Golden City Promotion
×






Credit:  cele academy

#Unicode Version#
သင်ဇာဝင့်ကျော်သည် ၂၀၀၉ခုနှစ် မဟာထွန်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာကြည်ဖြူ သျှင်ရိုက် ကူးသော မိုးညအိပ်မက်မြူ ဇာတ်ကားတွင် နေတိုး၊ မိုးဟေကို၊သင်ဇာဝင့်ကျော်တို့နဲ့တွဲဖက်သရုပ်ဆောင်ထားသည်။

အဆိုပါဇာတ်ကားတွင်သင်ဇာဝင့်ကျော်သည်လူရွှင်တော်ကိုသစ္စာ(နေတိုး)၏ချစ်သူ အငြိမ့်မင်း သမီးချစ်သက်နွယ်အဖြစ် ဇာတ်ပို့ပေးထားကာ မောင်မြင့်ဝေ(နေတိုး)၏ချစ်သူဖြစ်သော ထား(စိုးပြည့် သဇင်)နှင့်အပြိုင် အမျိုးသမီးဇာတ်ပို့ဆုရရှိရန်ရေပန်းစားခဲ့ရာမှ လွဲချော်ခဲ့ရခြင်းဖြစ်လေသည်။

၂၀၁၃ ခုနှစ်တွင်အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း၏အနုပညာပြချက်ဖြစ်သော စုန်းပြူ :ရုပ်ရှင်ဇာတ်ကားကြီးတွင် နေတိုး၊မင်းရာဇာ၊သက်မွန်မြင့်၊ခိုင်သင်းကြည်၊သိင်္ဂီထွန်းတို့နှင့် ပူးပေါင်းသရုပ်ဆောင်ထားပါသည်။အဆိုပါ ဇာတ်ကားတွင် သင်ဇာဝင့်ကျော်သည် မုန်တိုင်း(နေတိုး)၏ညီမငယ်အဖြစ်ပါဝင်ဇာတ်ပို့ထားပြီးသူမ၏ယောင်းမအဖြစ်သရုပ်ဆောင်ထားသော ခိုင်းသင်းကြည်၊ အမေအဖြစ်သရုပ်ဆောင်ထားသောသိင်္ဂီထွန်း တို့နဲ့အပြိုင်အမျိုးသမီး ဇာတ်ပို့ဆုရရှိရန်ရေပန်းစားလျက် လွဲချော်ခဲ့ရခြင်းဖြစ်ပါသည်။

2017 မှာ သူမ၏ ရုံတင်ကားများရှိသော်လည်း အကယ်ဒမီ ရလောက်အောင် လုပ်ကွက် မရှိသေးပါ ! နောက်နှစ်တွေမှာ လုပ်ကွက်ရှိတဲ့ ဇာတ်လမ်းကောင်းလေးတွေနဲ့ သူမကို အကယ်ဒမီ နှင့်အတူ မြင်ချင်ပါသေးတယ်

သင်ဇာကို အကယ်ဒမီနှင့် မြင်ချင်တဲ့သူလေးတွေရှိလား?


ဖိုးသူတော် (www.phothutaw.com)
Credit:  cele academy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top