Golden City Promotion
×

ကုန္တင္ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားၿပီးေနာက္ ကူညီကယ္ဆယ္ေရးေဆာင္ရြက္ေနစဥ္ (ဓာတ္ပံု − ပုလဲအရန္မီးသတ္တပ္ဖြဲ႕)

မဂၤလာဒံုၿမိဳ႕နယ္ တညင္းကုန္းလမ္းမေပၚတြင္ ပဲအိတ္မ်ား တင္ေဆာင္လာသည့္ ကုန္တင္ယာဥ္တြဲကားက အိမ္စီးကားတစ္စီးကို ဝင္တိုက္မိၿပီး တိမ္းေမွာက္သျဖင့္ ယာဥ္ေပၚပါ အမ်ိဳးသားငါးဦး ထိခုိက္ဒဏ္ရာ ရရွိခဲ့သည္။

တြဲကားယာဥ္သည္ စက္တင္ဘာ ၁၇ ရက္ည ၈ နာရီေက်ာ္တြင္ တညင္းကုန္းမွ မဂၤလာဒံုဘက္သို႔ ေမာင္းႏွင္လာစဥ္ တိမ္းေမွာက္ျခင္းျဖစ္ေၾကာင္း သြားေရာက္ကူညီခဲ့သူ ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ ကိုထင္လင္းေအာင္က ေျပာသည္။

‘‘ကုန္ကားေပၚမွာ ပါလာတဲ့ ယာဥ္ေမာင္းနဲ႔ ယာဥ္အကူထိ တယ္။ ဟြန္ဒါဖစ္အိမ္ကားမွာပါ လာတဲ့ အမ်ိဳးသားသံုးဦးလည္း ထိတယ္။ အိမ္ကားသမားေတာ္ လို႔ လူေသဆံုးမႈမရွိတာပါ။ ဒဏ္ ရာရတဲ့ အမ်ိဳးသားငါးေယာက္စ လံုး စိုးရိမ္စရာေတာ့ မရွိပါဘူး’’ဟု ၎က ေျပာသည္။ ကုန္တင္ယာဥ္သည္ ေရွ႕မွကားတစ္စီးကို ေက်ာ္တက္ရာမွ တစ္ဖက္လမ္းရွိ အိမ္စီးကားႏွင့္ မ်က္ႏွာခ်င္းဆိုင္ ပြတ္တိုက္မိၿပီးေနာက္ လမ္းလယ္တြင္ တိမ္းေမွာက္ျခင္းျဖစ္ေၾကာင္း ယာဥ္ထိန္းရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ကားေမွာက္ၿပီး ပဲအိတ္ေတြ လမ္းေပၚ ျပန္႔က်ဲက်ကုန္တယ္။ အားလံုးဝိုင္းၿပီး ရွင္းတာ သံုးနာရီ နီးပါးေလာက္ေတာ့ ၾကာတယ္။ လာေရာက္ကူညီေပးတဲ့ အဖြဲ႕ေတြလည္း မ်ားပါတယ္။ လမ္းကေတာ့ သံုးနာရီေလာက္ ပိတ္သြားတယ္’’ ဟု ၎က ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား ခဲ့၍ ကုန္တင္ယာဥ္ေမာင္းအမ်ိဳး သားကို မဂၤလာဒံုရဲစခန္းက အျခား သူကို အသက္အႏၲရာယ္ျဖစ္ေစမႈ ပုဒ္မ ၃၃၇၊ ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈပုဒ္မ ၂၇၉ တုိ႔ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ကုန်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ − ပုလဲအရန်မီးသတ်တပ်ဖွဲ့)

မင်္ဂလာဒုံမြို့နယ် တညင်းကုန်းလမ်းမပေါ်တွင် ပဲအိတ်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တွဲကားက အိမ်စီးကားတစ်စီးကို ဝင်တိုက်မိပြီး တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ အမျိုးသားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တွဲကားယာဉ်သည် စက်တင်ဘာ ၁၇ ရက်ည ၈ နာရီကျော်တွင် တညင်းကုန်းမှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာစဉ် တိမ်းမှောက်ခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သူ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောသည်။

‘‘ကုန်ကားပေါ်မှာ ပါလာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူထိ တယ်။ ဟွန်ဒါဖစ်အိမ်ကားမှာပါ လာတဲ့ အမျိုးသားသုံးဦးလည်း ထိတယ်။ အိမ်ကားသမားတော် လို့ လူသေဆုံးမှုမရှိတာပါ။ ဒဏ် ရာရတဲ့ အမျိုးသားငါးယောက်စ လုံး စိုးရိမ်စရာတော့ မရှိပါဘူး’’ဟု ၎င်းက ပြောသည်။ ကုန်တင်ယာဉ်သည် ရှေ့မှကားတစ်စီးကို ကျော်တက်ရာမှ တစ်ဖက်လမ်းရှိ အိမ်စီးကားနှင့် မျက်နှာချင်းဆိုင် ပွတ်တိုက်မိပြီးနောက် လမ်းလယ်တွင် တိမ်းမှောက်ခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကားမှောက်ပြီး ပဲအိတ်တွေ လမ်းပေါ် ပြန့်ကျဲကျကုန်တယ်။ အားလုံးဝိုင်းပြီး ရှင်းတာ သုံးနာရီ နီးပါးလောက်တော့ ကြာတယ်။ လာရောက်ကူညီပေးတဲ့ အဖွဲ့တွေလည်း များပါတယ်။ လမ်းကတော့ သုံးနာရီလောက် ပိတ်သွားတယ်’’ ဟု ၎င်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ခဲ့၍ ကုန်တင်ယာဉ်မောင်းအမျိုး သားကို မင်္ဂလာဒုံရဲစခန်းက အခြား သူကို အသက်အန္တရာယ်ဖြစ်စေမှု ပုဒ်မ ၃၃၇၊ ယာဉ်မဆင်မခြင် မောင်းနှင်မှုပုဒ်မ ၂၇၉ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top