ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေမရိကန္ သမၼတေဟာင္း ဘားရတ္အိုဘားမားက သူရဲ႕ သမီးအၾကီးဆံုးျဖစ္တဲ႔ မလီယာကို ေကာလိပ္ကို ပို႔ခဲ႔ျပီးတဲ႔ေနာက္ သူ႔ရင္တြင္းခံစားခ်က္ေတြကို အခုလို ထုတ္ေဖာ္ေျပာဆိုလိုက္တာပါ။

“ကၽြန္ေတာ္တို႔လို သမီးရွိတဲ႔သူေတြအတြက္ေတာ႔ ဒီလို ျဖစ္လာတာ ျမန္လြန္းတယ္။ မလီယာ ကို ေကာလိပ္ပို႔လိုက္ရတာ ရင္ကို ခြဲဖြင္႔လိုက္သလိုပါပဲ လို႔ ဂ်ိဳးနဲ႔ ေဂ်းလ္ (အေမရိကန္ ဒုသမၼတေဟာင္းနဲ႔ ဇနီး) ကိုေျပာခဲ႔ပါေသးတယ္။” လို႔ ဘားရတ္အိုဘားမားက Beau Biden Foundation က ျပဳလုပ္တဲ႔ ပြဲမွာ ေျပာခဲ႔ပါတယ္။

မလီယာက ၂၀၁၆ ေမလမွာ အထက္တန္းေက်ာင္းျပီးခဲ႔တာ ျဖစ္ျပီး ဟားဗတ္ တကၠသိုလ္မွာ ၂၀၂၁ ခုႏွစ္အထိ ပညာဆက္လက္သင္ယူသြားမွာ ျဖစ္ပါတယ္။ “သမီးရဲ႕ ေရွ႕မွာ မငိုမိတာ ဂုဏ္ယူမိတယ္” လို႔ အိုဘားမားက အေသာေဖာက္ခဲ႔ပါေသးတယ္။

အရင္ကလည္း အိုဘားမားက ဖခင္တစ္ေယာက္ျဖစ္ရတာ သူဘယ္ေလာက္ တန္ဖိုးထားလဲဆိုတာ ထုတ္ေဖာ္ေျပာဆိုခဲ႔ဖူးပါေသးတယ္။ သူ႔ရဲ႕ သမၼတ အျဖစ္ကေန ႏႈတ္ဆက္စကားေျပာတဲ႔မိန္႔ခြန္းမွာတုန္းက ေလးဆယ္ေလးေယာက္ေျမာက္ အေမရိကန္ သမၼတျဖစ္တဲ႔ အိုဘားမားက သူ ဘဝ တစ္ေလွ်ာက္လုပ္ခဲ႔သမွ်အရာတိုင္းမွာ သူ႔သမီးေလးေတြရဲ႕ ဖခင္ျဖစ္ရတာ ဂုဏ္အယူဆံုးပါပဲလို႔ ေျပာခဲ႔ပါတယ္။ သူ႔ရဲ႕ သမီးေတြအေပၚထားတဲ႔ ေမတၱာစိတ္ကေတာ႔ တကယ္႕ကို ေလးစားအားက်စရာပါပဲ။
Ref: CNN: Obama: Dropping Malia off at college was ‘like open-heart surgery
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Zym (ရိုးရာေလး)

#Unicode Version#
အမေရိကန် သမ္မတဟောင်း ဘားရတ်အိုဘားမားက သူရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ မလီယာကို ကောလိပ်ကို ပို့ခဲ့ပြီးတဲ့နောက် သူ့ရင်တွင်းခံစားချက်တွေကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

“ကျွန်တော်တို့လို သမီးရှိတဲ့သူတွေအတွက်တော့ ဒီလို ဖြစ်လာတာ မြန်လွန်းတယ်။ မလီယာ ကို ကောလိပ်ပို့လိုက်ရတာ ရင်ကို ခွဲဖွင့်လိုက်သလိုပါပဲ လို့ ဂျိုးနဲ့ ဂျေးလ် (အမေရိကန် ဒုသမ္မတဟောင်းနဲ့ ဇနီး) ကိုပြောခဲ့ပါသေးတယ်။” လို့ ဘားရတ်အိုဘားမားက Beau Biden Foundation က ပြုလုပ်တဲ့ ပွဲမှာ ပြောခဲ့ပါတယ်။

မလီယာက ၂၀၁၆ မေလမှာ အထက်တန်းကျောင်းပြီးခဲ့တာ ဖြစ်ပြီး ဟားဗတ် တက္ကသိုလ်မှာ ၂၀၂၁ ခုနှစ်အထိ ပညာဆက်လက်သင်ယူသွားမှာ ဖြစ်ပါတယ်။ “သမီးရဲ့ ရှေ့မှာ မငိုမိတာ ဂုဏ်ယူမိတယ်” လို့ အိုဘားမားက အသောဖောက်ခဲ့ပါသေးတယ်။

အရင်ကလည်း အိုဘားမားက ဖခင်တစ်ယောက်ဖြစ်ရတာ သူဘယ်လောက် တန်ဖိုးထားလဲဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါသေးတယ်။ သူ့ရဲ့ သမ္မတ အဖြစ်ကနေ နှုတ်ဆက်စကားပြောတဲ့မိန့်ခွန်းမှာတုန်းက လေးဆယ်လေးယောက်မြောက် အမေရိကန် သမ္မတဖြစ်တဲ့ အိုဘားမားက သူ ဘဝ တစ်လျှောက်လုပ်ခဲ့သမျှအရာတိုင်းမှာ သူ့သမီးလေးတွေရဲ့ ဖခင်ဖြစ်ရတာ ဂုဏ်အယူဆုံးပါပဲလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ သမီးတွေအပေါ်ထားတဲ့ မေတ္တာစိတ်ကတော့ တကယ့်ကို လေးစားအားကျစရာပါပဲ။
Ref: CNN: Obama: Dropping Malia off at college was ‘like open-heart surgery

ဖိုးသူတော် (www.phothutaw.com)
Credit:  Zym (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top