ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

က်ဳပ္က ကိုယ့္အစိုးရကိုယ္ဆန့္က်င္ခ်င္ ဆန္႔က်င္မယ္ ။ ကိုယ့္ဘုရားသခင္ ကိုယ္မဆန္႔က်င္ႏိုင္ဘူး လုိ႔ ဆုိတဲ့သူ

ဒုတိယကမ႓ာစစ္အတြင္းက ဂ်ာမန္စက္မႈလုပ္ငန္းရွင္ ေအာ္စကာရွင္းဒလားဟာ သူ႔ရဲ႕ စက္ရံုလုပ္ငန္းမွာ ဂ်ဴ းလူမ် ိဳ း ( ၁၂၀၀ ) ေက်ာ္ကို အလုပ္ခန္႕ထားေပးျခင္း အားျဖင့္ နာဇီတို႕ရဲ႕ မ်ဳိးျဖဳတ္ သုတ္သင္မႈေဘးက လြတ္ေျမာက္ေအာင္ ကယ္တင္ခဲ့ပါတယ္ ။ ဒီျဖစ္ရပ္မွန္ ကို Schindler’s List ရုပ္ရွင္ကားနဲ႔ ကမ႓ာသိေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္ ။ ဂ်ပန္သံတမန္တေယာက္ ျဖစ္တဲ့ ခ်ိယုနဲ ဆုဂိဟယ ( Chiune Sugihara ) ကို ” ဂ်ပန္ ရွင္းဒလား ” လို႕ ေခၚေဝၚသတ္မွတ္ၾကပါတယ္ ။ သူ႕ရဲ႕ ဒုတိယကမ႓ာစစ္အတြင္း စြမ္းေဆာင္ခ်က္ေတြကိုေတာ့ လူသိနည္းေနတုန္း ပါပဲ။

ဆုဂိဟယ ကို ( ၂၀ ) ရာစုႏွစ္ရဲ႕ ပထမဆံုးေန႔မွာ ဖြားျမင္ပါတယ္ ။ သူ႔ဖခင္က ထင္ရွားတဲ့ အထူးကုဆရာဝန္ႀကီး ပါ ။ ဖခင္ႀကီး ဆႏၵအတိုင္း ေဆးတကၠသိုလ္ တက္ေရာက္ေနတုန္းမွာပဲ သူဟာ ႏိုင္ငံျခားဘာသာစကားေတြမွာ ထူးခြ် န္သူျဖစ္ၿပီး သူ တကယ္ျဖစ္ခ်င္တဲ့ဘဝ က ႏိုင္ငံေပါင္းစံုကို လွည့္ပတ္သြားလာေနရတဲ့ ဘဝမ်ဳိးပဲ ဆိုတာ သူ႕ကိုယ္သူ ရွာေဖြေတြ႕ရွိသြားတယ္ ။ ဒါနဲ႕ပဲ ေဆးတကၠသိုလ္စာေမးပြဲကို တမင္က်ေအာင္ ေျဖလိုက္တယ္ ။ ၿပီးေတာ့ ႏိုင္ငံျခားသံတမန္ သင္တန္းေက်ာင္းကို ေျပာင္းတက္တယ္ ။ ဆိုဗီယက္ရပ္ရွား ဆိုင္ရာ အထူးကြ် မ္းက်င္သူအျဖစ္ ေလ့လာသင္ယူခဲ့ရတယ္ ။ ဒါေပမယ့္ အလုပ္စဝင္ဝင္ခ်င္းမွာ ဆိုဗီယက္ရပ္ရွား ကို မသြားရေသးဘူး ။ အဲ့အခ်ိန္က ဂ်ပန္လက္ေအာက္ခံ နယ္ေျမျဖစ္တဲ့ တရုတ္ျပည္မန္ခ်ဴ းရီးယားနယ္က မန္ခ်ဴးကိုး ရုပ္ေသးအစိုး႐ ရဲ႕ ဂ်ပန္သံရံုးမွာအမႈထမ္းရတယ္ ။
၁၉၃၉ ခုႏွစ္ ႏိုဝင္ဘာလ ေရာက္မွ အဲ့အခ်ိန္က ဆိုဗီယက္ရပ္ရွားျပည္ေထာင္စုရဲ႕ ျပည္နယ္တခုျဖစ္တဲ့ လစ္သူေယးနီးယား ( ယေန႕ေခတ္ လစ္သူေယးနီးယားႏိုင္ငံ ) ရဲ႕ ၿမိဳ႔ေတာ္ ေကာနပ္စ္ ကို ဂ်ပန္ လက္ေထာက္ေကာင္စစ္ဝန္ အျဖစ္ ေျပာင္းေရႊ႕ အမႈထမ္းရတယ္ ။ ေနာက္ ၂ လ အၾကာမွာ နာဇီဂ်ာမနီ က ပိုလန္ႏိုင္ငံကို က် ဴ းေက်ာ္သိမ္းပိုက္ၿပီး ဒုတိယကမ႓ာစစ္ႀကီး စတင္ပါေတာ့တယ္ ။ ဆုဂိဟယ ဟာ ကိုယ့္သေဘာနဲ႕ ကိုယ္ နာဇီဆန္႔က်င္ေရး ပိုလန္ေျမေအာက္ ေတာ္လွန္ေရးသမားေတြနဲ႕ တိတ္တဆိတ္ ဆက္သြယ္ခဲ့တယ္ ။

အဲ့အခ်ိန္က ဂ်ပန္ဟာ ဒုတိယကမ႓ာစစ္မွာ ဝင္မပါေသးဘူး ။ ဒါေၾကာင့္ နာဇီဂ်ာမနီနဲ႕ေရာ ။ ဆိုဗီယက္ရပ္ရွားနဲ႔ေရာ သင့္ျမတ္ေအာင္ ဆက္ဆံဖို႔ ဆုဂိဟယ ကို သူ႕အထက္အရာရွိေတြက ညႊန္ၾကားထားတယ္ ။ ဒါေပမယ့္ ဆုဂိဟယ က နာဇီလက္က လြတ္ေအာင္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ပိုလန္ေတာ္လွန္ေရးသမား တခ်ဳိ႕ကို ဂ် ပန္ျပည္ဝင္ခြင့္ ဗီဇာ ရရွိေအာင္ သူ႕လုပ္ပိုင္ခြင့္ေဘာင္အတြင္းက ကူညီလိုက္တယ္ ။ ဒီသတင္းဟာ နာဇီလက္က လြတ္ေအာင္ ေသေျပးရွင္ေျပးတိမ္းေရွာင္ေနရတဲ့ ဂ်ဴ းဒုကၡသည္ေတြ ဆီကို ေရာက္သြားတယ္ ။ မၾကာခင္မွာပဲ ဆုဂိဟယ ရဲ႕ လစ္သူေယးနီးယား ဂ်ပန္ေကာင္စစ္ဝန္ရံုးေရွ႕မွာ ဂ်ပန္ဗီဇာ လာေလွ်ာက္တဲ့ ဂ်ဴ းလူမ်ဳိးေတြ စုၿပံဳ ေနေတာ့တယ္ ။ အဲ့အခ်ိန္က နာဇီလက္ေအာက္ က် ေရာက္သြားၿပီျဖစ္တဲ့ ပိုလန္ ။ ေဟာ္လန္ စတဲ့ တိုင္းျပည္ေတြက ဂ်ဴ းလူမ်ိဳ းေတြဟာ နာဇီရန္က လြတ္ေအာင္ ဘဲလ္တစ္ေဒသ ကို စုၿပံဳ ေျပးလာၾကတယ္။ ေနာက္က ထပ္ခ်ပ္မကြာလိုက္လာေနတဲ့ နာဇီဂ်ာမနီရန္ ေၾကာင့္ လတ္ဗီးယား ။ လစ္သူေယးနီးယား စတဲ့ ဘဲလ္တစ္ဂ်ဴ း ေတြဟာလည္း ျပည္ပကို ထြက္ေျပးခ် င္ေနၾကတယ္။ ဒါေပမယ့္ သူတို႔ကို ဘယ္သူကမွ ျပည္ဝင္ခြင့္ဗီဇာ ထုတ္မေပးၾကဘူး။ လုပ္ေပးတဲ့သူဟာ အသက္ႏုိင္တဲ့အထိ ႀကီးေလးတဲ့ျပစ္ဒဏ္ခံရႏုိင္ပါတယ္။

ဆုဂိဟယ ဟာ ျဖစ္ေပၚေနတဲ့ အေျခအေနနဲ႕ ပတ္သက္ၿပီး အထက္ကို ၃ ႀကိမ္တိုင္တိုင္ အစီရင္ခံခဲ့တယ္ ။ တိက်တဲ့ ညႊန္ၾကားခ်က္မရတဲ့အဆံုး ကိုယ့္သေဘာနဲ႔ ကိုယ္ ဂ်ဴးေတြကို ဂ်ပန္ဗီဇာ ထုတ္ေပးဖို႕ ဆံုးျဖတ္လိုက္တယ္ ။ ေတာ္ရုံသတၱိနဲ႔ေတာ့ ဒီလုိစြန္႔စားဖုိ႔ဆုိတာ မလြယ္ကူလွပါဘူး။
” က်ဳ ပ္က ကိုယ့္အစိုးရကိုယ္ ဆန္႔က်င္ခ်င္ ဆန္႔က်င္မယ္ ။ ကိုယ့္ ဘုရားသခင္ ကိုယ္ မဆန္႔က်င္ႏိုင္ဘူး “ လို႔သူ႔ကိုယ္ေရးမွတ္တမ္း စာအုပ္မွာ ေရးခဲ့တယ္ ။
ဒါနဲ႕ပဲ ဆုဂိဟယ ဟာ ၁၉၄၀ ခုႏွစ္ ဇြန္လ က စက္တင္ဘာလ အတြင္း ဂ်ဴ းေတြအတြက္ ဂ်ပန္ျပည္ဝင္ခြင့္ဗီဇာကို မရပ္မနား ထုတ္ေပးပါေတာ့တယ္ ။ ဗီဇာ စာရြက္စာတမ္းေတြ အေပၚမွာ လက္မွတ္ထိုးဖို႕ ေန႕ေရာ ညေရာ အလုပ္လုပ္ရတယ္ ။ တေန႕ကို ၄ နာရီက ၆ နာရီပဲ အိပ္စက္အနားယူၿပီး ဗီဇာစာရြက္စာတမ္းေတြ အေပၚမွာ မေနမနား လက္မွတ္ထုိးေပးခဲ့တယ္လို႕ ဆိုပါတယ္ ။ ဗီဇာ ရဖို႕ မျဖစ္ႏိုင္တဲ့ ဂ်ဴ းေတြကိုလည္း ဆိုဗီယက္ရပ္ရွား အရာရွိတခ်ိဳ ႕နဲ႕ ညွိႏိႈင္းၿပီး ဆိုက္ေဘးရီးယားျဖတ္ ရထား စီးနင္းခြင့္လက္မွတ္ရေအာင္ ကူညီေပးခဲ့ပါေသးတယ္ ။ သူတို႔ဟာ အဲ့ဒီရထား စီးနင္းၿပီး ဆိုဗီယက္ရပ္ရွားျပည္ေထာင္စု အေရွ႕ျခမ္း ပစိဖိတ္သမုဒၵရာကမ္းေျခ ဗလာဒီေဗာ့စေတာ့ၿမိဳ ႕ကို အေရာက္သြားႏိုင္ၾကလို႕ စစ္အတြင္း နာဇီေဘးရန္က ေဝးရာကို ေရာက္သြားႏိုင္ခဲ့ၾကတယ္ ။

၁၉၄၀ စက္တင္ဘာလမွာ ဆိုးဝါးလာတဲ့ ကမ႓ာစစ္အေျခအေန ေၾကာင့္ လစ္သူေယးနီးယားက ေကာင္စစ္ဝန္ရံုးကို ပိတ္လိုက္ဖို႕ ဂ်ပန္အစိုးရက ဆံုးျဖတ္လိုက္ပါတယ္ ။ ဆုဂိဟယ ဟာ ျပည္ေတာ္ျပန္ဖို႕ ရထားဘူတာရံုကို သြားေနခ် ိန္အထိ ဗီဇာစာရြက္ေတြ အေပၚမွာ လက္မွတ္ထိုးေပးေနတုန္းပဲလို႕ မ်က္ျမင္ေတြ႕ဖူးသူေတြက ေျပာျပပါတယ္ ။ ရထားထြက္တဲ့အခါ သူ လက္မွတ္ထိုးၿပီး ေနာက္ဆံုးက် န္တဲ့ ဗီဇာစာရြက္စာတမ္း တခ်ိဳ႕ကို ေစာင့္ဆိုင္းေနတဲ့ ဂ်ဴ းဒုကၡသည္ လူအုပ္ႀကီးထဲ ႀကဲခ် ေပးခဲ့တယ္ ။ ၿပီးေတာ့ လူအုပ္ႀကီးဘက္ ဦးညႊတ္ႏႈတ္ဆက္ၿပီး ” ခြင့္လႊတ္ပါဗ်ာ ။ ကြ်န္ေတာ္ ဒီထက္ပိုၿပီး မကူညီႏိုင္ေတာ့ပါဘူး ” လို႕ ႏႈတ္ဆက္စကား ေျပာခဲ့တယ္ ဆိုပါတယ္ ။

ဒီအခ်ိန္တိုေလးအတြင္းမွာ ဆုဂိဟယ ဟာ ဂ် ပန္ ျပည္ဝင္ခြင့္ဗီဇာ ( ၂၁၃၉ ) ေစာင္ ထုတ္ေပးႏိုင္ခဲ့တယ္ ။ သူ႕သေဘာနဲ႕ သူ ထုတ္ေပးလိုက္တဲ့ ဒီ ဗီဇာေတြေၾကာင့္ ခေလးငယ္ေတြ အပါအဝင္ ဂ်ဴ းလူမ်ိဳ း ( ၆၀၀၀ ) ေက်ာ္ ရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့တယ္ ။ဒုတိယကမ႓ာစစ္ အၿပီးမွာ သူဟာ မဟာမိတ္စစ္သံု႕ပန္း စခန္းမွာ ( ၁၈ ) လၾကာ ဖမ္းဆီးထိန္းသိမ္း ခံခဲ့ရတယ္ ။ အဲ့ဒိေနာက္ ဒုတိယကမ႓ာစစ္မတိုင္ခင္ ကာလက အထက္ကခြင့္ျပဳခ်က္ မရွိပဲ မိမိတဦးတည္းသေဘာနဲ႕ျပည္ဝင္ခြင့္ဗီဇာေတြ ထုတ္ေပးခဲ့တဲ့အတြက္ ဆိုၿပီး ႏိုင္ငံျခားေရးဌာနက သူ႕ကို အလုပ္ထုတ္ပစ္လိုက္တယ္။ ဆုဂိဟယ ဟာ သူ႕ဘဝ က်န္ရွိတဲ့အခ်ိန္ေတြမွာ တဝမ္းတခါးအတြက္ လွ်ပ္စစ္မီးသီးေတြ တအိမ္ဝင္တအိမ္ထြက္ ေရာင္းရတဲ့ အေရာင္းသမားအျဖစ္ ခက္ခဲပင္ပန္းစြာ အသက္ေမြးခဲ့ရပါတယ္ ။

ဒါေပမယ့္ သူ႕ရဲ႕ စြမ္းေဆာင္ခ်က္အတြက္ အသိအမွတ္ျပဳ ဂုဏ္ျပဳမႈ ကို ဆုဂိဟယ မေသမီ ေတြ႕ျမင္ခြင့္ရသြားခဲ့တယ္ ။ ၁၉၈၄ ခုႏွစ္မွာ အစၥေရးႏိုင္ငံက သူ႕ကို ဂုဏ္ထူးေဆာင္ႏိုင္ငံသား အျဖစ္ ဂုဏ္ျပဳ ခဲ့တာျဖစ္တယ္ ။ က်န္းမာေရးဆုိးရြားေနတာေၾကာင့္ ဇနီးနဲ႔သား သာ သူ႔ကိုယ္စားတက္ေရာက္ ဆုယူႏုိင္ခဲ့ပါတယ္။ ၁၉၈၆ ခုႏွစ္မွာ သူကြယ္လြန္ ခဲ့ပါတယ္ ။ သူကြယ္လြန္ခ်ိန္အထိ ဂ်ပန္ႏုိင္ငံသားေတြဟာ သူ႔ရဲ႕ေမတၱာေစတနာႀကီးျမတ္မႈေတြကို မသိၾကေသးပါဘူး။ ကြယ္လြန္ၿပီးမွသာ သူ႔ရဲ႕ရဲရင့္ျပတ္သားတဲ့ လုပ္ေဆာင္ခ်က္မ်ားကို သိရွိခဲ့ရၾကၿပီး ဘ၀ကုိခက္ခဲစြာျဖတ္သန္းခဲ့တဲ့ သူ႔အတြက္ ယူႀကဳံးမရျဖစ္ခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone
ဦးကိုကိုဦး ( သာယာဝတီ )
( ref : The Daily Beast ” Lessons from Japan’s Schindler ” )
#Unicode Version#
ကျုပ်က ကိုယ့်အစိုးရကိုယ်ဆန့်ကျင်ချင် ဆန့်ကျင်မယ် ။ ကိုယ့်ဘုရားသခင် ကိုယ်မဆန့်ကျင်နိုင်ဘူး လို့ ဆိုတဲ့သူ

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စက်မှုလုပ်ငန်းရှင် အော်စကာရှင်းဒလားဟာ သူ့ရဲ့ စက်ရုံလုပ်ငန်းမှာ ဂျူ းလူမျ ို း ( ၁၂၀၀ ) ကျော်ကို အလုပ်ခန့်ထားပေးခြင်း အားဖြင့် နာဇီတို့ရဲ့ မျိုးဖြုတ် သုတ်သင်မှုဘေးက လွတ်မြောက်အောင် ကယ်တင်ခဲ့ပါတယ် ။ ဒီဖြစ်ရပ်မှန် ကို Schindler’s List ရုပ်ရှင်ကားနဲ့ ကမ္ဘာသိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဂျပန်သံတမန်တယောက် ဖြစ်တဲ့ ချိယုနဲ ဆုဂိဟယ ( Chiune Sugihara ) ကို ” ဂျပန် ရှင်းဒလား ” လို့ ခေါ်ဝေါ်သတ်မှတ်ကြပါတယ် ။ သူ့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း စွမ်းဆောင်ချက်တွေကိုတော့ လူသိနည်းနေတုန်း ပါပဲ။

ဆုဂိဟယ ကို ( ၂၀ ) ရာစုနှစ်ရဲ့ ပထမဆုံးနေ့မှာ ဖွားမြင်ပါတယ် ။ သူ့ဖခင်က ထင်ရှားတဲ့ အထူးကုဆရာဝန်ကြီး ပါ ။ ဖခင်ကြီး ဆန္ဒအတိုင်း ဆေးတက္ကသိုလ် တက်ရောက်နေတုန်းမှာပဲ သူဟာ နိုင်ငံခြားဘာသာစကားတွေမှာ ထူးချွ န်သူဖြစ်ပြီး သူ တကယ်ဖြစ်ချင်တဲ့ဘဝ က နိုင်ငံပေါင်းစုံကို လှည့်ပတ်သွားလာနေရတဲ့ ဘဝမျိုးပဲ ဆိုတာ သူ့ကိုယ်သူ ရှာဖွေတွေ့ရှိသွားတယ် ။ ဒါနဲ့ပဲ ဆေးတက္ကသိုလ်စာမေးပွဲကို တမင်ကျအောင် ဖြေလိုက်တယ် ။ ပြီးတော့ နိုင်ငံခြားသံတမန် သင်တန်းကျောင်းကို ပြောင်းတက်တယ် ။ ဆိုဗီယက်ရပ်ရှား ဆိုင်ရာ အထူးကျွ မ်းကျင်သူအဖြစ် လေ့လာသင်ယူခဲ့ရတယ် ။ ဒါပေမယ့် အလုပ်စဝင်ဝင်ချင်းမှာ ဆိုဗီယက်ရပ်ရှား ကို မသွားရသေးဘူး ။ အဲ့အချိန်က ဂျပန်လက်အောက်ခံ နယ်မြေဖြစ်တဲ့ တရုတ်ပြည်မန်ချူ းရီးယားနယ်က မန်ချူးကိုး ရုပ်သေးအစိုးရ ရဲ့ ဂျပန်သံရုံးမှာအမှုထမ်းရတယ် ။
၁၉၃၉ ခုနှစ် နိုဝင်ဘာလ ရောက်မှ အဲ့အချိန်က ဆိုဗီယက်ရပ်ရှားပြည်ထောင်စုရဲ့ ပြည်နယ်တခုဖြစ်တဲ့ လစ်သူယေးနီးယား ( ယနေ့ခေတ် လစ်သူယေးနီးယားနိုင်ငံ ) ရဲ့ မြို့တော် ကောနပ်စ် ကို ဂျပန် လက်ထောက်ကောင်စစ်ဝန် အဖြစ် ပြောင်းရွှေ့ အမှုထမ်းရတယ် ။ နောက် ၂ လ အကြာမှာ နာဇီဂျာမနီ က ပိုလန်နိုင်ငံကို ကျ ူ းကျော်သိမ်းပိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီး စတင်ပါတော့တယ် ။ ဆုဂိဟယ ဟာ ကိုယ့်သဘောနဲ့ ကိုယ် နာဇီဆန့်ကျင်ရေး ပိုလန်မြေအောက် တော်လှန်ရေးသမားတွေနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တယ် ။

အဲ့အချိန်က ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ ဝင်မပါသေးဘူး ။ ဒါကြောင့် နာဇီဂျာမနီနဲ့ရော ။ ဆိုဗီယက်ရပ်ရှားနဲ့ရော သင့်မြတ်အောင် ဆက်ဆံဖို့ ဆုဂိဟယ ကို သူ့အထက်အရာရှိတွေက ညွှန်ကြားထားတယ် ။ ဒါပေမယ့် ဆုဂိဟယ က နာဇီလက်က လွတ်အောင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပိုလန်တော်လှန်ရေးသမား တချို့ကို ဂျ ပန်ပြည်ဝင်ခွင့် ဗီဇာ ရရှိအောင် သူ့လုပ်ပိုင်ခွင့်ဘောင်အတွင်းက ကူညီလိုက်တယ် ။ ဒီသတင်းဟာ နာဇီလက်က လွတ်အောင် သေပြေးရှင်ပြေးတိမ်းရှောင်နေရတဲ့ ဂျူ းဒုက္ခသည်တွေ ဆီကို ရောက်သွားတယ် ။ မကြာခင်မှာပဲ ဆုဂိဟယ ရဲ့ လစ်သူယေးနီးယား ဂျပန်ကောင်စစ်ဝန်ရုံးရှေ့မှာ ဂျပန်ဗီဇာ လာလျှောက်တဲ့ ဂျူ းလူမျိုးတွေ စုပြုံ နေတော့တယ် ။ အဲ့အချိန်က နာဇီလက်အောက် ကျ ရောက်သွားပြီဖြစ်တဲ့ ပိုလန် ။ ဟော်လန် စတဲ့ တိုင်းပြည်တွေက ဂျူ းလူမျို းတွေဟာ နာဇီရန်က လွတ်အောင် ဘဲလ်တစ်ဒေသ ကို စုပြုံ ပြေးလာကြတယ်။ နောက်က ထပ်ချပ်မကွာလိုက်လာနေတဲ့ နာဇီဂျာမနီရန် ကြောင့် လတ်ဗီးယား ။ လစ်သူယေးနီးယား စတဲ့ ဘဲလ်တစ်ဂျူ း တွေဟာလည်း ပြည်ပကို ထွက်ပြေးချ င်နေကြတယ်။ ဒါပေမယ့် သူတို့ကို ဘယ်သူကမှ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးကြဘူး။ လုပ်ပေးတဲ့သူဟာ အသက်နိုင်တဲ့အထိ ကြီးလေးတဲ့ပြစ်ဒဏ်ခံရနိုင်ပါတယ်။

ဆုဂိဟယ ဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အထက်ကို ၃ ကြိမ်တိုင်တိုင် အစီရင်ခံခဲ့တယ် ။ တိကျတဲ့ ညွှန်ကြားချက်မရတဲ့အဆုံး ကိုယ့်သဘောနဲ့ ကိုယ် ဂျူးတွေကို ဂျပန်ဗီဇာ ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ် ။ တော်ရုံသတ္တိနဲ့တော့ ဒီလိုစွန့်စားဖို့ဆိုတာ မလွယ်ကူလှပါဘူး။
” ကျု ပ်က ကိုယ့်အစိုးရကိုယ် ဆန့်ကျင်ချင် ဆန့်ကျင်မယ် ။ ကိုယ့် ဘုရားသခင် ကိုယ် မဆန့်ကျင်နိုင်ဘူး “ လို့သူ့ကိုယ်ရေးမှတ်တမ်း စာအုပ်မှာ ရေးခဲ့တယ် ။
ဒါနဲ့ပဲ ဆုဂိဟယ ဟာ ၁၉၄၀ ခုနှစ် ဇွန်လ က စက်တင်ဘာလ အတွင်း ဂျူ းတွေအတွက် ဂျပန်ပြည်ဝင်ခွင့်ဗီဇာကို မရပ်မနား ထုတ်ပေးပါတော့တယ် ။ ဗီဇာ စာရွက်စာတမ်းတွေ အပေါ်မှာ လက်မှတ်ထိုးဖို့ နေ့ရော ညရော အလုပ်လုပ်ရတယ် ။ တနေ့ကို ၄ နာရီက ၆ နာရီပဲ အိပ်စက်အနားယူပြီး ဗီဇာစာရွက်စာတမ်းတွေ အပေါ်မှာ မနေမနား လက်မှတ်ထိုးပေးခဲ့တယ်လို့ ဆိုပါတယ် ။ ဗီဇာ ရဖို့ မဖြစ်နိုင်တဲ့ ဂျူ းတွေကိုလည်း ဆိုဗီယက်ရပ်ရှား အရာရှိတချို့နဲ့ ညှိနှိုင်းပြီး ဆိုက်ဘေးရီးယားဖြတ် ရထား စီးနင်းခွင့်လက်မှတ်ရအောင် ကူညီပေးခဲ့ပါသေးတယ် ။ သူတို့ဟာ အဲ့ဒီရထား စီးနင်းပြီး ဆိုဗီယက်ရပ်ရှားပြည်ထောင်စု အရှေ့ခြမ်း ပစိဖိတ်သမုဒ္ဒရာကမ်းခြေ ဗလာဒီဗော့စတော့မြို့ကို အရောက်သွားနိုင်ကြလို့ စစ်အတွင်း နာဇီဘေးရန်က ဝေးရာကို ရောက်သွားနိုင်ခဲ့ကြတယ် ။

၁၉၄၀ စက်တင်ဘာလမှာ ဆိုးဝါးလာတဲ့ ကမ္ဘာစစ်အခြေအနေ ကြောင့် လစ်သူယေးနီးယားက ကောင်စစ်ဝန်ရုံးကို ပိတ်လိုက်ဖို့ ဂျပန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ် ။ ဆုဂိဟယ ဟာ ပြည်တော်ပြန်ဖို့ ရထားဘူတာရုံကို သွားနေချ ိန်အထိ ဗီဇာစာရွက်တွေ အပေါ်မှာ လက်မှတ်ထိုးပေးနေတုန်းပဲလို့ မျက်မြင်တွေ့ဖူးသူတွေက ပြောပြပါတယ် ။ ရထားထွက်တဲ့အခါ သူ လက်မှတ်ထိုးပြီး နောက်ဆုံးကျ န်တဲ့ ဗီဇာစာရွက်စာတမ်း တချို့ကို စောင့်ဆိုင်းနေတဲ့ ဂျူ းဒုက္ခသည် လူအုပ်ကြီးထဲ ကြဲချ ပေးခဲ့တယ် ။ ပြီးတော့ လူအုပ်ကြီးဘက် ဦးညွှတ်နှုတ်ဆက်ပြီး ” ခွင့်လွှတ်ပါဗျာ ။ ကျွန်တော် ဒီထက်ပိုပြီး မကူညီနိုင်တော့ပါဘူး ” လို့ နှုတ်ဆက်စကား ပြောခဲ့တယ် ဆိုပါတယ် ။

ဒီအချိန်တိုလေးအတွင်းမှာ ဆုဂိဟယ ဟာ ဂျ ပန် ပြည်ဝင်ခွင့်ဗီဇာ ( ၂၁၃၉ ) စောင် ထုတ်ပေးနိုင်ခဲ့တယ် ။ သူ့သဘောနဲ့ သူ ထုတ်ပေးလိုက်တဲ့ ဒီ ဗီဇာတွေကြောင့် ခလေးငယ်တွေ အပါအဝင် ဂျူ းလူမျို း ( ၆၀၀၀ ) ကျော် ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။ဒုတိယကမ္ဘာစစ် အပြီးမှာ သူဟာ မဟာမိတ်စစ်သုံ့ပန်း စခန်းမှာ ( ၁၈ ) လကြာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ် ။ အဲ့ဒိနောက် ဒုတိယကမ္ဘာစစ်မတိုင်ခင် ကာလက အထက်ကခွင့်ပြုချက် မရှိပဲ မိမိတဦးတည်းသဘောနဲ့ပြည်ဝင်ခွင့်ဗီဇာတွေ ထုတ်ပေးခဲ့တဲ့အတွက် ဆိုပြီး နိုင်ငံခြားရေးဌာနက သူ့ကို အလုပ်ထုတ်ပစ်လိုက်တယ်။ ဆုဂိဟယ ဟာ သူ့ဘဝ ကျန်ရှိတဲ့အချိန်တွေမှာ တဝမ်းတခါးအတွက် လျှပ်စစ်မီးသီးတွေ တအိမ်ဝင်တအိမ်ထွက် ရောင်းရတဲ့ အရောင်းသမားအဖြစ် ခက်ခဲပင်ပန်းစွာ အသက်မွေးခဲ့ရပါတယ် ။

ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ချက်အတွက် အသိအမှတ်ပြု ဂုဏ်ပြုမှု ကို ဆုဂိဟယ မသေမီ တွေ့မြင်ခွင့်ရသွားခဲ့တယ် ။ ၁၉၈၄ ခုနှစ်မှာ အစ္စရေးနိုင်ငံက သူ့ကို ဂုဏ်ထူးဆောင်နိုင်ငံသား အဖြစ် ဂုဏ်ပြု ခဲ့တာဖြစ်တယ် ။ ကျန်းမာရေးဆိုးရွားနေတာကြောင့် ဇနီးနဲ့သား သာ သူ့ကိုယ်စားတက်ရောက် ဆုယူနိုင်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ သူကွယ်လွန် ခဲ့ပါတယ် ။ သူကွယ်လွန်ချိန်အထိ ဂျပန်နိုင်ငံသားတွေဟာ သူ့ရဲ့မေတ္တာစေတနာကြီးမြတ်မှုတွေကို မသိကြသေးပါဘူး။ ကွယ်လွန်ပြီးမှသာ သူ့ရဲ့ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်ချက်များကို သိရှိခဲ့ရကြပြီး ဘဝကိုခက်ခဲစွာဖြတ်သန်းခဲ့တဲ့ သူ့အတွက် ယူကြုံးမရဖြစ်ခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
ဦးကိုကိုဦး ( သာယာဝတီ )
( ref : The Daily Beast ” Lessons from Japan’s Schindler ” )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top