Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မ်က္ႏွာေပၚရွိ မွဲ႔ အနက္အဓိပၸာယ္ပထမဦးစြာ သင့္မ်က္ႏွာေပၚရွိမွဲ႔ကို အရင္ဆန္းစစ္ပါ။ ၿပီးရင္ သင့္မ်က္ႏွာေပၚရွိ မွဲ႔ေနရာ
ကို ပံုပါအတိုင္း အနီးစပ္ဆံုးနံပါတ္ကိုၾကည့္ၿပီး အမ်ိဳးအစားပိုင္းျခားသတ္မွတ္ပါ။ထင္ရွားျပတ္သားၿပီး တခုတည္းရွိေသာ
မွဲ႔ကိုသာ အဓိပၸာယ္ေကာက္ယူရပါမယ္။ မ်က္ႏွာေပၚမွ အစက္ အေျပာက္မ်ား၊ ဝက္ၿခံ (သို႔) မွဲ႔ေသးေသး ကေလးမ်ားကို
ထည္႔မတြက္ရပါဘူး။ ကဲ- မွဲ႔ေနရာက သက္ဆိုင္ရာအေနအထားမွာရွိတာေသခ်ာရင္ ဘယ္နံပါတ္ထဲ ပါဝင္ေနမလဲဆိုတာ
ဆန္းစစ္ၾကည့္ရေအာင္။


နံပါတ္ ၁မွ၃ကေလးတေယာက္လိုပဲ သင္႔ရဲ႔စိတ္ဟာ တခါတရံမထိန္းခ်ဳပ္ႏိုင္ပဲ ေပါက္ကြဲလြယ္တယ္။ ေမြးရာပါတီထြင္ၾကံ
ဆဥာဏ္ရွိၿပီး လြတ္လပ္ ခြင့္ျပဳထားပါက အေကာင္းဆံုးျဖစ္ေအာင္ လုပ္ႏိုင္စြမ္းရွိေသာေၾကာင့္ သင့္ရဲ႔ အထက္အရာရွိက
သင့္ရဲ႔ေတြးေခၚဆန္းသစ္ လုပ္ေဆာင္ရည္ကို ႏွစ္သက္သေဘာက်မွာျဖစ္ပါတယ္။ အဲဒီေနရာမွာရွိတဲ့ မွဲ႔ပိုင္ရွင္ ဟာသူမ်ား
အလုပ္ကို လုပ္ရတာထက္ ကိုယ္ပိုင္စီးပြားေရးလုပ္ဖို႔ ကံပါၿပီး စီးပြားေရးမွာလည္း ေအာင္ျမင္ထြန္းေပါက္မွာ ျဖစ္ပါတယ္။


နံပါတ္ ၄သင္ဟာ စိတ္ကူးရသလို လုပ္တတ္တဲ့သူျဖစ္ပါတယ္။မၾကာခဏဆိုသလို သူတပါးအေပၚကို လႊမ္းမိုးသြားေအာင္
ဆြဲေဆာင္ႏိုင္ၿပီး ထူးျခားဆန္းျပားတဲ့ ပင္ကိုယ္အရည္အေသြးမ်ိဳးပိုင္ဆိုင္သူျဖစ္ပါတယ္။ ထင္ျမင္ယူဆေဝဖန္မႈမ်ားအေပၚ
အျငင္းအခံုသန္သူျဖစ္ၿပီး မေက်နပ္ခ်က္နဲ႔ အလိုမက်မႈမ်ားကို စိတ္ထဲရွိတဲ့အတိုင္း ေျပာတတ္သူျဖစ္လို႕ အမ်ားႏွင့္ ဆက္
ဆံရာမွာ အခက္အခဲေတြ႕တတ္ပါတယ္။ အဆိုပါမွဲ႕ပိုင္ရွင္မွာ အၿငိဳးေဒါသ ေပါက္ကြဲလြယ္သူျဖစ္လို႕အဲဒီအက်င့္ေလးသာ
ေဖ်ာက္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ လူ႕ေလာကမွာ တည္ၿငိမ္ေအးခ်မ္းစြာ ေနထိုင္သြားႏိုင္မွာ ျဖစ္ပါတယ္။

နံပါတ္ ၅မ်က္ခံုးအေပၚထက္ရွိ မွဲ႕ပိုင္ရွင္ဟာ ဘဝမွာခ်မ္းခ်မ္းသာသာနဲ႔ ေနရမယ့္ကံပါတယ္။ဒါေပမယ့္သူမ်ားထက္ေတာ့
ပိုရွာၿပီး ပိုႀကိဳးစားလုပ္ကိုင္ရပါတယ္။ သင္ရွာသမွ်ေငြေတြကို ေသခ်ာထိန္းသိမ္းရပါလိမ့္မယ္။ ဘာလို့လဲဆိုေတာ့ သင့္ကို
မနာလိုသူေတြက စကားခ်ိဳခ်ိဳနဲ႔ သင့္ရဲ႔ဥစၥာဓနကို ခြဲေဝယူဖို႔ႀကံစည္ၾကပါလိမ့္မယ္။သင့္ရဲ႔အလ်င္အျမန္ႀကီးပြားခ်မ္းသာတဲ့
စီမံကိန္းႀကီးထဲကို ရင္းႏွီးျမွဳပ္ႏွံဖို႔ႀကိဳးစားလာသူမ်ားကို အထူးသတိရွိပါ၊ သူတပါးအား အယံုမလြယ္မိဖို႔သတိေပးပါရေစ။
သင့္ရဲ႔ပင္ကိုဥာဏ္ကိုသံုးၿပီးသတိဝိရိယနဲ႕ေနပါ။ဘယ္ေသာအခါမွ သင့္ရဲ႔ေငြေၾကးကိစၥရပ္မ်ားကို တပါးသူအားမခ်ဳပ္ကိုင္
ပါေစနဲ႕။

နံပါတ္ ၆ဒီေနရာမွာရွိတဲ့မွဲ႔ပိုင္ရွင္ဟာ ဥာဏ္ေကာင္းတယ္၊ တီထြင္ဖန္တီးဥာဏ္ရွိတယ္၊ အႏုပညာစြမ္းရည္ရွိတယ္။ အဆို
ပါစြမ္းရည္က သင့္ကိုခ်မ္းသာေက်ာ္ၾကားၿပီး ေအာင္ျမင္ေစတယ္။ ခ်မ္းသာမဲ့ကံပါလာၿပီးသား။ ဒါေပမဲ့သမားရိုးက်စီးပြား
ရွာဖို႔လမ္းစဥ္ထက္ ကိုယ္စိတ္ႏွလံုးသြင္းၿပီးရဲရင့္သတၱိရွိမွ ေအာင္ျမင္မႈကို အေကာင္အထည္ေဖာ္ေဆာင္ႏိုင္မွာၿဖစ္တယ္။

နံပါတ္ ၇မ်က္ခံုးေအာက္မွာရွိတဲ့ မွဲ႔ပိုင္ရွင္ဟာ ပူေဆြးေသာက စိတ္မခ်မ္းေျမ့ဖြယ္ေကာင္းတဲ့ ေဆြမ်ိဳး၊ မိသားစုအသိုင္းအ
ဝိုင္းၾကားမွာ ကေတာက္ကဆ စကားမ်ား တတ္တယ္။ အဲဒါက သင့္အလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္း ကို ထိခိုက္ေစပါ
တယ္။ တည္ၿငိမ္ေအးခ်မ္းတဲ့ ဘဝကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ေဆြမ်ိဳး အသိုင္းအဝိုင္းေတြနဲ႕ အဆင္ေျပေအာင္ ညွိ
ယူပါ။

နံပါတ္ ၈ဒီေနရာမွာမွဲ့ရွိရင္ေတာ့ မေကာင္းပါဘူး။ အသံုးအျဖဳန္းမ်ားတတ္တဲ့ အတြက္ေၾကာင့္ အၿမဲအလိုလို ေငြ ၾကပ္ေန
တတ္တယ္။ ေလာင္းကစားကို ခံုမင္သူလည္း ျဖစ္တယ္။ ဘယ္အခ်ိန္မွာ ရပ္တန္းက ရပ္ရမလဲဆိုတာ မိမိကိုယ္ကိုသိပါ။
အလားတူ အဲဒီမွာ မွဲ႔ ရွိတဲ့သူ ဟာ ဆန္႔က်င္ဘက္လိင္ကို သာမက လိင္တူကိုပါ ဆြဲေဆာင္ကလူတတ္ပါတယ္။ သင့္ရဲ႔ဆြဲ
ေဆာင္မႈကို အသံုးခ်ရာမွာ အနည္းငယ္ ေျမာ္ျမင္ဆင္ျခင္ႏိုင္မွ ေတာ္ခါၾကပါမယ္။ မဟုတ္ရင္ ဒုကၡေရာက္သြားႏိုင္တယ္။

နံပါတ္ ၉ဒီေနရာရွိ မွဲ႔ပိုင္ရွင္ဟာ လိင္ပိုင္းဆိုင္ရာနဲ႔ အျခားျပႆနာမ်ား ရွိႏုိင္ပါတယ္။ ကံမေကာင္းတဲ့မွဲ႔ျဖစ္လို႔ ျဖတ္ပစ္ဖို႔
အၾကံျပဳပါရေစ။ ပူေဆြးေသာကမ်ားစြာနဲ႔ ျပႆနာေပါင္းမ်ားစြာကို ယူေဆာင္လာမဲ့ မွဲ႔မ်ိဳးပါ။

နံပါတ္ ၁၀နွေခါင္းေအာက္တည့္တည့္မွာမွဲ႔ပါရင္ သားေျမးစဥ္ဆက္ထိ ကံေကာင္းတယ္။ အခ်ိန္ျပည့္ မိသားစုဝင္မ်ားနဲ႕
သားသမီးမ်ား၊ ေျမးမ်ားနဲ႕ သိုက္သိုက္ဝန္းဝန္းေနရမယ္။ သင္နဲ႔အနီးဆံုးလူရဲ႕ အေထာက္အပံ့ကို ရရွိႏိုင္မွာျဖစ္ၿပီး သင့္
အား ဥစၥာပစၥည္းေရာ၊ စိတ္ခံစားမႈေရာ အျပည့္အဝျဖည့္ဆည္းေပးႏိုင္ပါလိမ့္မယ္။

နံပါတ္ ၁၁ဒီေနရာမွဲ႕ရွိတဲ့သူဟာ နာဖ်ားျခင္းကို မလြန္ဆန္ႏိုင္ပါ။ အထူးသျဖင့္ အဲဒီမွဲ႕ႀကီးၿပီး မည္းလာရင္ ဖ်က္ပစ္လိုက္
တာ အေကာင္းဆံုးပဲ။ ဒါမွမဟုတ္ ေအာက္ခံမိတ္ကပ္ေဖာင္ေဒးရွင္းမ်ားမ်ားသံုးၿပီး ဖံုးထားပါ။

နံပါတ္ ၁၂ဒီေနရာမွဲ႕ရွိတဲ့သူဟာ ေအာင္ျမင္ရံုသာမက တည္ၿငိမ္မွ်တတဲ့ဘဝကို ရရွိခံစားႏိုင္မွာျဖစ္ပါတယ္။ သိပ္ မခ်မ္း
သာရင္ေတာင္မွ ေက်ာ္ၾကားမယ္။ သင့္ကို ျမင့္မားတဲ့ဘဝမွာ ေနထိုင္ပိုင္ဆိုင္ဖို႕ အခြင့္အေရးေပးေသာ္လည္းပဲ သင္ဟာ
သင့္အိမ္နဲ႔မိသားစုဘဝမွာပဲ ေက်နပ္တင္းတိမ္ေနမယ္။ အဲဒီေနရာမွာမွဲ႔ရွိတဲ့ အမ်ိဳးသမီးမ်ားဟာ အထူးသျဖင့္ ကံေကာင္း
မယ္၊ လွပမက္ေမာစြဲမက္ဖြယ္ေကာင္းပါလိမ့္မယ္။

နံပါတ္ ၁၃သင့္ကေလးေတြက သင့္ဘဝမွာ ႀကီးမားတဲ့ပူပန္ေသာက စိုးရိမ္မႈ တခုပါပဲ။ သူတို႔ေလးေတြနဲ႔ ဆက္ဆံရတာ
အဆင္မေျပႏိုင္ပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သည္းခံႏိုင္ေအာင္ က်င့္ႀကံဖို႔ ႀကိဳးစားရံုမွတပါး ဘာမွမတတ္ႏိုင္ပါ။

နံပါတ္ ၁၄ဒီေနရာမွာမွဲ႔ရွိတဲ့သူဟာ အစားအေသာက္နဲ႔ ပတ္သက္ၿပီး သင့္ဘဝမွာ ႀကီးမားတဲ့ျပႆနာတခုပါပဲ။ဘာလို႔လဲ
ဆိုေတာ့ သင္ဟာတခ်ိဳ႕အစားအစာနဲ႔ဓါတ္မတည့္မႈ ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွွမဟုတ္ရင္ အစားႀကီးလြန္းရင္ေတာင္ၿဖစ္တတ္
ပါတယ္။

နံပါတ္ ၁၅သင္ဟာ သြက္လက္တက္ၾကြတယ္၊ သင့္အိမ္ကို အၿမဲလိုလို ျပဳျပင္ မြမ္းမံၿပီး အလွဆင္ရတာကို ႏွစ္သက္သူ
ၿဖစ္တယ္။ ပစၥည္းသစ္ ကို သံုးရတာ၊ ေနရာ အသစ္အဆန္းကို သြားရတာ သေဘာက်တယ္။ တေနရာ ထဲမွာ ၾကာ ၾကာ
ေနရတာကို မႏွစ္ၿမိဳ႕ေပ။ ခရီးသြားျခင္း၊ စြန္႕စားျခင္းကို ႏွစ္သက္ၿပီး ဂရုတစိုက္စူးစမ္းသိျမင္ေသာ အျမင္ရွိပါတယ္။


နံပါတ္ ၁၆သင္အစားစားေတာ့မယ္၊ လိင္ဆက္ဆံေတာ့မယ္ဆိုရင္ သတိထားဖို႔ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီ၂ခု
ဟာ သင့္ရဲ႕ႀကီးမားတဲ့ျပႆနာျဖစ္ေပတယ္။ သင့္ကိုစိတ္ဓါတ္က်ေစမဲ့ ပူပန္ေသာကေတြ ရွိလာတတ္ပါတယ္။ သင္ဟာ
ခ်စ္ေရး ခ်စ္ရာ မွာ စိတ္ပါဝင္စားၿပီး ခ်စ္သူ ကို တေယာက္မက ထား တတ္ၾကပါတယ္။ ဒါေပမယ့္ သင္ဟာ ကိုယ္က်င့္
သိကၡာေစာင့္ထိန္းသူျဖစ္တဲ့အတြက္ေၾကာင့္ ဒါကို အျပစ္က်ဴးလြန္္မိတယ္ လို႕ ယူဆကာ စိတ္ဖိစီးမႈမ်ား ျဖစ္ေပၚေစႏိုင္
ပါတယ္။

နံပါတ္ ၁၇ သင္ဟာ လူမႈေရးရာမွာ ထင္ေပၚေက်ာ္ၾကားမယ္။ သင္ဟာ ေပါင္းသင္းဆက္ဆံေရးေကာင္းသလို စကားေျပာ
ေကာင္းသူတေယာက္လဲ ျဖစ္တယ္။ သင့္ရဲ့ေအာင္ျမင္မႈနဲ႔ ပတ္သက္ၿပီး စိတ္ႀကီးဝင္ေနတတ္ပါတယ္။ ဒါဟာ သင့္ရဲ႕ ဂုဏ္
သတင္းေက်ာ္ေစာမႈကို ဆံုးရႈံးေစႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သင့္ရဲ႕မိမိကိုယ္ကို ယံုၾကည္မႈနဲ႕ ကိုယ့္ ကိုယ္ကို တန္ဖိုး
ထားေလးစားမႈဟာ သင့္ကို အလြန္အမင္းထိခိုက္ေစလိမ့္မယ္။

နံပါတ္ ၁၈ သင္ဟာ အၿမဲတမ္း ခရီးထြက္ေနရမဲ့ သူ ျဖစ္တယ္။ သင့္ဘဝ မွာ ႏိုင္ငံရပ္ျခားခရီးေဝး အမ်ားႀကီးသြားရမယ္။
ဒါေပမဲ့ ေရလမ္းခရီးသြားရမဲ့အခါတိုင္း အထူးသတိရွိပါ။ ဘာလို႔လဲဆိုေတာ့ အဆိုပါ မွဲ႔မ်ိဳးဟာ အိမ္မွာေနရတာက သင့္အ
တြက္ ပိုၿပီးေကာင္းပါလိမ့္မယ္။

နံပါတ္ ၁၉သင့္မွာ ေငြရမဲ့ကံရွိၿပီး မိတ္ေဆြေကာင္းလည္း ေပါမ်ားပါတယ္။ ဒါေၾကာင့္ ဒီမွဲ႔မ်ိဳးရွိတာ ေကာင္းပါတယ္။ အား
နည္းခ်က္က ဆန္႔က်င္ဘက္လိင္ရဲ႕ဆြဲေဆာင္မႈေနာက္သို႕အလြယ္တကူပါသြားတတ္ၾကတယ္။ သင့္ဘဝမွာအဲဒါက သင့္
ကို ဒုကၡေရာက္ေစပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕စိတ္ကို တည္ၿငိမ္ေအာင္ႀကိဳးစားပါ။

နံပါတ္ ၂၀ဒီေနရာရွိ မွဲ႕ပိုင္ရွင္ဟာ ကံအရမ္းေကာင္းခ်င္ေကာင္းမယ္။ ကံအရမ္းဆိုးရင္ဆိုးမယ္။ ကံတရားက သင့္ကို အ
လြန္အမင္းေက်ာ္ၾကားမယ္ ဒါမွမဟုတ္ရင္ မေကာင္းသတင္းျဖင့္ ေက်ာ္ၾကားမယ္လို႔ႀကိဳတင္စီရင္ထားၿပီး ျဖစ္တယ္။ သင့္
မွာ တီထြင္ဖန္တီးတတ္တဲ့ ပါရမီရွိသလို ဥာဏ္ရည္ထက္ျမက္သူလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ သင့္ရဲ႕ပင္ကိုအရည္အေသြး
ကိုေကာင္းတဲ့ေနရာေရာ ဆိုးတဲ့ေနရာမွာပါ အသံုးျပဳလို႕ ရပါတယ္။ သင္ဟာ လူေတြကို မထီမဲ့ျမင္၊ မေလးမစား ဆက္ဆံ
တတ္တဲ့ လူစားမ်ိဳးမဟုတ္ပါဘူး။ သင္ဟာ သေဘာလြယ္သူမဟုတ္တဲ့အတြက္ အလြယ္တကူ ခြင့္မလႊတ္တတ္သလို ေမ့
လဲမေမ့တတ္ပါ။ ဒီမွဲ႔ဟာ ထူးခြ်န္ေျပာင္ေျမာက္သူ (သို႔မဟုတ္) ႏိုင္လိုမင္းထက္ျပဳမူသူ အျဖစ္ မွတ္ယူရမဲ့ အမွတ္အသား
တစ္ခုပါပဲ။

နံပါတ္၂၁ ဒီမွဲ႔မ်ိဳးက ေကာင္းပါတယ္။ ဘဝတေလွ်ာက္ မ်ားမ်ားစားရ ၊ေသာက္ရမွာ ျဖစ္ပါတယ္။ေနာက္ၿပီး ေက်ာ္ၾကားမႈ
နဲ႕အသိအမွတ္ျပဳခံရမႈမ်ားကို ယူေဆာင္လာမဲ့ မွဲ႔မ်ိဳးျဖစ္ပါတယ္။

နံပါတ္ ၂၂သင့္ဘဝဟာအၿမဲ ေပ်ာ္ရႊင္ေနၿပီး အစစအရာရာအဆင္ေျပေခ်ာေမြ႕ပါတယ္။ သင္ဟာအားကစားကိုဝါသနာထံု
သူျဖစ္ပါက စူပါစတား အားကစားသမားေကာင္းတေယာက္ ျဖစ္လာႏိုင္ပါတယ္။မ်က္ခံုးေမြး အဆံုးမွာရွိတဲ့ မွဲ႔ ပိုင္ရွင္မ်ား
ဟာၾသဇာတိကၠမ ရွိတဲ့ ပုဂၢိဳလ္မ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္သာ ကုမၸဏီရဲ႕ အလုပ္အမႈေဆာင္ အရာရွိတေယာက္ ဆို
ပါကေကာင္းစြာလုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

နံပါတ္ ၂၃သင့္မွာ ဥာဏ္ရည္ (IQ) အရမ္းပဲျမင့္မားပါတယ္။ ဥာဏ္ရည္ပါးနပ္သလို ၿမိဳ႕ရည္လည္ၿပီး လူအမ်ိဳးမ်ိဳးနဲ့ေပါင္း
သင္းဆက္ဆံတတ္ပါတယ္။ လူ႕ဘဝမွာ ဘယ္လို ရွင္သန္ ရပ္တည္ရမလဲ ဆိုတဲ့ ရင့္က်က္ တဲ့ ပင္ကိုဥာဏ္ရွိတဲ့အတြက္
ေၾကာင့္ အဓိပၸာယ္ ရွိရွိ၊ သက္တမ္းရွည္ တဲ့ ဘဝ ကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။ အသက္ အိုမင္း လာသည့္ တိုင္ေအာင္
တက္ၾကြဖ်တ္လတ္ေနတုန္းပါပဲ။ ဘဝဆံုးတဲ့အထိ မိတ္ေဆြမ်ား၊ မိသားစုမ်ားနဲ႔ သိုက္သိုက္ဝန္းဝန္းေနသြားရမွာပါ။

နံပါတ္ ၂၄သင္ဟာ ငယ္ရြယ္စဥ္မွာ ေက်ာ္ၾကားမႈနဲ႕အခြင့္အလမ္းမ်ား ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္အိုမင္းတဲ့အခါအေထာက္
အပံ့ျပဳဖို႕ ငယ္စဥ္ခါ ရလာမဲ့အခြင့္အေရးကို အသံုးခ်တတ္ဖို႕ အႀကံျပဳပါရေစ။ ဘာလို႕လဲဆိုေတာ့အဆိုပါမွဲ႔ပိုင္ရွင္မ်ားဟာ
အသက္ႀကီးလာတဲ့အခါ သူတို႔ရဲ႕ဘဝဟာ ခက္ခဲၾကမ္းတမ္းတတ္ပါတယ္။

နံပါတ္၂၅သင္ရဲ႕ ႀကိဳးစားအားထုတ္မႈက ႀကီးပြားခ်မ္းသာျခင္းနဲ႕ အသိအမွတ္ျပဳျခင္းကို ရရွိၿပီး အခြင့္အလမ္းမ်ားစြာ ခံစား
ရရွိႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ လြန္ကဲမႈကို အထူးသတိျပဳပါ။ သမရိုးက်အတိုင္း ျပဳမူေနထိုင္ပါ။ အသက္ရွည္ၿပီး အက်ိဳး စီး
ပြားျဖစ္ထြန္းမဲ့ဘဝမ်ိဳးကို ပိုင္ဆိုင္ရရွိမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thitsamyae

# Unicode Version #
မျက်နှာပေါ်ရှိ မှဲ့ အနက်အဓိပ္ပာယ်ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင်ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာ
ကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ထင်ရှားပြတ်သားပြီး တခုတည်းရှိသော
မှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက် အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေး ကလေးများကို
ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ
ဆန်းစစ်ကြည့်ရအောင်။


နံပါတ် ၁မှ၃ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါတီထွင်ကြံ
ဆဉာဏ်ရှိပြီး လွတ်လပ် ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့ အထက်အရာရှိက
သင့်ရဲ့တွေးခေါ်ဆန်းသစ် လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့ မှဲ့ပိုင်ရှင် ဟာသူများ
အလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။


နံပါတ် ၄သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင်
ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုးပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ်
အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့် ဆက်
ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့အဲဒီအကျင့်လေးသာ
ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ဒါပေမယ့်သူများထက်တော့
ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကို
မနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ကြံစည်ကြပါလိမ့်မယ်။သင့်ရဲ့အလျင်အမြန်ကြီးပွားချမ်းသာတဲ့
စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့သတိပေးပါရစေ။
သင့်ရဲ့ပင်ကိုဉာဏ်ကိုသုံးပြီးသတိဝိရိယနဲ့နေပါ။ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအားမချုပ်ကိုင်
ပါစေနဲ့။

နံပါတ် ၆ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဉာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဉာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆို
ပါစွမ်းရည်က သင့်ကိုချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ကံပါလာပြီးသား။ ဒါပေမဲ့သမားရိုးကျစီးပွား
ရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီးရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်တယ်။

နံပါတ် ၇မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအ
ဝိုင်းကြားမှာ ကတောက်ကဆ စကားများ တတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ကို ထိခိုက်စေပါ
တယ်။ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိ
ယူပါ။

နံပါတ် ၈ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့ အတွက်ကြောင့် အမြဲအလိုလို ငွေ ကြပ်နေ
တတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။
အလားတူ အဲဒီမှာ မှဲ့ ရှိတဲ့သူ ဟာ ဆန့်ကျင်ဘက်လိင်ကို သာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲ
ဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့
အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀နှခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့
သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်
အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်
တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ် မချမ်း
သာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ
သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်း
မယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ
အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ဘာလို့လဲ
ဆိုတော့ သင်ဟာတချို့အစားအစာနဲ့ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှှမဟုတ်ရင် အစားကြီးလွန်းရင်တောင်ဖြစ်တတ်
ပါတယ်။

နံပါတ် ၁၅သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင် မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူ
ဖြစ်တယ်။ ပစ္စည်းသစ် ကို သုံးရတာ၊ နေရာ အသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာ ထဲမှာ ကြာ ကြာ
နေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။


နံပါတ် ၁၆သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခု
ဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ
ချစ်ရေး ချစ်ရာ မှာ စိတ်ပါဝင်စားပြီး ချစ်သူ ကို တယောက်မက ထား တတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်
သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ် လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်
ပါတယ်။

နံပါတ် ၁၇ သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြော
ကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ ဂုဏ်
သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့် ကိုယ်ကို တန်ဖိုး
ထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈ သင်ဟာ အမြဲတမ်း ခရီးထွက်နေရမဲ့ သူ ဖြစ်တယ်။ သင့်ဘဝ မှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။
ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အ
တွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အား
နည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ဆွဲဆောင်မှုနောက်သို့အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာအဲဒါက သင့်
ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အ
လွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်
မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဉာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေး
ကိုကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစား ဆက်ဆံ
တတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့
လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူ အဖြစ် မှတ်ယူရမဲ့ အမှတ်အသား
တစ်ခုပါပဲ။

နံပါတ်၂၁ ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။နောက်ပြီး ကျော်ကြားမှု
နဲ့အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂သင့်ဘဝဟာအမြဲ ပျော်ရွှင်နေပြီး အစစအရာရာအဆင်ပြေချောမွေ့ပါတယ်။ သင်ဟာအားကစားကိုဝါသနာထုံ
သူဖြစ်ပါက စူပါစတား အားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။မျက်ခုံးမွေး အဆုံးမှာရှိတဲ့ မှဲ့ ပိုင်ရှင်များ
ဟာသြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိတယောက် ဆို
ပါကကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃သင့်မှာ ဉာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဉာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ပေါင်း
သင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန် ရပ်တည်ရမလဲ ဆိုတဲ့ ရင့်ကျက် တဲ့ ပင်ကိုဉာဏ်ရှိတဲ့အတွက်
ကြောင့် အဓိပ္ပာယ် ရှိရှိ၊ သက်တမ်းရှည် တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက် အိုမင်း လာသည့် တိုင်အောင်
တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့်အိုမင်းတဲ့အခါအထောက်
အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့အဆိုပါမှဲ့ပိုင်ရှင်များဟာ
အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ်၂၅သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာ ခံစား
ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုး စီး
ပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thitsamyae
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top