Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေအာင္ျမင္မႈတစ္ခုကို ရယူႏိုင္ခ်င္တဲ့သူတိုင္းမွာ ကိုယ္ပိုင္အရည္အခ်င္းေလးေတာ့ ရွိထားဖို႔လိုပါတယ္။ ကိုယ္ပိုင္အရည္အခ်င္း ဆိုတဲ့ေနရာမွာ ေတာင္ကိုခြင္းႏိုင္ရမယ္၊ ေတာကိုရွင္းႏိုင္ရမယ္လို႔ ဆိုလိုတာမ်ိဳ မဟုတ္ပါဘူး။ ကိုယ့္စိတ္အတြင္းမွာ ကိန္းေအာင္းေနရမယ့္ အဓိကအခ်က္ေလးေတြပဲ ျဖစ္ပါတယ္။

ဒီအခ်က္ေလးေတြဟာ စိတ္အတြင္းမွာျဖစ္တည္ရတာနဲ႔အညီ သိပ္ကိုႏုညံ့ခက္ခဲနက္နဲၿပီး ဘဝလမ္းတစ္ေလွ်ာက္မွာလည္း မယံုၾကည္ႏိုင္ေလာက္ေအာင္ကို ထိေရာက္မႈရွိလွပါတယ္။

ဒါေၾကာင့္ အခုေဖာ္ျပထားတဲ့ အရည္အခ်င္း (၅) မ်ိဳးကိုသာ အေကာင္းဆံုး ေလ့က်င့္ပ်ိဳးေထာင္ႏိုင္မယ္ဆိုရင္ သင့္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္အတြက္ ခရီးလမ္းတစ္ဝက္ကို အလြယ္တကူ ေရာက္သြားႏိုင္ပါလိမ့္မယ္။
play

(၁) communication စေကးမ်ား

Communication စေကးေတြကို ဘာ့ေၾကာင့္ ထိပ္ဆံုး နံပါတ္ (၁) မွာ ထားရတာလဲဆိုရင္ ေစာႏိုင္သမွ် ေစာေစာ အလုပ္ စတင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ပင္မစြမ္းရည္ေတြ ျဖစ္ေနလို႔ပါ။ အထူးသျဖင့္ သင့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈလုပ္ငန္း စတင္လည္ပတ္ၿပီဆိုတာနဲ႔ ဒီစေကးေတြကလည္း အဓိက လိုအပ္ခ်က္တစ္ခု ျဖစ္လာပါလိမ့္မယ္။

communication skill လို႔ေခၚတဲ့ ဆက္သြယ္မႈစေကးေတြဆိုတာဟာ စကားေျပာတာေတြ၊ စိတ္ပါလက္ပါ နားေထာင္ေပးတာေတြ၊ စည္း႐ံုးသိမ္းသြင္း ႏိုင္စြမ္းေတြနဲ႔  ညႇိႏႈိင္းမႈျပဳႏိုင္စြမ္းေတြကို ဆိုလိုျခင္း ျဖစ္ပါတယ္။ စကားေျပာတဲ့အခါမွာ ရွင္းလင္းျပတ္သားစြာနဲ႔ ေျပာဆိုႏိုင္ စြမ္းရွိရမယ္။

ကိုယ္ေပးလိုတဲ့ အခ်က္အလက္ေတြ၊ ဒါမွမဟုတ္ အိုင္ဒီယာေတြကို ထိထိေရာက္ေရာက္ျဖစ္ေအာင္ ေပးပို႔ႏိုင္ရမယ္။ ကိုယ့္ ဘက္ကလည္း လိုအပ္ရင္လိုအပ္သလို ေဝဖန္ေပးၿပီး ကိုယ့္ေပၚေဝဖန္မႈျပဳတာေတြကိုလည္း လက္ခံႏိုင္စြမ္း ရွိရမယ္။

ၿပီးေတာ့ လူထုေရွ႕ေမွာက္မွာလည္း စကားေျပာဆိုႏုိင္စြမ္းရမယ္လို႔ ဆိုလိုျခင္း ျဖစ္ပါတယ္။ ဒီအခ်က္ေတြဟာ တျခားလူေတြနဲ႔ ဆက္ဆံရာမွာ ထိေရာက္မႈရွိၿပီး ေရရွည္ထိန္းသိမ္းထားႏိုင္တဲ့ အတြက္ မရွိမျဖစ္ လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။

အကယ္၍ သင္ဟာ တျခားလူေတြနဲ႔ ဆက္သြယ္မႈ ဘာမွမျပဳ ႏိုင္ဘူးဆိုရင္ သင့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ပတ္သက္ၿပီး အခက္အခဲ ျပႆနာေတြ မ်ားစြာႀကံဳေတြရႏိုင္ပါတယ္။
play

(၂) ပူးေပါင္းလုပ္ကိုင္လိုစိတ္

အုပ္စုတစ္ခုအေနနဲ႔ တျခားလူေတြနဲ႔အတူ အလုပ္တြဲဖက္လုပ္ကိုင္ႏိုင္စြမ္းဟာလည္း လုပ္ငန္းခြင္ထဲမွာ မရွိမျဖစ္လိုအပ္တဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဘယ္အလုပ္ကိုပဲလုပ္လုပ္ အဖြဲ႔အစည္းတစ္ခုရဲ႕ အစိတ္အပိုင္းတစ္ခု အေန နဲ႔ပဲ လုပ္ကိုင္ၾကရပါတယ္။

နည္းလမ္းကေတာ့ တူခ်င္လည္း တူမယ္။ တူခ်င္မွလည္း တူပါလိမ့္မယ္။ အဲဒီလိုပဲ group project တစ္ခုကို လုပ္ကိုင္ေဆာင္ရြက္တဲ့ ေနရာမွာပဲ ျဖစ္ျဖစ္၊ meeting မွာပဲ ျဖစ္ျဖစ္ အေရးႀကီးတာက သင့္မွာ အဖြဲ႔အစည္းစိတ္ဓာတ္ ရွိဖို႔လိုပါတယ္။ တျခားသူေတြကို ေလးစားရမယ္။ ဘံုေမွ်ာ္မွန္းခ်က္တစ္ခုကို ေအာင္ျမင္ေအာင္လုပ္ေဆာင္ဖို႔ကိုပဲ ဦးတည္ႏိုင္ရ ပါလိမ့္မယ္။

တကယ္ေတာ့ အဖြဲ႔အစည္းတစ္ခုနဲ႔လုပ္ေဆာင္တယ္ဆိုတာဟာ ကိုယ့္မွာ ထိေရာက္တဲ့ အိုင္ဒီယာေတြရွိေနရင္ တျခားသူေတြ ကို မွ်ေဝေပးႏိုင္ရမယ္။ အဲဒီလိုပဲ တျခားသူေတြရဲ႕ အိုင္ဒီယာေတြကိုလည္း နင္းတက္တာမ်ိဳး မလုပ္မိဖို႔လိုပါတယ္။

ၿပီးေတာ့ တာဝန္ယူရဲတဲ့စိတ္အျပည့္ေမြးၿပီး ကိုယ္လုပ္ႏိုင္တယ္ဆိုတာကို ျပသႏိုင္ရမယ္။ သူမ်ားေတြကို ကိုယ့္ဘက္က လိုအပ္ရင္ လိုအပ္သလို feedback ေပးႏိုင္ရမွာျဖစ္သလို သူမ်ားေတြဆီက ရလာမယ့္ ေဝဖန္မႈေတြကိုလည္း ႀကိဳဆိုရဲတဲ့ သတၱိရွိရပါမယ္။

(၃) အခ်ိန္စီမံခန္႔ခြဲမႈ

အခ်ိန္စီမံခန္႔ခြဲႏိုင္မႈကလည္း အလုပ္တစ္ခုကို deadlines ေပးၿပီး လုပ္ကိုင္ေဆာင္ရြက္ရတဲ့ အေနအထားမ်ိဳးေတြမွာ သိပ္ကို အေရးပါလာပါတယ္။ ေက်ာင္းပေရာဂ်က္ေတြကို လုပ္ေဆာင္တဲ့ေနရာမွာပဲ ျဖစ္ျဖစ္၊ ႐ံုးလုပ္ငန္းေတြကို ေဆာင္ရြက္ၾကတဲ့ အခါမွာပဲျဖစ္ျဖစ္ အဓိကအခန္းက႑တစ္ခုအေနနဲ႔ ရပ္တည္ေနပါတယ္။

ဒါ့ေၾကာင့္ အသက္ေမြးဝမ္းေက်ာင္းမႈတစ္ေလွ်ာက္မွာ ပေရာ္ဖက္ရွင္နယ္က်က် ရပ္တည္ႏိုင္ေရးအတြက္ အခ်ိန္စီမံခန္႔ခြဲမႈကလည္း လိုအပ္တဲ့ စေကးတစ္ခုလို႔ ဆိုႏိုင္ပါတယ္။

အခ်ိန္ကို ေကာင္းေကာင္းစီမံခန္႔ခြဲႏိုင္မယ္ဆိုရင္ ဖိအားေတြ၊ စိတ္ဖိစီးမႈေတြ မ်ားေျမာင္ေနမယ္ဆိုရင္ေတာင္မွ အဆင္ေျပေျပ နဲ႔ လုပ္ႏိုင္ကိုင္ႏိုင္တဲ့ အေနအထားျဖစ္ေအာင္ အကူအညီျဖစ္ေစပါတယ္။

ဒါ့ေၾကာင့္ သင့္ရဲ႕ အခ်ိန္ေတြကို အက်ိဳးရွိရွိ ခြဲျခမ္း စိတ္ျဖာႏိုင္ဖို႔နဲ႔ ထိေရာက္တဲ့ လုပ္ေဆာင္ခ်က္အစီအစဥ္ေတြ ေရးဆြဲတတ္ေအာင္ ေလ့က်င့္ထားဖို႔ လိုပါတယ္။

(၄) လိုက္ေလ်ာညီေထြျဖစ္မႈ

ပတ္ဝန္းက်င္အေျပာင္းအလဲကိုၾကည့္ၿပီး အားလံုးနဲ႔အဆင္ေျပေျပျဖစ္ေအာင္ လိုက္ေလ်ာညီေထြေနထိုင္ လုပ္ကိုင္ႏိုင္စြမ္းရွိဖို႔ ကလည္း ယေန႔ အလုပ္သမားေစ်းကြက္မွာ မရွိမျဖစ္လိုအပ္ခ်က္တစ္ခု ျဖစ္လို႔ေနပါတယ္။

သင့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈ လမ္းတစ္ေလွ်ာက္မွာ အလုပ္ေတြကိုလည္း အႀကိမ္ႀကိမ္အမ်ိဳးမ်ိဳး ေျပာင္းလဲလုပ္ကိုင္ေနခဲ့ရတာမ်ိဳးေတြလည္း ရွိႏိုင္သလို၊ လုပ္ပံုကိုင္ပံုေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြ လံုးဝကြဲထြက္ေနတဲ့ လုပ္ငန္းရွင္ (သို႔) အလုပ္ေခၚသူေတြနဲ႔လည္း သင္ကိုယ္တိုင္ ေတြ႔ထိ လုပ္ကိုင္ေနရခ်င္လည္း လုပ္ကိုင္ေနရပါလိမ့္မယ္။

အဲဒီလိုအေနအထားမ်ိဳးေတြမွာ သင့္ဆီမွာ လိုက္ေလ်ာညီေထြ ေျပာင္းလဲေဆာင္ရြက္ႏိုင္စြမ္းရွိေနမယ္ဆိုရင္ အားလံုးက အခက္အခဲမရွိ ေအာင္ျမင္ႏိုင္ပါလိမ့္မယ္။

(၅) ကိုယ့္ကိုယ္ကိုယ္ လံႈ႔ေဆာ္ေပးႏိုင္စြမ္း

ကိုယ့္ကိုယ္ကိုယ္ လံႈ႔ေဆာ္ေပးတယ္ဆိုတာကေတာ့ ကိုယ္ပိုင္ရည္မွန္းခ်က္ေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ရာ အတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ တစ္နည္းအားျဖင့္ေျပာရမယ္ဆိုရင္ အခြင့္အလမ္းအသစ္ ေတြနဲ႔ ကိုယ့္ေမွ်ာ္မွန္းထားတဲ့ တိုးတက္မႈအေနအထားေတြ ျဖစ္ေပၚလာေအာင္ ကိုယ္တိုင္ ဖန္တီးယူႏိုင္ဖို႔လည္း ျဖစ္ပါတယ္။

ဒီအရာက သင့္ကို ေအာင္ျမင္ မႈလမ္းဆီကို ဘယ္ေလာက္ေတာင္ တြန္းပို႔ေပးႏိုင္လဲဆိုရင္ သင့္မွာ လံႈေဆာ္ပိုင္းျဖတ္ႏိုင္တဲ့ စိတ္မ်ိဳးရွိမေနဘူးဆိုရင္ သင္လုပ္ သမွ်ဟာကလည္း နည္းနည္းပဲ ျဖစ္ေျမာက္ပါလိမ့္မယ္။

ဒါေပမဲ့ သင့္မွာ ကိုယ့္စိတ္ကို ကိုယ္တိုင္လံႈ႔ေဆာ္ႏိုင္စြမ္းရွိၿပီး ကိုယ့္စိတ္ ကို ကိုယ္တိုင္ပိုင္ဆိုင္ေနမယ္ဆိုရင္ေတာ့ သင္လုပ္သမွ်အတြက္ အေကာင္းဆံုးအသီးအပြင့္ေတြကို မလြဲမေသြ ခံစားရမွာ ေသခ်ာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version #
အောင်မြင်မှုတစ်ခုကို ရယူနိုင်ချင်တဲ့သူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းလေးတော့ ရှိထားဖို့လိုပါတယ်။ ကိုယ်ပိုင်အရည်အချင်း ဆိုတဲ့နေရာမှာ တောင်ကိုခွင်းနိုင်ရမယ်၊ တောကိုရှင်းနိုင်ရမယ်လို့ ဆိုလိုတာမျို မဟုတ်ပါဘူး။ ကိုယ့်စိတ်အတွင်းမှာ ကိန်းအောင်းနေရမယ့် အဓိကအချက်လေးတွေပဲ ဖြစ်ပါတယ်။

ဒီအချက်လေးတွေဟာ စိတ်အတွင်းမှာဖြစ်တည်ရတာနဲ့အညီ သိပ်ကိုနုညံ့ခက်ခဲနက်နဲပြီး ဘဝလမ်းတစ်လျှောက်မှာလည်း မယုံကြည်နိုင်လောက်အောင်ကို ထိရောက်မှုရှိလှပါတယ်။

ဒါကြောင့် အခုဖော်ပြထားတဲ့ အရည်အချင်း (၅) မျိုးကိုသာ အကောင်းဆုံး လေ့ကျင့်ပျိုးထောင်နိုင်မယ်ဆိုရင် သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် ခရီးလမ်းတစ်ဝက်ကို အလွယ်တကူ ရောက်သွားနိုင်ပါလိမ့်မယ်။
play

(၁) communication စကေးများ

Communication စကေးတွေကို ဘာ့ကြောင့် ထိပ်ဆုံး နံပါတ် (၁) မှာ ထားရတာလဲဆိုရင် စောနိုင်သမျှ စောစော အလုပ် စတင်နိုင်ဖို့အတွက် လိုအပ်တဲ့ ပင်မစွမ်းရည်တွေ ဖြစ်နေလို့ပါ။ အထူးသဖြင့် သင့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း စတင်လည်ပတ်ပြီဆိုတာနဲ့ ဒီစကေးတွေကလည်း အဓိက လိုအပ်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

communication skill လို့ခေါ်တဲ့ ဆက်သွယ်မှုစကေးတွေဆိုတာဟာ စကားပြောတာတွေ၊ စိတ်ပါလက်ပါ နားထောင်ပေးတာတွေ၊ စည်းရုံးသိမ်းသွင်း နိုင်စွမ်းတွေနဲ့  ညှိနှိုင်းမှုပြုနိုင်စွမ်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ စကားပြောတဲ့အခါမှာ ရှင်းလင်းပြတ်သားစွာနဲ့ ပြောဆိုနိုင် စွမ်းရှိရမယ်။

ကိုယ်ပေးလိုတဲ့ အချက်အလက်တွေ၊ ဒါမှမဟုတ် အိုင်ဒီယာတွေကို ထိထိရောက်ရောက်ဖြစ်အောင် ပေးပို့နိုင်ရမယ်။ ကိုယ့် ဘက်ကလည်း လိုအပ်ရင်လိုအပ်သလို ဝေဖန်ပေးပြီး ကိုယ့်ပေါ်ဝေဖန်မှုပြုတာတွေကိုလည်း လက်ခံနိုင်စွမ်း ရှိရမယ်။

ပြီးတော့ လူထုရှေ့မှောက်မှာလည်း စကားပြောဆိုနိုင်စွမ်းရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တခြားလူတွေနဲ့ ဆက်ဆံရာမှာ ထိရောက်မှုရှိပြီး ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

အကယ်၍ သင်ဟာ တခြားလူတွေနဲ့ ဆက်သွယ်မှု ဘာမှမပြု နိုင်ဘူးဆိုရင် သင့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ပတ်သက်ပြီး အခက်အခဲ ပြဿနာတွေ များစွာကြုံတွေရနိုင်ပါတယ်။
play

(၂) ပူးပေါင်းလုပ်ကိုင်လိုစိတ်

အုပ်စုတစ်ခုအနေနဲ့ တခြားလူတွေနဲ့အတူ အလုပ်တွဲဖက်လုပ်ကိုင်နိုင်စွမ်းဟာလည်း လုပ်ငန်းခွင်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘယ်အလုပ်ကိုပဲလုပ်လုပ် အဖွဲ့အစည်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု အနေ နဲ့ပဲ လုပ်ကိုင်ကြရပါတယ်။

နည်းလမ်းကတော့ တူချင်လည်း တူမယ်။ တူချင်မှလည်း တူပါလိမ့်မယ်။ အဲဒီလိုပဲ group project တစ်ခုကို လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ meeting မှာပဲ ဖြစ်ဖြစ် အရေးကြီးတာက သင့်မှာ အဖွဲ့အစည်းစိတ်ဓာတ် ရှိဖို့လိုပါတယ်။ တခြားသူတွေကို လေးစားရမယ်။ ဘုံမျှော်မှန်းချက်တစ်ခုကို အောင်မြင်အောင်လုပ်ဆောင်ဖို့ကိုပဲ ဦးတည်နိုင်ရ ပါလိမ့်မယ်။

တကယ်တော့ အဖွဲ့အစည်းတစ်ခုနဲ့လုပ်ဆောင်တယ်ဆိုတာဟာ ကိုယ့်မှာ ထိရောက်တဲ့ အိုင်ဒီယာတွေရှိနေရင် တခြားသူတွေ ကို မျှဝေပေးနိုင်ရမယ်။ အဲဒီလိုပဲ တခြားသူတွေရဲ့ အိုင်ဒီယာတွေကိုလည်း နင်းတက်တာမျိုး မလုပ်မိဖို့လိုပါတယ်။

ပြီးတော့ တာဝန်ယူရဲတဲ့စိတ်အပြည့်မွေးပြီး ကိုယ်လုပ်နိုင်တယ်ဆိုတာကို ပြသနိုင်ရမယ်။ သူများတွေကို ကိုယ့်ဘက်က လိုအပ်ရင် လိုအပ်သလို feedback ပေးနိုင်ရမှာဖြစ်သလို သူများတွေဆီက ရလာမယ့် ဝေဖန်မှုတွေကိုလည်း ကြိုဆိုရဲတဲ့ သတ္တိရှိရပါမယ်။

(၃) အချိန်စီမံခန့်ခွဲမှု

အချိန်စီမံခန့်ခွဲနိုင်မှုကလည်း အလုပ်တစ်ခုကို deadlines ပေးပြီး လုပ်ကိုင်ဆောင်ရွက်ရတဲ့ အနေအထားမျိုးတွေမှာ သိပ်ကို အရေးပါလာပါတယ်။ ကျောင်းပရောဂျက်တွေကို လုပ်ဆောင်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ရုံးလုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့ အခါမှာပဲဖြစ်ဖြစ် အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။

ဒါ့ကြောင့် အသက်မွေးဝမ်းကျောင်းမှုတစ်လျှောက်မှာ ပရော်ဖက်ရှင်နယ်ကျကျ ရပ်တည်နိုင်ရေးအတွက် အချိန်စီမံခန့်ခွဲမှုကလည်း လိုအပ်တဲ့ စကေးတစ်ခုလို့ ဆိုနိုင်ပါတယ်။

အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်မယ်ဆိုရင် ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ များမြောင်နေမယ်ဆိုရင်တောင်မှ အဆင်ပြေပြေ နဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားဖြစ်အောင် အကူအညီဖြစ်စေပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ အချိန်တွေကို အကျိုးရှိရှိ ခွဲခြမ်း စိတ်ဖြာနိုင်ဖို့နဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်အစီအစဉ်တွေ ရေးဆွဲတတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။

(၄) လိုက်လျောညီထွေဖြစ်မှု

ပတ်ဝန်းကျင်အပြောင်းအလဲကိုကြည့်ပြီး အားလုံးနဲ့အဆင်ပြေပြေဖြစ်အောင် လိုက်လျောညီထွေနေထိုင် လုပ်ကိုင်နိုင်စွမ်းရှိဖို့ ကလည်း ယနေ့ အလုပ်သမားဈေးကွက်မှာ မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လို့နေပါတယ်။

သင့်ရဲ့ အသက်မွေးဝမ်းကျောင်းမှု လမ်းတစ်လျှောက်မှာ အလုပ်တွေကိုလည်း အကြိမ်ကြိမ်အမျိုးမျိုး ပြောင်းလဲလုပ်ကိုင်နေခဲ့ရတာမျိုးတွေလည်း ရှိနိုင်သလို၊ လုပ်ပုံကိုင်ပုံတွေ၊ စည်းမျဉ်းစည်းကမ်းတွေ လုံးဝကွဲထွက်နေတဲ့ လုပ်ငန်းရှင် (သို့) အလုပ်ခေါ်သူတွေနဲ့လည်း သင်ကိုယ်တိုင် တွေ့ထိ လုပ်ကိုင်နေရချင်လည်း လုပ်ကိုင်နေရပါလိမ့်မယ်။

အဲဒီလိုအနေအထားမျိုးတွေမှာ သင့်ဆီမှာ လိုက်လျောညီထွေ ပြောင်းလဲဆောင်ရွက်နိုင်စွမ်းရှိနေမယ်ဆိုရင် အားလုံးက အခက်အခဲမရှိ အောင်မြင်နိုင်ပါလိမ့်မယ်။

(၅) ကိုယ့်ကိုယ်ကိုယ် လှုံ့ဆော်ပေးနိုင်စွမ်း

ကိုယ့်ကိုယ်ကိုယ် လှုံ့ဆော်ပေးတယ်ဆိုတာကတော့ ကိုယ်ပိုင်ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ရာ အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် အခွင့်အလမ်းအသစ် တွေနဲ့ ကိုယ့်မျှော်မှန်းထားတဲ့ တိုးတက်မှုအနေအထားတွေ ဖြစ်ပေါ်လာအောင် ကိုယ်တိုင် ဖန်တီးယူနိုင်ဖို့လည်း ဖြစ်ပါတယ်။

ဒီအရာက သင့်ကို အောင်မြင် မှုလမ်းဆီကို ဘယ်လောက်တောင် တွန်းပို့ပေးနိုင်လဲဆိုရင် သင့်မှာ လှုံဆော်ပိုင်းဖြတ်နိုင်တဲ့ စိတ်မျိုးရှိမနေဘူးဆိုရင် သင်လုပ် သမျှဟာကလည်း နည်းနည်းပဲ ဖြစ်မြောက်ပါလိမ့်မယ်။

ဒါပေမဲ့ သင့်မှာ ကိုယ့်စိတ်ကို ကိုယ်တိုင်လှုံ့ဆော်နိုင်စွမ်းရှိပြီး ကိုယ့်စိတ် ကို ကိုယ်တိုင်ပိုင်ဆိုင်နေမယ်ဆိုရင်တော့ သင်လုပ်သမျှအတွက် အကောင်းဆုံးအသီးအပွင့်တွေကို မလွဲမသွေ ခံစားရမှာ သေချာပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top