ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ငါးဟင္းၾကိဳက္လြန္းလို႔ တစ္ခဲေလးအားရပါးရ စားလိုက္ခါမွ လည္ေခ်ာင္းထဲ ငါးရုိးစူးလို႔ အရသာမခံရတဲ့အခါမ်ိဳးၾကံဳဖူးၾကမွာပါ။ ငါးရုိးေသးေသးေလးေပမယ့္ လည္ေခ်ာင္းထဲရွတတခံစားေနရတာ ဘယ္လုိမွသက္ေတာင့္သက္တာမရွိလွပါဘူး။ ဒါေၾကာင့္ငါးရုိးစူးတဲ့အေျခအေနမ်ိဳးၾကံဳလာခဲ့ရင္ ဒီနည္းေလးေတြလုပ္ၾကည့္ပါဦးလို႔။

၁။ေခ်ာင္းဆုိး၊ ေခ်ာင္းဟန္႔ပါ။

အရုိးစူးတာနဲ႔ လုပ္သင့္တဲ့နည္းက ေခ်ာင္းဆိုးတာပါပဲ။ ေခ်ာင္းဆိုးတဲ့အခါ လည္ေခ်ာင္းတြင္းက ေလေတြက အရုိးကိုဖိအားနဲ႔တြန္းထုတ္တာေၾကာင့္ အရုိးထြက္လာေစပါတယ္။ အၾကိမ္ေရအနည္းငယ္ ေခ်ာင္းနာနာဟန္႔ေပးပါ။

၂။သံလြင္ဆီအနည္းငယ္ စုပ္ေသာက္ေပးပါ။

ေခ်ာင္းဆိုးတာအလုပ္မျဖစ္ရင္ သံလြင္ဆီနည္းနည္းစုပ္ေသာက္ေပးပါ။ သံလြင္ဆီက ေခ်ာဆီတစ္မ်ိဳးလို အလုပ္လုပ္တာေၾကာင့္ လည္ေခ်ာင္းထဲပိတ္ဆို႔ေနတဲ့အရုိးကို အစာအိမ္ထဲအထိေရာက္ေအာင္ ေမ်ာပါေစမွာပါ။

၃။ဆားရည္ေသာက္ေပးပါ။

ၾကက္သီးေႏြးေရထဲကို ဆားအနည္းငယ္ထည့္ျပီးေမာ့ေသာက္လုိက္ပါ။ လည္ေခ်ာင္းထဲကအရုိးကိုပါ ေမ်ာပါသြားေစပါတယ္။

၄။ငွက္ေပ်ာသီးနဲ႔ေမ်ာခ်ပါ။

ငွက္ေပ်ာသီးတစ္ကိုက္ကိုက္ျပီး ပါးစပ္ထဲငံုထားပါ။ ေပ်ာ႔ခၽြဲခၽြဲျဖစ္လာတဲ့ အေနအထားေရာက္မွ မ၀ါးပဲျမိဳခ်လိုက္ပါ။ ဒါမွ အရုိးလည္းငွက္ေပ်ာသီးနဲ႔ေရာပါသြားမွာပါ။

၅။ေပါင္မုန္႔ေရေႏြးစိမ္စားပါ။

ေပါင္မုန္႔တစ္ဖဲ့ဖဲ့ျပီး ေရေႏြး (သို႔) ႏြားႏို႔ေႏြးေႏြးေလးထဲနစ္ျပီး လံုးထားပါ။ ျပီးရင္ ပါးစပ္ထဲထည့္ျပီးမ်ိဳခ်လိုက္ပါ။ ေပါင္မုန္႔နဲ႔အတူအရုိးပါ ၀င္သြားမွာပါ။

၆။လွ်ာလကာရည္စုပ္ေသာက္ပါ။

လွ်ာလကာရည္ကို ေရနည္းနည္းေရာျပီး စုပ္ေသာက္ေပးပါ။ အရုိးကိုဖယ္ထုတ္ေပးပါတယ္။ တစ္ခါတစ္ေလ အရုိးကိုေတာင္ ေပ်ာ္၀င္ေစပါတယ္။

၇။ဆရာ၀န္ဆီသြားပါ။

အေပၚကဘယ္နည္းသံုးသံုးထြက္မလာရင္ေတာ့ ဆရာ၀န္ဆီသြားျပတာအေကာင္းဆံုးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
ငါးဟင်းကြိုက်လွန်းလို့ တစ်ခဲလေးအားရပါးရ စားလိုက်ခါမှ လည်ချောင်းထဲ ငါးရိုးစူးလို့ အရသာမခံရတဲ့အခါမျိုးကြုံဖူးကြမှာပါ။ ငါးရိုးသေးသေးလေးပေမယ့် လည်ချောင်းထဲရှတတခံစားနေရတာ ဘယ်လိုမှသက်တောင့်သက်တာမရှိလှပါဘူး။ ဒါကြောင့်ငါးရိုးစူးတဲ့အခြေအနေမျိုးကြုံလာခဲ့ရင် ဒီနည်းလေးတွေလုပ်ကြည့်ပါဦးလို့။

၁။ချောင်းဆိုး၊ ချောင်းဟန့်ပါ။

အရိုးစူးတာနဲ့ လုပ်သင့်တဲ့နည်းက ချောင်းဆိုးတာပါပဲ။ ချောင်းဆိုးတဲ့အခါ လည်ချောင်းတွင်းက လေတွေက အရိုးကိုဖိအားနဲ့တွန်းထုတ်တာကြောင့် အရိုးထွက်လာစေပါတယ်။ အကြိမ်ရေအနည်းငယ် ချောင်းနာနာဟန့်ပေးပါ။

၂။သံလွင်ဆီအနည်းငယ် စုပ်သောက်ပေးပါ။

ချောင်းဆိုးတာအလုပ်မဖြစ်ရင် သံလွင်ဆီနည်းနည်းစုပ်သောက်ပေးပါ။ သံလွင်ဆီက ချောဆီတစ်မျိုးလို အလုပ်လုပ်တာကြောင့် လည်ချောင်းထဲပိတ်ဆို့နေတဲ့အရိုးကို အစာအိမ်ထဲအထိရောက်အောင် မျောပါစေမှာပါ။

၃။ဆားရည်သောက်ပေးပါ။

ကြက်သီးနွေးရေထဲကို ဆားအနည်းငယ်ထည့်ပြီးမော့သောက်လိုက်ပါ။ လည်ချောင်းထဲကအရိုးကိုပါ မျောပါသွားစေပါတယ်။

၄။ငှက်ပျောသီးနဲ့မျောချပါ။

ငှက်ပျောသီးတစ်ကိုက်ကိုက်ပြီး ပါးစပ်ထဲငုံထားပါ။ ပျော့ချွဲချွဲဖြစ်လာတဲ့ အနေအထားရောက်မှ မဝါးပဲမြိုချလိုက်ပါ။ ဒါမှ အရိုးလည်းငှက်ပျောသီးနဲ့ရောပါသွားမှာပါ။

၅။ပေါင်မုန့်ရေနွေးစိမ်စားပါ။

ပေါင်မုန့်တစ်ဖဲ့ဖဲ့ပြီး ရေနွေး (သို့) နွားနို့နွေးနွေးလေးထဲနစ်ပြီး လုံးထားပါ။ ပြီးရင် ပါးစပ်ထဲထည့်ပြီးမျိုချလိုက်ပါ။ ပေါင်မုန့်နဲ့အတူအရိုးပါ ဝင်သွားမှာပါ။

၆။လျှာလကာရည်စုပ်သောက်ပါ။

လျှာလကာရည်ကို ရေနည်းနည်းရောပြီး စုပ်သောက်ပေးပါ။ အရိုးကိုဖယ်ထုတ်ပေးပါတယ်။ တစ်ခါတစ်လေ အရိုးကိုတောင် ပျော်ဝင်စေပါတယ်။

၇။ဆရာဝန်ဆီသွားပါ။

အပေါ်ကဘယ်နည်းသုံးသုံးထွက်မလာရင်တော့ ဆရာဝန်ဆီသွားပြတာအကောင်းဆုံးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top