ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

လူတုိင္းက က်န္းက်န္းမာမာနဲ႔ ေနခ်င္ၾကတဲ႔သူေတြခ်ည္းပါပဲ။ ဒါေပမယ့္ က်န္းမာေရးနဲ႔ လုိက္ေလ်ာညီေထြမႈရွိတဲ႔ လူေနမႈပုံစံေတြနဲ႔ကေတာ့ အၿမဲတမ္း အလွမ္းေဝးေနသူက ပုိမ်ားပါတယ္။ အထူးသျဖင့္ အလုပ္လုပ္ေနသူေတြဆုိရင္ ပုိဆုိးပါတယ္။ သူတုိ႔မွာ ကုိယ္လက္လႈပ္ရွားဖုိ႔က အခ်ိန္သီးသန္႔မရွိပါဘူး။ ဒါေပမယ့္ တရုတ္ကုမၼဏီတစ္ခုကေတာ့ သူတုိ႔ရဲ႕ဝန္ထမ္းေတြကုိ က်န္းမာေရးေကာင္းသူေတြ ျဖစ္လာေစဖုိ႔အတြက္ စိတ္ဓါတ္ျမင့္တတ္မႈေလးတစ္ခု ျပဳလုပ္ေပးထားပါတယ္။

Xi’An လုိ႔ အမည္ရတဲ႔ တရုတ္ကုမၼဏီတစ္ခုဟာ သူတုိ႔ကုမၼဏီက ဝန္ထမ္းမ်ားကုိ ကုိယ္အေလးခ်ိန္ တစ္ကီလုိက်ဆင္းသြားတုိင္း တရုတ္ယြမ္တစ္ရာ ( အေမရိကန္ေဒၚလာ ၂၀.၄၀ ) စီ ေပးအပ္ခ်ီးျမွင့္ေနတာျဖစ္ပါတယ္။  ဒါေၾကာင့္ ဝန္ထမ္းေတြအေနနဲ႔ ကုိယ္လက္ေလ့က်င့္ခန္းေတြ ပုံမွန္လုပ္မယ္ဆုိရင္ က်န္းမာေရးလည္း ေကာင္းမြန္လာမွာျဖစ္သလုိ ရံုးကေနခ်ီးျမွင့္တဲ႔ အပုိဆုကုိလည္း ရရွိမွာျဖစ္ပါတယ္။ ဒီလုိ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ အစီအစဥ္မွာ Xi’An ကုမၼဏီအတြက္ အေတာ္ေလးအလုပ္ျဖစ္ခဲ႔ပါတယ္။ ဒါေပမယ့္ ဒီလုိအပုိဆုကုိ လုိခ်င္တယ္ဆုိရင္ေတာ့ ဝန္ထမ္းတစ္ဦးအေနနဲ႔ ပထမဦးဆုံး ကုိယ္အေလးခ်ိန္ကုိ သုံးကီလုိခန္႔ေလာက္ အရင္က်ဆင္းေအာင္ လုပ္ျပႏုိင္ဖုိ႔ လုိအပ္ပါတယ္။

ဒီအစီအစဥ္ေလးနဲ႔ပတ္သက္ၿပီး ရံုးဝန္ထမ္းတစ္ဦးက ” ကြ်န္မ အရင္ကဆုိ ေန႔တုိင္းနီးပါး ထမင္းကုိ အသားဟင္းနဲ႔ပဲ စားေနက်ပါ။ အခုေတာ့ ေန႔လည္စာကုိ ၾကက္ဥ ဒါမွမဟုတ္ မႈိတုိ႔နဲ႔ စားေသာက္ေတာ့တယ္ ” လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။ ထုိအမ်ိဳးသမီးဝန္ထမ္းဟာ သူရဲ႕စားေသာက္မႈပုံစံကုိ ေျပာင္းလဲခဲ႔တာေၾကာင့္ ႏွစ္လအတြင္း ကီလုိႏွစ္ဆယ္အထိ က်ဆင္းသြားခဲ႔ၿပီး ယြမ္ႏွစ္ရာကုိလည္း အပုိဆုအျဖစ္ ရရွိသြားခဲ႔ပါတယ္။ ဒီလုိ အေကာင္းစားအစီအစဥ္ေလးကုိ ေရးဆြဲထားေပမယ့္ Xi’An ကုမၼဏီအတြင္းမွာ တစ္ခါမွ အပုိဆုမရသူတစ္ေယာက္ကလည္း ရွိေနပါေသးတယ္။ ဒါကေတာ့ ကုမၼဏီရဲ႕သူေဌးျဖစ္ပါတယ္။ သူေဌးဟာ သူခ်မွတ္ထားတဲ႔ စည္းကမ္းအတုိင္း ကုိယ္အေလးခ်ိန္ကုိ သုံးကီလုိေတာင္ မခ်ႏုိင္ခဲ႔လုိ႔ပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: zeekwat

# Unicode Version #
လူတိုင်းက ကျန်းကျန်းမာမာနဲ့ နေချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် ကျန်းမာရေးနဲ့ လိုက်လျောညီထွေမှုရှိတဲ့ လူနေမှုပုံစံတွေနဲ့ကတော့ အမြဲတမ်း အလှမ်းဝေးနေသူက ပိုများပါတယ်။ အထူးသဖြင့် အလုပ်လုပ်နေသူတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့မှာ ကိုယ်လက်လှုပ်ရှားဖို့က အချိန်သီးသန့်မရှိပါဘူး။ ဒါပေမယ့် တရုတ်ကုမ္မဏီတစ်ခုကတော့ သူတို့ရဲ့ဝန်ထမ်းတွေကို ကျန်းမာရေးကောင်းသူတွေ ဖြစ်လာစေဖို့အတွက် စိတ်ဓါတ်မြင့်တတ်မှုလေးတစ်ခု ပြုလုပ်ပေးထားပါတယ်။

Xi’An လို့ အမည်ရတဲ့ တရုတ်ကုမ္မဏီတစ်ခုဟာ သူတို့ကုမ္မဏီက ဝန်ထမ်းများကို ကိုယ်အလေးချိန် တစ်ကီလိုကျဆင်းသွားတိုင်း တရုတ်ယွမ်တစ်ရာ ( အမေရိကန်ဒေါ်လာ ၂၀.၄၀ ) စီ ပေးအပ်ချီးမြှင့်နေတာဖြစ်ပါတယ်။  ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်မယ်ဆိုရင် ကျန်းမာရေးလည်း ကောင်းမွန်လာမှာဖြစ်သလို ရုံးကနေချီးမြှင့်တဲ့ အပိုဆုကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒီလို တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်မှာ Xi’An ကုမ္မဏီအတွက် အတော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအပိုဆုကို လိုချင်တယ်ဆိုရင်တော့ ဝန်ထမ်းတစ်ဦးအနေနဲ့ ပထမဦးဆုံး ကိုယ်အလေးချိန်ကို သုံးကီလိုခန့်လောက် အရင်ကျဆင်းအောင် လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။

ဒီအစီအစဉ်လေးနဲ့ပတ်သက်ပြီး ရုံးဝန်ထမ်းတစ်ဦးက ” ကျွန်မ အရင်ကဆို နေ့တိုင်းနီးပါး ထမင်းကို အသားဟင်းနဲ့ပဲ စားနေကျပါ။ အခုတော့ နေ့လည်စာကို ကြက်ဥ ဒါမှမဟုတ် မှိုတို့နဲ့ စားသောက်တော့တယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ထိုအမျိုးသမီးဝန်ထမ်းဟာ သူရဲ့စားသောက်မှုပုံစံကို ပြောင်းလဲခဲ့တာကြောင့် နှစ်လအတွင်း ကီလိုနှစ်ဆယ်အထိ ကျဆင်းသွားခဲ့ပြီး ယွမ်နှစ်ရာကိုလည်း အပိုဆုအဖြစ် ရရှိသွားခဲ့ပါတယ်။ ဒီလို အကောင်းစားအစီအစဉ်လေးကို ရေးဆွဲထားပေမယ့် Xi’An ကုမ္မဏီအတွင်းမှာ တစ်ခါမှ အပိုဆုမရသူတစ်ယောက်ကလည်း ရှိနေပါသေးတယ်။ ဒါကတော့ ကုမ္မဏီရဲ့သူဌေးဖြစ်ပါတယ်။ သူဌေးဟာ သူချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ကိုယ်အလေးချိန်ကို သုံးကီလိုတောင် မချနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: zeekwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top