Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မၾကာခင္မွာ ၾသဇာသီးေတြ လွိဳင္လွိဳင္ေပါတဲ့ အခ်ိန္ ေရာက္ေတာ့မွာပါ။ ဩဇာသီးကို ျမန္မာျပည္ အႏွံ႔အျပားမွာ ေတြ႔ရၿပီး အထူးသျဖင့္ အလယ္ပိုင္းေဒသေတြမွာ ေပါက္ေရာက္ပါတယ္။ အေလ့က် ေပါက္သလို ကိုင္းကူးၿပီးေတာ့လည္း စိုက္လို႔ရႏိုင္ပါတယ္။ အိႏၵိယမွာေတာ့ ေဆးအျဖစ္ သံုးဖို႔ စိုက္ပ်ိဳးၾကၿပီး လူတိုင္းနီးပါး စားသံုးၾကပါတယ္။

ဩဇာသီးမွာ မ်ိဳးကြဲေတြ ရွိပါေသးတယ္။ ဒူးရင္းဩဇာနဲ႔ ပိႏၷဲဩဇာတို႔ပါ။ ဩဇာသီးကို အခ်ိဳပြဲသေရစာ အျဖစ္ စားသံုးၾကတာမ်ားၿပီး မွည့္လာတဲ့ အခါမွသာ စားသံုးရတဲ့ အသီးပါ။ ဩဇာသီးမွာ  ဗီတာမင္ဘီ6၊ ပိုတက္ဆီယမ္၊ မဂၢနီစီယမ္၊ ဆိုဒီယမ္၊ ကယ္လ္ဆီယမ္၊ ဗီတာမင္ စီ၊ အမွ်င္ဓာတ္၊ ပရိုတင္း၊ ဇင့္၊ ကစီဓာတ္၊ နီအာစင္၊ သၾကားဓာတ္၊ ဗီတာမင္ေအ၊ ဗီတာမင္ဘီတို႔ ပါ၀င္ၿပီး ေပ်ာ္၀င္လြယ္ပါတယ္။

ဩဇာသီးဟာ အမွ်င္ဓာတ္ ၾကြယ္၀တာေၾကာင့္ ၀မ္းကုိ မွန္ေစညပီး အစာေခ်စနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။ ႏွလံုးနဲ႔ သက္ဆုိင္တဲ့ ေရာဂါေတြ မျဖစ္ေစဘဲ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစဖို႔ ကူညီေပးပါတယ္။
ကိုယ္၀န္ေဆာင္သည္ေတြဟာ ကိုယ္၀န္လြယ္ထားရတဲ့ အခ်ိန္ကစလို႔ ဩဇာသီး စားေပးသင့္ပါတယ္။
အသားအေရ ၾကည္လင္ေစဖို႔နဲ႔ ေျခသည္းလက္သည္းေတြကိုလည္း ေကာင္းမြန္လာေစပါတယ္။ ကယ္လိုရီ ေလာင္ကြ်မ္းေစၿပီး အဆုတ္ကိုလည္းသန္႔စင္ေစႏုိင္ပါတယ္။

ဩဇာသီးကို ဆီးခ်ိဳေသြးခ်ိဳသမားေတြ စားဖုိ႔ေတာ့ သတိထားရပါလိမ့္မယ္။ သဘာ၀အရ အခ်ိဳဓာတ္မ်ားေနေၾကာင့္ ဆီးခ်ိဳသမားေတြ အတြက္ေတာ့ ခ်င့္စားပါ။ ၀က္သားနဲ႔ ဩဇာသီး၊ ပ်ားရည္နဲ႔ ဩဇာသီးတို႔ကို တြဲဖက္မစားသင့္ပါဘူး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  beautyglimps

#Unicode Version#
မကြာခင်မှာ သြဇာသီးတွေ လှိုင်လှိုင်ပေါတဲ့ အချိန် ရောက်တော့မှာပါ။ ဩဇာသီးကို မြန်မာပြည် အနှံ့အပြားမှာ တွေ့ရပြီး အထူးသဖြင့် အလယ်ပိုင်းဒေသတွေမှာ ပေါက်ရောက်ပါတယ်။ အလေ့ကျ ပေါက်သလို ကိုင်းကူးပြီးတော့လည်း စိုက်လို့ရနိုင်ပါတယ်။ အိန္ဒိယမှာတော့ ဆေးအဖြစ် သုံးဖို့ စိုက်ပျိုးကြပြီး လူတိုင်းနီးပါး စားသုံးကြပါတယ်။

ဩဇာသီးမှာ မျိုးကွဲတွေ ရှိပါသေးတယ်။ ဒူးရင်းဩဇာနဲ့ ပိန္နဲဩဇာတို့ပါ။ ဩဇာသီးကို အချိုပွဲသရေစာ အဖြစ် စားသုံးကြတာများပြီး မှည့်လာတဲ့ အခါမှသာ စားသုံးရတဲ့ အသီးပါ။ ဩဇာသီးမှာ  ဗီတာမင်ဘီ6၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဇင့်၊ ကစီဓာတ်၊ နီအာစင်၊ သကြားဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီတို့ ပါဝင်ပြီး ပျော်ဝင်လွယ်ပါတယ်။

ဩဇာသီးဟာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းကို မှန်စေညပီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်စေဘဲ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
ကိုယ်ဝန်ဆောင်သည်တွေဟာ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်ကစလို့ ဩဇာသီး စားပေးသင့်ပါတယ်။
အသားအရေ ကြည်လင်စေဖို့နဲ့ ခြေသည်းလက်သည်းတွေကိုလည်း ကောင်းမွန်လာစေပါတယ်။ ကယ်လိုရီ လောင်ကျွမ်းစေပြီး အဆုတ်ကိုလည်းသန့်စင်စေနိုင်ပါတယ်။

ဩဇာသီးကို ဆီးချိုသွေးချိုသမားတွေ စားဖို့တော့ သတိထားရပါလိမ့်မယ်။ သဘာဝအရ အချိုဓာတ်များနေကြောင့် ဆီးချိုသမားတွေ အတွက်တော့ ချင့်စားပါ။ ဝက်သားနဲ့ ဩဇာသီး၊ ပျားရည်နဲ့ ဩဇာသီးတို့ကို တွဲဖက်မစားသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:  beautyglimps
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top