ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ခႏၶာကိုယ္ အနံ႔ထြက္တယ္ဆိုတာကေတာ့ လူတိုင္းေရွာင္လႊဲလို႔ မရတဲ့ ကိစၥပဲေနာ္။ အ့ဲအတြက္ စိတ္ညစ္ေနရတယ္ဆိုရင္ေတာ့ ပူစရာမလိုေတာ့ဘူးေလ။ ဒီက နည္းလမ္းေကာင္းေလးေတြကိုသာ စမ္းသပ္ၾကည့္။ ကိုယ္နံ႔ ဆိုတာ ဘာလဲ ဆိုၿပီးေတာင္ ျပန္ေမးယူသြားရမယ္။

 ဘာလို႔ ကိုယ္နံ႔ထြက္ရတာလဲ။

တစ္ေနကုန္ အလုပ္ထဲမွာ၊ ေက်ာင္းမွာ အခ်ိန္ကုန္ေနရတဲ့ ေယာင္းတို႔ကေတာ့ ဒီျပသနာကို ေကာင္းေကာင္းၾကီး သိမွာေပါ့။ လႈပ္ရွားေနမွ မဟုတ္ဘူးေလေနာ္။ ဒီတိုင္းထိုင္ေနရင္းနဲ႔ေတာင္ ေခၽြးကထြက္ေနတာ။ ျမန္မာနိုင္ငံရာသီဥတုၾကီးကလည္း မီးေလာင္ရာေလပင့္ဆိုသလိုျဖစ္ေနတာကိုး။

လူေတြအစာစားျပီးတိုင္း ပံုမွန္အညစ္အေၾကး စြန္႔သလိုပဲ ခႏၶာကိုယ္က ဆဲလ္ေလးေတြကလည္း ျဖစ္ပ်က္ျပိဳကြဲဆိုတဲ့ ျဖစ္စဥ္နဲ႔ လည္ပတ္ေနပါတယ္တဲ့။ ျပိဳကြဲသြားတဲ့ ဆဲလ္ေလးေတြ အေရျပားေပၚ စုပံုလာတဲ့အခါ ကိုယ္နံ႔က စထြက္လာေရာ။ စိတ္မေကာင္းစရာေျပာရဦးမယ္။ အမ်ိဳးသမီးေတြအတြက္ ရာသီေပၚတဲ့အခ်ိန္နဲ႔ စိတ္ဖိစီးတဲ့အခ်ိန္ေတြမွာ ကိုယ္အနံံ႔ဆိုးထြက္ဖို႔ အခြင့္အေရးပိုမ်ားတယ္တဲ့ေလ။

Related article >>> (၂၄)နာရီလံုး ေရေမႊးနံ႕ေလး သင္းေနေစဖို႔ လွ်ိဳ႕ဝွက္နည္းလမ္း

လွ်ပ္တျပက္နည္းေလးေတြ

တစ္ခါတေလ ေရခ်ိဳးဖို႔အခ်ိန္မရတာတို႔ အလုပ္ထဲမွာ ဒါမွမဟုတ္ စာသင္ခန္းထဲမွာ ေျခခ်ဳပ္မိေနတာတို႔ဆို သိပ္စိတ္ညစ္ရတယ္မလား။ကိုယ့္အေၾကာင္းလည္း ကိုယ္ပဲသိ၊ ထိုင္မရ ထမရ အေျခအေနေတြကလည္း ရွိတာကိုး။ ကဲ ေယာင္းတို႔အတြက္ အလြယ္ဆံုးနဲ႔ အျမန္ဆံုးနည္းက ေဟာဒီမွာ။

    လက္သန္႔စင္ရည္သံုးပါ။

ခုခတ္မွာ ေရမလိုလက္သန္႔ေဆးရည္ေလးေတြ ေခတ္စားေနျပီေနာ္။ ေယာင္းတို႔လည္း တစ္ဘူးစီေလာက္ ေဆာင္ထားၾကည့္။ ဘာလို႔ဆိုေတာ့ သူက လက္ေဆးတာထက္ကို ပို အသံုးဝင္ေနတယ္ေလ။ အဲ့ အရည္ေလးကို အနံ႔ထြက္တဲ့ေနရာေပၚပါးပါးေလး လိမ္းေပးလိုက္ရင္ ခ်က္ခ်င္းဆိုသလို အနံ႔ဆိုးေပ်ာက္သြားပါတယ္တဲ့။ သူက PH level ကို ညိွေပးလို႔ အနံ႔ထိန္းသလို ျဖစ္သြားတယ္ေလ။

    ဆီစုပ္စကၠဴေလးဆိုလည္း အဆင္ေျပပါတယ္။

အလွၾကိဳက္တဲ့ ေယာင္းတို႔ကေတာ့ အဆီစုပ္ စကၠဴက အျမဲတမ္း အိတ္ထဲမွာ ရွိေနမွာေပါ့။ အလွျပင္တာ ဝါသနာမပါတဲ့ ေယာင္းေတြလည္း ေဆာင္ၾကည့္ပါ။ သူက မိတ္ကပ္လိမ္းမွ မဟုတ္ဘူး မလိမ္းတဲ့လူေတြလည္းသံုးလို႔ရတဲ့ဆိုေတာ့ေလ။ ျပီးေတာ့ အဲ့စကၠဴေလးက ကိုယ္နံ႔လည္း ထိန္းေပးေသးတယ္ဆို ယံုမလား? ေခၽြးနံ႔ထြက္ေနတဲ့ ခ်ိဳင္းလိုေနရာ လည္ကုတ္လိုေနရာေတြကို အဲ့တာေလး တင္ျပီး သုတ္လိုက္ရင္ ေခၽြးနံ႔ေရာ ေခၽြးေရာ စုပ္သြားပါတယ္တဲ့။ ကဲ ဘယ္ေလာက္အဆင္ေျပလိုက္သလဲ။

Related article >>> မည္းေနတဲ့ ခ်ိဳင္းၾကား ျမန္ျမန္ဆန္ဆန္ျဖဴလာေစဖို႔

သဘာဝနည္းလမ္းေလးေတြ

ဒါေလးေတြကေတာ့ ေယာင္းတို႔ကိုယ့္အိမ္မွာကိုယ္ ေအးေအးေဆးေဆး လုပ္လို႔ရမယ့္ နည္းေလးေတြပါ။

    ေက်ာက္ခ်ဥ္ေလး သံုးေပးပါ

ဒီနည္းကေတာ့ အားလံုးနီးပါး သိၾကမွာပါေနာ္။ ေက်ာက္ခ်ဥ္က အနံ႔စုပ္တယ္ဆိုတာကိုေလ။ ေယာင္းတို႔ သိပ္မသိေလာက္တဲ့ အခ်က္က သူက အက္စစ္ဓါတ္ပါလို႔ ဘက္တီးရီးယားေတြကိုပါ သန္႔စင္ေပးပါတယ္တဲ့။ ေက်ာက္ပ်ဥ္ေပၚမွာေသြးျပီး ထြက္လာတဲ့အနွစ္ကို လိမ္းလိမ္း ေရနည္းနည္းဆြတ္ျပီးမွ ကိုယ္ေပၚတိုက္ရိုက္တင္ျပီး လိမ္းလိမ္း အာနိသင္တူတူပဲေနာ္။ တစ္ခုရွိတာက ကိုယ္ေပၚကို တိုက္ရိုက္တင္လိမ္းတယ္ဆိုရင္ေတာ့ အသံုးျပဳျပီးရင္ ေက်ာက္ခ်ဥ္တံုးကို ေရေဆးခ်ေပးဖို႔ မေမ့နဲ႔ေနာ္။

    ဗီနီဂါ (သို႔) ရွာလကာရည္ သံုးလို႔လည္း ရပါတယ္

     ဒါကိုေတာ့ ေရခ်ိဳးျပီးတဲ့ အခ်ိန္ အနံ႔ဆိုးထြက္တတ္တဲ့ ေနရာေလးေတြကို ပါးပါးေလး သုတ္လိမ္းေပးထားလို႔ရပါတယ္တဲ့။ သတိ! ခ်ိဳင္းေမြးနုတ္ျပီး၊ ရိတ္ျပီးခါစ အခ်ိန္မသံုးရပါဘူးတဲ့ေနာ္။ သူက ေရဓါတ္ကိုညိွေပးျပီး PH level ကိုေျပာင္းေပးလို႔ပါတဲ့ရွင္။ ဒီနည္းကို သံုးမယ္ဆိုရင္ေတာ့ လက္ဖမိုးေပၚမွာ ျဖစ္ျဖစ္ အရင္တင္ျပီး ၅ မိနစ္ ၁၀ မိနစ္ေလာက္ေစာင့္ျပီး ယားယံတာေတြ အေရျပားပူစပ္တာေတြ မျဖစ္ဘူးဆိုမွ ဆက္သံုးပါတဲ့။ သူက ပိုလည္း ထိေရာက္သလို ပိုလည္း ထိခိုက္လြယ္တယ္ေလ။

Related article >>> အသားလွေဖ်ာ္ရည္

ဘာေတြေဆာင္ၾကမလဲ။

    ေပါ့ပါးတဲ့ အထည္ေလးေတြပဲ ေရြးဝတ္ပါ။ ခ်ည္ထည္လိုမ်ိဳးအစ ေလးေတြဆို ေခၽြးစုပ္ေတာ့ ေတာ္ရံု အနံ႔မထြက္ေအာင္ ထိန္းေပးနိုင္တယ္ေလ။
    အူလမ္းေၾကာင္း က်န္းမာေရး ဂရုစိုက္ေပးပါ။ အူသန္႔ရွင္းေနရင္ ေရာဂါေတာ္ေတာ္မ်ားမ်ားအတြက္ စိတ္ပူစရာမလိုဘူးေနာ္။ အသီးအရြက္မ်ားမ်ားစားေပး၊ ေရမွန္မွန္ေသာက္ေပးရံုနဲ႔ အနံ႔ဆိုးထြက္ျခင္းကို ကာကြယ္နိုင္ပါတယ္။
    စိတ္ဖိစီးမခံပါနဲ႔။ ဒါမ်ိဳးကေတာ့ ေရွာင္လို႔မရေပမယ့္ စိတ္ဖိစီးမႈေလ်ာ့ေအာင္ တရားထိုင္တာတို႔ ေယာဂက်င့္တာလိုမ်ိဳးေတြ လုပ္ၾကည့္လို႔ရတယ္ေနာ္။ ေျပာခဲ့သလိုပဲ အမ်ိဳးသမီးေတြက စိတ္ဖိစီးရင္ ကိုယ္နံ႔ ထြက္တတ္တယ္ဆိုေတာ့ေလ။
    ခႏၶာကိုယ္မွာေရဓာတ္ျပည့္ေနပါေစ။ ေရမ်ားမ်ားေသာက္တာအျပင္ ေရဓာတ္မ်ားမ်ားပါတဲ့ အသီးေတြ၊ ဥပမာ- ခရမ္းခ်ဥ္သီးလိုမ်ိဳး၊ သခြားသီးလို၊ ဖရဲသီးလို အသီးေတြ မ်ားမ်ားစားေပးမယ္ဆိုရင္ ကိုယ္နံ႔အတြက္တင္မကဘဲ အသားအရည္အတြက္ပါ ေကာင္းတယ္ေလ။
    ရွဴးဖိနပ္ဝတ္တတ္တဲ့ ေယာင္းတို႔ကေတာ့ ဖိနပ္လဲေပးတာမ်ိဳး။ ေနလွန္းေပးတာမ်ိဳး၊ ေျခအိတ္မွန္မွန္ေလ်ွာ္ေပးတာမ်ိဳး လုပ္သင့္တယ္ေနာ္။ ေျခေထာက္အနံ႔ဆိုးထြက္တာ ကာကြယ္နိုင္ေအာင္ေပ့ါ။

Related article >>> ပ််က္​စီးသြားတဲ့အသားအေရကို အျမန္ဆံုး ကုသ​ေပးႏိုင္​မယ္​့ နည္းလမ္း

ဘာေတြေရွာင္ၾကမလဲ။

    ခ်ိဳင္းလိမ္းဆီ ဝယ္တဲ့အခါ ပါဝင္ပစၥည္းမွာ Aluminum(အလူမီနီယမ္) ဆိုတာေတြ႕ရင္ေဝးေဝးေရွာင္ေနာ္။ အဲ့ဟာက ခႏၶာကိုယ္ေပၚက ေခၽြးေပါက္ေတြကို ပိတ္ေစျပီး အညစ္အေၾကးေတြ အျပင္ထြက္လို႔ မရေတာ့ေအာင္ ဟန္႔တားလိုက္တဲ့အတြက္ ေရရွည္အတြက္ ေကာင္းက်ိဳးမရွိပါဘူးတဲ့။
    ၾကက္သြန္ျဖဴ၊ ငါးပိ၊ ဒညင္းသီး နဲ႔ မက်က္တက်က္အသားေတြ တတ္နိုင္သေလာက္ေရွာင္ပါ။ အဲ့ဒါေတြက ခံတြင္းအနံ႔ထြက္ဖို႔ အားေပးတာအျပင္ အူလမ္းေၾကာင္း က်န္းမာေရးကိုပါ ထိခိုက္ေစလို႔ အနံ႔ထြက္ဖို႔ ေသခ်ာသေလာက္ရွိေနတာေပါ့။
    Alcohol(အရက္) ပါတဲ့ အစားအေသာက္ေတြေရွာင္ပါတဲ့။ သူက စားသမွ်အစားအစာနဲ႔ ဓာတ္ျပဳ ၿပီး အခ်ဥ္ေဖာက္ေနေတာ့ က်န္းမာေရးအတြက္လည္း မေကာင္းဘူးေလ။
    Caffeine(ကဖင္း) ဓာတ္ပါတာေတြ ေလွ်ာ့စားမယ္ေနာ္။ ေကာ္ဖီတို႔ လက္ဘက္ရည္တို႔ ဆိုဒါ(Soda) လိုမ်ိဳးဟာေတြက ခံတြင္းနံ႔အတြက္ မေကာင္းသလို အစာအိမ္အတြက္ေရာ အသားအရည္အတြက္ပါ အက်ိဳးမရွိပါဘူးတဲ့။
    အဝတ္အစားထူထူေတြ တတ္နိုင္သေလာက္ မဝတ္နဲ႔ေနာ္။ ဒါေတြက ေခၽြးေလွာင္သလို ျဖစ္လို႔ အနံ႔ထြက္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

ကဲအခု နည္းလမ္းေတြ ေဆာင္စရာ ေရွာင္စရာေတြ ေျပာျပျပီးျပီဆိုေတာ့ လိုက္လုပ္ဖို႔က ေယာင္းတို႔ တာဝန္ျဖစ္သြားျပီေနာ္။ ကိုယ္နံ႔ထြက္လို႔ စိတ္ညစ္ေနတဲ့ ေယာင္းတို႔ကို ေျပာခ်င္တာက အဲ့အတြက္နဲ႔ေတာ့ ကိုယ့္ကိုကိုယ္ စိတ္ဖိစီးမခံပါနဲ႔လို႔။ ဒါက ေယာင္းတို႔မွ မဟုတ္ဘူး၊ လူတိုင္းၾကံဳေတြ႕ရတဲ့ ကိစၥပဲေလ။ အဲ့ေတာ့ လူတိုင္းၾကံဳတဲ့ျပသနာကို လူတိုင္းမသိတဲ့ မ်က္လွည့္နည္းေလးေတြ သံုးျပီး ေျဖရွင္းရင္း တစ္ေနကုန္လန္းဆန္းတဲ့ ေန႔ရက္ေတြ ဖန္တီးၾကရေအာင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myat (For Her Myanmar)

# Unicode Version #
ခန္ဓာကိုယ် အနံ့ထွက်တယ်ဆိုတာကတော့ လူတိုင်းရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲနော်။ အဲ့အတွက် စိတ်ညစ်နေရတယ်ဆိုရင်တော့ ပူစရာမလိုတော့ဘူးလေ။ ဒီက နည်းလမ်းကောင်းလေးတွေကိုသာ စမ်းသပ်ကြည့်။ ကိုယ်နံ့ ဆိုတာ ဘာလဲ ဆိုပြီးတောင် ပြန်မေးယူသွားရမယ်။

 ဘာလို့ ကိုယ်နံ့ထွက်ရတာလဲ။

တစ်နေကုန် အလုပ်ထဲမှာ၊ ကျောင်းမှာ အချိန်ကုန်နေရတဲ့ ယောင်းတို့ကတော့ ဒီပြသနာကို ကောင်းကောင်းကြီး သိမှာပေါ့။ လှုပ်ရှားနေမှ မဟုတ်ဘူးလေနော်။ ဒီတိုင်းထိုင်နေရင်းနဲ့တောင် ချွေးကထွက်နေတာ။ မြန်မာနိုင်ငံရာသီဥတုကြီးကလည်း မီးလောင်ရာလေပင့်ဆိုသလိုဖြစ်နေတာကိုး။

လူတွေအစာစားပြီးတိုင်း ပုံမှန်အညစ်အကြေး စွန့်သလိုပဲ ခန္ဓာကိုယ်က ဆဲလ်လေးတွေကလည်း ဖြစ်ပျက်ပြိုကွဲဆိုတဲ့ ဖြစ်စဉ်နဲ့ လည်ပတ်နေပါတယ်တဲ့။ ပြိုကွဲသွားတဲ့ ဆဲလ်လေးတွေ အရေပြားပေါ် စုပုံလာတဲ့အခါ ကိုယ်နံ့က စထွက်လာရော။ စိတ်မကောင်းစရာပြောရဦးမယ်။ အမျိုးသမီးတွေအတွက် ရာသီပေါ်တဲ့အချိန်နဲ့ စိတ်ဖိစီးတဲ့အချိန်တွေမှာ ကိုယ်အနံံ့ဆိုးထွက်ဖို့ အခွင့်အရေးပိုများတယ်တဲ့လေ။

Related article >>> (၂၄)နာရီလုံး ရေမွှေးနံ့လေး သင်းနေစေဖို့ လျှို့ဝှက်နည်းလမ်း

လျှပ်တပြက်နည်းလေးတွေ

တစ်ခါတလေ ရေချိုးဖို့အချိန်မရတာတို့ အလုပ်ထဲမှာ ဒါမှမဟုတ် စာသင်ခန်းထဲမှာ ခြေချုပ်မိနေတာတို့ဆို သိပ်စိတ်ညစ်ရတယ်မလား။ကိုယ့်အကြောင်းလည်း ကိုယ်ပဲသိ၊ ထိုင်မရ ထမရ အခြေအနေတွေကလည်း ရှိတာကိုး။ ကဲ ယောင်းတို့အတွက် အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းက ဟောဒီမှာ။

    လက်သန့်စင်ရည်သုံးပါ။

ခုခတ်မှာ ရေမလိုလက်သန့်ဆေးရည်လေးတွေ ခေတ်စားနေပြီနော်။ ယောင်းတို့လည်း တစ်ဘူးစီလောက် ဆောင်ထားကြည့်။ ဘာလို့ဆိုတော့ သူက လက်ဆေးတာထက်ကို ပို အသုံးဝင်နေတယ်လေ။ အဲ့ အရည်လေးကို အနံ့ထွက်တဲ့နေရာပေါ်ပါးပါးလေး လိမ်းပေးလိုက်ရင် ချက်ချင်းဆိုသလို အနံ့ဆိုးပျောက်သွားပါတယ်တဲ့။ သူက PH level ကို ညှိပေးလို့ အနံ့ထိန်းသလို ဖြစ်သွားတယ်လေ။

    ဆီစုပ်စက္ကူလေးဆိုလည်း အဆင်ပြေပါတယ်။

အလှကြိုက်တဲ့ ယောင်းတို့ကတော့ အဆီစုပ် စက္ကူက အမြဲတမ်း အိတ်ထဲမှာ ရှိနေမှာပေါ့။ အလှပြင်တာ ဝါသနာမပါတဲ့ ယောင်းတွေလည်း ဆောင်ကြည့်ပါ။ သူက မိတ်ကပ်လိမ်းမှ မဟုတ်ဘူး မလိမ်းတဲ့လူတွေလည်းသုံးလို့ရတဲ့ဆိုတော့လေ။ ပြီးတော့ အဲ့စက္ကူလေးက ကိုယ်နံ့လည်း ထိန်းပေးသေးတယ်ဆို ယုံမလား? ချွေးနံ့ထွက်နေတဲ့ ချိုင်းလိုနေရာ လည်ကုတ်လိုနေရာတွေကို အဲ့တာလေး တင်ပြီး သုတ်လိုက်ရင် ချွေးနံ့ရော ချွေးရော စုပ်သွားပါတယ်တဲ့။ ကဲ ဘယ်လောက်အဆင်ပြေလိုက်သလဲ။

Related article >>> မည်းနေတဲ့ ချိုင်းကြား မြန်မြန်ဆန်ဆန်ဖြူလာစေဖို့

သဘာဝနည်းလမ်းလေးတွေ

ဒါလေးတွေကတော့ ယောင်းတို့ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေး လုပ်လို့ရမယ့် နည်းလေးတွေပါ။

    ကျောက်ချဉ်လေး သုံးပေးပါ

ဒီနည်းကတော့ အားလုံးနီးပါး သိကြမှာပါနော်။ ကျောက်ချဉ်က အနံ့စုပ်တယ်ဆိုတာကိုလေ။ ယောင်းတို့ သိပ်မသိလောက်တဲ့ အချက်က သူက အက်စစ်ဓါတ်ပါလို့ ဘက်တီးရီးယားတွေကိုပါ သန့်စင်ပေးပါတယ်တဲ့။ ကျောက်ပျဉ်ပေါ်မှာသွေးပြီး ထွက်လာတဲ့အနှစ်ကို လိမ်းလိမ်း ရေနည်းနည်းဆွတ်ပြီးမှ ကိုယ်ပေါ်တိုက်ရိုက်တင်ပြီး လိမ်းလိမ်း အာနိသင်တူတူပဲနော်။ တစ်ခုရှိတာက ကိုယ်ပေါ်ကို တိုက်ရိုက်တင်လိမ်းတယ်ဆိုရင်တော့ အသုံးပြုပြီးရင် ကျောက်ချဉ်တုံးကို ရေဆေးချပေးဖို့ မမေ့နဲ့နော်။

    ဗီနီဂါ (သို့) ရှာလကာရည် သုံးလို့လည်း ရပါတယ်

     ဒါကိုတော့ ရေချိုးပြီးတဲ့ အချိန် အနံ့ဆိုးထွက်တတ်တဲ့ နေရာလေးတွေကို ပါးပါးလေး သုတ်လိမ်းပေးထားလို့ရပါတယ်တဲ့။ သတိ! ချိုင်းမွေးနုတ်ပြီး၊ ရိတ်ပြီးခါစ အချိန်မသုံးရပါဘူးတဲ့နော်။ သူက ရေဓါတ်ကိုညှိပေးပြီး PH level ကိုပြောင်းပေးလို့ပါတဲ့ရှင်။ ဒီနည်းကို သုံးမယ်ဆိုရင်တော့ လက်ဖမိုးပေါ်မှာ ဖြစ်ဖြစ် အရင်တင်ပြီး ၅ မိနစ် ၁၀ မိနစ်လောက်စောင့်ပြီး ယားယံတာတွေ အရေပြားပူစပ်တာတွေ မဖြစ်ဘူးဆိုမှ ဆက်သုံးပါတဲ့။ သူက ပိုလည်း ထိရောက်သလို ပိုလည်း ထိခိုက်လွယ်တယ်လေ။

Related article >>> အသားလှဖျော်ရည်

ဘာတွေဆောင်ကြမလဲ။

    ပေါ့ပါးတဲ့ အထည်လေးတွေပဲ ရွေးဝတ်ပါ။ ချည်ထည်လိုမျိုးအစ လေးတွေဆို ချွေးစုပ်တော့ တော်ရုံ အနံ့မထွက်အောင် ထိန်းပေးနိုင်တယ်လေ။
    အူလမ်းကြောင်း ကျန်းမာရေး ဂရုစိုက်ပေးပါ။ အူသန့်ရှင်းနေရင် ရောဂါတော်တော်များများအတွက် စိတ်ပူစရာမလိုဘူးနော်။ အသီးအရွက်များများစားပေး၊ ရေမှန်မှန်သောက်ပေးရုံနဲ့ အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
    စိတ်ဖိစီးမခံပါနဲ့။ ဒါမျိုးကတော့ ရှောင်လို့မရပေမယ့် စိတ်ဖိစီးမှုလျော့အောင် တရားထိုင်တာတို့ ယောဂကျင့်တာလိုမျိုးတွေ လုပ်ကြည့်လို့ရတယ်နော်။ ပြောခဲ့သလိုပဲ အမျိုးသမီးတွေက စိတ်ဖိစီးရင် ကိုယ်နံ့ ထွက်တတ်တယ်ဆိုတော့လေ။
    ခန္ဓာကိုယ်မှာရေဓာတ်ပြည့်နေပါစေ။ ရေများများသောက်တာအပြင် ရေဓာတ်များများပါတဲ့ အသီးတွေ၊ ဥပမာ- ခရမ်းချဉ်သီးလိုမျိုး၊ သခွားသီးလို၊ ဖရဲသီးလို အသီးတွေ များများစားပေးမယ်ဆိုရင် ကိုယ်နံ့အတွက်တင်မကဘဲ အသားအရည်အတွက်ပါ ကောင်းတယ်လေ။
    ရှူးဖိနပ်ဝတ်တတ်တဲ့ ယောင်းတို့ကတော့ ဖိနပ်လဲပေးတာမျိုး။ နေလှန်းပေးတာမျိုး၊ ခြေအိတ်မှန်မှန်လျှော်ပေးတာမျိုး လုပ်သင့်တယ်နော်။ ခြေထောက်အနံ့ဆိုးထွက်တာ ကာကွယ်နိုင်အောင်ပေ့ါ။

Related article >>> ပျျက်စီးသွားတဲ့အသားအရေကို အမြန်ဆုံး ကုသပေးနိုင်မယ့် နည်းလမ်း

ဘာတွေရှောင်ကြမလဲ။

    ချိုင်းလိမ်းဆီ ဝယ်တဲ့အခါ ပါဝင်ပစ္စည်းမှာ Aluminum(အလူမီနီယမ်) ဆိုတာတွေ့ရင်ဝေးဝေးရှောင်နော်။ အဲ့ဟာက ခန္ဓာကိုယ်ပေါ်က ချွေးပေါက်တွေကို ပိတ်စေပြီး အညစ်အကြေးတွေ အပြင်ထွက်လို့ မရတော့အောင် ဟန့်တားလိုက်တဲ့အတွက် ရေရှည်အတွက် ကောင်းကျိုးမရှိပါဘူးတဲ့။
    ကြက်သွန်ဖြူ၊ ငါးပိ၊ ဒညင်းသီး နဲ့ မကျက်တကျက်အသားတွေ တတ်နိုင်သလောက်ရှောင်ပါ။ အဲ့ဒါတွေက ခံတွင်းအနံ့ထွက်ဖို့ အားပေးတာအပြင် အူလမ်းကြောင်း ကျန်းမာရေးကိုပါ ထိခိုက်စေလို့ အနံ့ထွက်ဖို့ သေချာသလောက်ရှိနေတာပေါ့။
    Alcohol(အရက်) ပါတဲ့ အစားအသောက်တွေရှောင်ပါတဲ့။ သူက စားသမျှအစားအစာနဲ့ ဓာတ်ပြု ပြီး အချဉ်ဖောက်နေတော့ ကျန်းမာရေးအတွက်လည်း မကောင်းဘူးလေ။
    Caffeine(ကဖင်း) ဓာတ်ပါတာတွေ လျှော့စားမယ်နော်။ ကော်ဖီတို့ လက်ဘက်ရည်တို့ ဆိုဒါ(Soda) လိုမျိုးဟာတွေက ခံတွင်းနံ့အတွက် မကောင်းသလို အစာအိမ်အတွက်ရော အသားအရည်အတွက်ပါ အကျိုးမရှိပါဘူးတဲ့။
    အဝတ်အစားထူထူတွေ တတ်နိုင်သလောက် မဝတ်နဲ့နော်။ ဒါတွေက ချွေးလှောင်သလို ဖြစ်လို့ အနံ့ထွက်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။

ကဲအခု နည်းလမ်းတွေ ဆောင်စရာ ရှောင်စရာတွေ ပြောပြပြီးပြီဆိုတော့ လိုက်လုပ်ဖို့က ယောင်းတို့ တာဝန်ဖြစ်သွားပြီနော်။ ကိုယ်နံ့ထွက်လို့ စိတ်ညစ်နေတဲ့ ယောင်းတို့ကို ပြောချင်တာက အဲ့အတွက်နဲ့တော့ ကိုယ့်ကိုကိုယ် စိတ်ဖိစီးမခံပါနဲ့လို့။ ဒါက ယောင်းတို့မှ မဟုတ်ဘူး၊ လူတိုင်းကြုံတွေ့ရတဲ့ ကိစ္စပဲလေ။ အဲ့တော့ လူတိုင်းကြုံတဲ့ပြသနာကို လူတိုင်းမသိတဲ့ မျက်လှည့်နည်းလေးတွေ သုံးပြီး ဖြေရှင်းရင်း တစ်နေကုန်လန်းဆန်းတဲ့ နေ့ရက်တွေ ဖန်တီးကြရအောင်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myat (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top