သည်။ မြစ်ရေများ မြင့်တက်နေချိန် မိုးကောင်းခဲ့၍ ကချင်ပြည်နယ်၊စစ်ကိုင်း၊မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် လူလေးသောင်းကျော် ရေဘေးရင်ဆိုင်ခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top