ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ျမ၀တီသို႔ျပန္လည္ေရာက္ရိွလာၾကသည့္ ျမန္မာအလုပ္သမားမ်ား။

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ ျပႆနာေတြေၾကာင့္ လံုၿခံဳေရးစိုးရိမ္ရလို႔ အသက္အႏၱရာယ္ရိွႏိုင္တာေၾကာင့္ မေလးရွားႏိုင္ငံေရာက္ ျမန္မာအလုပ္သမား(၂၆၀) ေက်ာ္က မေလးရွားနယ္စပ္ကတဆင့္ ထိုင္းႏိုင္ငံကိုျဖတ္ေက်ာ္ကာ ကရင္ျပည္နယ္ ျမ၀တီၿမိဳ ႔ကို ျပန္လည္၀င္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

အဆိုပါျမန္မာအလုပ္သမားေတြထဲမွာ အမ်ိဳးသား (၂၃၆) ဦး အမ်ိဳးသမီး (၂၈) ဦး၊ စုစုေပါင္း (၂၆၄) ဦးျဖစ္ၿပီး စက္တင္ဘာလ ၁၁ ရက္ ညေနပိုင္းက ျမ၀တီၿမိဳ ႔ေက်ာက္လံုးႀကီးစခန္းကုိ ျပန္လည္၀င္ေရာက္လာၾကတာျဖစ္ပါတယ္။

မေလးရွားမွတဆင့္ ျမ၀တီၿမိဳ႕ကုိ ျပန္လည္၀င္ေရာက္လာတဲ့ ျမန္မာအလုပ္သမားေတြက ေလးသုတ္ေျမာက္ျဖစ္ၿပီး ေနာက္ထပ္ ျပန္လာၾကမယ့္သူအေရအတြက္ မ်ားစြာရိွေနေသးတယ္လို႔ မေလးရွားႏိုင္ငံကေန ျပန္လာတဲ့ ျမန္မာအလုပ္သမားတဦးက ေျပာပါတယ္။

ထိုင္းႏုိင္ငံကိုျဖတ္ၿပီး ေနရပ္ျပန္လာၾကတဲ့ ျမန္မာလုပ္သားေတြကို ထိုင္းအာဏာပိုင္ေတြက ေခၚေဆာင္ၿပီး မဲေဆာက္ၿမိဳ႕ကေန ျမ၀တီၿမိဳ႕ ေက်ာက္လံုးႀကီး ကယ္ဆယ္ေရးစခန္းကို ပို႔ေဆာင္ေပးေနတယ္လို႔ ေနရပ္ျပန္ ျမန္မာလုပ္သားေတြကို ႀကိဳဆုိေပးေနတဲ့ ထိုင္းႏုိင္ငံလံုးဆိုင္ရာ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားကြန္ရက္ (MMNT) အေထြေထြအတြင္းေရးမွဴး ဦးမုိးႀကိဳးက ေျပာပါတယ္။

Source : 7DayDaily,Man Myo Myint
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
မြဝတီသို့ပြန်လည်ရောက်ရှိလာကြသည့် မြန်မာအလုပ်သမားများ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ အသက်အန္တရာယ်ရှိနိုင်တာကြောင့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား(၂၆၀) ကျော်က မလေးရှားနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကိုဖြတ်ကျော်ကာ ကရင်ပြည်နယ် မြဝတီမြို့ကို ပြန်လည်ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါမြန်မာအလုပ်သမားတွေထဲမှာ အမျိုးသား (၂၃၆) ဦး အမျိုးသမီး (၂၈) ဦး၊ စုစုပေါင်း (၂၆၄) ဦးဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက မြဝတီမြို့ကျောက်လုံးကြီးစခန်းကို ပြန်လည်ဝင်ရောက်လာကြတာဖြစ်ပါတယ်။

မလေးရှားမှတဆင့် မြဝတီမြို့ကို ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေက လေးသုတ်မြောက်ဖြစ်ပြီး နောက်ထပ် ပြန်လာကြမယ့်သူအရေအတွက် များစွာရှိနေသေးတယ်လို့ မလေးရှားနိုင်ငံကနေ ပြန်လာတဲ့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံကိုဖြတ်ပြီး နေရပ်ပြန်လာကြတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ခေါ်ဆောင်ပြီး မဲဆောက်မြို့ကနေ မြဝတီမြို့ ကျောက်လုံးကြီး ကယ်ဆယ်ရေးစခန်းကို ပို့ဆောင်ပေးနေတယ်လို့ နေရပ်ပြန် မြန်မာလုပ်သားတွေကို ကြိုဆိုပေးနေတဲ့ ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက် (MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောပါတယ်။

Source : 7DayDaily,Man Myo Myint

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top