Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တရုတ္ - တရုတ္ႏိုင္ငံက တူဂ်ီယာ လူမ်ဳိးေတြဟာ မဂၤလာေဆာင္မဲ့ ေန႔မတိုင္ခင္ ရက္ ၃၀ လုံးလုံး ငိုေၾကြးေလ့ရွိပါသတဲ့။ သတို႔သမီးဟာ တစ္ရက္ ကို တစ္နာရီေလာက္ ငိုရပါတယ္။ ၁၀ ရက္ေလာက္ၾကာေတာ့ အေမျဖစ္သူလည္း ပါဝင္ ငိုေၾကြးၿပီး ေနာက္ထပ္ ၁၀ ရက္ေလာက္ၾကာတဲ့ အခါ အဘြား ျဖစ္သူကလည္း လိုက္ပါ ငိုေၾကြးပါတယ္။ သတို႔သမီးရဲ႕ မိသားစုဝင္ အမ်ဳိးသမီးေတြ အားလုံး ပုံမွန္ တစ္ေန႔ တစ္နာရီ ငိုၾကရပါတယ္။ ဒီလိုငိုရတာဟာ ေပ်ာ္ရႊင္မႈနဲ႔ ခ်စ္ျမတ္ႏိုးမႈ ကို ေဖာ္ထုတ္ျပသတာ ျဖစ္တယ္ လို႔ ယူဆၾကပါတယ္။

ဆြီဒင္ - ဆြီဒင္လူမ်ဳိးတို႔ရဲ႕ ဓေလ့မွာဆိုရင္ မဂၤလာေဆာင္ပြဲတက္ေရာက္တဲ့ လူပ်ဳိ၊ အပ်ဳိ ဧည့္သည္ေတြဟာ သတုိ႔သားနဲ႔ သတို႔သမီးကို နမ္းရပါတယ္။ သတို႔သားကို ဧည့္သည္ အျဖစ္လာေရာက္တဲ့ အပ်ဳိေတြက နမ္းၾကရၿပီး သတို႔သမီးကိုေတာ့ လူပ်ဳိေတြ တိုင္းနမ္းခြင့္ရွိပါတယ္။

ေတာင္ကိုရီးယား - လက္ထပ္မဂၤလာပြဲၿပီးတဲ့ အခ်ိန္မွာ သတို႔သားေျခေထာက္ကို ႀကိဳးခ်ည္ၿပီး ရိုက္ႏွက္တဲ့ ပြဲကို ဆက္လက္က်င္းပေလ့ရွိပါသတဲ့။ သတို႔သားကို သူ႕ သူငယ္ခ်င္းေတြက ႀကိဳးခ်ည္လိုက္ၿပီးတဲ့ ေနာက္ အသင့္ျပင္ဆင္ထားတဲ့ တုတ္နဲ႔ ရိုက္ပါတယ္။ ရိုက္ေနရင္းနဲ႔ သတို႔သားကို ဗဟုသုတစမ္းတဲ့ ေမးခြန္းေတြ ကိုလည္း ေမးျမန္းပါတယ္။ ဒီလိုရိုက္ျခင္းအား ျဖင့္ သတို႔သားရဲ႕ ၾကံ႕ခိုင္သန္စြမ္းမႈ နဲ႔ ဥာဏ္အေျမာ္အျမင္ရွိမႈ ကို သိရွိႏိုင္တယ္ လို႔ ယူဆၾကပါတယ္။

အေနာက္အာရွေဒသ - မဂၤလာပြဲ မတိုင္ခင္မွာ အမ်ဳိးသားက မိမိလက္ထပ္မဲ့ အမ်ဳိးသမီးကို ျပန္ေပးဆြဲတဲ့ ဓေလ့ ကို ေရွးေရွးတုန္းက အေနာက္အာရွ ႏိုင္ငံတခ်ဳိ႕မွာ ျပဳလုပ္ေလ့ရွိပါတယ္။ အမ်ဳိးသားဟာ မိတ္ေဆြ သူငယ္ခ်င္းေတြ ရဲ႕ အကူအညီ နဲ႔ အမ်ဴိးသမီးကို ျပန္ေပးဆြဲၿပီး အိမ္မွာ ဝွက္ထားပါတယ္။ အမ်ဳိးသမီးရဲ႕ မိဘေဆြမ်ဳိးေတြက မဂၤလာပြဲကို လက္ခံတဲ့ အေၾကာင္းျပန္ၾကားေတာ့မွ ျပန္လႊတ္ေပးပါတယ္။ ဒီဓေလ့ကို ဂ်စ္ပစီလူမ်ဳိးေတြနဲ႔ ကီဂ်စ္စတန္ လူမ်ဳိးေတြက အခုထိ က်င့္သုံးေလ့ရွိေနဆဲ ျဖစ္ပါတယ္။

အိႏၵိယ - အိႏၵိယႏိုင္ငံရဲ႕ တစ္ခ်ဳိ႕ေဒသေတြ မွာ အမ်ဳိးသမီးေတြ ဟာခ်စ္သူအမ်ဳိးသားနဲ႔ လက္မထပ္ ေသးခင္ တိရိစာၦန္ေတြ နဲ႔ လက္ထပ္ၾကရပါတယ္။ အထူးသျဖင့္ ရုပ္ဆိုးတဲ့ အမ်ဳိးသမီးေတြနဲ႔ မ်က္ႏွာမွာ အမွတ္အသားေတြ ပါဝင္တဲ့ အမ်ဳိးသမီးေတြ က ဒီလို တိရိစာၦန္ေလးေတြ နဲ႔ အရင္ဆုံးလက္ထပ္ၾကရတာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီ အမ်ဳိးသမီးေတြကို သရဲတေစၦေတြက ပိုင္ဆိုင္တဲ့ အတြက္ ဒီလို ရုပ္ဆိုးေအာင္ လုပ္ထားတာ ျဖစ္တယ္ လို႔ ယူဆၾကလို႔ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Waiyanthiri

# Unicode Version #
 တရုတ် - တရုတ်နိုင်ငံက တူဂျီယာ လူမျိုးတွေဟာ မင်္ဂလာဆောင်မဲ့ နေ့မတိုင်ခင် ရက် ၃၀ လုံးလုံး ငိုကြွေးလေ့ရှိပါသတဲ့။ သတို့သမီးဟာ တစ်ရက် ကို တစ်နာရီလောက် ငိုရပါတယ်။ ၁၀ ရက်လောက်ကြာတော့ အမေဖြစ်သူလည်း ပါဝင် ငိုကြွေးပြီး နောက်ထပ် ၁၀ ရက်လောက်ကြာတဲ့ အခါ အဘွား ဖြစ်သူကလည်း လိုက်ပါ ငိုကြွေးပါတယ်။ သတို့သမီးရဲ့ မိသားစုဝင် အမျိုးသမီးတွေ အားလုံး ပုံမှန် တစ်နေ့ တစ်နာရီ ငိုကြရပါတယ်။ ဒီလိုငိုရတာဟာ ပျော်ရွှင်မှုနဲ့ ချစ်မြတ်နိုးမှု ကို ဖော်ထုတ်ပြသတာ ဖြစ်တယ် လို့ ယူဆကြပါတယ်။

ဆွီဒင် - ဆွီဒင်လူမျိုးတို့ရဲ့ ဓလေ့မှာဆိုရင် မင်္ဂလာဆောင်ပွဲတက်ရောက်တဲ့ လူပျို၊ အပျို ဧည့်သည်တွေဟာ သတို့သားနဲ့ သတို့သမီးကို နမ်းရပါတယ်။ သတို့သားကို ဧည့်သည် အဖြစ်လာရောက်တဲ့ အပျိုတွေက နမ်းကြရပြီး သတို့သမီးကိုတော့ လူပျိုတွေ တိုင်းနမ်းခွင့်ရှိပါတယ်။

တောင်ကိုရီးယား - လက်ထပ်မင်္ဂလာပွဲပြီးတဲ့ အချိန်မှာ သတို့သားခြေထောက်ကို ကြိုးချည်ပြီး ရိုက်နှက်တဲ့ ပွဲကို ဆက်လက်ကျင်းပလေ့ရှိပါသတဲ့။ သတို့သားကို သူ့ သူငယ်ချင်းတွေက ကြိုးချည်လိုက်ပြီးတဲ့ နောက် အသင့်ပြင်ဆင်ထားတဲ့ တုတ်နဲ့ ရိုက်ပါတယ်။ ရိုက်နေရင်းနဲ့ သတို့သားကို ဗဟုသုတစမ်းတဲ့ မေးခွန်းတွေ ကိုလည်း မေးမြန်းပါတယ်။ ဒီလိုရိုက်ခြင်းအား ဖြင့် သတို့သားရဲ့ ကြံ့ခိုင်သန်စွမ်းမှု နဲ့ ဉာဏ်အမြော်အမြင်ရှိမှု ကို သိရှိနိုင်တယ် လို့ ယူဆကြပါတယ်။

အနောက်အာရှဒေသ - မင်္ဂလာပွဲ မတိုင်ခင်မှာ အမျိုးသားက မိမိလက်ထပ်မဲ့ အမျိုးသမီးကို ပြန်ပေးဆွဲတဲ့ ဓလေ့ ကို ရှေးရှေးတုန်းက အနောက်အာရှ နိုင်ငံတချို့မှာ ပြုလုပ်လေ့ရှိပါတယ်။ အမျိုးသားဟာ မိတ်ဆွေ သူငယ်ချင်းတွေ ရဲ့ အကူအညီ နဲ့ အမျိူးသမီးကို ပြန်ပေးဆွဲပြီး အိမ်မှာ ဝှက်ထားပါတယ်။ အမျိုးသမီးရဲ့ မိဘဆွေမျိုးတွေက မင်္ဂလာပွဲကို လက်ခံတဲ့ အကြောင်းပြန်ကြားတော့မှ ပြန်လွှတ်ပေးပါတယ်။ ဒီဓလေ့ကို ဂျစ်ပစီလူမျိုးတွေနဲ့ ကီဂျစ်စတန် လူမျိုးတွေက အခုထိ ကျင့်သုံးလေ့ရှိနေဆဲ ဖြစ်ပါတယ်။

အိန္ဒိယ - အိန္ဒိယနိုင်ငံရဲ့ တစ်ချို့ဒေသတွေ မှာ အမျိုးသမီးတွေ ဟာချစ်သူအမျိုးသားနဲ့ လက်မထပ် သေးခင် တိရိစ္ဆာန်တွေ နဲ့ လက်ထပ်ကြရပါတယ်။ အထူးသဖြင့် ရုပ်ဆိုးတဲ့ အမျိုးသမီးတွေနဲ့ မျက်နှာမှာ အမှတ်အသားတွေ ပါဝင်တဲ့ အမျိုးသမီးတွေ က ဒီလို တိရိစ္ဆာန်လေးတွေ နဲ့ အရင်ဆုံးလက်ထပ်ကြရတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ အမျိုးသမီးတွေကို သရဲတစ္ဆေတွေက ပိုင်ဆိုင်တဲ့ အတွက် ဒီလို ရုပ်ဆိုးအောင် လုပ်ထားတာ ဖြစ်တယ် လို့ ယူဆကြလို့ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Waiyanthiri
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top