ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အႏုပညာေလာကနဲ႔ ၆ ႏွစ္ၾကာေဝးကြာေနတဲ့ သရုပ္ေဆာင္ပန္းျဖဴကေတာ့ ဒါရုိက္တာကုိေဇာ္(အရုဏ္ဦး) ရုိက္ကူးမယ့္ ဂယက္ေတြပါဟယ္ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔သိရပါတယ္။ အႏုပညာေလာကနဲ႔ ေဝးကြာေနတဲ့ သူ႔အတြက္ ဒီရုပ္ရွင္ဇာတ္ကားႀကီးအေပၚ ဘယ္ေလာက္ထိ ရင္ခုန္စိတ္လႈပ္ရွားေနသလဲဆုိတာကုိ Duwun Media ကေနေျပာျပ ခဲ့ပါတယ္။

'' ဒီဇာတ္ကားေလးအတြက္ စမုိင္းလ္ကလည္း အစ္မကုိ ကမ္းလွမ္းခဲ့တာၾကာပါၿပီ။ အစ္မဝေနတယ္ ရုိက္ဖုိ႔သိပ္အဆင္မေျပဘူး လုိ႔ ေျပာခဲ့ ေသးတယ္ မဟုတ္ဘူးအစ္မတဲ့ ဝေနတဲ့ကာရုိက္တာနဲ႔ လုိက္မယ့္ ဇာတ္ကားေလးကုိပဲ ညီမက ရုိက္ခ်င္တာတဲ့ဆုိေတာ့ အဲ့ဒါနဲ႔ အစ္မကုိ ဆက္သြယ္တာပါေပါ့။ ၿပီးေတာ့ ဇာတ္လမ္းပုံစံကုိေျပာျပတဲ့အခါမွာ အရမ္းကုိစိတ္ဝင္စားသြားၿပီးေတာ့ ရုိက္ျဖစ္တာပါ'' လုိ႔ သူကဆုိပါတယ္။

အႏုပညာအလုပ္ေတြနဲ႔ေဝးကြာေနတာ ၆ ႏွစ္ၾကာၿပီျဖစ္တဲ့သရုပ္ေဆာင္ပန္းျဖဴကေတာ့ ပထမဆုံးအေနနဲ႔ ဂယက္ေတြပါဟယ္ ရုပ္ရွင္ဇာတ္ကားႀကီးအတြက္ ရင္ခုန္သံစကားေတြကိုလည္း အခုလုိေျပာျပခဲ့ပါတယ္။

'' ပထမဆုံးျပန္ရုိက္တဲ့ ဇာတ္ကားျဖစ္တဲ့အတြက္ အကုန္လုံးက အသစ္လုိျပန္ျဖစ္ေနတယ္။ အရမ္းလည္းစိတ္လႈပ္ရွားပါတယ္။ ရုိက္ကြင္းနဲ႔လည္းေဝးေနတာၾကာပါၿပီ။ အမ်ဳိးသားရဲ႕ ဇာတ္ကားရုိက္ကြင္းေတြကုိေတာင္ မလုိက္ခဲ့ပါဘူး သူက ပရုိဂ်ဴဆာလုပ္ေတာ့ သူ႔ရုိက္ကြင္းေတြေတာင္ လုိက္မၾကည့္ျဖစ္ဘူး ဘာေၾကာင့္လဲဆုိေတာ့ ပုိခံစားရမွာစုိးလို႔ေပါ့ေနာ္။ အႏုပညာေလာကကုိ မိသားစုလုိ သေဘာထားခဲ့တာပါ။ကုိယ္ခြဲေနရတဲ့ မိသားစု ကုိ ခဏေလးျပန္ေတြ႔ရမွာျဖစ္ၿပီး စိတ္မေကာင္းျဖစ္မွာစုိးတယ္။ အခုေတာ့ ကုိယ္တုိင္ လည္း ရုပ္ရွင္ျပန္ရုိက္ရမွာဆုိေတာ့ အဲ့ဒါေတြကုိ ျပန္ေတြ႕ရမွာဆုိေတာ့ စိတ္လႈပ္ရွားတယ္ အဓိက ကေတာ့ေပ်ာ္တယ္။ '' လုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

သရုပ္ေဆာင္ပန္းျဖဴကေတာ့ အႏုပညာအလုပ္မလုပ္ေတာ့တာ ၆ ႏွစ္ျပည့္ၿပီးတဲ့ေနာက္ ပထမဆုံးအေနနဲ႔ျပန္လည္ရုိက္ကူးသြားမယ့္ ဂယက္ေတြပါဟယ္ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သရုပ္ေဆာင္ လူမင္း၊ ခန္႔စည္သူ၊ ျဖဳိးေငြစုိး၊ ဆန္းထြဋ္၊ ခုိင္သင္းၾကည္၊ ပန္းျဖဴ ၊ Smile ၊ ၾကည္လဲ့လဲ့ဦး၊ ဖူးပြင့္သခင္ တုိ႔နဲ႔အတူ ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

Photo: ပန္းျဖဴေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အနုပညာလောကနဲ့ ၆ နှစ်ကြာဝေးကွာနေတဲ့ သရုပ်ဆောင်ပန်းဖြူကတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးမယ့် ဂယက်တွေပါဟယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ အနုပညာလောကနဲ့ ဝေးကွာနေတဲ့ သူ့အတွက် ဒီရုပ်ရှင်ဇာတ်ကားကြီးအပေါ် ဘယ်လောက်ထိ ရင်ခုန်စိတ်လှုပ်ရှားနေသလဲဆိုတာကို Duwun Media ကနေပြောပြ ခဲ့ပါတယ်။

'' ဒီဇာတ်ကားလေးအတွက် စမိုင်းလ်ကလည်း အစ်မကို ကမ်းလှမ်းခဲ့တာကြာပါပြီ။ အစ်မဝနေတယ် ရိုက်ဖို့သိပ်အဆင်မပြေဘူး လို့ ပြောခဲ့ သေးတယ် မဟုတ်ဘူးအစ်မတဲ့ ဝနေတဲ့ကာရိုက်တာနဲ့ လိုက်မယ့် ဇာတ်ကားလေးကိုပဲ ညီမက ရိုက်ချင်တာတဲ့ဆိုတော့ အဲ့ဒါနဲ့ အစ်မကို ဆက်သွယ်တာပါပေါ့။ ပြီးတော့ ဇာတ်လမ်းပုံစံကိုပြောပြတဲ့အခါမှာ အရမ်းကိုစိတ်ဝင်စားသွားပြီးတော့ ရိုက်ဖြစ်တာပါ'' လို့ သူကဆိုပါတယ်။

အနုပညာအလုပ်တွေနဲ့ဝေးကွာနေတာ ၆ နှစ်ကြာပြီဖြစ်တဲ့သရုပ်ဆောင်ပန်းဖြူကတော့ ပထမဆုံးအနေနဲ့ ဂယက်တွေပါဟယ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်သံစကားတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ပထမဆုံးပြန်ရိုက်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အကုန်လုံးက အသစ်လိုပြန်ဖြစ်နေတယ်။ အရမ်းလည်းစိတ်လှုပ်ရှားပါတယ်။ ရိုက်ကွင်းနဲ့လည်းဝေးနေတာကြာပါပြီ။ အမျိုးသားရဲ့ ဇာတ်ကားရိုက်ကွင်းတွေကိုတောင် မလိုက်ခဲ့ပါဘူး သူက ပရိုဂျူဆာလုပ်တော့ သူ့ရိုက်ကွင်းတွေတောင် လိုက်မကြည့်ဖြစ်ဘူး ဘာကြောင့်လဲဆိုတော့ ပိုခံစားရမှာစိုးလို့ပေါ့နော်။ အနုပညာလောကကို မိသားစုလို သဘောထားခဲ့တာပါ။ကိုယ်ခွဲနေရတဲ့ မိသားစု ကို ခဏလေးပြန်တွေ့ရမှာဖြစ်ပြီး စိတ်မကောင်းဖြစ်မှာစိုးတယ်။ အခုတော့ ကိုယ်တိုင် လည်း ရုပ်ရှင်ပြန်ရိုက်ရမှာဆိုတော့ အဲ့ဒါတွေကို ပြန်တွေ့ရမှာဆိုတော့ စိတ်လှုပ်ရှားတယ် အဓိက ကတော့ပျော်တယ်။ '' လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ပန်းဖြူကတော့ အနုပညာအလုပ်မလုပ်တော့တာ ၆ နှစ်ပြည့်ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ပြန်လည်ရိုက်ကူးသွားမယ့် ဂယက်တွေပါဟယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ ဆန်းထွဋ်၊ ခိုင်သင်းကြည်၊ ပန်းဖြူ ၊ Smile ၊ ကြည်လဲ့လဲ့ဦး၊ ဖူးပွင့်သခင် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: ပန်းဖြူဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top