လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ထူးျခားမိုးေလဝသအေျခအေန
(၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ (၁၄)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၁၄:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)


ထူးျခားမိုးေလဝသအေျခအေနအမွတ္စဥ္(၀၄/၂၀၁၇)
----------------------------------
ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ အပူပိုင္းမုန္တိုင္း “ေဒါ့ဆူရီ” (Doksuri) သည္ (၁၅.၉.၂၀၁၇)ရက္ေန႔တြင္ ဗီယက္နမ္ႏိုင္ငံကမ္းေျခကို ျဖတ္ေက်ာ္၀င္ေရာက္ႏိုင္ပါသည္။
အဆိုပါ အားေကာင္းေသာ အပူပိုင္းမုန္တိုင္း “ေဒါ့ဆူရီ” (Doksuri)သည္ ဗီယက္နမ္ႏိုင္ငံ ကမ္းေျခကို ျဖတ္ေက်ာ္ဝင္ေရာက္ၿပီး အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ၊ ၎အားေကာင္းေသာ အပူပိုင္းမုန္တိုင္း၏ အႂကြင္းအက်န္တိမ္တိုက္မ်ားေၾကာင့္ (၁၆.၉.၂၀၁၇) ရက္ေန႔မွ (၁၉.၉.၂၀၁၇)ရက္ေန႔အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ မိုးႀကီးျခင္း၊ ေနရာကြက္၍ မိုးႀကီးျခင္းႏွင့္ ေလျပင္း တိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚ ႏိုင္ပါသည္။
ေလျပင္းမ်ားတိုက္ခတ္စဥ္ ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၃၀) အထိ တိုက္ခတ္ႏိုင္ပါ သည္။
သို႔ျဖစ္ပါ၍ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ကို လည္းေကာင္း၊ ျမစ္ငယ္ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ျမစ္ေရ ႐ုတ္တရက္ျမင့္တက္လာႏိုင္ၿပီး ေရႀကီးေရလၽွံမႈ ျဖစ္ေပၚျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ပါ သျဖင့္ ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳအပ္ပါသည္။



 ဖိုးသူေတာ္ (www.phothutaw.com)
Credit:
မိုးဇလ

#Unicode Version#
ထူးခြားမိုးလေဝသအခြေအနေ
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ထူးခြားမိုးလေဝသအခြေအနေအမှတ်စဉ်(၀၄/၂၀၁၇)
----------------------------------
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri) သည် (၁၅.၉.၂၀၁၇)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။
အဆိုပါ အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri)သည် ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ၎င်းအားကောင်းသော အပူပိုင်းမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် (၁၆.၉.၂၀၁၇) ရက်နေ့မှ (၁၉.၉.၂၀၁၇)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။
လေပြင်းများတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀) အထိ တိုက်ခတ်နိုင်ပါ သည်။
သို့ဖြစ်ပါ၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေ ရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: မိုးဇလ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top