Golden City Promotion
×

ေသြးသားအေျပာင္းအလဲ၊ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ မိန္းကေလးျဖစ္ေနပါလ်က္နဲ႔ ပါးေမႊး၊ ႏႈတ္ခမ္းေမႊးေရးေရးေလးေတြ ထြက္လာလို႔ မၾကာခဏစေနာက္ခံေနရတာလား။ ဒါဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးအတုိင္း ျပဳလုပ္ၾကည့္လိုက္ပါေနာ္။ မုတ္ဆိတ္ရိတ္ဓားကို အသံုးျပဳၿပီးရိတ္ပစ္မယ္ဆိုရင္ အေမႊးေတြၾကမ္းသြားၿပီး ပိုသန္လာတတ္တာေၾကာင့္ ဒီလိုသဘာဝနည္းလမ္းေလးအတိုင္းပဲ ဖယ္ရွားဖို႔ အႀကံျပဳခ်င္ပါတယ္။

ပထမဦးဆံုးနည္းလမ္းအေနနဲ႔ သၾကားနဲ႔ပ်ားရည္ကို အသံုးျပဳၿပီးဖယ္ရွားတဲ့ နည္းလမ္းေလးပါ။ သၾကားက အေမႊးအမွ်င္ေပါက္တဲ့ ဆဲလ္မ်ားကို ဟန္႔တားေပးႏိုင္ၿပီး ပ်ားရည္က အစိုဓာတ္ထိန္းေပးႏိုင္တာေၾကာင့္ အသားအေရပ်က္စီးသြားျခင္းအတြက္လည္း စုိးရိမ္စရာမလိုေတာ့ဘူးေပါ့။ အသံုးျပဳပံုကလည္း ရိုးရွင္းပါတယ္။ သၾကားစားပြဲတင္ဇြန္း၃ဇြန္းနဲ႔ ပ်ားရည္စားပြဲတင္ဇြန္းတစ္ဇြန္းတို႔ကို ပန္းကန္တစ္လံုးထဲေရာထည့္လိုက္ပါ။ သၾကားေတြေပ်ာ္ဝင္သြားဖုိ႔အတြက္ မိုက္ခရိုေဝ့ဖ္ထဲကို မိနစ္အနည္းငယ္ခန္႔အပူေပးပါ။ ၿပီးရင္ေတာ့ သံပရိုရည္စားပြဲတင္ဇြန္းတစ္ဇြန္းေရာေမႊးၿပီး ရရွိလာတဲ့အေရာအေႏွာကို ခပ္ေႏြးေႏြးေလးျဖစ္ေနခ်ိန္မွာ ႏႈတ္ခမ္းတစ္ဝိုက္ ဒါမွမဟုတ္ မ်က္ႏွာေပၚကို သုတ္လိမ္းေပးပါ။ အေမႊးအမွ်င္မ်ားကို ဆန္႔က်င္ၿပီးသုတ္လိမ္းေပးဖို႔ေတာ့ လိုပါတယ္ေနာ္။ မိနစ္အနည္းငယ္ခန္႔ အေျခာက္ခံၿပီး ေရေအးနဲ႔ေဆးေၾကာသန္႔စင္လုိက္ရံုပါပဲေနာ္။ ၿပီးရင္ေတာ့ အစိုဓာတ္ထိန္းခရင္မ္ေလး လိမ္းေပးပါ။ ဒီနည္းလမ္းေလးအတိုင္း တစ္ပတ္ကို၄ႀကိမ္ပံုမွန္ျပဳလုပ္ေပးမယ္ဆိုရင္ ရက္သတၱပတ္အတြင္း အေမႊးအမွ်င္မ်ား ပါးသြားတာကို ေတြ႔ျမင္ရမွာပါ။

ေနာက္ထပ္နည္းလမ္းေလးကေတာ့ အိမ္မွာအလြယ္တကူရရွိႏိုင္တဲ့ နႏြင္းမႈန္႔နဲ႔ ဖယ္ရွားတဲ့နည္းလမ္းေလးပါေနာ္။ နႏြင္းမႈန္႔ကို ေရွးယခင္ႏွစ္ေပါင္းမ်ားစြာကတည္းက အလွအပေရးရာမွာအသံုးျပဳခဲ့ၾကပါတယ္လုိ႔ သိရပါတယ္။ အခုနည္းလမ္းေလးကေတာ့ နႏြင္းမႈန္႔ကို ႏြားႏို႔နဲ႔ေရာစပ္ၿပီး အသံုးျပဳမွာဆိုေတာ့ မလိုအပ္တဲ့အေမႊးအမွ်င္မ်ားကို သဘာဝအတို္င္းဖယ္ရွားေပးႏိုင္ပါတယ္။ နႏြင္းမႈန္႔နဲ႔ ႏြားႏို္႔ကို စားပြဲတင္ဇြန္းတစ္ဇြန္းစီ ဆတူေရာစပ္ၿပီး ဆန္မႈန္႔အနည္းငယ္နဲ႔ႏွံ႔သြားေအာင္ေမႊးေပးပါ။ ရရွိလာတဲ့အေရာအေႏွာကို ႏႈတ္ခမ္းအေပၚကို သုတ္လိမ္းၿပီး ၅မိနစ္၊ ၁၀မိနစ္ခန္႔ massage ျပဳလုပ္ေပးပါ။ အေျခာက္ခံၿပီး ေရစုိေနတဲ့လက္ေခ်ာင္းကေလးနဲ႔ ဖယ္ရွားသန္႔စင္ေပးပါ။ အေမႊးအမွ်င္မ်ားကို ဆန္႔က်င္ဘက္ပြတ္တိုက္ၿပီး ဖယ္ရွားေပးပါေနာ္။ ၿပီးရင္ေတာ့ ေရေအးေလးနဲ႔ ေဆးေၾကာသန္႔စင္လိုက္ရံုပါပဲ။ အခုေဖာ္ျပေပးခဲ့တဲ့ နည္းလမ္းေလးအတုိင္း တစ္ပတ္ကို ႏွစ္ႀကိမ္ပံုမွန္ျပဳလုုပ္ေပးမယ္ဆိုရင္ေတာ့ တစ္လအတြင္းမလိုခ်င္တဲ့ အေမႊးအမွ်င္ေတြ ေလ်ာ့ပါးသြားတာကိို ေတြ႔ျမင္ရမွာပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
သွေးသားအပြောင်းအလဲ၊ ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းကလေးဖြစ်နေပါလျက်နဲ့ ပါးမွှေး၊ နှုတ်ခမ်းမွှေးရေးရေးလေးတွေ ထွက်လာလို့ မကြာခဏစနောက်ခံနေရတာလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးအတိုင်း ပြုလုပ်ကြည့်လိုက်ပါနော်။ မုတ်ဆိတ်ရိတ်ဓားကို အသုံးပြုပြီးရိတ်ပစ်မယ်ဆိုရင် အမွှေးတွေကြမ်းသွားပြီး ပိုသန်လာတတ်တာကြောင့် ဒီလိုသဘာဝနည်းလမ်းလေးအတိုင်းပဲ ဖယ်ရှားဖို့ အကြံပြုချင်ပါတယ်။

ပထမဦးဆုံးနည်းလမ်းအနေနဲ့ သကြားနဲ့ပျားရည်ကို အသုံးပြုပြီးဖယ်ရှားတဲ့ နည်းလမ်းလေးပါ။ သကြားက အမွှေးအမျှင်ပေါက်တဲ့ ဆဲလ်များကို ဟန့်တားပေးနိုင်ပြီး ပျားရည်က အစိုဓာတ်ထိန်းပေးနိုင်တာကြောင့် အသားအရေပျက်စီးသွားခြင်းအတွက်လည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။ အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ သကြားစားပွဲတင်ဇွန်း၃ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ပန်းကန်တစ်လုံးထဲရောထည့်လိုက်ပါ။ သကြားတွေပျော်ဝင်သွားဖို့အတွက် မိုက်ခရိုဝေ့ဖ်ထဲကို မိနစ်အနည်းငယ်ခန့်အပူပေးပါ။ ပြီးရင်တော့ သံပရိုရည်စားပွဲတင်ဇွန်းတစ်ဇွန်းရောမွှေးပြီး ရရှိလာတဲ့အရောအနှောကို ခပ်နွေးနွေးလေးဖြစ်နေချိန်မှာ နှုတ်ခမ်းတစ်ဝိုက် ဒါမှမဟုတ် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ အမွှေးအမျှင်များကို ဆန့်ကျင်ပြီးသုတ်လိမ်းပေးဖို့တော့ လိုပါတယ်နော်။ မိနစ်အနည်းငယ်ခန့် အခြောက်ခံပြီး ရေအေးနဲ့ဆေးကြောသန့်စင်လိုက်ရုံပါပဲနော်။ ပြီးရင်တော့ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပေးပါ။ ဒီနည်းလမ်းလေးအတိုင်း တစ်ပတ်ကို၄ကြိမ်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ရက်သတ္တပတ်အတွင်း အမွှေးအမျှင်များ ပါးသွားတာကို တွေ့မြင်ရမှာပါ။

နောက်ထပ်နည်းလမ်းလေးကတော့ အိမ်မှာအလွယ်တကူရရှိနိုင်တဲ့ နနွင်းမှုန့်နဲ့ ဖယ်ရှားတဲ့နည်းလမ်းလေးပါနော်။ နနွင်းမှုန့်ကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက အလှအပရေးရာမှာအသုံးပြုခဲ့ကြပါတယ်လို့ သိရပါတယ်။ အခုနည်းလမ်းလေးကတော့ နနွင်းမှုန့်ကို နွားနို့နဲ့ရောစပ်ပြီး အသုံးပြုမှာဆိုတော့ မလိုအပ်တဲ့အမွှေးအမျှင်များကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်ပါတယ်။ နနွင်းမှုန့်နဲ့ နွားနို့်ကို စားပွဲတင်ဇွန်းတစ်ဇွန်းစီ ဆတူရောစပ်ပြီး ဆန်မှုန့်အနည်းငယ်နဲ့နှံ့သွားအောင်မွှေးပေးပါ။ ရရှိလာတဲ့အရောအနှောကို နှုတ်ခမ်းအပေါ်ကို သုတ်လိမ်းပြီး ၅မိနစ်၊ ၁၀မိနစ်ခန့် massage ပြုလုပ်ပေးပါ။ အခြောက်ခံပြီး ရေစိုနေတဲ့လက်ချောင်းကလေးနဲ့ ဖယ်ရှားသန့်စင်ပေးပါ။ အမွှေးအမျှင်များကို ဆန့်ကျင်ဘက်ပွတ်တိုက်ပြီး ဖယ်ရှားပေးပါနော်။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးကြောသန့်စင်လိုက်ရုံပါပဲ။ အခုဖော်ပြပေးခဲ့တဲ့ နည်းလမ်းလေးအတိုင်း တစ်ပတ်ကို နှစ်ကြိမ်ပုံမှန်ပြုလုုပ်ပေးမယ်ဆိုရင်တော့ တစ်လအတွင်းမလိုချင်တဲ့ အမွှေးအမျှင်တွေ လျော့ပါးသွားတာကို တွေ့မြင်ရမှာပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top