ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အၾကီးဆံုးရန္သူဆိုတာ အနီးဆံုးမွာ
_________________________________

လူတစ္ေယာက္ကို တကယ္ခင္ရင္
ဘာအက်ိဳးမွ မေမွ်ာ္ကိုးပါနဲ ့ ေမတၱာသန္ ့သန္ ့နဲ ့ခင္ပါ .
ကိုယ္ေမွ်ာ္လင့္ေနတဲ့အရာ မရခဲ့ရင္ အမုန္းနဲ ့လမ္းခြဲရမွာ
ေျမၾကီး လက္ခပ္မလႊဲဘူး ။

လူတစ္ေယာက္ကို တကယ္ခ်စ္ရင္ တစံုတရာေမွ်ာ္လင့္ျပီး
မခ်စ္ပါနဲ ့ ဘယ္ေလာက္ခ်စ္ခ်စ္ ကိုယ္လိုခ်င္တာမရတဲ့အခါ
အလိုမက်မႈေတြက အျပစ္အျဖင့္ေျပာင္းလဲျပီး အမုန္းနဲ ့
အဆံုးသတ္ရမွာပါပဲ ။

လူလူခ်င္း ဆက္ဆံေရးမွာ သာမာန္ထက္ပိုရင္းနွီးလာရင္
သတိထားပါ လူတိုင္းက ကိုယ့္စိတ္လို မဟုတ္ဘူး ။

တခ်ိဳ ့က ေစတနာသန္ ့သန္ ့ ေမတၱာသန္ ့သန္ ့နဲ ့ ခင္မင္
ဆက္ဆံေပမယ့္ အမ်ားစုက ကိုယ့္အေပၚ မရိုးသားဘူး
ဆိုတာကို အျမဲသတိနဲ ့ ယွဥ္ထားျပီး ဆက္ဆံပါ ။

ကိုယ္ကျဖဴေနရင္ေတာင္ အၾကံသမားေတြဆိုတာ
အခ်ိန္မေရြး ကိုယ့္ေစတနာကို အေရာင္ဆိုးေပးဖို ့လက္မေနွး
ၾကပါဘူး ။

ကိုယ္လည္းလူထဲက လူပဲ ေစတနာသန္ ့သန္ ့နဲ ့ ကူညီတာကို
လာေစာ္ကားရင္း ေဒါသထြက္ေပါက္ကြဲမိမွာဘဲေလ ။
ေမတၱာအစစ္နဲ ့ ကူညီတာကို ရိုင္းစိုင္းစြာနဲ ့ လာေစာ္ကားရင္
လက္တုန္ ့ျပန္မိမွာပဲ
ကိုယ့္ဖက္က ရိုးသားခဲ့တာေလ ဘယ္သူက သက္သက္လာ
ေစာ္ကားတာကို ျငိမ္ခံေနမွာလည္း ။

ခ်က္ခ်င္းလက္ငင္းအခ်ိန္မွာေတာ့ ဘာမွမစဥ္းစားနိုင္ေတာ့
ေဒါသထြက္မယ္ စိတ္ေတြတိုမယ္ သူတစ္ခြန္း ကိုယ္တခြန္း
ေျပာမိတယ္ ကိုယ္ျပဳခဲ့တဲ့ ကုသိုလ္ကေန အကုသိုလ္အျဖစ္
ေျပာင္းလဲသြားျပီ ။

တခ်ိဳ ့ရွိတယ္
စာနာစိတ္လံုးဝမရွိသူေတြ ! သူတပါးေက်းဇူးကို မသိသူေတြ
တပါးသူရဲ့ အားနည္းခ်က္ကိုအေၾကာင္းျပီး အကူညီယူတတ္
တဲ့သူေတြ !
ဒီလိုလူမ်ိဳးေတြေလာက္ ယုတ္ညံ့သူမရွိေတာ့သလို
တုဖက္ျပီး စကားကို မေျပာသင့္ပါဘူး ေဝးေဝးကသာေရွာင္ပါ။
မေရွာင္နိုင္ရင္ ကိုယ္သာ စိတ္ဒုကၡေရာက္ရမွာပါ ။

အဆိုးဆံုးခံစားရတာက ကိုယ္ကူညီခဲ့တာ အျပန္အလွန္
သေဘာနဲ ့မဟုတ္ပါဘူး စာနာစိတ္နဲ ့ပါ ။
ဒါေပမယ့္ စာနာစိတ္မရွိသူေတြက ကိုယ့္ေစတနာကို
အသိမွတ္မျပဳတဲ့အျပင္ မထီမဲ့ျမင္လုပ္သြားတာကို
ခံစားရအဆိုးဆံုး နဲ ့ ခံစားရအခက္ဆံုး ပဲျဖစ္ပါတယ္ ။

သူဟာကိုယ္မွမဟုတ္တာလို ့ တျခားေနရာေတြမွာ
နားလည္မႈထားနိုင္ေပမယ့္ ကိုယ့္ေစတနာကို
လာေစာ္ကားရင္ခံစားရ အေတာ္ေလးဆိုးတာမို ့
" အက်ိဳးေမွ်ာ္ျပီးမွ ခင္တဲ့သူေတြကို ေရွာင္ပါ "
" ခ်စ္တယ္လို ့ေျပာျပီး အက်ိဳးေမွ်ာ္တတ္တဲ့ ခ်စ္သူကို " လည္း
ျပတ္ျပတ္သားသား စြန္ ့လႊတ္ပစ္ပါ ။
ေဝဒနာေသးေသးနဲ ့ ၾကီးၾကီး ဘယ္ဟာပိုသက္လိမ့္မလည္း
ေရြးခ်ယ္ၾကပါ ။

ေသခ်ာတာ တစ္ခုက သူတပါးေက်းဇူးမသိသူေတြဆိုတာ
အခ်ိန္မေရြး ကိုယ့္ကိုျပန္ေစာ္ကားဖို ့ လက္မတြန္ ့သလို
စာနာမႈမရွိသူေတြဆိုတာ အခ်ိန္မေရြးကိုယ့္ေနာက္ေက်ာကို
ဓါးနဲ ့ထိုးဖို ့ လက္မေနွးၾကပါဘူး ။
ဒီလူေတြကို ၾကည့္လိုက္ပါ အေဝးဆံုးကလူေတြ မဟုတ္ဖူး
ကိုယ့္အနားမွာေနသြားၾကတဲ့သူေတြပဲ ျဖစ္ေနပါလိမ့္မယ္ ။

ဒါေၾကာင့္ ကိုယ့္ကုသိုလ္ေတြ အကုသိုလ္မျဖစ္ေအာင္
သူစိမ္းဆိုတာ အေနနီးေလ သတိၾကီးၾကီးထားရေလဆိုတာ
မေမ့ၾကပါနဲ ့ ။
တကယ္ေတာ့ အၾကီးဆံုးရန္သူဆိုတာ အနီးဆံုးက
ထြက္သြားၾကတာပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MayNoe

#Unicode Version#
အကြီးဆုံးရန်သူဆိုတာ အနီးဆုံးမှာ
_________________________________

လူတစ်ယောက်ကို တကယ်ခင်ရင်
ဘာအကျိုးမှ မမျှော်ကိုးပါနဲ့ မေတ္တာသန့်သန့်နဲ့ခင်ပါ .
ကိုယ်မျှော်လင့်နေတဲ့အရာ မရခဲ့ရင် အမုန်းနဲ့လမ်းခွဲရမှာ
မြေကြီး လက်ခပ်မလွှဲဘူး ။

လူတစ်ယောက်ကို တကယ်ချစ်ရင် တစုံတရာမျှော်လင့်ပြီး
မချစ်ပါနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ်လိုချင်တာမရတဲ့အခါ
အလိုမကျမှုတွေက အပြစ်အဖြင့်ပြောင်းလဲပြီး အမုန်းနဲ့
အဆုံးသတ်ရမှာပါပဲ ။

လူလူချင်း ဆက်ဆံရေးမှာ သာမာန်ထက်ပိုရင်းနှီးလာရင်
သတိထားပါ လူတိုင်းက ကိုယ့်စိတ်လို မဟုတ်ဘူး ။

တချို့က စေတနာသန့်သန့် မေတ္တာသန့်သန့်နဲ့ ခင်မင်
ဆက်ဆံပေမယ့် အများစုက ကိုယ့်အပေါ် မရိုးသားဘူး
ဆိုတာကို အမြဲသတိနဲ့ ယှဉ်ထားပြီး ဆက်ဆံပါ ။

ကိုယ်ကဖြူနေရင်တောင် အကြံသမားတွေဆိုတာ
အချိန်မရွေး ကိုယ့်စေတနာကို အရောင်ဆိုးပေးဖို့လက်မနှေး
ကြပါဘူး ။

ကိုယ်လည်းလူထဲက လူပဲ စေတနာသန့်သန့်နဲ့ ကူညီတာကို
လာစော်ကားရင်း ဒေါသထွက်ပေါက်ကွဲမိမှာဘဲလေ ။
မေတ္တာအစစ်နဲ့ ကူညီတာကို ရိုင်းစိုင်းစွာနဲ့ လာစော်ကားရင်
လက်တုန့်ပြန်မိမှာပဲ
ကိုယ့်ဖက်က ရိုးသားခဲ့တာလေ ဘယ်သူက သက်သက်လာ
စော်ကားတာကို ငြိမ်ခံနေမှာလည်း ။

ချက်ချင်းလက်ငင်းအချိန်မှာတော့ ဘာမှမစဉ်းစားနိုင်တော့
ဒေါသထွက်မယ် စိတ်တွေတိုမယ် သူတစ်ခွန်း ကိုယ်တခွန်း
ပြောမိတယ် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကနေ အကုသိုလ်အဖြစ်
ပြောင်းလဲသွားပြီ ။

တချို့ရှိတယ်
စာနာစိတ်လုံးဝမရှိသူတွေ ! သူတပါးကျေးဇူးကို မသိသူတွေ
တပါးသူရဲ့ အားနည်းချက်ကိုအကြောင်းပြီး အကူညီယူတတ်
တဲ့သူတွေ !
ဒီလိုလူမျိုးတွေလောက် ယုတ်ညံ့သူမရှိတော့သလို
တုဖက်ပြီး စကားကို မပြောသင့်ပါဘူး ဝေးဝေးကသာရှောင်ပါ။
မရှောင်နိုင်ရင် ကိုယ်သာ စိတ်ဒုက္ခရောက်ရမှာပါ ။

အဆိုးဆုံးခံစားရတာက ကိုယ်ကူညီခဲ့တာ အပြန်အလှန်
သဘောနဲ့မဟုတ်ပါဘူး စာနာစိတ်နဲ့ပါ ။
ဒါပေမယ့် စာနာစိတ်မရှိသူတွေက ကိုယ့်စေတနာကို
အသိမှတ်မပြုတဲ့အပြင် မထီမဲ့မြင်လုပ်သွားတာကို
ခံစားရအဆိုးဆုံး နဲ့ ခံစားရအခက်ဆုံး ပဲဖြစ်ပါတယ် ။

သူဟာကိုယ်မှမဟုတ်တာလို့ တခြားနေရာတွေမှာ
နားလည်မှုထားနိုင်ပေမယ့် ကိုယ့်စေတနာကို
လာစော်ကားရင်ခံစားရ အတော်လေးဆိုးတာမို့
" အကျိုးမျှော်ပြီးမှ ခင်တဲ့သူတွေကို ရှောင်ပါ "
" ချစ်တယ်လို့ပြောပြီး အကျိုးမျှော်တတ်တဲ့ ချစ်သူကို " လည်း
ပြတ်ပြတ်သားသား စွန့်လွှတ်ပစ်ပါ ။
ဝေဒနာသေးသေးနဲ့ ကြီးကြီး ဘယ်ဟာပိုသက်လိမ့်မလည်း
ရွေးချယ်ကြပါ ။

သေချာတာ တစ်ခုက သူတပါးကျေးဇူးမသိသူတွေဆိုတာ
အချိန်မရွေး ကိုယ့်ကိုပြန်စော်ကားဖို့ လက်မတွန့်သလို
စာနာမှုမရှိသူတွေဆိုတာ အချိန်မရွေးကိုယ့်နောက်ကျောကို
ဓါးနဲ့ထိုးဖို့ လက်မနှေးကြပါဘူး ။
ဒီလူတွေကို ကြည့်လိုက်ပါ အဝေးဆုံးကလူတွေ မဟုတ်ဖူး
ကိုယ့်အနားမှာနေသွားကြတဲ့သူတွေပဲ ဖြစ်နေပါလိမ့်မယ် ။

ဒါကြောင့် ကိုယ့်ကုသိုလ်တွေ အကုသိုလ်မဖြစ်အောင်
သူစိမ်းဆိုတာ အနေနီးလေ သတိကြီးကြီးထားရလေဆိုတာ
မမေ့ကြပါနဲ့ ။
တကယ်တော့ အကြီးဆုံးရန်သူဆိုတာ အနီးဆုံးက
ထွက်သွားကြတာပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: MayNoe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top