ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

 ေရွ႕ေဆာင္ႏြားလားဥသဘဟာ ေရွ႕ဆုံးကေန ေကြ႕ေကာက္သြားလွ်င္ ေနာက္က ႏြားတစ္သုိက္ကလည္း ေကြ႕ေကာက္ လုိက္တယ္။ ဒီလုိပါပဲ အထြတ္အျမတ္ေခါင္းေဆာင္လုိ႔ သမုတ္ထားတဲ့ ေခါင္းေဆာင္မင္းက မတရားတဲ့အက်င့္ကုိ က်င့္ေနရင္ တုိင္းသူျပည္ သားတုိ႔မွာ ဆုိဖြယ္မရွိ။ ေခါင္းေဆာင္ေတြ မတရားတဲ့အက်င့္ကုိက်င့္ေနရင္ တုိင္းသူျပည္သားေတြ ဆင္းဆင္း ရဲရဲေနရတယ္။
       ေရွ႕ေဆာင္ႏြားလားဥသဘက ေရွ႕မွေန ေျဖာင့္ေျဖာင့္သြားရင္ ေနာက္ကႏြားမ်ားလည္း ေျဖာင့္ေျဖာင့္လုိက္ၾကတယ္။ တုိင္းျပည္အုပ္ခ်ဳပ္သူမင္းက တရားႏွင့္အညီ မွ်တစြာက်င့္သုံးရင္ တုိင္းသူျပည္သားတုိ႔မွာ ဆုိဖြယ္မရွိ။ တရားကုိ လုိက္နာ က်င့္သုံး ၾကမည္အမွန္။ ေခါင္းေဆာင္မ်ားက တရားႏွင့္အညီ က်င့္လွ်င္ တုိင္းျပည္ ခ်မ္းခ်မ္းသာသာေနရတယ္။

 ခ်ိဳျမိန္တဲ့အရသာရွိတဲ့ သရက္သီးကုိ မမွည့္ခင္ အစိမ္းလုိက္ခူးရင္ သရက္သီးအရသာလည္းပ်က္တယ္။ သရက္မ်ိဳးေစ့လည္း ပ်က္စီးတယ္။ ဒီလုိပါပဲ တုိင္းျပည္အုပ္ခ်ဳပ္သူမ်ားဟာ တုိင္းသူျပည္သားေတြကုိ အဂတိလုိက္စား မိုက္မုိက္မွားမွား ဆုံးမစီရင္လွ်င္ တုိင္းႏုိင္ငံရဲ႕ အရသာကုိလည္း မခံစားရ။ တုိင္းျပည္လည္း ပ်က္စီးတယ္။
       သရက္သီးအမွည့္ကုိ ခူးဆြတ္ရင္ေတာ့ သရက္သီးရဲ႕ ခ်ိဳျမိန္တဲ့အရသာကုိလည္း ခံစားရတယ္။ သရက္မ်ိဳးေစ့လည္း ျပန္ရ တယ္။ ထုိသရက္မ်ိဳးေစ့မွတစ္ဆင့္ ေျမာက္မ်ားစြာေသာ ခ်ိဳျမိန္ေကာင္းျမတ္တဲ့ သရက္ပင္မ်ား တုိးပြားတယ္။
       ဒီလိုပါပဲ အုပ္ခ်ဳပ္သူေခါင္းေဆာင္မ်ားဟာ တုိင္းျပည္ကုိ တရားနဲ႔အညီ အဂတိမလုိက္စား မွ်တစြာ အုပ္ခ်ဳပ္စီရင္လွ်င္ တုိင္းျပည္ရဲ႕ အရသာကုိလည္း ခံစားရမယ္။ တုိင္းႏုိင္ငံလည္း မပ်က္စီးပဲ စည္ပင္၀ေျပာမယ္။
       တုိင္းျပည္ေခါင္းေဆာင္မင္းဟာ အျမိဳ႕ျမိဳ႕အနယ္နယ္မွ သူေဌးသူၾကြယ္၊ ကုန္သည္ေတြကုိ အာဏာသုံးၿပီး တံစုိးလက္ေဆာင္ ဆက္သခုိင္းျခင္း၊ အခြန္အတုတ္မ်ားစြာေကာက္ျခင္းျဖင့္ ႏွိပ္စက္လွ်င္ တုိင္းျပည္ဘ႑ာက်ီၾကႏွင့္ ဆန္႔က်င္ေနတာပါပဲ။ ေလးသ မား၊ စစ္သားမ်ားႏွင့္ ပညာရွိအၾကံေပးမ်ားကုိ ႏွိပ္စက္လွ်င္ ထုိမင္းဟာ ဗုိလ္ပါႏွင့္ ဆန္႔က်င္ေနတာပါပဲ။ 
       ကုိယ္ႏႈတ္ႏွလုံး ေစာင့္စည္းကုန္ေသာ ရေသ့ရဟန္းတုိ႔ကုိ ႏွိပ္စက္လွ်င္ နတ္ရြာသုဂတိႏွင့္ ဆန္႔က်င္ေနပါတယ္။ အျပစ္မရွိတဲ့ မိဖုရားမ်ားႏွင့္ သားသမီးတို႔ကုိ ညင္းဆဲလွ်င္ သားသမီး၊ မိဖုရားေတြနဲ႔လည္း ဆန္႔က်င္ေနပါတယ္။
       ဒါေၾကာင့္ တုိင္းျပည္အုပ္ခ်ဳပ္သူမ်ားဟာ ရဟန္းရွင္လူ တုိင္းသူျပည္သားမ်ားကုိ မညွင္းဆဲ မသတ္ျဖတ္ပဲ မွ်တစြာ တရား သျဖင့္ အုပ္ခ်ဳပ္ရပါမယ္။
       အသူရာတုိ႔ကုိ ႏွိပ္စက္လြမ္းမုိးႏုိင္တဲ့ သိၾကားမင္းဟာ မိမိရန္သူတုိ႔ကုိ ထိတ္လန္႔တုန္လႈပ္ေစသလုိ တုိင္းျပည္အုပ္ခ်ဳပ္တဲ့မင္း ဟာ တုိင္းသူျပည္သားတုိ႔ကုိ ေစာင့္ေရွာက္ၿပီး အမ်က္မထြက္ တရားေစာင့္လွ်က္ ေနမယ္ဆုိရင္ မိမိရန္သူမ်ားကုိ မင္းရဲ႕တန္ခုိး အရွိန္ျဖင့္ ထိတ္လန္႔တုန္လႈပ္ေစႏုိင္ပါတယ္။
(မဟာေဗာဓိပရိဗၺာဇကဇာတ္မွ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

#Unicode Version#

 ရှေ့ဆောင်နွားလားဥသဘဟာ ရှေ့ဆုံးကနေ ကွေ့ကောက်သွားလျှင် နောက်က နွားတစ်သိုက်ကလည်း ကွေ့ကောက် လိုက်တယ်။ ဒီလိုပါပဲ အထွတ်အမြတ်ခေါင်းဆောင်လို့ သမုတ်ထားတဲ့ ခေါင်းဆောင်မင်းက မတရားတဲ့အကျင့်ကို ကျင့်နေရင် တိုင်းသူပြည် သားတို့မှာ ဆိုဖွယ်မရှိ။ ခေါင်းဆောင်တွေ မတရားတဲ့အကျင့်ကိုကျင့်နေရင် တိုင်းသူပြည်သားတွေ ဆင်းဆင်း ရဲရဲနေရတယ်။
       ရှေ့ဆောင်နွားလားဥသဘက ရှေ့မှနေ ဖြောင့်ဖြောင့်သွားရင် နောက်ကနွားများလည်း ဖြောင့်ဖြောင့်လိုက်ကြတယ်။ တိုင်းပြည်အုပ်ချုပ်သူမင်းက တရားနှင့်အညီ မျှတစွာကျင့်သုံးရင် တိုင်းသူပြည်သားတို့မှာ ဆိုဖွယ်မရှိ။ တရားကို လိုက်နာ ကျင့်သုံး ကြမည်အမှန်။ ခေါင်းဆောင်များက တရားနှင့်အညီ ကျင့်လျှင် တိုင်းပြည် ချမ်းချမ်းသာသာနေရတယ်။

       ချိုမြိန်တဲ့အရသာရှိတဲ့ သရက်သီးကို မမှည့်ခင် အစိမ်းလိုက်ခူးရင် သရက်သီးအရသာလည်းပျက်တယ်။ သရက်မျိုးစေ့လည်း ပျက်စီးတယ်။ ဒီလိုပါပဲ တိုင်းပြည်အုပ်ချုပ်သူများဟာ တိုင်းသူပြည်သားတွေကို အဂတိလိုက်စား မိုက်မိုက်မှားမှား ဆုံးမစီရင်လျှင် တိုင်းနိုင်ငံရဲ့ အရသာကိုလည်း မခံစားရ။ တိုင်းပြည်လည်း ပျက်စီးတယ်။
       သရက်သီးအမှည့်ကို ခူးဆွတ်ရင်တော့ သရက်သီးရဲ့ ချိုမြိန်တဲ့အရသာကိုလည်း ခံစားရတယ်။ သရက်မျိုးစေ့လည်း ပြန်ရ တယ်။ ထိုသရက်မျိုးစေ့မှတစ်ဆင့် မြောက်များစွာသော ချိုမြိန်ကောင်းမြတ်တဲ့ သရက်ပင်များ တိုးပွားတယ်။
       ဒီလိုပါပဲ အုပ်ချုပ်သူခေါင်းဆောင်များဟာ တိုင်းပြည်ကို တရားနဲ့အညီ အဂတိမလိုက်စား မျှတစွာ အုပ်ချုပ်စီရင်လျှင် တိုင်းပြည်ရဲ့ အရသာကိုလည်း ခံစားရမယ်။ တိုင်းနိုင်ငံလည်း မပျက်စီးပဲ စည်ပင်ဝပြောမယ်။
       တိုင်းပြည်ခေါင်းဆောင်မင်းဟာ အမြို့မြို့အနယ်နယ်မှ သူဌေးသူကြွယ်၊ ကုန်သည်တွေကို အာဏာသုံးပြီး တံစိုးလက်ဆောင် ဆက်သခိုင်းခြင်း၊ အခွန်အတုတ်များစွာကောက်ခြင်းဖြင့် နှိပ်စက်လျှင် တိုင်းပြည်ဘဏ္ဍာကျီကြနှင့် ဆန့်ကျင်နေတာပါပဲ။ လေးသ မား၊ စစ်သားများနှင့် ပညာရှိအကြံပေးများကို နှိပ်စက်လျှင် ထိုမင်းဟာ ဗိုလ်ပါနှင့် ဆန့်ကျင်နေတာပါပဲ။
       ကိုယ်နှုတ်နှလုံး စောင့်စည်းကုန်သော ရသေ့ရဟန်းတို့ကို နှိပ်စက်လျှင် နတ်ရွာသုဂတိနှင့် ဆန့်ကျင်နေပါတယ်။ အပြစ်မရှိတဲ့ မိဖုရားများနှင့် သားသမီးတို့ကို ညင်းဆဲလျှင် သားသမီး၊ မိဖုရားတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။
       ဒါကြောင့် တိုင်းပြည်အုပ်ချုပ်သူများဟာ ရဟန်းရှင်လူ တိုင်းသူပြည်သားများကို မညှင်းဆဲ မသတ်ဖြတ်ပဲ မျှတစွာ တရား သဖြင့် အုပ်ချုပ်ရပါမယ်။
       အသူရာတို့ကို နှိပ်စက်လွမ်းမိုးနိုင်တဲ့ သိကြားမင်းဟာ မိမိရန်သူတို့ကို ထိတ်လန့်တုန်လှုပ်စေသလို တိုင်းပြည်အုပ်ချုပ်တဲ့မင်း ဟာ တိုင်းသူပြည်သားတို့ကို စောင့်ရှောက်ပြီး အမျက်မထွက် တရားစောင့်လျှက် နေမယ်ဆိုရင် မိမိရန်သူများကို မင်းရဲ့တန်ခိုး အရှိန်ဖြင့် ထိတ်လန့်တုန်လှုပ်စေနိုင်ပါတယ်။
(မဟာဗောဓိပရိဗ္ဗာဇကဇာတ်မှ)

ဖိုးသူတော် (www.phothutaw.com)
Credit:ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top