ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေက်ာင္း၀င္းအတြင္း စကားမ်ားဖူးသည့္ကိစၥႏွင့္ပတ္ သက္ၿပီး န၀မတန္းေက်ာင္းသား ေလးဦးခိုက္ရန္ျဖစ္ပြားရာမွ ဓားထုိးခံရေသာေၾကာင့္ သုံးဦးဒဏ္ရာရရွိခဲ့သည္။

ေတာင္ဥကၠလာပၿမိဳ႕နယ္ အမွတ္(၅)အေျခခံပညာအထက္ တန္းေက်ာင္းတြင္ တက္ေရာက္ ေနသည့္ အတန္းတူန၀မတန္း ေက်ာင္းသားေလးဦးသည္ စက္တင္ဘာ ၂၇ ရက္ ေန႔လယ္ ၃ နာရီ ခြဲခန္႔က ေက်ာင္းလမ္းမေပၚ၌ ရန္ပြဲျဖစ္ပြားခဲ့သည္။

ယင္း ေက်ာင္းသားမ်ားအနက္ အသက္ (၁၆)ႏွစ္အရြယ္ န၀မတန္းေက်ာင္းသားက ဓားျဖင့္ထုိးေသာေၾကာင့္ က်န္ေက်ာင္းသားသုံးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္း ရဲအရာရွိတစ္ဦးက ေျပာသည္။

ဒဏ္ရာရရွိသည့္ ေက်ာင္း သားမ်ားကုိ သဃၤန္းကြၽန္းစံျပ ေဆး႐ုံသုိ႔ တင္ပု႔ိကုသခဲ့ၿပီး (၁၄) ႏွစ္အရြယ္ေက်ာင္းသားႏွစ္ဦးကုိ အတြင္းလူနာအျဖစ္ တင္ပုိ႔ကုသ ထားေၾကာင္း ၎ကဆက္လက္ ေျပာသည္။

ဓားျဖင့္ထုိးသည့္ ေက်ာင္း သားကုိ ေတာင္ဥကၠလာပၿမိဳ႕မရဲစ ခန္းက ေဘးျဖစ္ေစေသာလက္ နက္ျဖင့္ အျပင္းအထန္နာက်င္ေစ မႈပုဒ္မ ၃၂၆ ျဖင့္အမႈဖြင့္အေရး ယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

 ကျောင်းဝင်းအတွင်း စကားများဖူးသည့်ကိစ္စနှင့်ပတ် သက်ပြီး နဝမတန်းကျောင်းသား လေးဦးခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးခံရသောကြောင့် သုံးဦးဒဏ်ရာရရှိခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်းတွင် တက်ရောက် နေသည့် အတန်းတူနဝမတန်း ကျောင်းသားလေးဦးသည် စက်တင်ဘာ ၂၇ ရက် နေ့လယ် ၃ နာရီ ခွဲခန့်က ကျောင်းလမ်းမပေါ်၌ ရန်ပွဲဖြစ်ပွားခဲ့သည်။

ယင်း ကျောင်းသားများအနက် အသက် (၁၆)နှစ်အရွယ် နဝမတန်းကျောင်းသားက ဓားဖြင့်ထိုးသောကြောင့် ကျန်ကျောင်းသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်း ရဲအရာရှိတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသည့် ကျောင်း သားများကို သင်္ဃန်းကျွန်းစံပြ ဆေးရုံသို့ တင်ပု့ိကုသခဲ့ပြီး (၁၄) နှစ်အရွယ်ကျောင်းသားနှစ်ဦးကို အတွင်းလူနာအဖြစ် တင်ပို့ကုသ ထားကြောင်း ၎င်းကဆက်လက် ပြောသည်။

ဓားဖြင့်ထိုးသည့် ကျောင်း သားကို တောင်ဥက္ကလာပမြို့မရဲစ ခန်းက ဘေးဖြစ်စေသောလက် နက်ဖြင့် အပြင်းအထန်နာကျင်စေ မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်အရေး ယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top