Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခ်စ္ဆိုတာ မတူတဲ့လူႏွစ္ေယာက္ ေပါင္းစည္းတာဆိုေပမယ့္ အစစအရာရာ ကြဲလြဲေနရင္ေတာ့ ေရရွည္မွာ အဲဒီအခ်စ္က အက္ေၾကာင္းထင္လာႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီ (၇) ခ်က္နဲ႔ ကိုက္ညီတဲ႔ ခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားရင္ေတာ့ တန္ဖိုးထား ခ်စ္ေပးဖို႔ အၾကံေပးပါရေစ။

၁။ ဝါသနာတူ အၾကိဳက္တူ ။

သင္က ေၾကာင္ခ်စ္၊ သူက ေခြးခ်စ္တာမ်ိဳး ျဖစ္ေကာင္းျဖစ္မယ္။ ဒါေပမဲ့ တိရစာၦန္ခ်စ္တတ္တာေတာ့ တူၾကတာမ်ိဳးပါ။

၂။ သင္ေျပာင္းလဲလာေအာင္ သူ အတင္း လုပ္ယူမွာ မဟုတ္ပါဘူး။

သင္ေနေပ်ာ္သလိုေနတာကိုပဲ သူႏွစ္သက္ပါတယ္။ အဲဒီလိုေနလို႔ သင့္ဘဝတက္လမ္းကို ထိခိုက္လာႏိုင္ရင္ေတာ့ သူသတိေပးမွာျဖစ္ျပီး သင့္အမွားေတြကို သူခ်စ္ျမတ္ႏိုးပါတယ္။

၃။ ေဘာ္ဒါေတြနဲ႔ တည့္ေအာင္ေပါင္းတဲ့သူ ။

သင့္သူငယ္ခ်င္းေတြနဲ႔ အဆင္ေျပေအာင္ သူၾကိဳးစားပါလိမ့္မယ္။ သူငယ္ခ်င္းမွမဟုတ္ပါဘူး၊ သင့္မိသားစုပတ္ဝန္းက်င္မွာပါ သင္မ်က္ႏွာမပ်က္ရေအာင္ ၾကိဳးစားတဲ့သူပါ။

၄။ သင့္ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို တန္ဖိုးထားသူ ။

သင့္ကို သူက အနားမွာအျမဲရွိေနေပးဖို႔ မေတာင္းဆိုပါဘူး။ သင့္ရဲ႕ကိုယ္ပိုင္အခ်ိန္ကို သူတန္ဖိုးထားေလးစားပါတယ္။ တစ္ခါတစ္ရံ လြတ္လြတ္လပ္လပ္ေနသင့္တဲ့အခ်ိန္မ်ိဳး ရွိတာကို သူနားလည္ပါတယ္။

၅။ သင့္စကားကို အေလးထားသူ ။

သူက သင္ေျပာတာေတြကို ဂရုစိုက္နားေထာင္ေလ့ရွိျပီး မၾကိဳက္တာရွိရင္ ပြင့္ပြင့္လင္းလင္း တိုင္ပင္ေျဖရွင္းပါတယ္။

၆။ သင့္အေပၚမွာစိတ္ရွည္တဲ့သူ ။

ေဒါသထြက္စရာရွိလို႔ျဖစ္ျဖစ္၊ အလုပ္မ်ားလို႔ျဖစ္ျဖစ္ စိတ္မၾကည္ျဖစ္ေနရင္ေတာင္ သင္စကားလာေျပာရင္ အဲဒါေတြကို သူေမ့ထားပါလိမ့္မယ္။ သင့္ကိုပါ စိတ္ရႈပ္ရေအာင္ သူမလုပ္ပါဘူး။

၇။ သင့္အလုပ္ကို ဆရာဝင္လုပ္ေလ့မရွိသူ ။

သင္ကြ်မ္းက်င္ရာနယ္ပယ္ကအလုပ္ကို သူသိနားလည္ေနရင္ေတာင္ ဆရာဝင္လုပ္ေလ့မရွိပါဘူး။ သင္သူ႔ကိုလိုအပ္တဲ့အခါမွာေတာ့ ခ်က္ခ်င္းကူညီေပးဖို႔ အသင့္ျဖစ္ေနတတ္ပါတယ္။

ဒီလို ခ်စ္သူေကာင္းေလးကို ပိုင္ဆိုင္ထားရင္ေတာ့ တန္ဖိုးထား ျမတ္နိုးေပးဖို႔ေတာ့ လိုမယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: B.Trix ( Love Shop )

#Unicode Version#
အချစ်ဆိုတာ မတူတဲ့လူနှစ်ယောက် ပေါင်းစည်းတာဆိုပေမယ့် အစစအရာရာ ကွဲလွဲနေရင်တော့ ရေရှည်မှာ အဲဒီအချစ်က အက်ကြောင်းထင်လာနိုင်ပါတယ်။

ဒါကြောင့် ဒီ (၇) ချက်နဲ့ ကိုက်ညီတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားရင်တော့ တန်ဖိုးထား ချစ်ပေးဖို့ အကြံပေးပါရစေ။

၁။ ဝါသနာတူ အကြိုက်တူ ။

သင်က ကြောင်ချစ်၊ သူက ခွေးချစ်တာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ တိရစ္ဆာန်ချစ်တတ်တာတော့ တူကြတာမျိုးပါ။

၂။ သင်ပြောင်းလဲလာအောင် သူ အတင်း လုပ်ယူမှာ မဟုတ်ပါဘူး။

သင်နေပျော်သလိုနေတာကိုပဲ သူနှစ်သက်ပါတယ်။ အဲဒီလိုနေလို့ သင့်ဘဝတက်လမ်းကို ထိခိုက်လာနိုင်ရင်တော့ သူသတိပေးမှာဖြစ်ပြီး သင့်အမှားတွေကို သူချစ်မြတ်နိုးပါတယ်။

၃။ ဘော်ဒါတွေနဲ့ တည့်အောင်ပေါင်းတဲ့သူ ။

သင့်သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် သူကြိုးစားပါလိမ့်မယ်။ သူငယ်ချင်းမှမဟုတ်ပါဘူး၊ သင့်မိသားစုပတ်ဝန်းကျင်မှာပါ သင်မျက်နှာမပျက်ရအောင် ကြိုးစားတဲ့သူပါ။

၄။ သင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားသူ ။

သင့်ကို သူက အနားမှာအမြဲရှိနေပေးဖို့ မတောင်းဆိုပါဘူး။ သင့်ရဲ့ကိုယ်ပိုင်အချိန်ကို သူတန်ဖိုးထားလေးစားပါတယ်။ တစ်ခါတစ်ရံ လွတ်လွတ်လပ်လပ်နေသင့်တဲ့အချိန်မျိုး ရှိတာကို သူနားလည်ပါတယ်။

၅။ သင့်စကားကို အလေးထားသူ ။

သူက သင်ပြောတာတွေကို ဂရုစိုက်နားထောင်လေ့ရှိပြီး မကြိုက်တာရှိရင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖြေရှင်းပါတယ်။

၆။ သင့်အပေါ်မှာစိတ်ရှည်တဲ့သူ ။

ဒေါသထွက်စရာရှိလို့ဖြစ်ဖြစ်၊ အလုပ်များလို့ဖြစ်ဖြစ် စိတ်မကြည်ဖြစ်နေရင်တောင် သင်စကားလာပြောရင် အဲဒါတွေကို သူမေ့ထားပါလိမ့်မယ်။ သင့်ကိုပါ စိတ်ရှုပ်ရအောင် သူမလုပ်ပါဘူး။

၇။ သင့်အလုပ်ကို ဆရာဝင်လုပ်လေ့မရှိသူ ။

သင်ကျွမ်းကျင်ရာနယ်ပယ်ကအလုပ်ကို သူသိနားလည်နေရင်တောင် ဆရာဝင်လုပ်လေ့မရှိပါဘူး။ သင်သူ့ကိုလိုအပ်တဲ့အခါမှာတော့ ချက်ချင်းကူညီပေးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။

ဒီလို ချစ်သူကောင်းလေးကို ပိုင်ဆိုင်ထားရင်တော့ တန်ဖိုးထား မြတ်နိုးပေးဖို့တော့ လိုမယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: B.Trix ( Love Shop )


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top