ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

(၁) ေစာင့္ေမွ်ာ္ျခင္းဆိုတာ မျမင္ရတဲ့လက္မည္းႀကီးတစ္စံုပါ။ အထူးသျဖင့္ အခ်စ္ကိုသတ္ျဖတ္ၿပီး ေပ်ာ္ရႊင္ေနတဲ့ လက္မည္းႀကီးျဖစ္တယ္။

(၂) ျမက္ရိုင္းေတြၾကားမွာ ေက်ာက္စိုင္ေက်ာက္ခဲ မႀကီးမားႏိုင္ဘူး။ ေသနတ္ဖ်ားမွာ ျခေသၤ့ မသန္စြမ္းႏိုင္ဘူး။ ေရခဲေတာင္ေရွ႕မွာ တိုင္တန္းနစ္သေဘာၤ မခိုင္ခံ့ႏိုင္ဘူး။ ကမာၻပတ္သူရဲ႕ေရွ႕မွာ ကမာၻႀကီး မက်ယ္ဝန္းႏိုင္ဘူး။
ဘယ္အရာက ႀကီးမား၊ သန္စြမ္း၊ ခိုင္ခံ့၊ က်ယ္ဝန္းႏိုင္သလဲ?အခက္အခဲေရွ႕မွာ အၿပံဳး ႀကီးမားသန္စြမ္းႏိုင္တယ္။
ေဘးအႏၱရာယ္ေရွ႕မွာ ယံုၾကည္မႈ ခိုင္ၿမဲႏိုင္တယ္။
ထိခိုက္နာက်င္ျခင္းရဲ႕ေရွ႕မွာ ေမ့ေလ်ာ့ျခင္း က်ယ္ဝန္းႏိုင္တယ္။

(၃) လင္ေယာက္်ားအေပၚ ပါးစပ္ခ်ဳိတဲ့မိန္းမ ဘယ္ေတာ့မွမနစ္နာဘူး။ ဒီစကားကို မွတ္ထားပါ!

(၄) သူ႔"အမွား"ကို အျပစ္ရွာခ်င္ရင္ သင့္ဖက္က"မွန္"ရပါမယ္။ စိတ္ခံစားခ်က္မွာ ဘယ္သူမွားတယ္၊ ဘယ္သူမွန္တယ္ဆိုတာ ေဝခဲြရခက္ပါတယ္။

(၅) အိမ္ေထာင္ေရးမွာ အခ်စ္ကို မေပ်ာက္ပ်က္ေစနဲ႔။ အခ်စ္ေရးမွာ ကိုယ့္ကိုယ္ကို မေပ်ာက္ပ်က္ေစနဲ႔။

(၆) ခံစားခ်က္ဖိုရမ္မွာ ခံစားခ်က္အေၾကာင္း ေဆြးေႏြးတဲ့လူ ႏွစ္မ်ဳိးႏွစ္စားရွိတယ္။ ပထမလူစားက မိသားစု"ေပ်ာ္ရႊင္ျခင္း" အေၾကာင္းပဲေျပာတယ္။ ဒုတိယလူစားက မိသားစု"စိတ္ဆင္းရဲျခင္း"အေၾကာင္းပဲ ေျပာတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ေပ်ာ္ရႊင္ျခင္းအေၾကာင္းေျပာတဲ့လူရဲ႕ မိသားစုက ပိုပိုေပ်ာ္ရႊင္လာတယ္။ စိတ္ဆင္းရဲျခင္းအေၾကာင္းေျပာတဲ့လူရဲ႕ မိသားစုက ပိုပိုစိတ္ဆင္းရဲလာတယ္။ တခ်ဳိ႕က လမ္းခဲြျပတ္စဲတဲ့အထိပါပဲ။

(၇) ေဆြးေႏြးၾကတဲ့အရာက တစ္ခုတည္း၊ ႀကံဳေတြ႔ရတဲ့ ျပႆနာကလည္း အတူတူပဲ။ ဒါေပမဲ့ တခ်ဳိ႕က အေကာင္းျမင္စိတ္၊ ႏွစ္ၿမိဳ႕တဲ့စိတ္နဲ႔ ေျဖရွင္းၾကတယ္။ တခ်ဳိ႕က တသတ္မွတ္အေတြး၊ မေကာင္းျမင္စိတ္နဲ႔ ေျဖရွင္းတယ္။ ဒါဟာ လူလူခ်င္းၾကား၊ မိသားစုၾကားက ေပ်ာ္ရႊင္ျခင္းရဲ႕ျခားနားခ်က္ျဖစ္တယ္။

(၈) "'ဒိုးတူေပါင္ဖက္"ဆိုတဲ့အဆင့္ကိုေရာက္ဖို႔ အိမ္ေထာင္က်တဲ့ ေယာက္်ားမိန္းမတိုင္း ေမွ်ာ္လင့္ၾကတယ္။ "မိန္းမက ေယာက္်ားကို ပိုႏွစ္သက္မယ္၊ ပိုခ်ီးက်ဴးမယ္၊ ေယာက္်ားကို စေနာက္မယ္ဆိုရင္ ေယာက္်ားေတြက က်ိဳးႏံြသိမ့္ေမြ႔ပါတယ္တဲ့" ေယာက္်ားေတြက ေျပာပါတယ္။ "ေယာက္်ားက သေဘာထားနည္းနည္းႀကီးမယ္၊ အိမ္ေထာင့္တာဝန္ကုိ နည္းနည္းပိုထမ္းရြက္မယ္ဆိုရင္ မိန္းမေတြက ေယာက္်ားစကားကို ပိုနားေထာင္ပါတယ္တဲ့" မိန္းမေတြက ေျပာပါတယ္။

(၉) အိမ္ေထာင္ေရးမွာ ခံစားခ်က္တစ္မ်ဳိးကို အခ်င္းခ်င္းခ်စ္ျမတ္ႏိုးျခင္းလို႔ေခၚတယ္။ ေနာက္ခံစားခ်က္တစ္မ်ဳိးကို ဒိုးတူေပါင္ဖက္လို႔ေခၚတယ္။ ေနာက္ခံစားခ်က္တစ္မ်ဳိးကို ခြင့္လႊတ္နားလည္ျခင္းလို႔ေခၚတယ္။ အိမ္ေထာင္ေရးဆိုတာ ပင္လယ္ျပင္မွာ ရြက္လႊင့္ေနတဲ့ ေလွငယ္တစ္စီးနဲ႔တူတယ္။ တစ္ခါတေလမွာ ေလၿငိမ္လိႈင္းၿငိမ္ၿပီး လိုရာခရီးေရာက္တယ္။ တစ္ခါတေလမွာ ေလထန္လႈိင္းထန္တယ္၊ ေက်ာက္ေဆာင္ေတြေပါတယ္။ နားလည္ျခင္းဆိုတဲ့ရြက္ကိုလႊင့္ၿပီး ခြင့္လႊတ္ဆိုတဲ့ပဲ့နဲ႔ စုေပါင္းညီညာေလွာ္မွ ေပ်ာ္ရႊင္ျခင္းကမ္းကို ကပ္ႏိုင္မွာျဖစ္တယ္။

(၁ဝ) ကိုယ့္အျမင္ကို ကိုယ္တိုင္ဖြင့္ဆိုေပးပါ....

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထက္ေကာင္းကင္

# Unicode Version #
(၁) စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့လက်မည်းကြီးတစ်စုံပါ။ အထူးသဖြင့် အချစ်ကိုသတ်ဖြတ်ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။

(၂) မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။ သေနတ်ဖျားမှာ ခင်္သြေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ တိုင်တန်းနစ်သဘောၤ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး မကျယ်ဝန်းနိုင်ဘူး။
ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?အခက်အခဲရှေ့မှာ အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။

(၃) လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှမနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!

(၄) သူ့"အမှား"ကို အပြစ်ရှာချင်ရင် သင့်ဖက်က"မှန်"ရပါမယ်။ စိတ်ခံစားချက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။

(၅) အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ ကိုယ့်ကိုယ်ကို မပျောက်ပျက်စေနဲ့။

(၆) ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု"ပျော်ရွှင်ခြင်း" အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု"စိတ်ဆင်းရဲခြင်း"အကြောင်းပဲ ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။

(၇) ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။ ဒါပေမဲ့ တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။ တချို့က တသတ်မှတ်အတွေး၊ မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ခြားနားချက်ဖြစ်တယ်။

(၈) "'ဒိုးတူပေါင်ဖက်"ဆိုတဲ့အဆင့်ကိုရောက်ဖို့ အိမ်ထောင်ကျတဲ့ ယောက်ျားမိန်းမတိုင်း မျှော်လင့်ကြတယ်။ "မိန်းမက ယောက်ျားကို ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်မယ်ဆိုရင် ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့" ယောက်ျားတွေက ပြောပါတယ်။ "ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို နည်းနည်းပိုထမ်းရွက်မယ်ဆိုရင် မိန်းမတွေက ယောက်ျားစကားကို ပိုနားထောင်ပါတယ်တဲ့" မိန်းမတွေက ပြောပါတယ်။

(၉) အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကို အချင်းချင်းချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ တစ်ခါတလေမှာ လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။ နားလည်ခြင်းဆိုတဲ့ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့ စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာဖြစ်တယ်။

(၁ဝ) ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ....

ဖိုးသူတော် (www.phothutaw.com)
Credit: ထက်ကောင်းကင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top