မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×



ရှိ​ကြောင်း သိရသည်​။

( Ah Lin Nge )
Credit:Thithtoolwin

#Unicode Version#
မန္တလေးမြို့၊ ၂၆×၂၇လမ်းကြား၊ ၇၃×၇၄လမ်းကြား၊ စိတ္တရမဟီအိမ်ရာတိုက်ခန်း၊ (၈)လွှာရှိ နာရေးတွင် သွားရောက်ကူညီလုပ်ကိုင်ပေးနေသည့် ရပ်ကွက်နာရေးကူညီမှုအဖွဲ့ဝင်တစ်ဦး စက်တင်ဘာလ ၂၇ရက်နေ့ နံနက်၈နာရီ၅၀မိနစ် အချိန်ခန့်က ပြုတ်ကျသေဆုံးမှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ နာရေးတွင်ကူညီလုပ်ကိုင်ပေးနေသည့် ရပ်ကွက်နာရေးကူညီမှုအဖွဲ့ဝင် မောင်---၊ အသက် ၁၉နှစ်သည် အတက်ရောဂါဖြစ်ပွားပြီး ဝရံတာပေါ်မှကျော်၍ အောက်သို့ပြုတ်ကျကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားရာသို့ အမှတ်(၈)မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်သိန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရောက်ရှိစစ်ဆေးခဲ့ပြီး အလောင်းအား မန္တလေးဆေးရုံကြီးသို့ တင်ပို့ကာ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၉/၂၀၁၇)ဖြင့် အမှုဖွင့်ထား
ရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal

ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top