Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူပ်ိဳအပ်ိဳပြဲဆုိတာ အေနာက္တုိင္းႏုိင္ငံမ်ားမွာ က်င္းပျပဳလုပ္ေနၾကျဖစ္တဲ႔ မဂၤလာေဆာင္အႀကိဳ ပါတီပြဲမ်ိဳးျဖစ္ပါတယ္။ ဒီပြဲမွာ အိမ္ေထာင္ျပဳၾကေတာ့မယ့္ လူပ်ိဳအပ်ိဳမ်ားက သူတုိ႔ရဲ႕သူငယ္ခ်င္းမ်ားနဲ႔အတူ အပီအျပင္ကုိ ကဲၾကၿပီး သူတုိ႔ရဲ႕ လူပ်ိဳအပ်ိဳဘဝကုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ႏႈတ္ဆက္ၾကတာျဖစ္ပါတယ္။

ဒီပါတီပြဲေတြက သူတုိ႔လူမ်ိဳးေတြအတြက္ မထူးဆန္းတဲ႔ပြဲတစ္ပြဲျဖစ္ေနေပမယ့္ သတုိ႔သမီးေလာင္းတစ္ေယာက္ရဲ႕ လူပ်ိဳအပ်ိဳပါတီပြဲအတြင္း ျပဳမႈခဲ႔တဲ႔ အမႈအရာမ်ားကေတာ့ သူရဲ႕ သတုိ႔သားေလာင္းကုိ ေတာ္ေတာ္ေလး စိတ္ထိခုိက္ေစခဲ႔ရပါတယ္။ ဒီသတုိ႔သမီးေလာင္းဟာ သူမအတြက္ ေပးထားတဲ႔ ပါတီပြဲအတြင္းမွာ ပါတီကုိ တတ္ေရာက္လာတဲ႔ ေယာက်ာၤးေလးတစ္ဦးနဲ႔ ခ်စ္ရည္လူးေနသလုိမ်ိဳးအထိကုိ ျပဳလုပ္ေနခဲ႔တာျဖစ္ၿပီး သတုိ႔သမီးေလာင္းရဲ႕ ေဘးနားမွာလည္း သူရဲ႕သူငယ္ခ်င္းမ်ားက ဝုိင္းၿပီးၾသဘာေပးေနၾကပါတယ္။ ဒီလုိ မသင့္ေတာ္တဲ႔ ကိစၥရပ္ႀကီးကုိ ဗီဒီယုိရုိက္ကူးမႈပါ ျပဳလုပ္ထားတာျဖစ္ၿပီး တစ္စုံတစ္ေယာက္က ဒီဗီဒီယုိဖုိင္ကုိ ခုိးယူၿပီး အင္တာနက္ေပၚမွာ ေဖာ္ျပခဲ႔လုိက္ရာ သတုိ႔သားေလာင္းက မေမွ်ာ္လင့္ပဲ ေတြ႕ျမင္သြားခဲ႔ၿပီး သူရဲ႕မဂၤလာကိစၥကုိပါ ဖ်က္သိမ္းဖုိ႔ ဆုံးျဖတ္လုိက္ပါေတာ့တယ္။

ဒီလုိဆုိးရႊားတဲ႔ ကိစၥရပ္ေတြဟာ အေနာက္တုိင္းႏုိင္ငံေတြမွာ အေတာ္ေလးကုိ အျဖစ္မ်ားလ်က္ရွိေနပါတယ္။ တစ္ခါကလည္း သတုိ႔သမီးေလာင္းတစ္ေယာက္ဟာ လူပ်ိဳအပ်ိဳပါတီပြဲအတြင္း အမ်ိဳးသားတစ္ဦးနဲ႔ အကာအကြယ္မပါပဲ လိင္ဆက္ဆံမိခဲ႔တာေၾကာင့္ အိမ္ေထာင္က်သြားၿပီးမွ တျခားတစ္ေယာက္ရဲ႕ ကုိယ္ဝန္ကုိ လြယ္ထားရမွန္း သိခဲ႔ရတာျဖစ္ပါတယ္။ အခုကိစၥမွာလည္း အရွက္အေၾကာက္မဲ႔စြာ ျပဳလုပ္ခဲ႔တဲ႔ အျပဳအမႈေတြေၾကာင့္ တစ္ဘဝလုံးလက္တြဲသြားမယ့္ လက္တြဲေဖာ္နဲ႔ လမ္းခြဲခဲ႔ရသလုိ အင္တာနက္ေပၚအထိ ေရာက္သြားခဲ႔ရတာေၾကာင့္ အရွက္ျဗန္းျဗန္းလည္း ကြဲခဲ႔ရပါေတာ့တယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: zeekwat

# Unicode Version #
လူပျိုအပျိုပွဲဆိုတာ အနောက်တိုင်းနိုင်ငံများမှာ ကျင်းပပြုလုပ်နေကြဖြစ်တဲ့ မင်္ဂလာဆောင်အကြို ပါတီပွဲမျိုးဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ထောင်ပြုကြတော့မယ့် လူပျိုအပျိုများက သူတို့ရဲ့သူငယ်ချင်းများနဲ့အတူ အပီအပြင်ကို ကဲကြပြီး သူတို့ရဲ့ လူပျိုအပျိုဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်ကြတာဖြစ်ပါတယ်။

ဒီပါတီပွဲတွေက သူတို့လူမျိုးတွေအတွက် မထူးဆန်းတဲ့ပွဲတစ်ပွဲဖြစ်နေပေမယ့် သတို့သမီးလောင်းတစ်ယောက်ရဲ့ လူပျိုအပျိုပါတီပွဲအတွင်း ပြုမှုခဲ့တဲ့ အမှုအရာများကတော့ သူရဲ့ သတို့သားလောင်းကို တော်တော်လေး စိတ်ထိခိုက်စေခဲ့ရပါတယ်။ ဒီသတို့သမီးလောင်းဟာ သူမအတွက် ပေးထားတဲ့ ပါတီပွဲအတွင်းမှာ ပါတီကို တတ်ရောက်လာတဲ့ ယောကျာၤးလေးတစ်ဦးနဲ့ ချစ်ရည်လူးနေသလိုမျိုးအထိကို ပြုလုပ်နေခဲ့တာဖြစ်ပြီး သတို့သမီးလောင်းရဲ့ ဘေးနားမှာလည်း သူရဲ့သူငယ်ချင်းများက ဝိုင်းပြီးသြဘာပေးနေကြပါတယ်။ ဒီလို မသင့်တော်တဲ့ ကိစ္စရပ်ကြီးကို ဗီဒီယိုရိုက်ကူးမှုပါ ပြုလုပ်ထားတာဖြစ်ပြီး တစ်စုံတစ်ယောက်က ဒီဗီဒီယိုဖိုင်ကို ခိုးယူပြီး အင်တာနက်ပေါ်မှာ ဖော်ပြခဲ့လိုက်ရာ သတို့သားလောင်းက မမျှော်လင့်ပဲ တွေ့မြင်သွားခဲ့ပြီး သူရဲ့မင်္ဂလာကိစ္စကိုပါ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီလိုဆိုးရွှားတဲ့ ကိစ္စရပ်တွေဟာ အနောက်တိုင်းနိုင်ငံတွေမှာ အတော်လေးကို အဖြစ်များလျက်ရှိနေပါတယ်။ တစ်ခါကလည်း သတို့သမီးလောင်းတစ်ယောက်ဟာ လူပျိုအပျိုပါတီပွဲအတွင်း အမျိုးသားတစ်ဦးနဲ့ အကာအကွယ်မပါပဲ လိင်ဆက်ဆံမိခဲ့တာကြောင့် အိမ်ထောင်ကျသွားပြီးမှ တခြားတစ်ယောက်ရဲ့ ကိုယ်ဝန်ကို လွယ်ထားရမှန်း သိခဲ့ရတာဖြစ်ပါတယ်။ အခုကိစ္စမှာလည်း အရှက်အကြောက်မဲ့စွာ ပြုလုပ်ခဲ့တဲ့ အပြုအမှုတွေကြောင့် တစ်ဘဝလုံးလက်တွဲသွားမယ့် လက်တွဲဖော်နဲ့ လမ်းခွဲခဲ့ရသလို အင်တာနက်ပေါ်အထိ ရောက်သွားခဲ့ရတာကြောင့် အရှက်ဗြန်းဗြန်းလည်း ကွဲခဲ့ရပါတော့တယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: zeekwat

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top