ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ခ်င္သူေတြအတြက္ သဘာ၀ နည္းအတိုင္း က်ေစမယ့္ နည္းလမ္းတစ္ခုကို မွ်ေ၀ခ်င္ပါတယ္။ ဒါကေတာ့ သခြားသီးစားၿပီး ခ်ရမယ့္ နည္းပါ။ ကိုယ္တြင္းက အဆီေတြကိုပါ မက ၀က္ၿခံျပႆနာကိုပါ တစ္ခါတည္း သက္သာေစႏုိင္ပါတယ္။

လတ္ဆတ္တဲ့ သခြားသီးဟာ ကိုယ္တြင္းက အဆိပ္ေတြကို ဖယ္ရွားႏုိင္ၿပီး က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း ရွိေစပါတယ္။ သူ႔ကို စနစ္တက် စားေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ က်ေစၿပီ၏ အသားအေရ ၾကည္လင္လာေစပါတယ္။

တစ္ရက္စာ အစီအစဥ္ေလးပါ။ ဒါမ်ိဳး ၇ရက္ စားရမွာပါ။ အဓိက ေလွ်ာ့ရမွာကေတာ့ အဆီနဲ႔ အငံပါ။ အျခား အစားအစာေတြကို မစားမိေစဘဲ ထိန္းႏုိင္ရင္ေတာ့ အေကာင္းဆံုးပါပဲ၊

၁။ မနက္စာ

လွီးထားတဲ့ သခြားသီး တစ္ပန္းကန္စာန႔ဲ ၾကက္ဥျပဳတ္ ၁လံုး (သို႔) ၂လံုး စားရပါမယ္။

၂။ သေရစာ

ပန္းသီး တစ္လံုး (သို႔) သစ္ေတာ္သီး (သို႔) ဆီးသီးေျခာက္ ၃-၅လံုး စားလို႔ရပါတယ္။

၃။ ေန႔လည္စာ

သခြားသီး Salad (သို႔) သခြားသီး အစိမ္း (သို႔) သခြားသီးျပဳတ္ တစ္ပန္းကန္နဲ႔ ေပါင္မုန္႔တစ္ခ်ပ္စားေပးရပါမယ္။ ေပါင္မုန္႔ဟာ ဂ်ံဳခ်ည္းပဲ လုပ္ထားတဲ့ ေပါင္မုန္႔ျဖစ္ရပါမယ္။ အထဲမွာ အစာသြပ္ထားတဲ့ ေပါင္မုန္႔ေတြ မရပါဘူး။

သခြားသီး Salad ကို ကိုယ္တိုင္လုပ္ဖို႔ အတြက္

    သခြားသီး ၄၀၀ kg
    ဒိန္ခ်ဥ္ ၂၀၀ ml
    ဆားအနည္းငယ္နဲ႔ ၾကက္သြန္နီ

    သခြားသီးကို အခြံႏႊားၿပီး အတံုးေလးေတြ တံုးပါ။ ဆားနဲ႔ ဆုပ္နယ္ပါ။ အရမ္းမငံေစပါနဲ႔။ ၿပီးရင္ ဒိန္ခ်ဥ္ထည့္ပါ။ ဒိန္ခ်ဥ္မႀကိဳက္ရင္ေတာ့ ႏြားႏို႔ထည့္ပါ။ ေရာေမႊၿပီး ၾကက္သြန္နီကို လွီးၿပီး ထည့္ပါ။ သခြားသီး Salad  လုပ္ရမွာ ရႈပ္တယ္ဆိုရင္ေတာ့ သခြားသီး အစိမ္းကိုပဲ ဒီအတိုင္းစားလုိက္ပါ။

    ၄။ ေန႔လည္ သေရစာ

    သခြားသီး ေဖ်ာ္ရည္
    သခြားသီး တစ္လံုး
    ပန္းသီးတစ္လံုး
    ဟင္းႏုႏြယ္ရြက္လက္တစ္ဆုပ္စာပါ၀င္ပစၥည္းေတြကို ေရာၿပီး ႀကိတ္ၿပီး ေသာက္ပါ။ အန႔ံကို မႀကိဳက္ရင္ေတာ့ ဂ်င္းေလး နည္းနည္းထည့္ၿပီး ေသာက္ပါ။

၅။ ညစာ

ႀကိဳက္ႏွစ္သက္တဲ့ အသီးတစ္မ်ိဳးကို ၃၀၀ ဂရမ္ စားေပးပါ။ဒီအတိုင္း ၇ ရက္စားေပးပါ။ အသားအေရ ၾကည္လင္လာေစၿပီး ကိုယ္တြင္း မေကာင္းတဲ့ အဆီေတြ က်ေစၿပီး အေလးခ်ိန္ကိုပါ ေလွ်ာ့ခ်ေပးသြားမွာပါ။

Source: healthyandnaturalsolution.com
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfoodmyanmar

#Unicode Version#
ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် သဘာ၀ နည်းအတိုင်း ကျစေမယ့် နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။ ဒါကတော့ သခွားသီးစားပြီး ချရမယ့် နည်းပါ။ ကိုယ်တွင်းက အဆီတွေကိုပါ မက ဝက်ခြံပြဿနာကိုပါ တစ်ခါတည်း သက်သာစေနိုင်ပါတယ်။

လတ်ဆတ်တဲ့ သခွားသီးဟာ ကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားနိုင်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိစေပါတယ်။ သူ့ကို စနစ်တကျ စားပေးမယ်ဆိုရင် ကိုယ်အလေးချိန် ကျစေပြီ၏ အသားအရေ ကြည်လင်လာစေပါတယ်။

တစ်ရက်စာ အစီအစဉ်လေးပါ။ ဒါမျိုး ၇ရက် စားရမှာပါ။ အဓိက လျှော့ရမှာကတော့ အဆီနဲ့ အငံပါ။ အခြား အစားအစာတွေကို မစားမိစေဘဲ ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ၊

၁။ မနက်စာ

လှီးထားတဲ့ သခွားသီး တစ်ပန်းကန်စာနဲ့ ကြက်ဥပြုတ် ၁လုံး (သို့) ၂လုံး စားရပါမယ်။

၂။ သရေစာ

ပန်းသီး တစ်လုံး (သို့) သစ်တော်သီး (သို့) ဆီးသီးခြောက် ၃-၅လုံး စားလို့ရပါတယ်။

၃။ နေ့လည်စာ

သခွားသီး Salad (သို့) သခွားသီး အစိမ်း (သို့) သခွားသီးပြုတ် တစ်ပန်းကန်နဲ့ ပေါင်မုန့်တစ်ချပ်စားပေးရပါမယ်။ ပေါင်မုန့်ဟာ ဂျုံချည်းပဲ လုပ်ထားတဲ့ ပေါင်မုန့်ဖြစ်ရပါမယ်။ အထဲမှာ အစာသွပ်ထားတဲ့ ပေါင်မုန့်တွေ မရပါဘူး။

သခွားသီး Salad ကို ကိုယ်တိုင်လုပ်ဖို့ အတွက်

    သခွားသီး ၄၀၀ kg
    ဒိန်ချဉ် ၂၀၀ ml
    ဆားအနည်းငယ်နဲ့ ကြက်သွန်နီ

    သခွားသီးကို အခွံနွှားပြီး အတုံးလေးတွေ တုံးပါ။ ဆားနဲ့ ဆုပ်နယ်ပါ။ အရမ်းမငံစေပါနဲ့။ ပြီးရင် ဒိန်ချဉ်ထည့်ပါ။ ဒိန်ချဉ်မကြိုက်ရင်တော့ နွားနို့ထည့်ပါ။ ရောမွှေပြီး ကြက်သွန်နီကို လှီးပြီး ထည့်ပါ။ သခွားသီး Salad  လုပ်ရမှာ ရှုပ်တယ်ဆိုရင်တော့ သခွားသီး အစိမ်းကိုပဲ ဒီအတိုင်းစားလိုက်ပါ။

    ၄။ နေ့လည် သရေစာ

    သခွားသီး ဖျော်ရည်
    သခွားသီး တစ်လုံး
    ပန်းသီးတစ်လုံး
    ဟင်းနုနွယ်ရွက်လက်တစ်ဆုပ်စာပါဝင်ပစ္စည်းတွေကို ရောပြီး ကြိတ်ပြီး သောက်ပါ။ အနံ့ကို မကြိုက်ရင်တော့ ဂျင်းလေး နည်းနည်းထည့်ပြီး သောက်ပါ။

၅။ ညစာ

ကြိုက်နှစ်သက်တဲ့ အသီးတစ်မျိုးကို ၃၀၀ ဂရမ် စားပေးပါ။ဒီအတိုင်း ၇ ရက်စားပေးပါ။ အသားအရေ ကြည်လင်လာစေပြီး ကိုယ်တွင်း မကောင်းတဲ့ အဆီတွေ ကျစေပြီး အလေးချိန်ကိုပါ လျှော့ချပေးသွားမှာပါ။

Source: healthyandnaturalsolution.com

ဖိုးသူတော် (www.phothutaw.com)
Credit: Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top