ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကြ်ႏ္ုပ္သည္ ေဗဒင္လကၡဏာ ေဟာေျပာေသာ အလုပ္မ်ားကို လုပ္ေနရေသာအခါမ်ားတြင္ တစ္ခါတစ္ရံ မိမိ ကိုယ္ကိုမိမိ မေက်မနပ္ ျဖစ္မိေလ၏။ တစ္ခါတစ္ရံတြင္ ကြ်ႏ္ုပ္ထံသို႔ ပစၥည္းေပ်ာက္မ်ား
 ေငြေပ်ာက္မ်ား လာေမးၾကေလရာ ကြ်ႏ္ုပ္သည္ တားေရာ့ အဂၤ၀ိဇၨာ သံုးတန္ေပၚနိစ္စေသာ ပညာရပ္မ်ားျဖင့္ တြက္ခ်က္၍ ေဟာေျပာရေလ၏။

မ်ားေသာအားျဖင့္ ထိုအခါမ်ိဳးတြင္ မိမိကိုယ္ကို မိမ အားမရခဲ့ေပ။ ကြ်ႏ္ုပ္၏ ေဟာကိန္းမ်ားသည္ ၀ါးလံုးရွည္ႏွင့္ ရမ္းသကဲ့သို႔၎ ငွက္အုပ္ထဲသို႔ ခဲအလံုးတစ္ရာေလာက္ ျပစ္ထည့္လိုက္သကဲ့သို႔၎ တိက်ေသခ်ာ ေရရာမႈ႕ မရခဲ့ေပ။ ပစၥည္းေပ်ာက္မ်ား လာေရာက္၍ ေမးျမန္းေသာ အခါ၌လည္း အင္း ပစၥည္းက အိမ္မွာ မရွိေတာ့ဘူး ေနရာ ေရြ႕သြားၿပီ။ ျပန္မရႏိုင္ေတာ့ဘူး။ ခိုးတဲ့လူရဲ့ နာမည္ အစမွာ တနလၤာ (သို႔) ၾကာသပေတးနံႏွင့္ စတယ္။ အရပ္ကေတာ့ မပုမရွည္ပဲ။

အသားကေတာ့ သိပ္လဲ မျဖဴဘူး။ အစရွိသည္ျဖင့္ မေရရာ မေသခ်ာလွေသာ ဟိုဘက္လိုလို ဒီဘက္လိုလို ေတြးယူ၍ ရေသာ အေျဖမ်ိဳးမ်ားျဖင့္သာ ေဟာေျပာေလ့ရွိ၏။ ထိုအခါမ်ိဳးတြင္ လာေမးသူမ်ားက ကိုယ္လိုရာ ကိုယ္ထင္ရာ ဆြဲယူ၍ ေတြးသြားတတ္ၾကတာခ်ဥ္းပင္ ျဖစ္၏။ သူတို႔အခ်င္းခ်င္း တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကည့္ရင္ ဟုတ္မယ္ ဟုတ္မယ္ ဟိုေကာင္ ေသခ်ာတယ္ အစရွိသည္ျဖင့္ ကိုယ္လိုရာ ကိုယ္ေတြးထင္၍ ျပန္သြားၾကေလ၏။

ေနာက္.. လူေပ်ာက္တယ္ ဆိုပါေတာ့။ ကြ်ႏ္ုပ္တို႔၏ အေျဖမွာ အင္း အနီးမွာပဲ ရွိတယ္။ ေဆြမ်ိဳး (သို) မိတ္ေဆြ တစ္ဦးသီးအိမ္ကို ေရာက္ေနတယ္။ ေလာေလာဆယ္ေတာ့ ျပန္လာဖို႔ မျမင္ေသးဘူး။ အစရွိသည္ျဖင့္ ေဗဒင္ေမး ျမန္းသူမ်ားအတြက္ ေက်နပ္အားရဖြယ္ မေကာင္းေသာ တိက်ျခင္း မရွိေသာ အေျဖမ်ိဳးျဖင့္ ေဟာေပးတတ္ ၾကေလ၏။ ထိုအခါမ်ိဳးတြင္လည္း ကြ်ႏ္ုပ္သည္ မိမိကိုယ္ကို မိမိ ေက်နပ္အားရျခင္း မရွိခဲ့ေပ။

အမွန္အတိုင္း ကြ်ႏ္ုပ္ျဖစ္ခ်င္ေသာ ေဗဒင္ဆရာ ဆိုသည္ကား ဤကဲ့သို႔ေသာ ေဗဒင္ဆရာမ်ိဳး မဟုတ္ေပ။ ဥပမာ ပစၥည္းေပ်ာက္လို႔ ေဗဒင္လာေမးမယ္ ဆိုပါစို႔။ ကြ်ႏ္ုပ္က မ်က္စိကို မွိတ္၍ အာ႐ံုျပဳလိုက္မယ္။ ၿပီးတာနဲ႔ အင္း ခင္ဗ်ားပစည္းက ေပ်ာက္တာမဟုတ္ဘူး။ အခိုးခံရတာ။ ခိုးတဲ့ လူက ည (၃)နာရီေလာက္က လာခိုးသြားတာ။ သူ႕မွာ အေဖာ္တစ္ေယာက္ေတာင္ ပါလာေသးတယ္။ သူ႔နာမည္က ဟိန္းေဇာ္လို႔ ေခၚတယ္။ သူေနတာက နင္တို႔လမ္း ေဘးကပ္ရက္က
 ေအာင္သစၥာလမ္းမွာေနတာ။ အခု သူ အိမ္မွာ ရွိေနတယ္ ။ မယားငယ္နဲ႔ ဖက္အိပ္ေနတယ္။ အိပ္ယာႏိုးရင္ သူတို႔ ေရာင္းေနက် ဆိုင္မွာ သြားေရာင္းေတာ့မွာ ။ အခုေန သြားဖမ္းရင္ မွီႏိုင္ေသးတယ္။ အစရွိသည္ျဖင့္ ေဟာေျပာႏိုင္ေသာ ေဗဒင္ဆရာ တစ္ဦး ျဖစ္ခ်င္မိ၏။

ေနာက္ လူေပ်ာက္တယ္ဆိုရင္လည္း ထိုနည္းအတိုင္းပင္။ အင္း ေရနစ္ေသသြားၿပီ။ သူမ်ားသတ္လို႔ ေသသြား ရွာၿပီ။ သူ႕အေလာင္က ဓနိေတာထဲမွာ ပစ္ထားခဲ့တယ္။ ဒါမွမဟုတ္ မေသေသးဘူး။ ဘန္ေကာက္မွာ ေရာက္ေနတယ္။ သူ ညီမနဲ႔ အတူ ရွိေနတယ္။ ဒါမွမဟုတ္ လင္ငယ္ေနာက္ကို ပါသြားၿပီ။ သူတို႔ မေလးဘက္ကို ႏွစ္ေယာက္အတူ ထြက္ေျပးသြားၾကၿပီ အစရွိသည္ျဖင့္ လိုက္မၾကည့္ယံု တမယ္ ေဟာေျပာႏိုင္ေသာ ေဗဒင္ဆရာ တစ္ဦး ျဖစ္ခ်င္လြန္းလွေလ၏။

ထိုအခါမ်ိဳးတြင္ ကြ်ႏ္ုပ္၏ ေဗဒင္ေဟာသက္ အေတြ႕အႀကံဳမ်ားအရဆိုရင္ ထိုကဲ့သို႔ေသာ ေဟာေျပာႏိုင္ေသာ ေဗဒင္ဆရာ တစ္ဦးျဖစ္ခ်င္ပါမူ တြက္နည္း ခ်က္နည္းမ်ား တစ္ခုတည္းကိုပင္ အားကိုး၍ေတာ့ ျဖစ္မလာႏိုင္ေပ။ က်င့္ယူ၍ ရေသာ ပညာရပ္မ်ားကို စနစ္တက် ၿပီးဆံုးေအာင္ျမင္သည့္အထိ က်င့္ႀကံၿပီးမွသာ ရရွိႏိုင္သည္ဟု ေတြးမိေလ၏။ လကၡဏာဆရာႀကီး ကိုင္႐ိုသည္၎ အဘမင္းသိခၤ အစရွိေသာ နာမည္ေက်ာ္ လကၡဏာဆရာ ေဗဒင္ဆရာႀကီးမ်ားသည္ တြက္နည္းကို၎ က်င့္စဥ္မ်ားကို၎ ပူးတြဲ က်င့္ႀကံ ေတြးေခၚဆက္စပ္၍ ရေသာ အေျဖမ်ားသည္ ဧကံသဟု ေခၚေသာတစ္ခြန္းတည္းေသာ ေဟာကိန္းမ်ားကိုထုတ္နုိင္ေသာပညာရွင္မ်ား ျဖစ္လာၾကေလ၏။

ထိုေၾကာင့္ ကြ်ႏ္ုပ္သည္ အဘမင္းသိခၤ၏ မရမ္းတလင္း အယူေတာ္မဂၤလာၿခံတြင္ သင္ယူေလ့လာခဲ့ရေသာ နတ္မ်က္စိကဲ့သို႔ အရာအားလံုးကို ထိုေဖာက္၍ ျမင္ႏိုင္ေသာ က်င့္စဥ္ကို ေအာက္တြင္ အေသးစိပ္ ေဖာ္ျပေပးလိုက္ပါသည္။ မသိသူေက်ာ္သြား သိသူေဖာ္စား ဟူေသာစကားအရ ၀ါသနာပါေသာ သူမ်ား လိုက္နာ က်င့္ေဆာင္၍ အျမင္မ်ားေပါက္ေျမာက္
 ေအာင္ျမင္ႏိုင္ၾကပါေစေၾကာင္း ေစတနာေကာင္းျဖင့္ ေဖာ္ျပေပး လိုက္ရပါသတည္း။

နတ္မ်က္စိက်င့္စဥ္ဆိုတာ....

အရာအားလံုးကို ျမင္ႏိုင္စြမ္းရွိတယ္။ အေမးတိုင္းကို အေျဖ ထုပ္ႏိုင္တယ္။ မည္သည့္ ပညာရပ္ႏွင့္မဆို အစမ္းသတ္ခံႏိုင္တယ္။ အေ၀းက အရာ၀တၳဳကိုလည္း ေဟာႏိုင္တယ္။ ဖံုးထားတဲ့ အရာ၀တၳဳကိုလည္း ဖြင္ခ် ေဟာေျပာႏိုင္တယ္။အတိတ္အနာဂါတ္ပစၥဳပၸန္ကာလသံုးပါးလံုး ေ၀ဖန္ပိုင္းျဖား ေဟာေျပာႏိုင္ေသာ
 ပညာရပ္ တစ္ခုပါပဲ။

ဒီက်င့္စဥ္မွာက Crystal Gazing ေခၚ ဓာတ္ဖန္လံုးကို အသံုးျပဳ၍ က်င့္ယူရမယ္။ ဓာတ္ဖန္လံုး မရွိရင္ေရာ။ ရပါတယ္။ ဓာတ္ဖန္လံုးကေတာ့ အေကာင္းဆံုးေပါ့။ ဓာတ္ဖန္လံုး မရွိရင္ေတာ့ ေရတို႔ မွန္တို႔နဲ႔ ေလ့က်င့္လို႔ ရပါတယ္။

ဒီေလာက္ အာနိသင္ထက္ျမက္တဲ့ က်င့္စဥ္ကို လူတိုင္းေလ့က်င့္လို႔ ရမလား၊ ေအာင္ျမင္မလား။

ေအာင္ျမင္ပါတယ္။ လူတိုင္း ေလ့က်င့္လို႔ရပါတယ္။ ဒါေပမယ့္ ျမန္တာနဲ႔ ေႏွးတာပဲ ရွိတယ္။ လူတစ္ေယာက္ကို ၾကည့္လိုက္ရင္ ေထာင္ေထာင္ေမာင္းနဲ႔ ဘာလုပ္လုပ္ တက္တက္ၾကြၾကြ ရွိတတ္တဲ့ လူမ်ိဳးေတြရယ္ ခႏၶာကိုယ္ ဖြဲစည္း တည္ေဆာက္ပံုအရ အ႐ိုးအဆစ္ေတြ ႀကီးမား က်ယ္ျပန္႔တဲ့ လူေတြ ဖြံ႕ထြားတဲ့လူေတြဟာဒီလိုက်င့္စဥ္ကို ေလ့က်င့္ရင္သူတကာေတြထက္ပိုၿပီး ေပါက္ေျမာက္ေအာင္ျမင္ေလ့
ရွိတယ္။

တစ္ခ်ိဳ႕ၾကေတာ့ ၾကည့္လိုက္ရင္ ကုတ္ေခ်ာင္ေခ်ာင္နဲ႔။ သူတို႔ အသံက ေညာင္နာနာနဲ႔။ စကားေျပာရင္လဲ မပြင့္တပြင့္နဲ။ ခိုေၾကာင္ ခိုး၀ွက္ လုပ္တတ္တယ္။ ဘာလုပ္လုပ္ တက္တက္ၾကြၾကြ မရွိဘူး။အဲဒီလိုလူေတြၾကေတာ့ၾကာတတ္တယ္။ ေနာက္ဆံုးေတာ့ ႏွစ္ေယာက္စလံုးက
 ေအာင္ျမင္တာခ်ဥ္းပါပဲ။ ျမန္တာနဲ႔ ၾကာတာ ႏွစ္မ်ိဳးပဲ ရွိပါတယ္။

ကဲ... ဘယ္လို က်င္ၾကမလဲ။

ဓာတ္ဖန္လံုး ရွိရင္ေတာ့ ဓာတ္ဖန္လံုးနဲ႔ က်င့္ေပါ့။ ဓာတ္ဖန္လံုး မရွိဘူးဆိုရင္ေတာ့ ဖန္ခြက္ထဲကို ေရထည့္ၿပီး ေလ့က်င့္လို႔ ရပါတယ္။ စမ္းေခ်ာင္းေရဆို ပိုေကာင္းတယ္လို႔ အဘေျပာဖူးတယ္။ ဖန္ခြက္ကေတာ့ ေျပာင္ေနာ္။ လံုးလံုး။ ေလးေဒါင့္တို႔ ပန္းေတြ ဘာေတြပါတဲ့ ဖန္ခြက္ဆို မရဘူး။ ေျပာင္ေခ်ာမွ ေကာင္းတယ္။ အဲဒီ ဖန္ခြက္ထဲမွာ ေရထည္။ ကိုယ့္ေရွ႕က စားပြဲေပၚတင္ၿပီး ၾကည့္ရမယ္။ ဒါပါပဲ။ အေရးႀကီးတာက ကိုယ္ၾကည့္တဲ့ ဖန္ခြက္ထဲကို ေဘးက အရိပ္ေတြ အလင္းေတြ မ၀င္ေအာင္ ဂ႐ုစိုက္ရမယ္။ ေကာင္းတာကေတာ့ က်င့္မယ့္လူရဲ့ ေနာက္ေက်ာမွာ မီးထြန္းထားရင္ေတာ့ ပိုေကာင္းမယ္။

တစ္ေန႕ကို အနည္းဆံုး ဆယ္မီနစ္ ဆယ့္ငါးမိနစ္ေလာက္ စၿပီး တစိမ့္စိမ့္ ၾကည့္ရမယ္။
 ေနာက္ေတာ့လည္း ၾကည့္တဲ့ အခ်ိန္ေတြ တေျဖးေျဖး တိုးသြားေပါ့။ ပါးစပ္က ဂါထာေတြ မႏၱာန္ေတြ ရြတ္ေနစရာ မလိုဘူး။ ကိုယ့္ စိတ္ထဲကလည္း ဘာမွ မွတ္ေနစရာမလိုဘူးေနာ္။
 ေတြးေနစရာလည္း မလိုဘူး။ ပုတီး စိပ္ေနဖို႔လည္း မလိုဘူး။ အဲဒီ ေရထည့္ထားတဲ့ ဖန္ခြက္ကို တစိမ့္စိမ့္ ၾကည့္ေနတဲ့ အလုပ္တစ္ခုပဲ လုပ္ရမွာ။ ၾကည့္ေနတာ တစ္ခုပဲ လုပ္ရမွာ။ ဒါအေရးအႀကီးဆံုးပဲ။

အဲဒီလို ၾကည့္ေနရင္းနဲ႔ ဖန္ခြက္ထဲကေရေတြဟာ အုန္းရည္ေတြလို ေနာက္လာလိမ့္မယ္။ ေနာက္ေတာ့ ပိုပို ေနာက္လာမယ္။ ဆန္ေဆးေရးလို ေနာက္လာမယ္။ ေနာက္ေတာ့ ဖန္ခြက္ထဲကို မီးခိုးေတြ မႈတ္သြင္းထားသလို လႈပ္လႈပ္ ရြရြ ျဖစ္လာမယ္။ ေနာက္ဆံုးေတာ့ ႐ုပ္ရွင္ၾကည့္ေနသလို ကိုယ္သိခ်င္တဲ့အေၾကာင္းအရာဟာ ပီပီသသ ျပတ္ျပတ္သားသား ေပၚလာလိမ့္မယ္။ ေနာက္ဆို ဖန္ခြက္မလိုေတာ့ဘူး။ ကိုယ္သိခ်င္ ျမင္ခ်င္တာေလး အာ႐ံုျပဳလိုက္တာနဲ႔ ေပၚလာေတာ့တာပဲ။

ေနာက္ဆံုးတစ္ခုက တစ္ေန႔တာ က်င့္စဥ္ က်င့္လို႔ ၿပီးသြားရင္ ဖန္ခြက္ထဲက ေရေတြကို သြန္ပစ္လိုက္။ ဖန္ခြက္ကို ေရစင္ေအာင္ သုတ္ၿပီး ကိုယ္အိပ္တဲ့ ေခါင္းအုန္းေအာက္မွာ ထည့္ၿပီးအိပ္ရမယ္။ အဘမင္းသိခၤ ေျပာခဲ့တာကေတာ့ လူတစ္ရာ က်င့္ရင္ လူအေယာက္ (၉၀)ေလာက္က
 ေအာင္ျမင္ပါတယ္တဲ့။ အဲဒီေတာ့ ကြ်န္ေတာ္၏ မိတ္ေဆြမ်ားလည္း ၀ါသနာပါသူျဖစ္ပါက စတင္၍ ေလ့က်င္ႏိုင္ပါရန္ ျပန္လည္ ေဖာ္ျပေပး လိုက္ပါသည္။

သင္တို႔၏အက်ိဳးကိုထာ၀စဥ္လိုလားေသာေစတနာေကာင္းျဖင့္....

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hein Tint Zaw

#Unicode Version
ကျွန်ုပ်သည် ဗေဒင်လက္ခဏာ ဟောပြောသော အလုပ်များကို လုပ်နေရသောအခါများတွင် တစ်ခါတစ်ရံ မိမိ ကိုယ်ကိုမိမိ မကျေမနပ် ဖြစ်မိလေ၏။ တစ်ခါတစ်ရံတွင် ကျွန်ုပ်ထံသို့ ပစ္စည်းပျောက်များ

 ငွေပျောက်များ လာမေးကြလေရာ ကျွန်ုပ်သည် တားရော့ အင်္ဂဝိဇ္ဇာ သုံးတန်ပေါ်နိစ်စသော ပညာရပ်များဖြင့် တွက်ချက်၍ ဟောပြောရလေ၏။

များသောအားဖြင့် ထိုအခါမျိုးတွင် မိမိကိုယ်ကို မိမ အားမရခဲ့ပေ။ ကျွန်ုပ်၏ ဟောကိန်းများသည် ဝါးလုံးရှည်နှင့် ရမ်းသကဲ့သို့၎င်း ငှက်အုပ်ထဲသို့ ခဲအလုံးတစ်ရာလောက် ပြစ်ထည့်လိုက်သကဲ့သို့၎င်း တိကျသေချာ ရေရာမှု့ မရခဲ့ပေ။ ပစ္စည်းပျောက်များ လာရောက်၍ မေးမြန်းသော အခါ၌လည်း အင်း ပစ္စည်းက အိမ်မှာ မရှိတော့ဘူး နေရာ ရွေ့သွားပြီ။ ပြန်မရနိုင်တော့ဘူး။ ခိုးတဲ့လူရဲ့ နာမည် အစမှာ တနင်္လာ (သို့) ကြာသပတေးနံနှင့် စတယ်။ အရပ်ကတော့ မပုမရှည်ပဲ။

အသားကတော့ သိပ်လဲ မဖြူဘူး။ အစရှိသည်ဖြင့် မရေရာ မသေချာလှသော ဟိုဘက်လိုလို ဒီဘက်လိုလို တွေးယူ၍ ရသော အဖြေမျိုးများဖြင့်သာ ဟောပြောလေ့ရှိ၏။ ထိုအခါမျိုးတွင် လာမေးသူများက ကိုယ်လိုရာ ကိုယ်ထင်ရာ ဆွဲယူ၍ တွေးသွားတတ်ကြတာချဉ်းပင် ဖြစ်၏။ သူတို့အချင်းချင်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင် ဟုတ်မယ် ဟုတ်မယ် ဟိုကောင် သေချာတယ် အစရှိသည်ဖြင့် ကိုယ်လိုရာ ကိုယ်တွေးထင်၍ ပြန်သွားကြလေ၏။

နောက်.. လူပျောက်တယ် ဆိုပါတော့။ ကျွန်ုပ်တို့၏ အဖြေမှာ အင်း အနီးမှာပဲ ရှိတယ်။ ဆွေမျိုး (သို) မိတ်ဆွေ တစ်ဦးသီးအိမ်ကို ရောက်နေတယ်။ လောလောဆယ်တော့ ပြန်လာဖို့ မမြင်သေးဘူး။ အစရှိသည်ဖြင့် ဗေဒင်မေး မြန်းသူများအတွက် ကျေနပ်အားရဖွယ် မကောင်းသော တိကျခြင်း မရှိသော အဖြေမျိုးဖြင့် ဟောပေးတတ် ကြလေ၏။ ထိုအခါမျိုးတွင်လည်း ကျွန်ုပ်သည် မိမိကိုယ်ကို မိမိ ကျေနပ်အားရခြင်း မရှိခဲ့ပေ။

အမှန်အတိုင်း ကျွန်ုပ်ဖြစ်ချင်သော ဗေဒင်ဆရာ ဆိုသည်ကား ဤကဲ့သို့သော ဗေဒင်ဆရာမျိုး မဟုတ်ပေ။ ဥပမာ ပစ္စည်းပျောက်လို့ ဗေဒင်လာမေးမယ် ဆိုပါစို့။ ကျွန်ုပ်က မျက်စိကို မှိတ်၍ အာရုံပြုလိုက်မယ်။ ပြီးတာနဲ့ အင်း ခင်ဗျားပစည်းက ပျောက်တာမဟုတ်ဘူး။ အခိုးခံရတာ။ ခိုးတဲ့ လူက ည (၃)နာရီလောက်က လာခိုးသွားတာ။ သူ့မှာ အဖော်တစ်ယောက်တောင် ပါလာသေးတယ်။ သူ့နာမည်က ဟိန်းဇော်လို့ ခေါ်တယ်။ သူနေတာက နင်တို့လမ်း ဘေးကပ်ရက်က

 အောင်သစ္စာလမ်းမှာနေတာ။ အခု သူ အိမ်မှာ ရှိနေတယ် ။ မယားငယ်နဲ့ ဖက်အိပ်နေတယ်။ အိပ်ယာနိုးရင် သူတို့ ရောင်းနေကျ ဆိုင်မှာ သွားရောင်းတော့မှာ ။ အခုနေ သွားဖမ်းရင် မှီနိုင်သေးတယ်။ အစရှိသည်ဖြင့် ဟောပြောနိုင်သော ဗေဒင်ဆရာ တစ်ဦး ဖြစ်ချင်မိ၏။

နောက် လူပျောက်တယ်ဆိုရင်လည်း ထိုနည်းအတိုင်းပင်။ အင်း ရေနစ်သေသွားပြီ။ သူများသတ်လို့ သေသွား ရှာပြီ။ သူ့အလောင်က ဓနိတောထဲမှာ ပစ်ထားခဲ့တယ်။ ဒါမှမဟုတ် မသေသေးဘူး။ ဘန်ကောက်မှာ ရောက်နေတယ်။ သူ ညီမနဲ့ အတူ ရှိနေတယ်။ ဒါမှမဟုတ် လင်ငယ်နောက်ကို ပါသွားပြီ။ သူတို့ မလေးဘက်ကို နှစ်ယောက်အတူ ထွက်ပြေးသွားကြပြီ အစရှိသည်ဖြင့် လိုက်မကြည့်ယုံ တမယ် ဟောပြောနိုင်သော ဗေဒင်ဆရာ တစ်ဦး ဖြစ်ချင်လွန်းလှလေ၏။

ထိုအခါမျိုးတွင် ကျွန်ုပ်၏ ဗေဒင်ဟောသက် အတွေ့အကြုံများအရဆိုရင် ထိုကဲ့သို့သော ဟောပြောနိုင်သော ဗေဒင်ဆရာ တစ်ဦးဖြစ်ချင်ပါမူ တွက်နည်း ချက်နည်းများ တစ်ခုတည်းကိုပင် အားကိုး၍တော့ ဖြစ်မလာနိုင်ပေ။ ကျင့်ယူ၍ ရသော ပညာရပ်များကို စနစ်တကျ ပြီးဆုံးအောင်မြင်သည့်အထိ ကျင့်ကြံပြီးမှသာ ရရှိနိုင်သည်ဟု တွေးမိလေ၏။ လက္ခဏာဆရာကြီး ကိုင်ရိုသည်၎င်း အဘမင်းသိင်္ခ အစရှိသော နာမည်ကျော် လက္ခဏာဆရာ ဗေဒင်ဆရာကြီးများသည် တွက်နည်းကို၎င်း ကျင့်စဉ်များကို၎င်း ပူးတွဲ ကျင့်ကြံ တွေးခေါ်ဆက်စပ်၍ ရသော အဖြေများသည် ဧကံသဟု ခေါ်သောတစ်ခွန်းတည်းသော ဟောကိန်းများကိုထုတ်နိုင်သောပညာရှင်များ ဖြစ်လာကြလေ၏။

ထိုကြောင့် ကျွန်ုပ်သည် အဘမင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် သင်ယူလေ့လာခဲ့ရသော နတ်မျက်စိကဲ့သို့ အရာအားလုံးကို ထိုဖောက်၍ မြင်နိုင်သော ကျင့်စဉ်ကို အောက်တွင် အသေးစိပ် ဖော်ပြပေးလိုက်ပါသည်။ မသိသူကျော်သွား သိသူဖော်စား ဟူသောစကားအရ ဝါသနာပါသော သူများ လိုက်နာ ကျင့်ဆောင်၍ အမြင်များပေါက်မြောက်

 အောင်မြင်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေး လိုက်ရပါသတည်း။

နတ်မျက်စိကျင့်စဉ်ဆိုတာ....

အရာအားလုံးကို မြင်နိုင်စွမ်းရှိတယ်။ အမေးတိုင်းကို အဖြေ ထုပ်နိုင်တယ်။ မည်သည့် ပညာရပ်နှင့်မဆို အစမ်းသတ်ခံနိုင်တယ်။ အဝေးက အရာဝတ္ထုကိုလည်း ဟောနိုင်တယ်။ ဖုံးထားတဲ့ အရာဝတ္ထုကိုလည်း ဖွင်ချ ဟောပြောနိုင်တယ်။အတိတ်အနာဂါတ်ပစ္စုပ္ပန်ကာလသုံးပါးလုံး ဝေဖန်ပိုင်းဖြား ဟောပြောနိုင်သော

 ပညာရပ် တစ်ခုပါပဲ။

ဒီကျင့်စဉ်မှာက Crystal Gazing ခေါ် ဓာတ်ဖန်လုံးကို အသုံးပြု၍ ကျင့်ယူရမယ်။ ဓာတ်ဖန်လုံး မရှိရင်ရော။ ရပါတယ်။ ဓာတ်ဖန်လုံးကတော့ အကောင်းဆုံးပေါ့။ ဓာတ်ဖန်လုံး မရှိရင်တော့ ရေတို့ မှန်တို့နဲ့ လေ့ကျင့်လို့ ရပါတယ်။

ဒီလောက် အာနိသင်ထက်မြက်တဲ့ ကျင့်စဉ်ကို လူတိုင်းလေ့ကျင့်လို့ ရမလား၊ အောင်မြင်မလား။

အောင်မြင်ပါတယ်။ လူတိုင်း လေ့ကျင့်လို့ရပါတယ်။ ဒါပေမယ့် မြန်တာနဲ့ နှေးတာပဲ ရှိတယ်။ လူတစ်ယောက်ကို ကြည့်လိုက်ရင် ထောင်ထောင်မောင်းနဲ့ ဘာလုပ်လုပ် တက်တက်ကြွကြွ ရှိတတ်တဲ့ လူမျိုးတွေရယ် ခန္ဓာကိုယ် ဖွဲစည်း တည်ဆောက်ပုံအရ အရိုးအဆစ်တွေ ကြီးမား ကျယ်ပြန့်တဲ့ လူတွေ ဖွံ့ထွားတဲ့လူတွေဟာဒီလိုကျင့်စဉ်ကို လေ့ကျင့်ရင်သူတကာတွေထက်ပိုပြီး ပေါက်မြောက်အောင်မြင်လေ့

ရှိတယ်။

တစ်ချို့ကြတော့ ကြည့်လိုက်ရင် ကုတ်ချောင်ချောင်နဲ့။ သူတို့ အသံက ညောင်နာနာနဲ့။ စကားပြောရင်လဲ မပွင့်တပွင့်နဲ။ ခိုကြောင် ခိုးဝှက် လုပ်တတ်တယ်။ ဘာလုပ်လုပ် တက်တက်ကြွကြွ မရှိဘူး။အဲဒီလိုလူတွေကြတော့ကြာတတ်တယ်။ နောက်ဆုံးတော့ နှစ်ယောက်စလုံးက

 အောင်မြင်တာချဉ်းပါပဲ။ မြန်တာနဲ့ ကြာတာ နှစ်မျိုးပဲ ရှိပါတယ်။

ကဲ... ဘယ်လို ကျင်ကြမလဲ။

ဓာတ်ဖန်လုံး ရှိရင်တော့ ဓာတ်ဖန်လုံးနဲ့ ကျင့်ပေါ့။ ဓာတ်ဖန်လုံး မရှိဘူးဆိုရင်တော့ ဖန်ခွက်ထဲကို ရေထည့်ပြီး လေ့ကျင့်လို့ ရပါတယ်။ စမ်းချောင်းရေဆို ပိုကောင်းတယ်လို့ အဘပြောဖူးတယ်။ ဖန်ခွက်ကတော့ ပြောင်နော်။ လုံးလုံး။ လေးဒေါင့်တို့ ပန်းတွေ ဘာတွေပါတဲ့ ဖန်ခွက်ဆို မရဘူး။ ပြောင်ချောမှ ကောင်းတယ်။ အဲဒီ ဖန်ခွက်ထဲမှာ ရေထည်။ ကိုယ့်ရှေ့က စားပွဲပေါ်တင်ပြီး ကြည့်ရမယ်။ ဒါပါပဲ။ အရေးကြီးတာက ကိုယ်ကြည့်တဲ့ ဖန်ခွက်ထဲကို ဘေးက အရိပ်တွေ အလင်းတွေ မဝင်အောင် ဂရုစိုက်ရမယ်။ ကောင်းတာကတော့ ကျင့်မယ့်လူရဲ့ နောက်ကျောမှာ မီးထွန်းထားရင်တော့ ပိုကောင်းမယ်။

တစ်နေ့ကို အနည်းဆုံး ဆယ်မီနစ် ဆယ့်ငါးမိနစ်လောက် စပြီး တစိမ့်စိမ့် ကြည့်ရမယ်။

 နောက်တော့လည်း ကြည့်တဲ့ အချိန်တွေ တဖြေးဖြေး တိုးသွားပေါ့။ ပါးစပ်က ဂါထာတွေ မန္တာန်တွေ ရွတ်နေစရာ မလိုဘူး။ ကိုယ့် စိတ်ထဲကလည်း ဘာမှ မှတ်နေစရာမလိုဘူးနော်။

 တွေးနေစရာလည်း မလိုဘူး။ ပုတီး စိပ်နေဖို့လည်း မလိုဘူး။ အဲဒီ ရေထည့်ထားတဲ့ ဖန်ခွက်ကို တစိမ့်စိမ့် ကြည့်နေတဲ့ အလုပ်တစ်ခုပဲ လုပ်ရမှာ။ ကြည့်နေတာ တစ်ခုပဲ လုပ်ရမှာ။ ဒါအရေးအကြီးဆုံးပဲ။

အဲဒီလို ကြည့်နေရင်းနဲ့ ဖန်ခွက်ထဲကရေတွေဟာ အုန်းရည်တွေလို နောက်လာလိမ့်မယ်။ နောက်တော့ ပိုပို နောက်လာမယ်။ ဆန်ဆေးရေးလို နောက်လာမယ်။ နောက်တော့ ဖန်ခွက်ထဲကို မီးခိုးတွေ မှုတ်သွင်းထားသလို လှုပ်လှုပ် ရွရွ ဖြစ်လာမယ်။ နောက်ဆုံးတော့ ရုပ်ရှင်ကြည့်နေသလို ကိုယ်သိချင်တဲ့အကြောင်းအရာဟာ ပီပီသသ ပြတ်ပြတ်သားသား ပေါ်လာလိမ့်မယ်။ နောက်ဆို ဖန်ခွက်မလိုတော့ဘူး။ ကိုယ်သိချင် မြင်ချင်တာလေး အာရုံပြုလိုက်တာနဲ့ ပေါ်လာတော့တာပဲ။

နောက်ဆုံးတစ်ခုက တစ်နေ့တာ ကျင့်စဉ် ကျင့်လို့ ပြီးသွားရင် ဖန်ခွက်ထဲက ရေတွေကို သွန်ပစ်လိုက်။ ဖန်ခွက်ကို ရေစင်အောင် သုတ်ပြီး ကိုယ်အိပ်တဲ့ ခေါင်းအုန်းအောက်မှာ ထည့်ပြီးအိပ်ရမယ်။ အဘမင်းသိင်္ခ ပြောခဲ့တာကတော့ လူတစ်ရာ ကျင့်ရင် လူအယောက် (၉၀)လောက်က

 အောင်မြင်ပါတယ်တဲ့။ အဲဒီတော့ ကျွန်တော်၏ မိတ်ဆွေများလည်း ဝါသနာပါသူဖြစ်ပါက စတင်၍ လေ့ကျင်နိုင်ပါရန် ပြန်လည် ဖော်ပြပေး လိုက်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသောစေတနာကောင်းဖြင့်....

ဖိုးသူတော် (www.phothutaw.com)
Credit:Hein Tint Zaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top