ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကြ်မ္းက်င္သူေတြကေတာ႔ မိနစ္ (၃၀) ၾကာတိုင္းမွာ ခဏေလာက္လမ္းထေလွ်ာက္ဖို႔ တိုက္တြန္းထားပါတယ္။ ဘာလို႔လဲဆိုေတာ႔ က်န္တဲ႔အခ်ိန္မွာ ေလ႔က်င္႔ခန္းဘယ္ေလာက္ပဲလုပ္လုပ္၊ အခ်ိန္အၾကာႀကီး ထိုင္ေနမယ္ဆိုရင္ ေစာစီးစြာေသဆံုးႏိုင္ေျခ ရွိေနလို႔ပါပဲလို႔ မၾကာေသးမီက ျပဳလုပ္ခဲ႔တဲ႔ သုေတသနအသစ္တစ္ခုက ဆိုပါတယ္။

သုေတသနအရေတာ႔ ထိုင္ခံုေပၚမွာထိုင္ေနရင္း သံုးစြဲမိတဲ႔ၾကာခ်ိန္နဲ႔ ေစာလ်င္စြာေသဆံုးႏိုင္ေျခတို႔ၾကားမွာ တိုက္ရိုက္ဆက္ႏြယ္မႈ ရွိေနတယ္လို႔ ဆိုထားပါတယ္။ သုေတသနမွာ အရြယ္ေရာက္ၿပီး လူေပါင္း (၈၀၀၀) ေက်ာ္ကို ေလ႔လာခဲ႔တာျဖစ္ပါတယ္။ အခ်ိန္ၾကာၾကာထိုင္ေလေလ၊ ေစာလ်င္စြာေသဆံုးႏိုင္ေျခ မ်ားေလေလပါပဲ။

"နည္းနည္းပဲထိုင္၊ မ်ားမ်ားလႈပ္ရွား" ဆိုတာ အေမရိကန္ ႏွလံုးက်န္းမာေရးအဖြဲ႕က ကြ်န္ေတာ္တို႔အားလံုးအတြက္ အၾကံျပဳထားတဲ႔ အရာပါပဲ။ ဒါေပမယ္႔ ဒီထက္ပိုၿပီးတိက်တဲ႔ guideline တစ္ခုေတာ႔ ရွိသင္႔ပါတယ္။

အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဗဟိုကေတာ႔ တစ္ပတ္ကို ေအရိုးဗစ္ေလ႔က်င္႔ခန္း (၂) နာရီခြဲေလာက္ လုပ္ေပးသင္႔တယ္။ ေနာက္ ၾကြက္သားေလ႔က်င္႔ခန္းေတြကို တစ္ပတ္ကို (၂) ရက္ေလာက္ လုပ္ေပးသင္႔တယ္လို႔ အၾကံံျပဳ ထားပါတယ္။ ဒီလိုပဲ အခ်ိန္ၾကာျမင္႔စြာထုိင္ျခင္းနဲ႔ ပတ္သက္ရင္လည္း က်န္းမာေရး guideline ေလးေတြ ထားရွိေပးသင္႔တယ္လို႔ သုေတသီတစ္ဦးျဖစ္တဲ႔ Keith Diaz က ဆိုပါတယ္။

"မိနစ္ (၃၀) ဆက္တိုက္ထိုင္ၿပီးတိုင္းမွာ (၅) မိနစ္ေလာက္ break ယူၿပီး လမ္းေလွ်ာက္ေပးျခင္းက အခ်ိန္ၾကာၾကာထိုင္ျခင္းေၾကာင္္႔ ျဖစ္တတ္တဲ႔ က်န္းမာေရးျပႆနာေတြကို ေလ်ာ႔နည္းေစပါတယ္" လို႔ Diaz က ဆိုပါတယ္။
ထိုင္တာမ်ားရင္ အရြယ္ရင္႔လာမယ္

အထိုင္မ်ားျခင္္းနဲ႔ ေစာစီးစြာေသဆံုးျခင္းၾကားထဲက ဆက္ႏြယ္မႈကိုနားလည္ဖို႔အတြက္ Diaz နဲ႔ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြဟာ ေလ႔လာမႈေတြျပဳလုပ္ခဲ႔ၾကပါတယ္။ အရြယ္ေရာက္သူေတြရဲ႕ ထိုင္ခ်ိန္ကို တိုင္းတာဖို႔အတြက္ သုေတသီေတြဟာ accelerometer ဆိုတဲ႔ တိုင္းတာကိရိယာေတြကို အသံုးျပဳခဲ႔ၾကပါတယ္။

ေလ႔လာလို႔ရရွိတဲ႔အခ်က္အလက္ေတြကို ခြဲျခမ္းစိတ္ျဖာၾကည္႔တဲ႔အခါ အသက္အရြယ္ႀကီးလာတာနဲ႔အမွ် အထိုင္ပိုမ်ားလာတာကို ရွာေဖြ ေတြ႕ရွိခဲ႔ၾကပါတယ္။ ေနာက္ဆံုးမွာေတာ႔ သုေတသနရလဒ္ေတြအရ ထိုင္ခ်ိန္ပိုၾကာေလေလ... အေၾကာင္းတစ္ခုခုေၾကာင္႔ ေစာလ်င္စြာ ေသဆံုးႏိုုင္ေျခ ပိုမ်ားေလေလဆိုတာကို အေျဖထုတ္ႏိုင္ခဲ႔ၾကပါတယ္။

"တိက်တဲ႔ကိန္းဂဏန္းတစ္ခုကို ျပသရမယ္ဆိုရင္ တစ္ေန႔ကို (၁၃) နာရီထက္ပိုၿပီး ထုိင္တဲ႔သူေတြဟာ တစ္ေန႔ကို (၁၁) နာရီေအာင္ထိုင္တဲ႔သူေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေသဆံုးႏိုင္ေျခ (၂) ဆပိုမ်ားႏိုင္ပါတယ္" လို႔လည္း Diaz က ဆိုပါတယ္။

Source: CNN

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
ကျွမ်းကျင်သူတွေကတော့ မိနစ် (၃၀) ကြာတိုင်းမှာ ခဏလောက်လမ်းထလျှောက်ဖို့ တိုက်တွန်းထားပါတယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့အချိန်မှာ လေ့ကျင့်ခန်းဘယ်လောက်ပဲလုပ်လုပ်၊ အချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် စောစီးစွာသေဆုံးနိုင်ခြေ ရှိနေလို့ပါပဲလို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနအသစ်တစ်ခုက ဆိုပါတယ်။

သုတေသနအရတော့ ထိုင်ခုံပေါ်မှာထိုင်နေရင်း သုံးစွဲမိတဲ့ကြာချိန်နဲ့ စောလျင်စွာသေဆုံးနိုင်ခြေတို့ကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိနေတယ်လို့ ဆိုထားပါတယ်။ သုတေသနမှာ အရွယ်ရောက်ပြီး လူပေါင်း (၈၀၀၀) ကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ အချိန်ကြာကြာထိုင်လေလေ၊ စောလျင်စွာသေဆုံးနိုင်ခြေ များလေလေပါပဲ။

"နည်းနည်းပဲထိုင်၊ များများလှုပ်ရှား" ဆိုတာ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့က ကျွန်တော်တို့အားလုံးအတွက် အကြံပြုထားတဲ့ အရာပါပဲ။ ဒါပေမယ့် ဒီထက်ပိုပြီးတိကျတဲ့ guideline တစ်ခုတော့ ရှိသင့်ပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုကတော့ တစ်ပတ်ကို အေရိုးဗစ်လေ့ကျင့်ခန်း (၂) နာရီခွဲလောက် လုပ်ပေးသင့်တယ်။ နောက် ကြွက်သားလေ့ကျင့်ခန်းတွေကို တစ်ပတ်ကို (၂) ရက်လောက် လုပ်ပေးသင့်တယ်လို့ အကြံံပြု ထားပါတယ်။ ဒီလိုပဲ အချိန်ကြာမြင့်စွာထိုင်ခြင်းနဲ့ ပတ်သက်ရင်လည်း ကျန်းမာရေး guideline လေးတွေ ထားရှိပေးသင့်တယ်လို့ သုတေသီတစ်ဦးဖြစ်တဲ့ Keith Diaz က ဆိုပါတယ်။

"မိနစ် (၃၀) ဆက်တိုက်ထိုင်ပြီးတိုင်းမှာ (၅) မိနစ်လောက် break ယူပြီး လမ်းလျှောက်ပေးခြင်းက အချိန်ကြာကြာထိုင်ခြင်းကြောင့်် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေပါတယ်" လို့ Diaz က ဆိုပါတယ်။
ထိုင်တာများရင် အရွယ်ရင့်လာမယ်

အထိုင်များခြင်းနဲ့ စောစီးစွာသေဆုံးခြင်းကြားထဲက ဆက်နွယ်မှုကိုနားလည်ဖို့အတွက် Diaz နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အရွယ်ရောက်သူတွေရဲ့ ထိုင်ချိန်ကို တိုင်းတာဖို့အတွက် သုတေသီတွေဟာ accelerometer ဆိုတဲ့ တိုင်းတာကိရိယာတွေကို အသုံးပြုခဲ့ကြပါတယ်။

လေ့လာလို့ရရှိတဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အသက်အရွယ်ကြီးလာတာနဲ့အမျှ အထိုင်ပိုများလာတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သုတေသနရလဒ်တွေအရ ထိုင်ချိန်ပိုကြာလေလေ... အကြောင်းတစ်ခုခုကြောင့် စောလျင်စွာ သေဆုံးနိုုင်ခြေ ပိုများလေလေဆိုတာကို အဖြေထုတ်နိုင်ခဲ့ကြပါတယ်။

"တိကျတဲ့ကိန်းဂဏန်းတစ်ခုကို ပြသရမယ်ဆိုရင် တစ်နေ့ကို (၁၃) နာရီထက်ပိုပြီး ထိုင်တဲ့သူတွေဟာ တစ်နေ့ကို (၁၁) နာရီအောင်ထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် သေဆုံးနိုင်ခြေ (၂) ဆပိုများနိုင်ပါတယ်" လို့လည်း Diaz က ဆိုပါတယ်။

Source: CNN


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top