Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပညာေရးႀကီးဌာနလက္ေအာက္မွာရွိ ဆရာ၊ ဆရာမေတြနဲ႔ ပညာေရးဝန္ထမ္းေတြ လာဘ္ေငြေတာင္းတာေတြရွိရင္ ဝန္ႀကီး႐ံုးကို တုိက္႐ိုက္ဆက္သြယ္ တိုင္ၾကားႏိုင္တယ္လို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာနက အေျခခံပညာေက်ာင္းေတြ၊ တကၠသိုလ္၊ ဒီဂရီေကာလိပ္ေတြ၊ ပညာေရးဝန္ႀကီးဌာနေအာက္က ရံုးေတြမွာ လာဘ္ေပးလာဘ္ယူမႈနဲ႔ ပတ္သက္ၿပီး တိုင္ၾကားႏိုင္တယ္လို႔ အသိေပးပိုစတာေတြ ခ်ိတ္ဆြဲထားေပမယ့္ အခုလို ဝန္ႀကီး႐ံုးကို တုိက္႐ိုက္တိုင္ ၾကားႏိုင္တယ္လို႔ ေၾကညာတာက ပထမဆံုးအႀကိမ္ျဖစ္ပါတယ္။

တကၠသိုလ္၊ ေက်ာင္းနဲ႔ ႐ံုး၊ ဌာနတို႔မွာ လုပ္ငန္းေဆာင္ရြက္ရာမွာ လက္ေဆာင္ပစၥည္းေပးတာ၊ လက္ခံတာ၊ ေငြေၾကးေကာက္ခံတာနဲ႔ ေတာင္းခံတာေတြကို လံုးဝမျပဳလုပ္ရလုိ႔ ပညာေရးဝန္ႀကီးဌာနက စက္တင္ဘာ ၁၂ ရက္မွာ သတိေပးထားပါတယ္။

ဒီျဖစ္စဥ္ေတြရွိရင္ ပညာေရးဝန္ႀကီးဌာန ဝန္ႀကီး႐ံုးရွိ ဒုတိယအၿမဲတမ္းအတြင္းဝန္ေတြျဖစ္တဲ့ ဦးေက်ာ္ဝင္း (ဖုန္း-၀၆၇၃၄၀၇၁၁၆)၊ ေဒါက္တာစည္သူေက်ာ္ (ဖုန္း− ၀၆၇၃၄၀၇၃၉၇)၊ ပညာေရးဝန္ႀကီးဌာန႐ံုးအမွတ္(၁၃၊ ၂၁) ေနျပည္ေတာ္၊ အီးေမးလ္လိပ္စာေတြျဖစ္တဲ့ moedps13@gmail.com, sithukyaw.mtu@gmail. com ကို ဆက္သြယ္တိုင္ၾကားႏုိင္တယ္လို႔ ေၾကညာထားပါတယ္။

‘‘မယူရဘူးဆိုတာ ပညာေရး ဝန္ႀကီးက အၿမဲေျပာေနတာပဲ။ သုိ႔ေသာ္လည္း ပိုၿပီး ထိထိေရာက္ ေရာက္ ကိုင္တြယ္လို႔ရေအာင္၊ ကိုယ့္ဘက္က ဝန္ထမ္းေတြလည္း အဟန္႔ေလးျဖစ္သြားေအာင္ အခုလိုဝန္ႀကီး႐ံုးကို တုိက္႐ိုက္တိုင္ႏိုင္တယ္လို႔ ေၾကညာလိုက္တာေပါ့။ ဝန္ႀကီး႐ံုးအဆင့္ထိ တိုင္ ခြင့္ရွိတာဆိုေတာ့ ဒါအျမင့္ဆံုးပဲေလ။ ဒီကို တိုက္႐ိုက္တိုင္ၾကားႏိုင္တယ္ဆိုေတာ့ အဟန္႔ေတာ့ျဖစ္ သြားမယ္’’လို႔ ပညာေရး၀န္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

Source : 7DayDaily

Photos : nippon foundation
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
ပညာရေးကြီးဌာနလက်အောက်မှာရှိ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ လာဘ်ငွေတောင်းတာတွေရှိရင် ဝန်ကြီးရုံးကို တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဝင်းက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းတွေ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ၊ ပညာရေးဝန်ကြီးဌာနအောက်က ရုံးတွေမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့ အသိပေးပိုစတာတွေ ချိတ်ဆွဲထားပေမယ့် အခုလို ဝန်ကြီးရုံးကို တိုက်ရိုက်တိုင် ကြားနိုင်တယ်လို့ ကြေညာတာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တက္ကသိုလ်၊ ကျောင်းနဲ့ ရုံး၊ ဌာနတို့မှာ လုပ်ငန်းဆောင်ရွက်ရာမှာ လက်ဆောင်ပစ္စည်းပေးတာ၊ လက်ခံတာ၊ ငွေကြေးကောက်ခံတာနဲ့ တောင်းခံတာတွေကို လုံးဝမပြုလုပ်ရလို့ ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ သတိပေးထားပါတယ်။

ဒီဖြစ်စဉ်တွေရှိရင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးရှိ ဒုတိယအမြဲတမ်းအတွင်းဝန်တွေဖြစ်တဲ့ ဦးကျော်ဝင်း (ဖုန်း-၀၆၇၃၄၀၇၁၁၆)၊ ဒေါက်တာစည်သူကျော် (ဖုန်း− ၀၆၇၃၄၀၇၃၉၇)၊ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃၊ ၂၁) နေပြည်တော်၊ အီးမေးလ်လိပ်စာတွေဖြစ်တဲ့ moedps13@gmail.com, sithukyaw.mtu@gmail. com ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ကြေညာထားပါတယ်။

‘‘မယူရဘူးဆိုတာ ပညာရေး ဝန်ကြီးက အမြဲပြောနေတာပဲ။ သို့သော်လည်း ပိုပြီး ထိထိရောက် ရောက် ကိုင်တွယ်လို့ရအောင်၊ ကိုယ့်ဘက်က ဝန်ထမ်းတွေလည်း အဟန့်လေးဖြစ်သွားအောင် အခုလိုဝန်ကြီးရုံးကို တိုက်ရိုက်တိုင်နိုင်တယ်လို့ ကြေညာလိုက်တာပေါ့။ ဝန်ကြီးရုံးအဆင့်ထိ တိုင် ခွင့်ရှိတာဆိုတော့ ဒါအမြင့်ဆုံးပဲလေ။ ဒီကို တိုက်ရိုက်တိုင်ကြားနိုင်တယ်ဆိုတော့ အဟန့်တော့ဖြစ် သွားမယ်’’လို့ ပညာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဝင်းက ပြောပါတယ်။

Source : 7DayDaily

Photos : nippon foundation

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top