တိုးေက်ာ္မန္းနဲ႔ နန္းဆန္တဲ့ ရြာ”႐ုပ္ရွင္ ကန္ေတာ့ပြဲ မွာ ေက်ာ္ရဲေအာင္ နဲ႔ ေတြ႕ဆံုခုိက္ . . .ဒီကားမွာ ကုိႏုိင္တုိ႔ ညီအစ္ကုိလိုေနၾကတဲ့ သူငယ္ခ်င္း သံုးေယာက္ ရွိတယ္။ ကုိေဗလု၀၊ေျပတီဦးနဲ႔ ကုိႏုိင္။ အဲဒီသံုးေယာက္မွာမွ ႐ုပ္ အေခ်ာဆံုးေဗလု၀က အရင္ဆံုးရည္း စားရသြားတယ္။ က်န္တဲ့ႏွစ္ေယာက္ကမရဘူး။ အဲဒီမွာ ျပႆနာ ေတြ စတက္ေတာ့တာပဲ။ သာမန္ကားေလးနဲ႔မတူတဲ့ ထူးဆန္းတဲ့ကားတစ္ကားလုိ႔ပဲ ေျပာခ်င္ပါတယ္

ေရွ႕မွာ ကုိႏုိင္ပါတဲ့ ႐ုပ္ရွင္ကား အထူးပြဲေတြ မတက္ေရာက္ျဖစ္တာက “သူငယ္ခ်င္း ေယာကၡမ” အထူးပြဲတုန္းကပုပၸါးမွာကား႐ိုက္ေနတာ။ “သုိက္ကလာတယ္ စကားမေျပာဘူး”
အထူးပြဲမွာက်ေတာ့ ႐ိုက္ကြင္းကုိ အေစာႀကီးသြားရေတာ့ မလာျဖစ္လုိက္ဘူး။ သူငယ္ခ်င္း ေယာကၡမ ကားအၿပီး အင္တာဗ်ဴးေတြမွာ ေမာင္မိုး(လြင္မိုး)၊ ကုိႏုိင့္အေၾကာင္းေတြ ဗ႐ုတ္သုတ္ခ ေလွ်ာက္ေျဖထားတယ္ေလ။ ကုိႏုိင္မလာလုိ႔ ကြယ္ရာမွာဆိုၿပီး ဒီေကာင္ေျပာခ်င္တာေတြေျပာတာ။ ႐ုပ္ကုိက ၀က္က်ေနတာပဲ။ ေဖာသြပ္သြပ္နဲ႔။ သူနဲ႔က မဆံုတာၾကာၿပီ။ဒီကား႐ိုက္မွ ျပန္ေတြ႕ရတာ။

သူကသိတဲ့အတုိင္းပဲေလ။ ဒုိင္ယာေလာ့ခ္ ေျပာခုိင္းရင္ ဒုိင္ယာေလာ့ခ္ မေျပာေသးဘူး။ စကားကအရမ္းမ်ားတာ။ စကားမ်ားၿပီဆိုရင္လည္း အဆဲကအရင္လာတာ။ ဒါေၾကာင့္
ဒီေကာင္နဲ႔ကား႐ိုက္ရင္သူမဆဲခင္ အရင္ဦး ေအာင္ဆဲထားမွ ေတာ္ကာက်တာ။ ဒီေကာင္က ၀သီေလ။ စကားေျပာတာနဲ႔ အဆဲေလးက ေရာေရာပါမွ။ ဘယ္ေလာက္ထိ
အက်င့္ပါေနလဲဆိုရင္ သူ႔အေဖနဲ႔ စကား ေျပာတာေတာင္ ေယာင္ၿပီးဆဲတာပါသြားေသး. . .ဒါေၾကာင့္ကုိယ္ကႀကိဳၿပီး သူ႔ထက္ပုိပုိသာသာဆဲထားမွ ေတာ္ကာက်
မွာ။

အဲဒီကား႐ိုက္တုန္းကလည္း ဆင္းန္ေပၚေရာက္တာနဲ႔ ဒိုင္ယာေလာ့ခ္ ေတာင္ မေျပာရေသးဘူး။ ကုိႏုိင္သူ႔ကုိ ဆီးဆဲတာ။ဟာ . .ငါဘာလုပ္လုိ႔လဲတဲ့။ မင္းဘာမွမလုပ္ဘူး။ ႀကိဳဆဲထားတာလုိ႔ ေျပာလုိက္တယ္။ တစ္ဆင္းန္မွာလည္း ကုိႏုိင့္ကုိ ႐ူတင္ေနာက္က်သေလး ဘာေလးနဲ႔။ သူကပုိေတာင္ဆိုးေသးတယ္။ သူ႔သမီးေက်ာင္းပုိ႔ရတာနဲ႔ ေက်ာင္းႀကိဳရတာနဲ႔၊
ကုမၸဏီ အလုပ္မျပီးတာနဲ႔၊ မိန္းမခုိင္းတာလုပ္ရတာနဲ႔၊ သူတို႔ ညီအစ္ကုိ နွစ္ေယာက္စလံုး(ဒါ႐ိုက္တာ ေမာင္သီ၊လြင္မိုး)က ႐ူးေနတာ (ရယ္လ်က္)။

သူတုိ႔ႏွစ္ေယာက္ ခ်ာတိတ္ ဘ၀တုန္းက သူတုိ႔ အေမ နဲ႔ ခရီး သြားတုန္းေခါင္းထိသြားၾကတာေလ။ သနားဖုိ႔ေကာင္းၾကပါတယ္။ အဲဒီ ” သူငယ္ခ်င္း ေယာကၡမ” ေတာင္ ပထမကားနဲ့ ဒုတိယကား ခုႏွစ္ႏွစ္ရွစ္ႏွစ္ကြာတယ္။ ႐ုပ္ေတြကေတာ့ အကုန္လံုးေျပာင္းသြားၾကပါတယ္။ အဲဒီေကာင္က အေျပာင္းဆံုး။ ေဖာသြပ္ေနတာ။ဟုတ္တယ္ . . ကုိႏုိင္က အႏုပညာ အလုပ္ေတြ ဆက္တုိက္လုပ္ျဖစ္ေနေပမယ့္ သူကေတာ့ ၾကားထဲမွာ စီးပြားေရးေတြလုပ္ေနတယ္။

သူေ႒း ျဖစ္သြားတယ္လုိ႔ လူေတြက ထင္ၾကလိမ့္မယ္။ အမွန္ ဒီေကာင္ ငိုေနရ တာေတြ မသိၾကဘူး။ ပရိသတ္အတြက္က ေတာ့ ဒီေန႔ဒီအခ်ိန္ဒီအသက္အရြယ္ထိ ျမန္မာျပည္က ပရိသတ္ ေတြေရာ၊ တုိင္းျပည္ ေပါင္းစံုက ပရိသတ္ေတြကုိေရာ သည္းခံၿပီးအား ေပးလာခဲ့တဲ့အတြက္ ေက်းဇူးအထူးတင္ပါတယ္။

ဆက္ၿပီးလည္းသည္းခံေပးပါဦးလုိ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ဴလုိင္မိုး(အိုေအစစ္ ဂ်ာနယ္)

#Unicode Version#
တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ ရွာ”ရုပ်ရှင် ကန်တော့ပွဲ မှာ ကျော်ရဲအောင် နဲ့ တွေ့ဆုံခိုက် . . .ဒီကားမှာ ကိုနိုင်တို့ ညီအစ်ကိုလိုနေကြတဲ့ သူငယ်ချင်း သုံးယောက် ရှိတယ်။ ကိုဗေလုဝ၊ပြေတီဦးနဲ့ ကိုနိုင်။ အဲဒီသုံးယောက်မှာမှ ရုပ် အချောဆုံးဗေလုဝက အရင်ဆုံးရည်း စားရသွားတယ်။ ကျန်တဲ့နှစ်ယောက်ကမရဘူး။ အဲဒီမှာ ပြဿနာ တွေ စတက်တော့တာပဲ။ သာမန်ကားလေးနဲ့မတူတဲ့ ထူးဆန်းတဲ့ကားတစ်ကားလို့ပဲ ပြောချင်ပါတယ်

ရှေ့မှာ ကိုနိုင်ပါတဲ့ ရုပ်ရှင်ကား အထူးပွဲတွေ မတက်ရောက်ဖြစ်တာက “သူငယ်ချင်း ယောက္ခမ” အထူးပွဲတုန်းကပုပ္ပါးမှာကားရိုက်နေတာ။ “သိုက်ကလာတယ် စကားမပြောဘူး”
အထူးပွဲမှာကျတော့ ရိုက်ကွင်းကို အစောကြီးသွားရတော့ မလာဖြစ်လိုက်ဘူး။ သူငယ်ချင်း ယောက္ခမ ကားအပြီး အင်တာဗျူးတွေမှာ မောင်မိုး(လွင်မိုး)၊ ကိုနိုင့်အကြောင်းတွေ ဗရုတ်သုတ်ခ လျှောက်ဖြေထားတယ်လေ။ ကိုနိုင်မလာလို့ ကွယ်ရာမှာဆိုပြီး ဒီကောင်ပြောချင်တာတွေပြောတာ။ ရုပ်ကိုက ဝက်ကျနေတာပဲ။ ဖောသွပ်သွပ်နဲ့။ သူနဲ့က မဆုံတာကြာပြီ။ဒီကားရိုက်မှ ပြန်တွေ့ရတာ။

သူကသိတဲ့အတိုင်းပဲလေ။ ဒိုင်ယာလော့ခ် ပြောခိုင်းရင် ဒိုင်ယာလော့ခ် မပြောသေးဘူး။ စကားကအရမ်းများတာ။ စကားများပြီဆိုရင်လည်း အဆဲကအရင်လာတာ။ ဒါကြောင့်
ဒီကောင်နဲ့ကားရိုက်ရင်သူမဆဲခင် အရင်ဦး အောင်ဆဲထားမှ တော်ကာကျတာ။ ဒီကောင်က ဝသီလေ။ စကားပြောတာနဲ့ အဆဲလေးက ရောရောပါမှ။ ဘယ်လောက်ထိ
အကျင့်ပါနေလဲဆိုရင် သူ့အဖေနဲ့ စကား ပြောတာတောင် ယောင်ပြီးဆဲတာပါသွားသေး. . .ဒါကြောင့်ကိုယ်ကကြိုပြီး သူ့ထက်ပိုပိုသာသာဆဲထားမှ တော်ကာကျ
မှာ။

အဲဒီကားရိုက်တုန်းကလည်း ဆင်းန်ပေါ်ရောက်တာနဲ့ ဒိုင်ယာလော့ခ် တောင် မပြောရသေးဘူး။ ကိုနိုင်သူ့ကို ဆီးဆဲတာ။ဟာ . .ငါဘာလုပ်လို့လဲတဲ့။ မင်းဘာမှမလုပ်ဘူး။ ကြိုဆဲထားတာလို့ ပြောလိုက်တယ်။ တစ်ဆင်းန်မှာလည်း ကိုနိုင့်ကို ရူတင်နောက်ကျသလေး ဘာလေးနဲ့။ သူကပိုတောင်ဆိုးသေးတယ်။ သူ့သမီးကျောင်းပို့ရတာနဲ့ ကျောင်းကြိုရတာနဲ့၊
ကုမ္ပဏီ အလုပ်မပြီးတာနဲ့၊ မိန်းမခိုင်းတာလုပ်ရတာနဲ့၊ သူတို့ ညီအစ်ကို နှစ်ယောက်စလုံး(ဒါရိုက်တာ မောင်သီ၊လွင်မိုး)က ရူးနေတာ (ရယ်လျက်)။

သူတို့နှစ်ယောက် ချာတိတ် ဘဝတုန်းက သူတို့ အမေ နဲ့ ခရီး သွားတုန်းခေါင်းထိသွားကြတာလေ။ သနားဖို့ကောင်းကြပါတယ်။ အဲဒီ ” သူငယ်ချင်း ယောက္ခမ” တောင် ပထမကားနဲ့ ဒုတိယကား ခုနှစ်နှစ်ရှစ်နှစ်ကွာတယ်။ ရုပ်တွေကတော့ အကုန်လုံးပြောင်းသွားကြပါတယ်။ အဲဒီကောင်က အပြောင်းဆုံး။ ဖောသွပ်နေတာ။ဟုတ်တယ် . . ကိုနိုင်က အနုပညာ အလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့် သူကတော့ ကြားထဲမှာ စီးပွားရေးတွေလုပ်နေတယ်။

သူေဋ္ဌး ဖြစ်သွားတယ်လို့ လူတွေက ထင်ကြလိမ့်မယ်။ အမှန် ဒီကောင် ငိုနေရ တာတွေ မသိကြဘူး။ ပရိသတ်အတွက်က တော့ ဒီနေ့ဒီအချိန်ဒီအသက်အရွယ်ထိ မြန်မာပြည်က ပရိသတ် တွေရော၊ တိုင်းပြည် ပေါင်းစုံက ပရိသတ်တွေကိုရော သည်းခံပြီးအား ပေးလာခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

ဆက်ပြီးလည်းသည်းခံပေးပါဦးလို့။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျူလိုင်မိုး(အိုအေစစ် ဂျာနယ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top