ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ျမန္မာ-ဘဂၤလား ေဒ့ရွ္နယ္စပ္ ၿခံစည္း႐ိုးအဆင့္ျမႇင့္တင္ဖုိ႔ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္က ၫႊန္ၾကားထားၿပီး  နယ္စပ္ေရးရာဝန္ႀကီးနဲ႔ တာဝန္ရွိသူေတြက ၿခံစည္းရိုးကို သြားေရာက္စစ္ေဆးေနတယ္လို႔ စက္တင္ဘာ ၁၃ ရက္က သမၼတအိမ္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အတိုင္ပင္ခံရံုးညြန္ခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

‘‘အတိုင္ပင္ခံရဲ႕လမ္းၫႊန္ခ်က္က ဘာလဲဆိုေတာ့ လက္ရွိ ၿခံစည္း႐ိုးကို ပိုၿပီးေတာ့ အဆင့္အတန္းျမင့္မားေအာင္လုပ္ဖို႔။ အဲဒီ အတြက္ လိုအပ္တဲ့ ကုန္က်စရိတ္ကိုလည္း ခ်က္ခ်င္းျဖည့္ဆည္းေပးဖို႔ ဆုိၿပီးေတာ့လည္း လမ္းၫႊန္ ထားတာရွိတယ္။ အခု ကြၽန္ေတာ္ တို႔က သံဆူးႀကိဳးေလးနဲ႔တင္ လုပ္ ေနတယ္။ ၿပီးရင္ နည္းနည္းလည္း နိမ့္ေနတယ္။ အဲဒီအျမင့္ေရာ၊ ေနာက္ထပ္ ခိုင္မာမႈေရာေပါ့။ အဲဒါလည္း ကြၽန္ေတာ္တို႔ထပ္လုပ္ ဖို႔ရွိပါတယ္’’လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

နယ္စပ္ၿခံစည္း႐ိုးကာဖို႔ က်န္ရွိေနေသးတဲ့ လက္က်န္ မိုင္ ၄၀ ကေန ၂၅ ရာခိုင္ႏႈန္းအတြက္ က်ပ္ငါးဘီလီယံကို ႏုိင္ငံေတာ္က ဘတ္ဂ်က္ ခ်ထားေပးၿပီး ကာရံၿပီးတဲ့ ေနရာေတြက အေပါက္အၿပဲေတြကိုလည္း ျပန္လည္ျပဳျပင္သြားမယ္လို႔ သိရပါတယ္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ၿခံစည္း႐ိုးကို လြန္ခဲ့တဲ့ ၂၀၀၉ က စတင္ၿပီး တပ္မေတာ္ အင္ဂ်င္နီယာတပ္ရင္းက တာဝန္ယူ တည္ေဆာက္ခဲ့တာျဖစ္ကာ ၂၀၁၅ မွာ ေမာင္ေတာၿမိဳ႕နယ္ မက်ည္းေခ်ာင္း ေခ်ာင္းဝကေန ေျမာက္ပိုင္း ျမန္မာ-ဘဂၤလားေဒ့ရွ္-အိႏၵိယ သံုးႏိုင္ငံနယ္စပ္ထိ ကာရံၿပီးစီးခဲ့ပါတယ္။

ဒါေပမယ့္ မက်ည္းေခ်ာင္း ေခ်ာင္းဝကေန ေတာင္ဘက္ ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္အထိ မိုင္ ၄၀ ေက်ာ္ကုိ  နယ္စပ္ၿခံစည္း႐ိုး ကာရံရန္က်န္ရွိေနေသးတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version #
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် ခြံစည်းရိုးအဆင့်မြှင့်တင်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားပြီး  နယ်စပ်ရေးရာဝန်ကြီးနဲ့ တာဝန်ရှိသူတွေက ခြံစည်းရိုးကို သွားရောက်စစ်ဆေးနေတယ်လို့ စက်တင်ဘာ ၁၃ ရက်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိုင်ပင်ခံရုံးညွန်ချုပ် ဦးဇော်ဌေးက ပြောပါတယ်။

‘‘အတိုင်ပင်ခံရဲ့လမ်းညွှန်ချက်က ဘာလဲဆိုတော့ လက်ရှိ ခြံစည်းရိုးကို ပိုပြီးတော့ အဆင့်အတန်းမြင့်မားအောင်လုပ်ဖို့။ အဲဒီ အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ကိုလည်း ချက်ချင်းဖြည့်ဆည်းပေးဖို့ ဆိုပြီးတော့လည်း လမ်းညွှန် ထားတာရှိတယ်။ အခု ကျွန်တော် တို့က သံဆူးကြိုးလေးနဲ့တင် လုပ် နေတယ်။ ပြီးရင် နည်းနည်းလည်း နိမ့်နေတယ်။ အဲဒီအမြင့်ရော၊ နောက်ထပ် ခိုင်မာမှုရောပေါ့။ အဲဒါလည်း ကျွန်တော်တို့ထပ်လုပ် ဖို့ရှိပါတယ်’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

နယ်စပ်ခြံစည်းရိုးကာဖို့ ကျန်ရှိနေသေးတဲ့ လက်ကျန် မိုင် ၄၀ ကနေ ၂၅ ရာခိုင်နှုန်းအတွက် ကျပ်ငါးဘီလီယံကို နိုင်ငံတော်က ဘတ်ဂျက် ချထားပေးပြီး ကာရံပြီးတဲ့ နေရာတွေက အပေါက်အပြဲတွေကိုလည်း ပြန်လည်ပြုပြင်သွားမယ်လို့ သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို လွန်ခဲ့တဲ့ ၂၀၀၉ က စတင်ပြီး တပ်မတော် အင်ဂျင်နီယာတပ်ရင်းက တာဝန်ယူ တည်ဆောက်ခဲ့တာဖြစ်ကာ ၂၀၁၅ မှာ မောင်တောမြို့နယ် မကျည်းချောင်း ချောင်းဝကနေ မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံနယ်စပ်ထိ ကာရံပြီးစီးခဲ့ပါတယ်။

ဒါပေမယ့် မကျည်းချောင်း ချောင်းဝကနေ တောင်ဘက် ရသေ့တောင်မြို့နယ် အငူမော်အထိ မိုင် ၄၀ ကျော်ကို  နယ်စပ်ခြံစည်းရိုး ကာရံရန်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top