Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကမ္းပိုးတစ္ေကာင္ကုိ မီးရိႈ႕ဖုိ႔ ႀကိဳးစားခဲ့ရာမွ တုိက္ခန္းတစ္ခန္းစလံုး မီးေလာင္သြားဖုိ႔ အေမရိကန္က အိမ္ရွင္အမ်ိဳးသမီး ေထာင္က်သြားခဲ့တယ္လုိ႔ သိရပါတယ္။ သူ႕အျဖစ္ကလည္း တကယ့္ကုိ ကံဆိုး တယ္လုိ႔ ဆုိရမွာပါ။ ေတာ္ပီကာ မာရွယ္မီးသတ္စခန္းမွ လူေနတုိက္ခန္းမီးေလာင္မႈကုိ အတည္ျပဳ ေပးခဲ့ၿပီးေတာ့ အပ်က္အစီးတန္ေၾကး ေဒၚလာ တစ္သိန္းခြဲနီးပါးနဲ႔ မိသားစုဦးေရ ၁၇ ဦးတုိ႔မွာ အိမ္ေျခ ယာမဲ့အျဖစ္ ေရာက္ရွိသြားခဲ့တယ္လုိ႔ သိရပါတယ္။

မီးေလာင္ရျခင္းအေၾကာင္းအရင္းမွာ တနၤလာေန႔အေစာပုိင္းအခ်ိန္မွာ အိမ္ပုိင္ရွင္ မီးေလာင္မႈ တရားခံ အမ်ိဳးသမီးျဖစ္တဲ့ မုိနီကြစ္ကြာရယ္က သမီးျဖစ္သူရဲ႕ တုိက္ခန္းအတြင္း ၾကမ္းပုိးတစ္ေကာင္ေတြ႕ရွိ တယ္ဆုိတဲ့အေၾကာင္း မိခင္ျဖစ္သူ အားေျပာျပၿပီးေနာက္မွာ မီးျခစ္နဲ႔ မီးရႈိ႕ပစ္ၿပီး သတ္ပစ္လုိက္လုိ႔ ေျပာၾကားခဲ့တာေၾကာင့္ သူမက မီးျခစ္ယူၿပီး မီးစတင္ရိႈ႕ပါေတာ့တယ္။ အဲ့ဒီမွာပဲ ၾကမ္းခင္းနဲ႔ အရာဝတၱဳ ေတြကုိ စတင္မီးစြဲေလာင္ကၽြမ္းခဲ့ၿပီး ႀကိတ္ၿပီးၿငိွမ္းသတ္လုိ႔မရေတာ့တဲ့အဆံုးမွာ အေရးေပၚ မီးၿငိွမ္း သတ္ေရး စခန္းကုိ မီးၿငွိမ္းသတ္ဖုိ႔ ေခၚယူခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

မီးသတ္စခန္းနဲ႔ လူေနရပ္ကြက္ အာဏာပိုင္ေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ မီးေလာင္ကၽြမ္းမႈက တဆင့္ လူေနတုိက္ခန္းတစ္ခုလံုးကုိ မီးစြဲေလာင္သြားခဲ့ကာ တခ်ိဳ႕ မီးခိုးေငြ႔ရႈရႈိက္မိခဲ့ကာ ေဆးရံု သုိ႔ အေရးေပၚ တင္ေဆာင္ပုိ႔ေပးခဲ့ရတယ္လုိ႔ သိရပါတယ္။ လူေနအိပ္ ခ်ိန္ျဖစ္ေနတာေၾကာင့္လည္း မီး ေလာင္ကၽြမ္းမႈထဲ မည္သည့္ပစၥည္းမွ ယူခ်ိန္မရကာ လူေတြအသက္လုေျပးခဲ့ရတယ္လုိ႔ ဆုိပါတယ္။ မီးေလာင္ကၽြမ္းမႈေၾကာင့္ ေသဆံုးသူတစ္ဦးတစ္ေယာက္မွ မရွိေသာ္လည္းပဲ အတူေနတုိက္ခန္းမိသားစု မ်ားမွာေတာ့ အိမ္ေျခယာ မဲ့ျဖစ္သြားခဲ့ကာ တရားခံအမ်ိဳးသမီးကုိေတာ့ ဖမ္းဆီးစစ္ေဆးမႈေတြ ျပဳလုပ္ ေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
ကြမ်းပိုးတစ်ကောင်ကို မီးရှို့ဖို့ ကြိုးစားခဲ့ရာမှ တိုက်ခန်းတစ်ခန်းစလုံး မီးလောင်သွားဖို့ အမေရိကန်က အိမ်ရှင်အမျိုးသမီး ထောင်ကျသွားခဲ့တယ်လို့ သိရပါတယ်။ သူ့အဖြစ်ကလည်း တကယ့်ကို ကံဆိုး တယ်လို့ ဆိုရမှာပါ။ တော်ပီကာ မာရှယ်မီးသတ်စခန်းမှ လူနေတိုက်ခန်းမီးလောင်မှုကို အတည်ပြု ပေးခဲ့ပြီးတော့ အပျက်အစီးတန်ကြေး ဒေါ်လာ တစ်သိန်းခွဲနီးပါးနဲ့ မိသားစုဦးရေ ၁၇ ဦးတို့မှာ အိမ်ခြေ ယာမဲ့အဖြစ် ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ရခြင်းအကြောင်းအရင်းမှာ တင်္နလာနေ့အစောပိုင်းအချိန်မှာ အိမ်ပိုင်ရှင် မီးလောင်မှု တရားခံ အမျိုးသမီးဖြစ်တဲ့ မိုနီကွစ်ကွာရယ်က သမီးဖြစ်သူရဲ့ တိုက်ခန်းအတွင်း ကြမ်းပိုးတစ်ကောင်တွေ့ရှိ တယ်ဆိုတဲ့အကြောင်း မိခင်ဖြစ်သူ အားပြောပြပြီးနောက်မှာ မီးခြစ်နဲ့ မီးရှို့ပစ်ပြီး သတ်ပစ်လိုက်လို့ ပြောကြားခဲ့တာကြောင့် သူမက မီးခြစ်ယူပြီး မီးစတင်ရှို့ပါတော့တယ်။ အဲ့ဒီမှာပဲ ကြမ်းခင်းနဲ့ အရာဝတ္တု တွေကို စတင်မီးစွဲလောင်ကျွမ်းခဲ့ပြီး ကြိတ်ပြီးငြှိမ်းသတ်လို့မရတော့တဲ့အဆုံးမှာ အရေးပေါ် မီးငြှိမ်း သတ်ရေး စခန်းကို မီးငြှိမ်းသတ်ဖို့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးသတ်စခန်းနဲ့ လူနေရပ်ကွက် အာဏာပိုင်တွေရဲ့ ပြောကြားချက်အရတော့ မီးလောင်ကျွမ်းမှုက တဆင့် လူနေတိုက်ခန်းတစ်ခုလုံးကို မီးစွဲလောင်သွားခဲ့ကာ တချို့ မီးခိုးငွေ့ရှုရှိုက်မိခဲ့ကာ ဆေးရုံ သို့ အရေးပေါ် တင်ဆောင်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ လူနေအိပ် ချိန်ဖြစ်နေတာကြောင့်လည်း မီး လောင်ကျွမ်းမှုထဲ မည်သည့်ပစ္စည်းမှ ယူချိန်မရကာ လူတွေအသက်လုပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူတစ်ဦးတစ်ယောက်မှ မရှိသော်လည်းပဲ အတူနေတိုက်ခန်းမိသားစု များမှာတော့ အိမ်ခြေယာ မဲ့ဖြစ်သွားခဲ့ကာ တရားခံအမျိုးသမီးကိုတော့ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top