ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

စာေရးသူမွာ ဥေရာပသား မိတ္ေဆြ ရွိပါတယ္။ သူတု႔ိလည္း လူငယ္ေတြ ျဖစ္ၾကျပီး ဘာသာေရး အေၾကာင္း ေျပာျဖစ္တဲ့ အခါ သူတို႔ဟာ ဘယ္ဘာသာကိုမွ မကိုးကြယ္ေၾကာင္း သိရေတာ့ အင္မတန္ အံ့ၾသ မိပါတယ္။ ဒါက သက္သက္ပါ။ ဗုဒၶ ဘာသာနဲ႔ ပက္သက္ျပီး ေျပာဆုိမိတာ ကေတာ့ ေရွးဘဝ ေနာက္ဘဝ အေၾကာင္း ျဖစ္ပါတယ္။ သူ႔ အေနနဲ႔ ေရွး ဘဝ (Past Existence of life) နဲ႔ ေနာင္လာမယ့္ ဘဝ (Future Life) အေပၚမွာ အယံုအၾကည္ မရွိပါဘူးတဲ့။ လက္ရွိ ဆင္းရဲေနသူေတြ အင္မတန္ ဆင္းရဲျပီး ဒါဟာ ေရွးဘဝ အကုသုိလ္ေၾကာင့္၊ ခ်မ္းသာတဲ့ သူေတြ က်ျပန္ေတာ့လဲ ဒါက ေရွးဘဝ ကုသုိလ္ ေကာင္းမွုေၾကာင့္လို႔ ေျပာေနၾကတာ လံုးဝ မတရား ပါဘူးတဲ့။ သူဒါကို လံုးဝ လက္မခံ ပါဘူးတဲ့။ ဒါနဲ႔ စာေရးသူလည္း တတ္ႏိုင္သေလာက္ ရွင္းျပ ေပးေတာ့ သူလည္း လက္ခံ သြား ပါတယ္။ စာဖတ္သူ တုိ႔ကုိ ျပန္လည္ မွ်ေဝ ေပးရမယ္ ဆုိရင္ေတာ့ …

ေရွးဘဝ ဘာေၾကာင့္ ယံုသင့္သလဲ

က်ေနာ္တုိ႔ ေမြးဖြားလာတယ္။ ၾကီးျပင္းလာတယ္။ ပတ္ဝန္းက်င္ကို ၾကည့္လိုက္တဲ့ အခါ ခ်မ္းသာေတြ၊ ၾကြယ္ဝ သူေတြ လုပ္ငန္း ကိုင္ငန္း အဆင္ေျပသူေတြ မ်ားစြာ ရွိတာကို ျမင္ေတြ႔ ရမွာပါ။ တစ္ဖက္မွာလည္း ဆင္းရဲ သူေတြ၊ အနာေရာဂါ ထူျပားသူေတြ မ်ားစြာ ရွိပါတယ္။ ကိုယ္တိုင္ ကုိ ျပန္ၾကည့္က်ေတာ့လဲ အေျဖက တစ္မ်ိဳးေပါ့။ ဒီေတာ့ ဆင္းရဲသူေတြက ခ်မ္းသာသူေတြကို ၾကည့္ျပီးေတာ့ မုဒိတာ မပြားႏိုင္ပဲ မနာလို အူတုိ ျဖစ္ရင္ျဖစ္မယ္ မျဖစ္ရင္ မျဖစ္ဘူး။ သို႔ေပမယ့္ ၾကိမ္းေသ ျဖစ္မွာက မိမိကိုယ္ကို ျပန္လည္ ႏွိပ္စက္ ညဥ္းဆဲတဲ့ (Self Insulting) ကေတာ့ ၾကိမ္းေသ ျဖစ္ပါတယ္။ သူဟာ ေဒါသ (Anger) စိတ္၊ အမုန္းစိတ္ (Hatred) ေမြးဖြား ေစျပီး ေနာက္ဆက္တြဲ အေနနဲ႔ ကိုယ္တိုင္ ထိခိုက္တာတင္ မကပဲေတာ့ ပတ္ဝန္းက်င္က အျခား သူတစ္ပါး ေတြအေပၚ သက္ေရာက္ ပါေတာ့တယ္။ အလြယ္ အားျဖင့္ ၾကည့္ရင္ ခိုးမယ္။ သတ္မယ္။ လုယက္မယ္၊ ေနာက္ဆံုး ျဖစ္လာ မွာ ကေတာ့ ကမၻာ ပ်က္တဲ့ အခ်ိန္ပါပဲ။

ဒီေတာ့ ျမတ္စြာ ဘုရားက ေဟာပါတယ္။ ဒါဟာ ေရွးဘဝ အကုသုိလ္ ကံေတြ အက်ိဳးေပးေနျခင္း ေၾကာင့္ပါတဲ့။ ယင္း အကုသုိလ္က သံသရာ တစ္ေလွ်ာက္ (Cycle of Rebirth) မွာ က်င္လည္ (repeat) ျဖစ္ေနေသး သေရြ႕ ကေတာ့ ခံေနရမွာ ျဖစ္ပါတယ္။ သုိ႔ေပမယ့္ ေကာင္းမွုေတြနဲ႔ ျပန္ အစားထိုး ၾကိဳးစားရင္၊ တရား ဓမၼ က်င့္ၾကံရင္ လြတ္ေျမာက္မယ္လို႔ ဆုိခဲ့ ပါတယ္။ ဒီေတာ့ ဘုရားေဟာ တရားကို လက္ခံျပီး က်င့္ၾကံ သူတို႔ဟာ လက္ရွိမွာ ဘယ္ေလာက္ပဲ ဆင္းရဲ ဆင္းရဲ၊ ဒုကၡ ဘယ္ေလာက္ပဲ ေရာက္ေရာက္၊ အဆုိးဆံုး အေနနဲ႔ ပတ္ဝန္းက်င္က ဖယ္ခြာ ခံရရင္ေတာင္ ဒါဟာ ငါျပဳတဲ့ ေရွးဘဝ အကုသုိလ္ ကံေၾကာင့္ ပါလားလို႔ သံေဝဂဥာဏ္ကို တည္ေစ ပါတယ္။ တစ္နည္းအားျဖင့္ ေယာနိေသာ မနသိ ကာယ လို႔ေခၚတဲ့ Positive Point of View and Thinking ( အေကာင္းဘက္မွ ရွဳျခင္း၊ ျမင္ျခင္း) ဆုိတဲ့ စိတ္ကို ေပၚေပါက္ ေစပါတယ္။ ဒီေတာ့ ေဒါသ ျဖစ္မယ့္ အစား ေဒါသ ကို ေျဖမယ့္ စိတ္ေတြ ျဖစ္လာ တာေၾကာင့္ ေကာင္းမွု မျပဳ ရင္ေတာင္ ေသခ်ာတာကေတာ့ သူ မေကာင္းမွု မျပဳေတာ့ဘူး။ ျပဳရင္ေတာင္မွ သတိ လက္လြတ္မွပဲ ျပဳလုပ္လိမ့္မယ္။ သတိ တစ္ခု ျပန္ယွဥ္တဲ့ အခါ သူ သတိထား သြားလိမ့္မယ္။ အားလံုးသာ ေရွးဘဝကို ယံုျပီး Positive Point of View and Thinking ကို အျမဲေတာ့ remind လုပ္ႏိုင္မယ္ ဆုိရင္ ကမၻာက အျမဲေအးခ်မ္းမွာပါပဲ။ ဒီအခ်က္က ေရွးဘဝကို ယံုသင့္ေၾကာင္း ထဲမွာ အေသးစိတ္ မွ်ေသာ တစ္ခ်က္သာ ျဖစ္ပါတယ္။ ဒီထက္ နက္နဲတာ ကေတာ့ စာဖတ္သူတို႔ ကိုယ္တိုင္ ေနာက္မွ ေလ့လာ ႏိုင္ပါတယ္။

ေနာင္ဘဝ ယံုသင့္ေၾကာင္း

လူေသလူျဖစ္ ထက္ လူေသ ဘာမွ မျဖစ္ (End of life) ကို ယံုၾကည္သူ မ်ားစြာ ရွိပါတယ္။ ယင္းသို႔ ယံုၾကည္သူ အမ်ားစုမွာ ေတြ႔ရွိရတဲ့ ျပသနာက Action and Reaction အေပၚ လက္ခံမွု နည္းပါး သြားျခင္း ျဖစ္ပါ တယ္။ ျပဳလုပ္ လိုက္တဲ့ ေကာင္းတဲ့ အလုပ္၊ မေကာင္းတဲ့ အလုပ္ တိုင္းမွာ တူညီတဲ့ သက္ေရာက္မွု ကို ျပန္လည္ ခံစား (Suffer) ရမယ္ လို႔ ျမတ္စြာ ဘုရားက ေဟာၾကားခဲ့ ပါတယ္။ ဒါကေတာ့ ျငင္းစရာ မလိုေလာက္ေအာင္ ေသြးထြက္ ေလာက္ေအာင္ မွန္တာကို အမ်ားစု လက္ခံ ၾကပါတယ္။ ကိုယ့္မ်က္စိ ေရွ႕မွာ ေကာင္းမွု လုပ္သူေတြကို ျမင္ေတြ႔ ရျပီး သူတို႔ေလးေတြ ဆက္ျပီးေတာ့ ေကာင္းတဲ့ ကံေတြ၊ အေျခအေနေတြ ၾကံဳေတြ႔ ေနရတာကို အားလံုး ျမင္ၾက မွာပါ။ ကိုယ္တိုင္လည္း ၾကံဳပါလိမ့္မယ္။ ဒါဆုိ မေကာင္းတဲ့ အမွုကိစၥ ဘက္ကို လွည့္ရေအာင္။ ကိုယ္ကိုယ္တိုင္ ကေန စၾကည့္မယ္။ မေကာင္းမွု တစ္ခု ျပဳလုပ္ခဲ့တယ္ ဆုိပါစုိ႔။ ျပဳသူ က်ႏ္ုပ္တို႔ရဲ႕ စိတ္အသြင္ သ႑ာန္ ထဲမွာ ကိန္းေအာင္း ေနတတ္ျပီး မရွဳတတ္ရင္ မေသမခ်င္း အခ်ိန္အထိ စိတ္ကို ႏွိပ္စက္ ေနပါလိမ့္မယ္။ ဒါက အလြယ္ဆံုး ရွင္းျပ မူပါ။ မေကာင္းမွုေတြ ၾကီးၾကီး မားမား လုပ္လို႔ မေကာင္းတဲ့ အျပစ္ကို ခ်က္ခ်င္း လက္ငင္း ျပန္ခံ ရတာေတြကလည္း သာဓကေတြ မနည္း ပါဘူး။

သုိ႔ေပမယ့္ အခ်ိဳ႕က်ေတာ့လည္း အဆန္း။ အခု အျပစ္လုပ္တယ္။ စိတ္ေကာင္း မထားဘူး။ မဟုတ္တာ လုပ္တယ္။ ပတ္ဝန္းက်င္ နဲ႔ သူတစ္ပါးကို ႏွိပ္စက္ ညဥ္းဆဲတယ္။ ဘာမွ ဆုိးက်ိဳး မခံးစားရတဲ့ အျပင္၊ လက္ရွိမွာ ဆက္ျပီးေတာ့ေတာင္ ေကာင္းစား ေနပါေသးတယ္။ အဲ့လို လူေတြလည္း အမ်ားၾကီးပါ။ ဒါဟာ ေရွးဘဝ ေကာင္းမွုေတြရဲ႕ အက်ိဳးကို ခံစားဖို႔ အခါ အခြင့္ သင့္ေနေသးလို႔ ျဖစ္ျပီးအဲဒီ မေကာင္းမွု ကံကို ၾကံဳဖို႔ အခါအခြင့္ မသင့္ ေသးလို႔ ျဖစ္ေၾကာင္း ျမတ္စြာ ဘုရားက အဘိဓမၼာမွာ တိတိ က်က် ေဟာၾကားခဲ့ ပါတယ္။ ဒီေတာ့ ဒီတစ္ ဘဝ မၾကံဳရင္ေနာင္ ေနာင္ ဘဝ သံသရာ အဆက္ဆက္မွာ ဒီအတြက္ အေၾကြး ဆပ္ရမယ္.။ ဝဋ္လည္ ရမယ္လို႔ ၾကိမ္းေသ ေဟာခဲ့ ျပန္ပါတယ္။ ဒါကို သိျပီး ဥာဏ္ျဖင့္ ရွုျမင္တဲ့ သူေတြရဲ႕ စိတ္သ႑ာန္ ထဲမွာ ေယာနိေသာ မနသိကာရ လို႔ေခၚတဲ့ Positive thinking and viewing ကပဲ ျပန္လည္ ကိန္းေအာင္း အံုးမယ္ ဆုိရင္ ဒါဟာ အေတာ္ေလး ေကာင္းသြား ျပီ။ သူ မေကာင္းတာေတြ လက္ရွိမွာ မလုပ္ရဲေတာ့ဘူး။ ဒါဟာ အနာဂတ္မွာ ၾကိမ္းေသ ခံစားရမယ္ အေၾကြးဆပ္ရမယ္ ဆုိတာကို သိသြားတယ္။ ေနာင္ဘဝမွာ ဆပ္ရမယ္ ဆုိတာကို သိသြား တယ္။ အကယ္၍ ေကာင္းတာေတြ လုပ္ရင္လည္း ဒီဘဝ မခံစား ရရင္ေတာင္ ေနာင္ဘဝ ခံစားရမယ္ ဆုိတာ ကိုလည္း သိသြားတယ္။ ဒီေတာ့ ေကာင္းတာေတြပဲ ဆက္တိုက္ လုပ္ေတာ့မွာ ျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္

အႏွစ္ခ်ဳပ္ အားျဖင့္ ဆုိရရင္ ဒီဘဝ ေကာင္းေနတာေတြ၊ ဆုိးေနတာေတြဟာ အေၾကာင္းမဲ့ မဟုတ္ပဲ ေရွးဘဝ အဆက္ဆက္က ကုသုိလ္ အကုသုိလ္ အမွု ကိစၥ (Wholesome and Unwholesome deeds) ေၾကာင့္ ျဖစ္ျပီး ခု ေကာင္းတာေတြ လုပ္ေနတာ၊ မေကာင္းတာေတြ လုပ္ေနရတာဟာ Cycle of Rebirth ျဖစ္ေနတဲ့ ၃၁ ဘံု (31 Planes of Existence) မွာ ျပန္လည္ ဝဋ္ေၾကြး ဆပ္ရမွာ ျဖစ္ပါတယ္။ ဒါေတြဟာ ျမတ္စြာဘုရားက ေၾကာက္ဖို႔ အတြက္ ေျခာက္လန္႔ခ့ဲတာ မဟုတ္ ပါဘူး။ ဥာဏ္နဲ႔ သိျပီး သတိ (Mindful) အျမဲ ယွဥ္လို႔ ေကာင္းတာေတြသာ လုပ္ေဆာင္ သြားဖို႔ ျဖစ္ပါတယ္။ ဒီေလာက္ ဆုိရင္ ျမတ္စြာ ဘုရားက ေရွးဘဝ၊ ေနာင္ဘဝ ကို ဘာေၾကာင့္ ယံုခိုင္း သလဲ ဆုိတာ အၾကမ္းအားျဖင့္ သိရွိျပီလို႔ ေမ်ာ္လင့္ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ခမ္း (ရိုးရာေလး)

#Unicode Version#
စာရေးသူမှာ ဥရောပသား မိတ်ဆွေ ရှိပါတယ်။ သူတု့ိလည်း လူငယ်တွေ ဖြစ်ကြပြီး ဘာသာရေး အကြောင်း ပြောဖြစ်တဲ့ အခါ သူတို့ဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်ကြောင်း သိရတော့ အင်မတန် အံ့သြ မိပါတယ်။ ဒါက သက်သက်ပါ။ ဗုဒ္ဓ ဘာသာနဲ့ ပက်သက်ပြီး ပြောဆိုမိတာ ကတော့ ရှေးဘဝ နောက်ဘဝ အကြောင်း ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရှေး ဘဝ (Past Existence of life) နဲ့ နောင်လာမယ့် ဘဝ (Future Life) အပေါ်မှာ အယုံအကြည် မရှိပါဘူးတဲ့။ လက်ရှိ ဆင်းရဲနေသူတွေ အင်မတန် ဆင်းရဲပြီး ဒါဟာ ရှေးဘဝ အကုသိုလ်ကြောင့်၊ ချမ်းသာတဲ့ သူတွေ ကျပြန်တော့လဲ ဒါက ရှေးဘဝ ကုသိုလ် ကောင်းမှုကြောင့်လို့ ပြောနေကြတာ လုံးဝ မတရား ပါဘူးတဲ့။ သူဒါကို လုံးဝ လက်မခံ ပါဘူးတဲ့။ ဒါနဲ့ စာရေးသူလည်း တတ်နိုင်သလောက် ရှင်းပြ ပေးတော့ သူလည်း လက်ခံ သွား ပါတယ်။ စာဖတ်သူ တို့ကို ပြန်လည် မျှဝေ ပေးရမယ် ဆိုရင်တော့ …

ရှေးဘဝ ဘာကြောင့် ယုံသင့်သလဲ

ကျနော်တို့ မွေးဖွားလာတယ်။ ကြီးပြင်းလာတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါ ချမ်းသာတွေ၊ ကြွယ်ဝ သူတွေ လုပ်ငန်း ကိုင်ငန်း အဆင်ပြေသူတွေ များစွာ ရှိတာကို မြင်တွေ့ ရမှာပါ။ တစ်ဖက်မှာလည်း ဆင်းရဲ သူတွေ၊ အနာရောဂါ ထူပြားသူတွေ များစွာ ရှိပါတယ်။ ကိုယ်တိုင် ကို ပြန်ကြည့်ကျတော့လဲ အဖြေက တစ်မျိုးပေါ့။ ဒီတော့ ဆင်းရဲသူတွေက ချမ်းသာသူတွေကို ကြည့်ပြီးတော့ မုဒိတာ မပွားနိုင်ပဲ မနာလို အူတို ဖြစ်ရင်ဖြစ်မယ် မဖြစ်ရင် မဖြစ်ဘူး။ သို့ပေမယ့် ကြိမ်းသေ ဖြစ်မှာက မိမိကိုယ်ကို ပြန်လည် နှိပ်စက် ညဉ်းဆဲတဲ့ (Self Insulting) ကတော့ ကြိမ်းသေ ဖြစ်ပါတယ်။ သူဟာ ဒေါသ (Anger) စိတ်၊ အမုန်းစိတ် (Hatred) မွေးဖွား စေပြီး နောက်ဆက်တွဲ အနေနဲ့ ကိုယ်တိုင် ထိခိုက်တာတင် မကပဲတော့ ပတ်ဝန်းကျင်က အခြား သူတစ်ပါး တွေအပေါ် သက်ရောက် ပါတော့တယ်။ အလွယ် အားဖြင့် ကြည့်ရင် ခိုးမယ်။ သတ်မယ်။ လုယက်မယ်၊ နောက်ဆုံး ဖြစ်လာ မှာ ကတော့ ကမ္ဘာ ပျက်တဲ့ အချိန်ပါပဲ။

ဒီတော့ မြတ်စွာ ဘုရားက ဟောပါတယ်။ ဒါဟာ ရှေးဘဝ အကုသိုလ် ကံတွေ အကျိုးပေးနေခြင်း ကြောင့်ပါတဲ့။ ယင်း အကုသိုလ်က သံသရာ တစ်လျှောက် (Cycle of Rebirth) မှာ ကျင်လည် (repeat) ဖြစ်နေသေး သရွေ့ ကတော့ ခံနေရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကောင်းမှုတွေနဲ့ ပြန် အစားထိုး ကြိုးစားရင်၊ တရား ဓမ္မ ကျင့်ကြံရင် လွတ်မြောက်မယ်လို့ ဆိုခဲ့ ပါတယ်။ ဒီတော့ ဘုရားဟော တရားကို လက်ခံပြီး ကျင့်ကြံ သူတို့ဟာ လက်ရှိမှာ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ၊ ဒုက္ခ ဘယ်လောက်ပဲ ရောက်ရောက်၊ အဆိုးဆုံး အနေနဲ့ ပတ်ဝန်းကျင်က ဖယ်ခွာ ခံရရင်တောင် ဒါဟာ ငါပြုတဲ့ ရှေးဘဝ အကုသိုလ် ကံကြောင့် ပါလားလို့ သံဝေဂဉာဏ်ကို တည်စေ ပါတယ်။ တစ်နည်းအားဖြင့် ယောနိသော မနသိ ကာယ လို့ခေါ်တဲ့ Positive Point of View and Thinking ( အကောင်းဘက်မှ ရှုခြင်း၊ မြင်ခြင်း) ဆိုတဲ့ စိတ်ကို ပေါ်ပေါက် စေပါတယ်။ ဒီတော့ ဒေါသ ဖြစ်မယ့် အစား ဒေါသ ကို ဖြေမယ့် စိတ်တွေ ဖြစ်လာ တာကြောင့် ကောင်းမှု မပြု ရင်တောင် သေချာတာကတော့ သူ မကောင်းမှု မပြုတော့ဘူး။ ပြုရင်တောင်မှ သတိ လက်လွတ်မှပဲ ပြုလုပ်လိမ့်မယ်။ သတိ တစ်ခု ပြန်ယှဉ်တဲ့ အခါ သူ သတိထား သွားလိမ့်မယ်။ အားလုံးသာ ရှေးဘဝကို ယုံပြီး Positive Point of View and Thinking ကို အမြဲတော့ remind လုပ်နိုင်မယ် ဆိုရင် ကမ္ဘာက အမြဲအေးချမ်းမှာပါပဲ။ ဒီအချက်က ရှေးဘဝကို ယုံသင့်ကြောင်း ထဲမှာ အသေးစိတ် မျှသော တစ်ချက်သာ ဖြစ်ပါတယ်။ ဒီထက် နက်နဲတာ ကတော့ စာဖတ်သူတို့ ကိုယ်တိုင် နောက်မှ လေ့လာ နိုင်ပါတယ်။

နောင်ဘဝ ယုံသင့်ကြောင်း

လူသေလူဖြစ် ထက် လူသေ ဘာမှ မဖြစ် (End of life) ကို ယုံကြည်သူ များစွာ ရှိပါတယ်။ ယင်းသို့ ယုံကြည်သူ အများစုမှာ တွေ့ရှိရတဲ့ ပြသနာက Action and Reaction အပေါ် လက်ခံမှု နည်းပါး သွားခြင်း ဖြစ်ပါ တယ်။ ပြုလုပ် လိုက်တဲ့ ကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အလုပ် တိုင်းမှာ တူညီတဲ့ သက်ရောက်မှု ကို ပြန်လည် ခံစား (Suffer) ရမယ် လို့ မြတ်စွာ ဘုရားက ဟောကြားခဲ့ ပါတယ်။ ဒါကတော့ ငြင်းစရာ မလိုလောက်အောင် သွေးထွက် လောက်အောင် မှန်တာကို အများစု လက်ခံ ကြပါတယ်။ ကိုယ့်မျက်စိ ရှေ့မှာ ကောင်းမှု လုပ်သူတွေကို မြင်တွေ့ ရပြီး သူတို့လေးတွေ ဆက်ပြီးတော့ ကောင်းတဲ့ ကံတွေ၊ အခြေအနေတွေ ကြုံတွေ့ နေရတာကို အားလုံး မြင်ကြ မှာပါ။ ကိုယ်တိုင်လည်း ကြုံပါလိမ့်မယ်။ ဒါဆို မကောင်းတဲ့ အမှုကိစ္စ ဘက်ကို လှည့်ရအောင်။ ကိုယ်ကိုယ်တိုင် ကနေ စကြည့်မယ်။ မကောင်းမှု တစ်ခု ပြုလုပ်ခဲ့တယ် ဆိုပါစို့။ ပြုသူ ကျန်ုပ်တို့ရဲ့ စိတ်အသွင် သဏ္ဍာန် ထဲမှာ ကိန်းအောင်း နေတတ်ပြီး မရှုတတ်ရင် မသေမချင်း အချိန်အထိ စိတ်ကို နှိပ်စက် နေပါလိမ့်မယ်။ ဒါက အလွယ်ဆုံး ရှင်းပြ မူပါ။ မကောင်းမှုတွေ ကြီးကြီး မားမား လုပ်လို့ မကောင်းတဲ့ အပြစ်ကို ချက်ချင်း လက်ငင်း ပြန်ခံ ရတာတွေကလည်း သာဓကတွေ မနည်း ပါဘူး။

သို့ပေမယ့် အချို့ကျတော့လည်း အဆန်း။ အခု အပြစ်လုပ်တယ်။ စိတ်ကောင်း မထားဘူး။ မဟုတ်တာ လုပ်တယ်။ ပတ်ဝန်းကျင် နဲ့ သူတစ်ပါးကို နှိပ်စက် ညဉ်းဆဲတယ်။ ဘာမှ ဆိုးကျိုး မခံးစားရတဲ့ အပြင်၊ လက်ရှိမှာ ဆက်ပြီးတော့တောင် ကောင်းစား နေပါသေးတယ်။ အဲ့လို လူတွေလည်း အများကြီးပါ။ ဒါဟာ ရှေးဘဝ ကောင်းမှုတွေရဲ့ အကျိုးကို ခံစားဖို့ အခါ အခွင့် သင့်နေသေးလို့ ဖြစ်ပြီးအဲဒီ မကောင်းမှု ကံကို ကြုံဖို့ အခါအခွင့် မသင့် သေးလို့ ဖြစ်ကြောင်း မြတ်စွာ ဘုရားက အဘိဓမ္မာမှာ တိတိ ကျကျ ဟောကြားခဲ့ ပါတယ်။ ဒီတော့ ဒီတစ် ဘဝ မကြုံရင်နောင် နောင် ဘဝ သံသရာ အဆက်ဆက်မှာ ဒီအတွက် အကြွေး ဆပ်ရမယ်.။ ဝဋ်လည် ရမယ်လို့ ကြိမ်းသေ ဟောခဲ့ ပြန်ပါတယ်။ ဒါကို သိပြီး ဉာဏ်ဖြင့် ရှုမြင်တဲ့ သူတွေရဲ့ စိတ်သဏ္ဍာန် ထဲမှာ ယောနိသော မနသိကာရ လို့ခေါ်တဲ့ Positive thinking and viewing ကပဲ ပြန်လည် ကိန်းအောင်း အုံးမယ် ဆိုရင် ဒါဟာ အတော်လေး ကောင်းသွား ပြီ။ သူ မကောင်းတာတွေ လက်ရှိမှာ မလုပ်ရဲတော့ဘူး။ ဒါဟာ အနာဂတ်မှာ ကြိမ်းသေ ခံစားရမယ် အကြွေးဆပ်ရမယ် ဆိုတာကို သိသွားတယ်။ နောင်ဘဝမှာ ဆပ်ရမယ် ဆိုတာကို သိသွား တယ်။ အကယ်၍ ကောင်းတာတွေ လုပ်ရင်လည်း ဒီဘဝ မခံစား ရရင်တောင် နောင်ဘဝ ခံစားရမယ် ဆိုတာ ကိုလည်း သိသွားတယ်။ ဒီတော့ ကောင်းတာတွေပဲ ဆက်တိုက် လုပ်တော့မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

အနှစ်ချုပ် အားဖြင့် ဆိုရရင် ဒီဘဝ ကောင်းနေတာတွေ၊ ဆိုးနေတာတွေဟာ အကြောင်းမဲ့ မဟုတ်ပဲ ရှေးဘဝ အဆက်ဆက်က ကုသိုလ် အကုသိုလ် အမှု ကိစ္စ (Wholesome and Unwholesome deeds) ကြောင့် ဖြစ်ပြီး ခု ကောင်းတာတွေ လုပ်နေတာ၊ မကောင်းတာတွေ လုပ်နေရတာဟာ Cycle of Rebirth ဖြစ်နေတဲ့ ၃၁ ဘုံ (31 Planes of Existence) မှာ ပြန်လည် ဝဋ်ကြွေး ဆပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ မြတ်စွာဘုရားက ကြောက်ဖို့ အတွက် ခြောက်လန့်ခဲ့တာ မဟုတ် ပါဘူး။ ဉာဏ်နဲ့ သိပြီး သတိ (Mindful) အမြဲ ယှဉ်လို့ ကောင်းတာတွေသာ လုပ်ဆောင် သွားဖို့ ဖြစ်ပါတယ်။ ဒီလောက် ဆိုရင် မြတ်စွာ ဘုရားက ရှေးဘဝ၊ နောင်ဘဝ ကို ဘာကြောင့် ယုံခိုင်း သလဲ ဆိုတာ အကြမ်းအားဖြင့် သိရှိပြီလို့ မျော်လင့် ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ခမ်း (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top