လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ကင္ဆာေရာဂါႏွင့္ အစြမ္းထက္ သေဘၤာရြက္ အခ်ိဳ႕သည္လည္း သိၿပီးသား၊ ဖတ္ၿပီးသားမ်ား ၿဖစ္ေကာင္း ၿဖစ္ၾက ပါလိမ့္မည္။

ကုိယ္ကိုယ္တုိင္ မခံစား ရေသာ္လည္း ခံစား ေနရေသာ မိမိ ပတ္၀န္းက်င္ကို မွ်ေ၀ ေပးျခင္းျဖင့္ ကုသုိလ္ ယူႀကပါစုိ႔…
Related image
သေဘၤာသီးသည္ ၿမန္မာ လူမ်ိဳးမ်ား အတြက္ လြန္စြာ ရင္းႏွီးေသာ အစားအစာ တစ္မ်ိဳး ၿဖစ္သည္။ သို႔ရာတြင္ သေဘၤာရြက္၏ အစြမ္းကိုမူ လူသိ နည္းလွသည္။ အမွန္ တကယ္တြင္ေတာ့ သေဘၤာရြက္သည္ သဘာ၀ ေဆးစြမ္း ထက္လွေသာ အရြက္ တစ္မ်ိဳးပင္ ၿဖစ္ေလသည္။အေမရိကန္၌ သုေသသန လုပ္ရာတြင္ သိပၸံဆိုင္ရာ အေထာက္အထား မ်ားစြာ ရရွိခဲ့သည္။ ယခုအခါ ဖေလာ္ရီဒါ တကၠသိုလ္မွ သုေတသန ပညာရွင္နမ္ဒန္း (Dr. Nam Dang) ႏွင့္ ဂ်ပန္မွ သူ၏ လုပ္ေဖာ္ ကုိင္ဖက္မ်ားက သေဘၤာရြက္သည္ မိန္းမ ကိုယ္ကင္ဆာ၊ ရင္သား ကင္ဆာ၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာႏွင့္ ပန္ကရိယ ကင္ဆာဆဲလ္ မ်ားကို သတ္ႏိုင္ေၾကာင္း Ethnopharmacology ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည္။ သူတို႔အဖြဲ႕သည္ သေဘၤာရြက္ ေျခာက္မ်ားကို အသံုးျပဳ၍ သုေတသန ျပဳလုပ္ခဲ့ရာတြင္ သေဘၤာ ရြက္ေျခာက္ကို လက္ဖက္ရည္ ကဲ့သို႔ အသံုးျပဳျခင္းျဖင့္ ကင္ဆာဆဲလ္ မ်ားကို ေသေစ ႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။ သေဘၤာရြက္မွ စုပ္ယူထားေသာ အရာမ်ားသည္ ကိုယ္ခံအား စနစ္ကို ထိန္းညႇိရာတြင္ အကူအညီေပးသည့္ Th1-type cytokins မ်ား ထုတ္လုပ္ျခင္းကို ျမႇင့္ တင္ ေပးႏိုင္ေၾကာင္း ေတြ႕ရွိခဲ့သည္။ ထို႔ေၾကာင့္ ကင္ဆာ ဆဲလ္မ်ားကို တိုက္ဖ်က္ရာ၌ ကိုယ္ခံအား စနစ္ကို အသံုးျပဳသည့္ ကုသခ်က္တြင္ သေဘၤာရြက္ မ်ားကို အသံုးျပဳ လာႏိုင္ေတာ့ မည္ဟု ဆို၏။ ကမာၻ႔ေနရာ အႏွံ႔အျပားတြင္ သေဘၤာရြက္ကို ေဆးဖက္ဝင္ေသာ အရာတစ္ခု အျဖစ္ အသံုးျပဳ ေနၾကၿပီး အထူးသျဖင့္ အာရွတိုက္တြင္ အသံုး မ်ားသည္ဟု ဆို၏။ သေဘၤာရြက္မွ ထုတ္ယူထားေသာ အရာမ်ားသည္ ပံုမွန္ဆဲလ္မ်ား အေပၚ ေဘးဥပါဒ္ ျဖစ္ေစမႈ လံုးဝ မရွိေသာေၾကာင့္ လက္ရွိ အသံုးျပဳေနေသာ ကင္ဆာ ေဆးဝါးမ်ားစြာ တို႔တြင္ ျဖစ္ေလ့ရွိသည့္ ေဘးထြက္ ဆိုးက်ိဳး မ်ားစြာတို႔ကို ေရွာင္ရွား ႏိုင္လိမ့္မည္ ဟုဆို၏။ သုေတသန ပညာရွင္ မ်ားသည္ ကင္ဆာဆဲလ္ ၁၀ မ်ိဳးကုိ ေမြးျမဴၿပီး သေဘၤာရြက္မွ ထုတ္ယူထားေသာ အရာမ်ားႏွင့္ ၂၄ နာရီၾကာ ထိေတြ႕ ေစခဲ့သည္။ ကင္ဆာဆဲလ္ ၁၀ မ်ိဳးစလံုးတြင္ သေဘၤာရြက္ေၾကာင့္ ႀကီးထြားမႈ အလြန္ ေႏွးေကြး သြားေၾကာင္း ေတြ႕ရွိ ခဲ့ရသည္။ ေဒါက္တာဒန္းႏွင့္ အဖြဲ႔သည္ သေဘၤာရြက္မွ ေန၍ ဓာတ္ပစၥည္းမ်ား ထုတ္ယူျခင္း လုပ္ငန္းစဥ္ အတြက္ တိုက်ိဳ တကၠသိုလ္ မွတစ္ဆင့္ မူပိုင္ခြင့္ ေလွ်ာက္ထားခဲ့ၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။

သေဘၤာရိုး တံတြင္ Acetogenin ဓာတုပစၥည္း ပါ၀င္ရာ ၎သည္ ဆဲလ္အတြင္းရွိ ATP ထုတ္လုပ္မူ မ်ားကို မ်ွတ ေစပါသည္။ ကင္ဆာဆဲလ္ မ်ားျဖင္႔ ေသြးေၾကာ မ်ားရွင္သန္မွဳကို Acetogenin က ဖ်က္ဆီး ၿပစ္ပါသည္။ သေဘၤာရြက္ သတၱဳရည္တြင္ Acetogenin အပါအ၀င္ ဓာတုပစၥည္း ၁၀၀ ပါ၀င္သည္။ ၎တို႔သည္ ခႏၶာကိုယ္ ဆဲလ္မ်ားကို ဓာတ္က်ဆင္းမွဳတြင္ ပ့ံပိုး ကူညီပါသည္။ ၁၉၇၆-ခု၊ ေဒါက္တာ မက္လလင္း (ပါက်ဴး တကၠသိုလ္ ပါေမာကၡ) သည္ အမ်ိဳးသား ကင္ဆာသိပၸံမွ ေမတၱာ ရပ္ခံခ်က္ေၾကာင္႔ ထိုေဆးပင္၏ ကင္ဆာ ထိေရာက္မွဳကို စမ္းသပ္ ခ႔ဲသည္။ အပင္ ၃၅၀၀ စမ္းသပ္ခဲ႔ၿပီး အစြမ္းထက္ ပစၥည္း ၅၀-ေတြ႔ရွိ ခဲ့သည္။ ၎အနက္ Acetogenin သည္ အလြန္ အစြမ္းထက္ျပီး သန္ေကာင္မ်ား ၊ ဗိုင္းရပ္စ္မ်ား၊ မွဳိမ်ားနွင္႔ ကင္ဆာဆဲလ္ တို႔ကို တိုက္ဖ်က္ ပါသည္။ ထ႔ိုျပင္ လူနာအား ေဆးေၾကာင္႔ ဒုကၡ မျဖစ္ ေစခဲ့ပါ။

တုပ္ေကြးေရာဂါနွင္႔ ပတ္သက္၍ အေမရိကန္ ေက်ာင္းသား တစ္ဦးမွ သိရွိရသည္မွာ ၎၏ ေသြးသြင္းမူသည္ ၁၅-လီတာရွိျပီး အင္အား ခ်ည္႔န႔ဲ ေနပါသည္။ ဖခင္ျဖစ္သူသည္ စိတ္ပူျပီး ေဆးျမီးတိုကို လိုက္ရွာရာ သေဘၤာရြက္ အရည္ကို သာလ်ွင္ မွီ၀ဲေၾကာင္း၊ ၎ေသြးသြင္းမူကို ၂၀ လီတာတြင္ ေသြးဥငယ္ အေရတြက္ ၄၅.၅ ရွိေၾကာင္း၊ သို႔ေသာ္ သေဘၤာရြက္ ေဆးကို မီွ၀ဲ ျပီးေနာက္ ေသြးအဆင္႔ ၁၃၅-အထိ ျမင္႔တက္သြား ေၾကာင္း ၊ ဆရာ၀န္တို႔ ေတာင္မွ အ႔ံအား သင့္ျပီး ကေလးကို ေဆးရုံမွ ဆင္းေစသည္။ ထိုသတင္းသည္ တစ္ျမိဳ႔လုံး ပ်႔ံႏွံံ႔ သြားပါသည္။ ၎တို႔၏ ေဆးျမီးတို အရ သေဘၤာရြက္ ႏွစ္ရြက္ကို ေဆးေၾကာ ထုေထာင္း စစ္ခ်ရမည္။ ထိုအခါ အရြက္တစ္ရြက္လ်ွင္ စားပြဲဇြန္း ၁-ရမည္။ တစ္ေန႔လ်ွင္ ၂-ဇြန္းမွီ၀ဲပါ။ ျပဳတ္ျခင္း၊ အပူေပးျခင္း မျပဳလုပ္ပါႏွင္႔။ ေဆးအာနိသင္ျပယ္တတ္သည္။ အရြက္ဖြားဖြားကို ေရြးပါ။ အလြန္ ခါးသျဖင္႔ နွာေခါင္းပိတ္ျပီး မ်ိဳရမည္။

(ေဆးျမီးတို) သေဘၤာရြက္ အလတ္စား တို႔ကို ေဆးေၾကာျပီး ေဂၚဖီက႔ဲသို႔ ေတာက္ေတာက္ စဥ္းကာ ဒယ္အိုးထဲတြင္ ေရႏွစ္ လီတာျဖင္႔ ျပဳတ္ပါ။ အဖုံး ဖြင္႔ပါ။ ၄-ခြက္ ၂-ခြက္တင္ ျပဳတ္ပါ။ ထို႔ေနာက္စစ္ျပီး ဖန္ပုလင္းထဲတြင္ ထည္႔ထားပါ။ ေရခဲ ေသတၱာထဲတြင္ ထည္႔လ်ွင္ ၃-၄-ရက္ ခံမည္။ အကယ္၍ ေနာက္က်သြားပါက စြန္႔ပစ္လိုက္ပါ။ စားပြဲဇြန္း သုံးဇြန္း(သို႔) ၅၀ မီလီမီတာကို ၁ရက္ သုးံၾကိမ္ တိုက္ပါ။ ဤသေဘၤာရြက္ ကုထုံး ဇာတ္လမ္းသည္ အျခား ေဆးဖက္၀င္ ကုထုံးမ်ားထက္ ပိုမို ဆန္းျပားသည္။ ၄င္းအရြက္ကို သီးေဖ်ာ္စက္ထဲ ထည့္ေမြကာ ေသာက္ၿခင္း သည္လည္း လြယ္ကူလွ်င္ ၿမန္ေသာ ၿပီးထိ ေရာက္ေသာ ေဆးၿမီးတို တစ္ရပ္ ၿဖစ္ပါေၾကာင္း…… သတင္းေကာင္း ပါးအပ္ပါသည္။

လူသား အားလံုး ကင္ဆာ ေရာဂါဆိုးၾကီး ၿဖစ္ၿခင္းမွ ကင္းေ၀း ၾကပါေစ…။

Kyaw Nyein Thant

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမ၀တီ

#Unicode Version#
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။

ကိုယ်ကိုယ်တိုင် မခံစား ရသော်လည်း ခံစား နေရသော မိမိ ပတ်ဝန်းကျင်ကို မျှေ၀ ပေးခြင်းဖြင့် ကုသိုလ် ယူကြပါစို့…

သင်္ဘောသီးသည် မြန်မာ လူမျိုးများ အတွက် လွန်စွာ ရင်းနှီးသော အစားအစာ တစ်မျိုး ဖြစ်သည်။ သို့ရာတွင် သင်္ဘောရွက်၏ အစွမ်းကိုမူ လူသိ နည်းလှသည်။ အမှန် တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာ၀ ဆေးစွမ်း ထက်လှသော အရွက် တစ်မျိုးပင် ဖြစ်လေသည်။အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား များစွာ ရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော် ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမ ကိုယ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက်ကို လက်ဖက်ရည် ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ် များကို သေစေ နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအား စနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များ ထုတ်လုပ်ခြင်းကို မြှင့် တင် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာ ဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအား စနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက် များကို အသုံးပြု လာနိုင်တော့ မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခု အဖြစ် အသုံးပြု နေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံး များသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များ အပေါ် ဘေးဥပါဒ် ဖြစ်စေမှု လုံးဝ မရှိသောကြောင့် လက်ရှိ အသုံးပြုနေသော ကင်ဆာ ဆေးဝါးများစွာ တို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက် ဆိုးကျိုး များစွာတို့ကို ရှောင်ရှား နိုင်လိမ့်မည် ဟုဆို၏။ သုတေသန ပညာရှင် များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန် နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့ရသည်။ ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှ နေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ် အတွက် တိုကျို တက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သင်္ဘောရိုး တံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကို မျှတ စေပါသည်။ ကင်ဆာဆဲလ် များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin က ဖျက်ဆီး ပြစ်ပါသည်။ သင်္ဘောရွက် သတ္တုရည်တွင် Acetogenin အပါအဝင် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း (ပါကျူး တက္ကသိုလ် ပါမောက္ခ) သည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာ ရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာ ထိရောက်မှုကို စမ်းသပ် ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက် ပစ္စည်း ၅၀-တွေ့ရှိ ခဲ့သည်။ ၎င်းအနက် Acetogenin သည် အလွန် အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ် တို့ကို တိုက်ဖျက် ပါသည်။ ထ့ိုပြင် လူနာအား ဆေးကြောင့် ဒုက္ခ မဖြစ် စေခဲ့ပါ။

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အမေရိကန် ကျောင်းသား တစ်ဦးမှ သိရှိရသည်မှာ ၎င်း၏ သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့ နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘောရွက် အရည်ကို သာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ် အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက် ဆေးကို မှီဝဲ ပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့ တောင်မှ အံ့အား သင့်ပြီး ကလေးကို ဆေးရုံမှ ဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံံ့ သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတို အရ သင်္ဘောရွက် နှစ်ရွက်ကို ဆေးကြော ထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကို ရွေးပါ။ အလွန် ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

(ဆေးမြီးတို) သင်္ဘောရွက် အလတ်စား တို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက် စဉ်းကာ ဒယ်အိုးထဲတွင် ရေနှစ် လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင် ထည့်ထားပါ။ ရေခဲ သေတ္တာထဲတွင် ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ် တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံး ဇာတ်လမ်းသည် အခြား ဆေးဖက်ဝင် ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၎င်းအရွက်ကို သီးဖျော်စက်ထဲ ထည့်မွေကာ သောက်ခြင်း သည်လည်း လွယ်ကူလျှင် မြန်သော ပြီးထိ ရောက်သော ဆေးမြီးတို တစ်ရပ် ဖြစ်ပါကြောင်း…… သတင်းကောင်း ပါးအပ်ပါသည်။

လူသား အားလုံး ကင်ဆာ ရောဂါဆိုးကြီး ဖြစ်ခြင်းမှ ကင်းဝေး ကြပါစေ…။

Kyaw Nyein Thant

ဖိုးသူတော် (www.phothutaw.com)
Credit: မြဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top