ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဆီးနဲ႔ေက်ာက္ကပ္ေရာဂါဟာ အေမရိကန္ျပည္ေထာင္စုမွာ လူေသမႈအမ်ားျပားဆံုး ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ဆင္းရဲတဲ႔ႏိုင္ငံေလးေတြ၊ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေလးေတြမွာဆိုရင္ ပိုအျဖစ္မ်ားပါတယ္။ ေက်ာက္ကပ္ေတြဆိုတာ ကြ်န္ေတာ္တို႔ခႏၶာကိုယ္မွာ အျမဲလိုလိုအလုပ္လုပ္ေနရတဲ႔ ကိုယ္တြင္းကလီစာေတြျဖစ္ပါတယ္။

သူတို႔ဟာ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြ၊ အညစ္အေၾကးေတြကို စြန္႕ထုတ္ဖို႔ ေန႕ေရာညပါ အလုပ္လုပ္ၾကရပါတယ္။ ဒါေၾကာင္႔ ေက်ာက္ကပ္က်န္းမာေရးဟာ အထူးဂရုျပဳသင္႔တဲ႔ အေျခအေနတစ္ခုပါပဲ။

မိမိရဲ႕ေက်ာက္ကပ္အေျခအေနေကာင္းမေကာင္း သိႏိုင္ဖို႔အတြက္ ေက်ာက္ကပ္ျပႆနာတစ္ခုခုျဖစ္ရင္ ခႏၶာကုိယ္မွာျပသတတ္တဲ႔ လကၡဏာေတြကို သိထားရမွာျဖစ္ပါတယ္။ အဲဒါေတြကေတာ႔...
၁။ ဆီးနံ႕ေျပာင္းလဲျခင္း

ဆီးနံ႕ဆိုတာ လူတစ္ေယာက္နဲ႔တစ္ေယာက္ မတူညီႏိုင္ပါဘူး။ လူတစ္ဦးခ်င္းစီရဲ႕အစားအေသာက္၊ အေနအထိုင္၊ ေရဓာတ္ျပည္႔ဝမႈ၊ ကိုယ္လက္လႈပ္ရွားမႈ စတာေတြကိုလိုက္ၿပီး ဆီးနံ႕နဲ႔ ဆီးအေရာင္ ေျပာင္းလဲႏိုင္ပါတယ္။ ဆီးထဲမွာ urea ဓာတ္ပါဝင္မႈေၾကာင္႔ လူအမ်ားစုရဲ႕ဆီးနံ႕က ေအာက္သိုးသိုးအမိုးနီးယားနံ႕ထြက္ပါတယ္။

တကယ္လို႔ ေက်ာက္ကပ္ထဲမွာ ခ်ိဳ႕ယြင္းမႈတစ္ခုခု ရွိေနၿပီဆိုရင္ ဆီးနံ႕ဟာ ငါးပုပ္ေစာ္ (သို႔) ထူးျခားတဲ႔ အနံ႕တစ္မ်ိဳးအျဖစ္ ေျပာင္းလဲသြားပါလိမ္႔မယ္။ ေနာက္ၿပီး ဆီးနံ႕ေျပာင္းလဲမႈဟာ ဆီးခ်ိဳေရာဂါ၊ အသည္းေရာဂါနဲ႔ တခ်ိဳ႕အစားအေသာက္ေတြေၾကာင္႔ ျဖစ္ပြားႏိုင္ပါတယ္။
၂။ ဆီးအေရာင္ေျပာင္းလဲျခင္း

ပံုမွန္က်န္းမာတဲ႔လူတစ္ေယာက္ရဲ႕ ဆီးအေရာင္က အဝါေဖ်ာ႔ေရာင္ရွိပါတယ္။ ေရအမ်ားႀကီးေသာက္သူဆိုရင္ ဒီထက္ေဖ်ာ႔ေတာ႔တဲ႔အေရာင္္ (သို႕) ေရလိုၾကည္လင္တဲ႔အေရာင္ ရွိပါလိမ္႔မယ္။ ေရဓာတ္ခမ္းေျခာက္ ေနတဲ႔သူဆိုရင္ေတာ႔ အဝါရင္႔ေရာင္ဆီးကို သြားမွာျဖစ္ၿပီး ဆီးေရာင္အဲလိုရင္႔ေနၿပီဆိုရင္ ေရမ်ားမ်ားေသာက္ဖို႔ လိုအပ္ေနၿပီဆိုတာကို ခႏၶာကိုယ္က အခ်က္ေပးတာပါ။

ဒါေပမယ္႔ တကယ္လို႔ ဆီးေရာင္ဟာ အညိဳေရာင္၊ လိေမၼာ္ေရာင္၊ ပန္းေရာင္၊ အနီေရာင္နဲ႔ အနက္ေရာင္ေတြ ျဖစ္ေနၿပီဆိုရင္ေတာ႔ ဒါဟာ ပံုမွန္မဟုတ္ေတာ႔ဘဲ ေက်ာက္ကပ္နဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါတစ္ခုခုရွိေနၿပီလို႔ အသိေပးေနတာပါ။ ဆီးထဲမွာေသြးပါတယ္ဆိုရင္ အနီေရာင္ (သို႔) ပန္းေရာင္ျဖစ္ေနႏိုင္ၿပီး ဆရာဝန္နဲ႔ ေသခ်ာျပသသင္႔ပါၿပီ။
၃။ ဆီးထဲမွာ သိသာတဲ႔ ေျပာင္းလဲမႈေတြ

ဆီးကို ခန္႔မွန္းေျခ ေရ (၉၅) ရာခိုင္ႏႈန္းနဲ႔ ဖြဲ႕စည္းထားပါတယ္။ က်န္တဲ႔ (၅) ရာခိုင္ႏႈန္းကေတာ႔ သတၳဳဓာတ္ေတြ၊ ေဆးဝါးေတြ၊ အျခားအရာဝတၳဳေတြပဲ ျဖစ္ပါတယ္။ ဆီးထဲမွာ ေရဓာတ္သိပ္ဆည္းဆ ဘယ္ေလာက္ရွိလဲဆိုတာကိုေတာ႔ ဆီးအေရာင္ကိုၾကည္႔ၿပီး သိႏိုင္ပါတယ္။

ဒါေပမယ္႔ ဆီးထဲမွာ သိသာထင္ရွားတဲ႔ေျပာင္းလဲမႈေတြျဖစ္တဲ႔ ျပည္တို႔၊ အျမွဳပ္တို႔ပါေနၿပီဆိုရင္ေတာ႔ က်န္းမာေရး စစ္ေဆးမႈတစ္ခုကို အျမန္ဆံုးျပဳလုပ္သင္႔ပါၿပီ။ ဆီးထဲမွာ ပရိုတိန္းဓာတ္ပါဝင္မႈ မ်ားျပားလြန္းျခင္းကလည္း ျပႆနာတစ္ခု ျဖစ္ေစႏိုင္ေပမယ္႔ အဲဒါကိုေတာ႔ မ်က္စိနဲ႔ သိသာထင္ရွားစြာ မျမင္ရပါဘူး။ ဆီးထဲမွာ ျပည္ပါျခင္းကလည္း ဆီးလမ္းေၾကာင္းပိုးဝင္မႈရဲ႕ရလဒ္ပဲ ျဖစ္ပါတယ္။

၄။ ဝမ္းဗိုက္ေအာင္႔ျခင္း
ေက်ာက္ကပ္ေတြဟာ ဝမ္းဗိုက္ေအာက္ဘက္နားမွာ တည္ရွိတဲ႔အတြက္ ဗိုက္ေအာင္႔ၿပီဆိုရင္ ေက်ာက္ကပ္ျပႆနာ တစ္ခုခုရွိေနႏိုင္တယ္လို႔ ေယဘုယ်အားျဖင္႔ ယူဆႏိုင္ပါတယ္။ အထူးသျဖင္႔ ဝမ္းဗိုက္ေအာက္ပိုင္း ဆီးစပ္နားနဲ႔ ခါးေနာက္ပိုင္္းေတြမွာ ေအာင္႔ေနၿပီဆိုရင္ အထူးသတိထားသင္႔ပါတယ္။ ဒါေပမယ္႔ ဆီးသြားေနစဥ္ ဗိုက္ထဲမွာ ပူေလာင္ေနသလို ခံစားရတာကေတာ႔ အမ်ားထင္ထားသလို ေက်ာက္ကပ္ျပႆနာမဟုတ္ပါဘူး။ အဲဒါက ဆီးလမ္းေၾကာင္းပိုးဝင္တာျဖစ္ဖို႔ ပိုမ်ားပါတယ္။
၅။ ဆီးသြားႏႈန္း

ေယဘုယ်အားျဖင္႔ေတာ႔ လူတစ္ေယာက္ဟာ သူေသာက္ထားတဲ႔ ေရပမာဏကိုလိုက္ၿပီး (၁၆) ေအာင္စကေန (၁၀၀) ေအာင္စၾကား ဆီးအျဖစ္ ျပန္စြန္႕ေပးရမွာျဖစ္ပါတယ္။ ေက်ာက္ကပ္ျပႆနာ တစ္ခုခုရွိၿပီဆိုရင္ေတာ႔ ဆီးသြားနည္းတာတို႔၊ ဆီးသြားမ်ားတာတို႔ ျဖစ္ႏိုင္ပါတယ္။ ပံုမွန္ထက္ဆီးသြားနည္းတဲ႔ ေရာဂါအေျခအေနကို Oliguria လို႔ေခၚၿပီး ပံုမွန္ထက္ဆီးသြားမ်ားတဲ႔ အေျခအေနကိုေတာ႔ polyuria လို႔ေခၚပါတယ္။ ေရလည္းပံုမွန္ေသာက္ပါရက္နဲ႔ ဆီးအသြားနည္းတာ၊ မ်ားတာျဖစ္ေနၿပီဆိုရင္ေတာ႔ ေက်ာက္ကပ္ျပႆနာတစ္ခုခု ျဖစ္ေနႏိုင္ပါၿပီ။
၆။ ေဖာေရာင္ျခင္း၊ မူးေဝျခင္းနဲ႔ အသက္ရွဴမဝျခင္း

ေျခေတြ၊ လက္ေတြ၊ မ်က္ႏွာေတြ ေဖာေရာင္တာဟာ ေက်ာက္ကပ္ထဲက ပံုမွန္ဆီးပမာဏကို စြန္႕ထုတ္မေပးႏိုင္တဲ႔ အခါမွာ ျဖစ္ပြားပါတယ္။ အသက္ရွဴမဝျခင္းကေတာ႔ ေသြးထဲက pH လယ္ဗယ္ တသမတ္တည္းမဟုတ္ေတာ႔တဲ႔ အခ်ိန္မွာ ျဖစ္ပြားပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ အဲဒါက အသက္ရွဴစနစ္ေပၚမွာ ဝန္သြားပိေစႏိုင္လို႔ပါပဲ။ မူးေဝျခင္းကေတာ႔ ေသြးထဲမွာ အဆိပ္အေတာက္ေတြ စုျပံဳလာလို႔ ျဖစ္ေပၚလာတဲ႔ လကၡဏာပါ။ အဲဒီလကၡဏာ အားလံုးဟာ ေက်ာက္ကပ္က်န္းမာေရးမေကာင္းျခင္းရဲ႕ လကၡဏာေတြပါပဲ။

Source: powerofpositivity
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဆီးနဲ့ကျောက်ကပ်ရောဂါဟာ အမေရိကန်ပြည်ထောင်စုမှာ လူသေမှုအများပြားဆုံး ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံလေးတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေမှာဆိုရင် ပိုအဖြစ်များပါတယ်။ ကျောက်ကပ်တွေဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အမြဲလိုလိုအလုပ်လုပ်နေရတဲ့ ကိုယ်တွင်းကလီစာတွေဖြစ်ပါတယ်။

သူတို့ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ နေ့ရောညပါ အလုပ်လုပ်ကြရပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးဟာ အထူးဂရုပြုသင့်တဲ့ အခြေအနေတစ်ခုပါပဲ။

မိမိရဲ့ကျောက်ကပ်အခြေအနေကောင်းမကောင်း သိနိုင်ဖို့အတွက် ကျောက်ကပ်ပြဿနာတစ်ခုခုဖြစ်ရင် ခန္ဓာကိုယ်မှာပြသတတ်တဲ့ လက္ခဏာတွေကို သိထားရမှာဖြစ်ပါတယ်။ အဲဒါတွေကတော့...
၁။ ဆီးနံ့ပြောင်းလဲခြင်း

ဆီးနံ့ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ လူတစ်ဦးချင်းစီရဲ့အစားအသောက်၊ အနေအထိုင်၊ ရေဓာတ်ပြည့်ဝမှု၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကိုလိုက်ပြီး ဆီးနံ့နဲ့ ဆီးအရောင် ပြောင်းလဲနိုင်ပါတယ်။ ဆီးထဲမှာ urea ဓာတ်ပါဝင်မှုကြောင့် လူအများစုရဲ့ဆီးနံ့က အောက်သိုးသိုးအမိုးနီးယားနံ့ထွက်ပါတယ်။

တကယ်လို့ ကျောက်ကပ်ထဲမှာ ချို့ယွင်းမှုတစ်ခုခု ရှိနေပြီဆိုရင် ဆီးနံ့ဟာ ငါးပုပ်စော် (သို့) ထူးခြားတဲ့ အနံ့တစ်မျိုးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ နောက်ပြီး ဆီးနံ့ပြောင်းလဲမှုဟာ ဆီးချိုရောဂါ၊ အသည်းရောဂါနဲ့ တချို့အစားအသောက်တွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
၂။ ဆီးအရောင်ပြောင်းလဲခြင်း

ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဆီးအရောင်က အဝါဖျော့ရောင်ရှိပါတယ်။ ရေအများကြီးသောက်သူဆိုရင် ဒီထက်ဖျော့တော့တဲ့အရောင် (သို့) ရေလိုကြည်လင်တဲ့အရောင် ရှိပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက် နေတဲ့သူဆိုရင်တော့ အဝါရင့်ရောင်ဆီးကို သွားမှာဖြစ်ပြီး ဆီးရောင်အဲလိုရင့်နေပြီဆိုရင် ရေများများသောက်ဖို့ လိုအပ်နေပြီဆိုတာကို ခန္ဓာကိုယ်က အချက်ပေးတာပါ။

ဒါပေမယ့် တကယ်လို့ ဆီးရောင်ဟာ အညိုရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်၊ အနီရောင်နဲ့ အနက်ရောင်တွေ ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ပုံမှန်မဟုတ်တော့ဘဲ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုရှိနေပြီလို့ အသိပေးနေတာပါ။ ဆီးထဲမှာသွေးပါတယ်ဆိုရင် အနီရောင် (သို့) ပန်းရောင်ဖြစ်နေနိုင်ပြီး ဆရာဝန်နဲ့ သေချာပြသသင့်ပါပြီ။
၃။ ဆီးထဲမှာ သိသာတဲ့ ပြောင်းလဲမှုတွေ

ဆီးကို ခန့်မှန်းခြေ ရေ (၉၅) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ကျန်တဲ့ (၅) ရာခိုင်နှုန်းကတော့ သတ္ထုဓာတ်တွေ၊ ဆေးဝါးတွေ၊ အခြားအရာဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ဆီးထဲမှာ ရေဓာတ်သိပ်ဆည်းဆ ဘယ်လောက်ရှိလဲဆိုတာကိုတော့ ဆီးအရောင်ကိုကြည့်ပြီး သိနိုင်ပါတယ်။

ဒါပေမယ့် ဆီးထဲမှာ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေဖြစ်တဲ့ ပြည်တို့၊ အမြှုပ်တို့ပါနေပြီဆိုရင်တော့ ကျန်းမာရေး စစ်ဆေးမှုတစ်ခုကို အမြန်ဆုံးပြုလုပ်သင့်ပါပြီ။ ဆီးထဲမှာ ပရိုတိန်းဓာတ်ပါဝင်မှု များပြားလွန်းခြင်းကလည်း ပြဿနာတစ်ခု ဖြစ်စေနိုင်ပေမယ့် အဲဒါကိုတော့ မျက်စိနဲ့ သိသာထင်ရှားစွာ မမြင်ရပါဘူး။ ဆီးထဲမှာ ပြည်ပါခြင်းကလည်း ဆီးလမ်းကြောင်းပိုးဝင်မှုရဲ့ရလဒ်ပဲ ဖြစ်ပါတယ်။

၄။ ဝမ်းဗိုက်အောင့်ခြင်း
ကျောက်ကပ်တွေဟာ ဝမ်းဗိုက်အောက်ဘက်နားမှာ တည်ရှိတဲ့အတွက် ဗိုက်အောင့်ပြီဆိုရင် ကျောက်ကပ်ပြဿနာ တစ်ခုခုရှိနေနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်နားနဲ့ ခါးနောက်ပိုင်းတွေမှာ အောင့်နေပြီဆိုရင် အထူးသတိထားသင့်ပါတယ်။ ဒါပေမယ့် ဆီးသွားနေစဉ် ဗိုက်ထဲမှာ ပူလောင်နေသလို ခံစားရတာကတော့ အများထင်ထားသလို ကျောက်ကပ်ပြဿနာမဟုတ်ပါဘူး။ အဲဒါက ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်ဖို့ ပိုများပါတယ်။
၅။ ဆီးသွားနှုန်း

ယေဘုယျအားဖြင့်တော့ လူတစ်ယောက်ဟာ သူသောက်ထားတဲ့ ရေပမာဏကိုလိုက်ပြီး (၁၆) အောင်စကနေ (၁၀၀) အောင်စကြား ဆီးအဖြစ် ပြန်စွန့်ပေးရမှာဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာ တစ်ခုခုရှိပြီဆိုရင်တော့ ဆီးသွားနည်းတာတို့၊ ဆီးသွားများတာတို့ ဖြစ်နိုင်ပါတယ်။ ပုံမှန်ထက်ဆီးသွားနည်းတဲ့ ရောဂါအခြေအနေကို Oliguria လို့ခေါ်ပြီး ပုံမှန်ထက်ဆီးသွားများတဲ့ အခြေအနေကိုတော့ polyuria လို့ခေါ်ပါတယ်။ ရေလည်းပုံမှန်သောက်ပါရက်နဲ့ ဆီးအသွားနည်းတာ၊ များတာဖြစ်နေပြီဆိုရင်တော့ ကျောက်ကပ်ပြဿနာတစ်ခုခု ဖြစ်နေနိုင်ပါပြီ။
၆။ ဖောရောင်ခြင်း၊ မူးဝေခြင်းနဲ့ အသက်ရှူမဝခြင်း

ခြေတွေ၊ လက်တွေ၊ မျက်နှာတွေ ဖောရောင်တာဟာ ကျောက်ကပ်ထဲက ပုံမှန်ဆီးပမာဏကို စွန့်ထုတ်မပေးနိုင်တဲ့ အခါမှာ ဖြစ်ပွားပါတယ်။ အသက်ရှူမဝခြင်းကတော့ သွေးထဲက pH လယ်ဗယ် တသမတ်တည်းမဟုတ်တော့တဲ့ အချိန်မှာ ဖြစ်ပွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အသက်ရှူစနစ်ပေါ်မှာ ဝန်သွားပိစေနိုင်လို့ပါပဲ။ မူးဝေခြင်းကတော့ သွေးထဲမှာ အဆိပ်အတောက်တွေ စုပြုံလာလို့ ဖြစ်ပေါ်လာတဲ့ လက္ခဏာပါ။ အဲဒီလက္ခဏာ အားလုံးဟာ ကျောက်ကပ်ကျန်းမာရေးမကောင်းခြင်းရဲ့ လက္ခဏာတွေပါပဲ။

Source: powerofpositivity

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top