Golden City Promotion
×

ပဲခူးတိုင္းေဒသႀကီး ေက်ာက္ႀကီးၿမိဳ႕ သိန္တန္းရပ္ကြက္မွာ ေနထိုင္တဲ့ ၂ လခြဲအရြယ္ ကေလးငယ္တဦး ေဆး႐ုံမွာ ရင္က်ပ္ေရာဂါနဲ႔ အေၾကာေဆးသြင္းရာကေန လက္ျဖတ္လိုက္ရလု႔ိ က်န္းမာေရးဌာနကို တိုင္ၾကားမယ္လုိ႔ မိခင္ျဖစ္သူက ေျပာပါတယ္။

အသက္ ၂ လခြဲအရြယ္ရွိတဲ့ ေမာင္ထက္ေဝခိုင္ဦးဟာ ရင္က်ပ္ေရာဂါ ခံစားေနရတာေၾကာင့္ မိဘေတြက ၾသဂုတ္ ၁၇ ရက္ေန႔က ေက်ာက္ႀကီးၿမိဳ႕နယ္ေဆး႐ံုကို ပို႔ေဆာင္ကုသခဲ့ပါတယ္။

ပို႔ေဆာင္ကုသရာမွာ ေဆး႐ံုတာဝန္က် သူနာျပဳေတြက အေၾကာေဆး (ေဒသအေခၚ ပုလင္းႀကီး) ခ်ိတ္ေပးခဲ့တာမွာ အပ္ထိုးထားတဲ့ ကေလးငယ္ရဲ႕ လက္ဟာ ညိဳမည္း ေရာင္ရမ္းလာတာေၾကာင့္ ၾသဂုတ္ ၂၄ ရက္ေန႔မွာ ေတာင္ငူခ႐ိုင္ေဆး႐ံုကို ေျပာင္းေရႊ႕ ကုသခဲ႔ရတယ္လို႔ ဆိုပါတယ္။

ေတာင္ငူခ႐ိုင္ ေဆး႐ံုမွာ မသက္သာတာေၾကာင့္ ရန္ကုန္ကေလးေဆး႐ုံႀကီးကို စက္တင္ဘာ ၁ ရက္ေန႔က လႊဲေျပာင္းေပးခဲ့ရၿပီး ကေလးငယ္ရဲ႕ ဘယ္ဘက္လက္ကို စက္တင္ဘာ ၄ ရက္ေန႔က ျဖတ္ပစ္ခဲ့ရတယ္လို႔ မိသားစုဝင္ေတြက ဆိုပါတယ္။

ကေလးမိခင္ ေဒၚျဖဴႏွင္းေဝက “စျဖစ္တာကေတာ့ ရင္က်ပ္တာေပါ့။ ေက်ာက္ႀကီးေဆး႐ံုကို တင္လိုက္တယ္။ သူတို႔ အလံုးႀကီး ခ်ိတ္ေပးတယ္ေပါ့ေနာ္။ သြင္းတဲ့အခ်ိန္မွာ ဘာမွမျဖစ္ေသးဘူး။ ေနာက္ တရက္ ႏွစ္ရက္ေနေတာ့ သူ႔လက္ကေလးက ေဖာင္းလာတယ္။ အဲဒီေတာ့ ဆရာမကို သြားေျပာတယ္။ ဆရာမက အၾကမ္းပတမ္းပဲ ျဖဳတ္ေပးပါတယ္။ လက္ကေလးက မလႈပ္ရွားေတာ့ပါဘူး။ အဲဒါ ဆရာမေတြကို ေျပာေတာ့ ဆရာမေတြက သူ႔ကို ႀကိဳမေျပာလို႔ က်မတို႔လည္း အဆူခံရပါတယ္။ အဲဒါနဲ႔ ကေလးလက္ကို သူတို႔ အေကာင္းဆံုး ေဆးနဲ႔ ကုေပးဦးမယ္ဆိုၿပီး တပတ္အၾကာ ေစာင့္ခဲ့တယ္။ လက္ေလးက မထူးလာဘူး။ ဒီ့ထက္ ပိုဆိုးလာတယ္။ မည္းလာတယ္။ ပုပ္လာတယ္ေပါ့။ သူတို႔ တာဝန္လဲႊစာေပးပါတယ္။ အဲဒါနဲ႔ က်မတို႔ လဲႊစာအရ သြားရပါတယ္။ ကုိယ့္လမ္းစရိတ္နဲ႔ပဲေပါ့။ ေတာင္ငူေရာက္ေတာ့ ဆရာမေတြက ေရာက္ေရာက္ခ်င္းပဲ ကေလးကို ေဆးကုသေပးတယ္။ ကုသေပးၿပီး တပတ္ေလာက္ေနေတာ့ ဆရာမေတြက သူတို႔ ေထာက္ပံ့ေၾကးေငြနဲ႔ ရန္ကုန္ ကေလးေဆး႐ံုႀကီးကို ထပ္လဲႊတယ္။ မနက္ခင္း ၁၁ နာရီခဲြေလာက္ သြားတာ၊ မနက္ ၄ နာရီခြဲမွာ ေရာက္တယ္။ ဆရာမေတြက ကေလးကို ဆက္ကုေပးပါတယ္။ ေနာက္ ၅ ရက္ေလာက္မွာ သူ႔ကို နားခြင့္ေပးထားတယ္။ ကေလး အားနည္းလို႔ေပါ့။ ၆ ရက္ေျမာက္မွာ သူ႔လက္ကေလးကို ျဖတ္တယ္။” လုိ႔ ေျပာပါတယ္။

အခုလို ကေလးငယ္ရဲ႕ လက္ကို ျဖတ္ပစ္ရတဲ့အေပၚ မိသားစုဝင္ေတြက ေက်နပ္မႈမရွိတဲ့ အတြက္ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ကေလးသူငယ္ ေစာင့္ေရွာက္ေရးအဖြဲ႔ေတြ ဆီကို တိုင္ၾကားသြားမယ္လို႔လည္း ဆိုပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဒီဗီြဘီက ေက်ာက္ႀကီးၿမိဳ႕နယ္ ေဆး႐ုံအုပ္ႀကီးကို သြားေရာက္ေမးျမန္းခဲ့ရာမွာ ေျဖဆိုဖုိ႔ တိုင္းအဆင့္ကို တင္ျပရမွာျဖစ္ၿပီး ေနာက္တႀကိမ္ လာေရာက္ဖို႔ ခ်ိန္းဆိုခဲ့ပါတယ္။

ေနာက္တႀကိမ္ ဒီဗီြဘီက သြားေရာက္ေမးျမန္းရာမွာေတာ့ “တိုင္းက ခြင့္ျပဳတယ္လည္း မဟုတ္ဘူး။ ခြင့္မျပဳဘူးလည္း မဟုတ္ဘူး။ အဲဒီအတြက္ က်ေနာ္ မေျဖႏိုင္ဘူး။ သူတို႔ေတြလည္း တိုင္ၾကဦးမွာ။ အဲဒီက်မွ ရွင္းေတာ့မယ္” လို႔ပဲ ေက်ာက္ႀကီးၿမိဳ႕နယ္ ေဆး႐ံုအုပ္ႀကီးက ျပန္လည္ေျဖဆိုခဲ့ပါတယ္။

သတင္း – ေက်ာ္ေအာင္(ကညြတ္ကြင္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ သိန်တန်းရပ်ကွက်မှာ နေထိုင်တဲ့ ၂ လခွဲအရွယ် ကလေးငယ်တဦး ဆေးရုံမှာ ရင်ကျပ်ရောဂါနဲ့ အကြောဆေးသွင်းရာကနေ လက်ဖြတ်လိုက်ရလု့ိ ကျန်းမာရေးဌာနကို တိုင်ကြားမယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အသက် ၂ လခွဲအရွယ်ရှိတဲ့ မောင်ထက်ဝေခိုင်ဦးဟာ ရင်ကျပ်ရောဂါ ခံစားနေရတာကြောင့် မိဘတွေက သြဂုတ် ၁၇ ရက်နေ့က ကျောက်ကြီးမြို့နယ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပါတယ်။

ပို့ဆောင်ကုသရာမှာ ဆေးရုံတာဝန်ကျ သူနာပြုတွေက အကြောဆေး (ဒေသအခေါ် ပုလင်းကြီး) ချိတ်ပေးခဲ့တာမှာ အပ်ထိုးထားတဲ့ ကလေးငယ်ရဲ့ လက်ဟာ ညိုမည်း ရောင်ရမ်းလာတာကြောင့် သြဂုတ် ၂၄ ရက်နေ့မှာ တောင်ငူခရိုင်ဆေးရုံကို ပြောင်းရွှေ့ ကုသခဲ့ရတယ်လို့ ဆိုပါတယ်။

တောင်ငူခရိုင် ဆေးရုံမှာ မသက်သာတာကြောင့် ရန်ကုန်ကလေးဆေးရုံကြီးကို စက်တင်ဘာ ၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ရပြီး ကလေးငယ်ရဲ့ ဘယ်ဘက်လက်ကို စက်တင်ဘာ ၄ ရက်နေ့က ဖြတ်ပစ်ခဲ့ရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ကလေးမိခင် ဒေါ်ဖြူနှင်းဝေက “စဖြစ်တာကတော့ ရင်ကျပ်တာပေါ့။ ကျောက်ကြီးဆေးရုံကို တင်လိုက်တယ်။ သူတို့ အလုံးကြီး ချိတ်ပေးတယ်ပေါ့နော်။ သွင်းတဲ့အချိန်မှာ ဘာမှမဖြစ်သေးဘူး။ နောက် တရက် နှစ်ရက်နေတော့ သူ့လက်ကလေးက ဖောင်းလာတယ်။ အဲဒီတော့ ဆရာမကို သွားပြောတယ်။ ဆရာမက အကြမ်းပတမ်းပဲ ဖြုတ်ပေးပါတယ်။ လက်ကလေးက မလှုပ်ရှားတော့ပါဘူး။ အဲဒါ ဆရာမတွေကို ပြောတော့ ဆရာမတွေက သူ့ကို ကြိုမပြောလို့ ကျမတို့လည်း အဆူခံရပါတယ်။ အဲဒါနဲ့ ကလေးလက်ကို သူတို့ အကောင်းဆုံး ဆေးနဲ့ ကုပေးဦးမယ်ဆိုပြီး တပတ်အကြာ စောင့်ခဲ့တယ်။ လက်လေးက မထူးလာဘူး။ ဒီ့ထက် ပိုဆိုးလာတယ်။ မည်းလာတယ်။ ပုပ်လာတယ်ပေါ့။ သူတို့ တာဝန်လွဲှစာပေးပါတယ်။ အဲဒါနဲ့ ကျမတို့ လွဲှစာအရ သွားရပါတယ်။ ကိုယ့်လမ်းစရိတ်နဲ့ပဲပေါ့။ တောင်ငူရောက်တော့ ဆရာမတွေက ရောက်ရောက်ချင်းပဲ ကလေးကို ဆေးကုသပေးတယ်။ ကုသပေးပြီး တပတ်လောက်နေတော့ ဆရာမတွေက သူတို့ ထောက်ပံ့ကြေးငွေနဲ့ ရန်ကုန် ကလေးဆေးရုံကြီးကို ထပ်လွဲှတယ်။ မနက်ခင်း ၁၁ နာရီခွဲလောက် သွားတာ၊ မနက် ၄ နာရီခွဲမှာ ရောက်တယ်။ ဆရာမတွေက ကလေးကို ဆက်ကုပေးပါတယ်။ နောက် ၅ ရက်လောက်မှာ သူ့ကို နားခွင့်ပေးထားတယ်။ ကလေး အားနည်းလို့ပေါ့။ ၆ ရက်မြောက်မှာ သူ့လက်ကလေးကို ဖြတ်တယ်။” လို့ ပြောပါတယ်။

အခုလို ကလေးငယ်ရဲ့ လက်ကို ဖြတ်ပစ်ရတဲ့အပေါ် မိသားစုဝင်တွေက ကျေနပ်မှုမရှိတဲ့ အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့တွေ ဆီကို တိုင်ကြားသွားမယ်လို့လည်း ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဗွီဘီက ကျောက်ကြီးမြို့နယ် ဆေးရုံအုပ်ကြီးကို သွားရောက်မေးမြန်းခဲ့ရာမှာ ဖြေဆိုဖို့ တိုင်းအဆင့်ကို တင်ပြရမှာဖြစ်ပြီး နောက်တကြိမ် လာရောက်ဖို့ ချိန်းဆိုခဲ့ပါတယ်။

နောက်တကြိမ် ဒီဗွီဘီက သွားရောက်မေးမြန်းရာမှာတော့ “တိုင်းက ခွင့်ပြုတယ်လည်း မဟုတ်ဘူး။ ခွင့်မပြုဘူးလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျနော် မဖြေနိုင်ဘူး။ သူတို့တွေလည်း တိုင်ကြဦးမှာ။ အဲဒီကျမှ ရှင်းတော့မယ်” လို့ပဲ ကျောက်ကြီးမြို့နယ် ဆေးရုံအုပ်ကြီးက ပြန်လည်ဖြေဆိုခဲ့ပါတယ်။

သတင်း – ကျော်အောင်(ကညွတ်ကွင်း)


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top