အေရျပားေပၚမွာ ဒဏ္ရာျဖစ္ျပီးတဲ့အခါ အမာရြတ္က်န္ခဲ့ပါတယ္ ။ ခြဲစိတ္ျခင္းေၾကာင့္ျဖစ္ေစ ၊ အပူေလာင္ျခင္းေၾကာင္းျဖစ္ေစ ၊ အျခားေသာ ဒဏ္ရာအနာတရမ်ား ျဖစ္ျပီးတဲ့အခါ လက္ေဆာင္အျဖစ္ အေရျပားေပၚမွာ အမာရြတ္ က်န္ခဲ့ရပါတယ္ ။ ဒီလို အမာရြတ္ေတြဟာ အက်ည္းတန္အရုပ္ဆိုးလြန္းလို႔ ဘယ္သူမွ မလိုခ်င္ၾကပါဘူး ။ ေဆးေကာင္းေတြ ရွာဝယ္ျပီး လိမ္းေပမယ္ ့ထင္သေလာက္ သက္သာေပ်ာက္ကင္းသြားျခင္း မရွိပါဘူး ။ အထူးသျဖင့္ အမ်ိဳးသမီးမ်ားအေနျဖင့္ ခႏၶာကိုယ္ေပၚမွာ အမာရြတ္ေတြရွိတဲ့အခါ အလွပ်က္သလို မိမိကိုယ္ကိုယံုၾကည္မႈလည္း နည္းလာပါတယ္ ။

ဒီလို အမာရြတ္ေတြေၾကာင့္ အလွပ်က္ေနသူမ်ားအတြက္ ကိုယ္တိုင္ေပ်ာက္ကင္းေအာင္ ျပဳလုပ္နိုင္တဲ့ နည္းလမ္းေကာင္းမ်ားကို မွ်ေဝေပးခ်င္ပါတယ္ ။

၁။ ရွားေစာင္းလက္ပက္

ရွားေစာင္းလက္ပက္က ပ်က္စီးေနတဲ့ အေရျပားကို ေကာင္းစြာျပဳျပင္ေပးနိုင္ျပီး အသားအေရကိုလည္း နူးညံ့ျဖဴစင္ေစပါတယ္ ။ ရွားေစာင္လက္ပက္ကို ခူးျပီး အထဲမွအနွစ္ကို ဇြန္းျဖင့္ ျခစ္ယူပါ ။ ျပီးလွ်င္ အမာရြတ္ေပၚမွာ နွိပ္နယ္လိမ္းေပးပါ ။ နာရီဝက္ခန္႔ ထားျပီးလွ်င္ ေရျဖင့္ေဆးေၾကာပါ ။ တစ္ေန႔ နွစ္ၾကိမ္နႈန္းျဖင့္ ပံုမွန္ျပဳလုပ္ေပးနိုင္ပါသည္ ။
မွတ္ခ်က္ ။ ။အနာမက်က္ခ်ိန္မွာ မလိမ္းရပါ။

၂။ အုန္းဆီ
Image result for used coconut oil for scar
အုန္းဆီကုိလည္း အမာရြတ္ကုသရာမွာ အသံုးျပဳနိုင္ပါတယ္ ။ သန္႔စင္တဲ့ အုန္းဆီအခ်ိဳ႕ကို အရည္က်ဲက်ဲျဖစ္သည္အထိ အနည္းငယ္အပူေပးျပီး အမာရြတ္ေပၚမွာ ၅မိနစ္ ၊ ၁၀မိနစ္ခန္႔ နွိယ္နယ္လိမ္းေပးပါ ။ နွိပ္နယ္လိမ္းေပးမွ အေရျပားအတြင္းသို႔ စိမ့္ဝင္နိင္မွာ ျဖစ္ပါတယ္ ။ ထို႔ေနာက္ အနည္းဆံုး ၁နာရီၾကေအာင္ ထားေပးပါ ။ ေရမခ်ိဳးခင္အခ်ိန္အထိ ျပန္လည္ ေဆးေၾကာေပးစရာ မလိုပါဘူး ။ ပိုျပီး ထိေရာက္မႈ ျမန္ဆန္ခ်င္လွ်င္ေတာ့ တစ္ေန႔ကို ၂ၾကိမ္ွ ၄ၾကိမ္အထိ ျပဳလုပ္ေပးပါ။

၃။သံပုယိုသီး
Image result for lemon used for skin
သံပုယိုသီးမွာပါဝင္တဲ့ hydroxyl acid က အေရျပားေပၚက အမာရြတ္ေတြကို ကုသနိုင္စြမး္ ရွိပါတယ္ ။ သံပုယိုသီးကို အရည္ညွစ္ျပီး ဂြမ္းျဖင့္တို႔ကာ အမာရြတ္ရွိတဲ့ေနရာသို႔ ပြတ္လိမ္းေပးပါ။( sensitive ျဖစ္တဲ့ အသားအေရပိုင္ရွင္မ်ားသည္ ဗီတာမင္အီးအဆီ(သို႔)rose water (သို႔) ေရ အနည္းငယ္ေရာစပ္၍ အသံုးျပဳပါ) ဆယ္မိနစ္ခန္႔ အနည္းဆံုးၾကာျပီးလွ်င္ ေရေႏြးေႏြးျဖင့္ ေဆးေၾကာေပးပါ ။ တစ္ေန႔တစ္ၾကိမ္ အမာရြတ္အေရာင္ ေလ်ာ့သြားသည္အထိ ျပဳလုပ္နုိင္ပါသည္။

၄။သံလြင္ဆီ
Related image
သံလြင္ဆီကိုလည္း အမာရြတ္ေတြအတြက္ အသံုးျပဳေပးနိုင္ပါသည္ ။ သံလြင္ဆီမွာပါဝင္တဲ့ ဗီတာမင္အီးက အသားအေရကို စိုေျပနူးညံ့ေစျပီး ပ်က္စီးေနတဲ့ တစ္သွ်ဴးေတြကို ျပန္လည္ျပဳျပင္နိုင္စြမး္ ရွိပါတယ္ ။ နည္းလမ္းေလးကေတာ့ အုန္းဆီအသံုးျပဳတဲ့ နည္းလမ္းနဲ႔ အတူတူပါပဲ ။ အုန္းဆီ ေနရာမွာ သံလြင္ဆီကို အသံုးျပဳေပးရမွာပါ ။ နံပါတ္ ၂ကို ျပန္လည္ဖတ္ရႈေပးပါေန္ာ။

၅။ ပန္းသီးရွာလကာရည္
Image result for ပန္းသီးရွာလကာရည္
ဒါေလးကလည္း မေမ့သင့္တဲ့အရာပါ ။ ပန္းသီးရွာလကာရည္ရဲ႕ ေကာင္းက်ိဳးေတြအမ်ားၾကီးထဲမွာ အမာရြတ္ကို ကုသနိုင္တာလည္း ပါဝင္ပါတယ္ ။ပန္းသီးရွာလကာရည္မွာပါဝင္တဲ့ သဘာဝ အက္ဆစ္ဓါတ္က အေရျပားကို ျဖဴဝင္းေစျပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးနိုင္ပါတယ္ ။ အေရျပားဆဲလ္သစ္ေတြကို ျပန္လည္ျဖစ္ေပၚေစတဲ့အျပင္ အမာရြတ္ေတြကို တေျဖးေျဖး ေလ်ာ့ပါးလာေစပါတယ္ ။ ပန္းသီးရွာလကာရည္ နွင္ ့ေရကို ဆတူေရာစပ္ျပီး ဂြမ္းျဖင့္စြတ္ကာ အမာရြတ္ရွိတဲ့ ေနရာကို ပြတ္လိမ္းေပးပါ ။ ၅မိနစ္ခန္႔ ထားျပီးလွ်င္ ေရျဖင့္ေဆးေၾကာေပးပါ ။တစ္ေန႔တစ္ၾကိမ္ ပံုမွန္ ျပဳလုပ္ေပးပါ။

အမာရြတ္ကင္းတဲ့ ျပစ္မ်ိဳးမွဲ႕မထင္အလွေလး ပိုင္ဆိုင္ၾကေစဖို႔ ရည္ရြယ္ရင္း…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

# Unicode Version #

အရေပြားပေါ်မှာ ဒဏ်ရာဖြစ်ပြီးတဲ့အခါ အမာရွတ်ကျန်ခဲ့ပါတယ် ။ ခွဲစိတ်ခြင်းကြောင့်ဖြစ်စေ ၊ အပူလောင်ခြင်းကြောင်းဖြစ်စေ ၊ အခြားသော ဒဏ်ရာအနာတရများ ဖြစ်ပြီးတဲ့အခါ လက်ဆောင်အဖြစ် အရေပြားပေါ်မှာ အမာရွတ် ကျန်ခဲ့ရပါတယ် ။ ဒီလို အမာရွတ်တွေဟာ အကျည်းတန်အရုပ်ဆိုးလွန်းလို့ ဘယ်သူမှ မလိုချင်ကြပါဘူး ။ ဆေးကောင်းတွေ ရှာဝယ်ပြီး လိမ်းပေမယ့်ထင်သလောက် သက်သာပျောက်ကင်းသွားခြင်း မရှိပါဘူး ။ အထူးသဖြင့် အမျိုးသမီးများအနေဖြင့် ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေရှိတဲ့အခါ အလှပျက်သလို မိမိကိုယ်ကိုယုံကြည်မှုလည်း နည်းလာပါတယ် ။

ဒီလို အမာရွတ်တွေကြောင့် အလှပျက်နေသူများအတွက် ကိုယ်တိုင်ပျောက်ကင်းအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ် ။

၁။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က ပျက်စီးနေတဲ့ အရေပြားကို ကောင်းစွာပြုပြင်ပေးနိုင်ပြီး အသားအရေကိုလည်း နူးညံ့ဖြူစင်စေပါတယ် ။ ရှားစောင်လက်ပက်ကို ခူးပြီး အထဲမှအနှစ်ကို ဇွန်းဖြင့် ခြစ်ယူပါ ။ ပြီးလျှင် အမာရွတ်ပေါ်မှာ နှိပ်နယ်လိမ်းပေးပါ ။ နာရီဝက်ခန့် ထားပြီးလျှင် ရေဖြင့်ဆေးကြောပါ ။ တစ်နေ့ နှစ်ကြိမ်နှုန်းဖြင့် ပုံမှန်ပြုလုပ်ပေးနိုင်ပါသည် ။
မှတ်ချက် ။ ။အနာမကျက်ချိန်မှာ မလိမ်းရပါ။

၂။ အုန်းဆီ
အုန်းဆီကိုလည်း အမာရွတ်ကုသရာမှာ အသုံးပြုနိုင်ပါတယ် ။ သန့်စင်တဲ့ အုန်းဆီအချို့ကို အရည်ကျဲကျဲဖြစ်သည်အထိ အနည်းငယ်အပူပေးပြီး အမာရွတ်ပေါ်မှာ ၅မိနစ် ၊ ၁၀မိနစ်ခန့် နှိယ်နယ်လိမ်းပေးပါ ။ နှိပ်နယ်လိမ်းပေးမှ အရေပြားအတွင်းသို့ စိမ့်ဝင်နိင်မှာ ဖြစ်ပါတယ် ။ ထို့နောက် အနည်းဆုံး ၁နာရီကြအောင် ထားပေးပါ ။ ရေမချိုးခင်အချိန်အထိ ပြန်လည် ဆေးကြောပေးစရာ မလိုပါဘူး ။ ပိုပြီး ထိရောက်မှု မြန်ဆန်ချင်လျှင်တော့ တစ်နေ့ကို ၂ကြိမ်ှ ၄ကြိမ်အထိ ပြုလုပ်ပေးပါ။

၃။သံပုယိုသီး
သံပုယိုသီးမှာပါဝင်တဲ့ hydroxyl acid က အရေပြားပေါ်က အမာရွတ်တွေကို ကုသနိုင်စွမ်း ရှိပါတယ် ။ သံပုယိုသီးကို အရည်ညှစ်ပြီး ဂွမ်းဖြင့်တို့ကာ အမာရွတ်ရှိတဲ့နေရာသို့ ပွတ်လိမ်းပေးပါ။( sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်များသည် ဗီတာမင်အီးအဆီ(သို့)rose water (သို့) ရေ အနည်းငယ်ရောစပ်၍ အသုံးပြုပါ) ဆယ်မိနစ်ခန့် အနည်းဆုံးကြာပြီးလျှင် ရေနွေးနွေးဖြင့် ဆေးကြောပေးပါ ။ တစ်နေ့တစ်ကြိမ် အမာရွတ်အရောင် လျော့သွားသည်အထိ ပြုလုပ်နိုင်ပါသည်။

၄။သံလွင်ဆီ
သံလွင်ဆီကိုလည်း အမာရွတ်တွေအတွက် အသုံးပြုပေးနိုင်ပါသည် ။ သံလွင်ဆီမှာပါဝင်တဲ့ ဗီတာမင်အီးက အသားအရေကို စိုပြေနူးညံ့စေပြီး ပျက်စီးနေတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်နိုင်စွမ်း ရှိပါတယ် ။ နည်းလမ်းလေးကတော့ အုန်းဆီအသုံးပြုတဲ့ နည်းလမ်းနဲ့ အတူတူပါပဲ ။ အုန်းဆီ နေရာမှာ သံလွင်ဆီကို အသုံးပြုပေးရမှာပါ ။ နံပါတ် ၂ကို ပြန်လည်ဖတ်ရှုပေးပါနေ်ာ။

၅။ ပန်းသီးရှာလကာရည်
ဒါလေးကလည်း မမေ့သင့်တဲ့အရာပါ ။ ပန်းသီးရှာလကာရည်ရဲ့ ကောင်းကျိုးတွေအများကြီးထဲမှာ အမာရွတ်ကို ကုသနိုင်တာလည်း ပါဝင်ပါတယ် ။ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ သဘာဝ အက်ဆစ်ဓါတ်က အရေပြားကို ဖြူဝင်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။ အရေပြားဆဲလ်သစ်တွေကို ပြန်လည်ဖြစ်ပေါ်စေတဲ့အပြင် အမာရွတ်တွေကို တဖြေးဖြေး လျော့ပါးလာစေပါတယ် ။ ပန်းသီးရှာလကာရည် နှင့်ရေကို ဆတူရောစပ်ပြီး ဂွမ်းဖြင့်စွတ်ကာ အမာရွတ်ရှိတဲ့ နေရာကို ပွတ်လိမ်းပေးပါ ။ ၅မိနစ်ခန့် ထားပြီးလျှင် ရေဖြင့်ဆေးကြောပေးပါ ။တစ်နေ့တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးပါ။

အမာရွတ်ကင်းတဲ့ ပြစ်မျိုးမှဲ့မထင်အလှလေး ပိုင်ဆိုင်ကြစေဖို့ ရည်ရွယ်ရင်း…

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top