လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေတာင္တြင္းႀကီးၿမိဳ႕တြင္ ဆူပူမႈျဖစ္ပြားၿပီးေနာက္တစ္ရက္ျဖစ္ေသာ စက္တင္ဘာ၁၁ရက္ညက လုံျခံဳေရးေဆာင္ရြက္ေနသူမ်ားကုိေတြ႕ရစဥ္ (ဓာတ္ပုံ− Phone Swe'FB)
ေတာင္တြင္းႀကီးၿမိဳ႕သား ကိုတင္ထြန္းေအာင္တစ္ေယာက္ စက္တင္ဘာ ၁၀ ရက္ ည ၇ နာရီခဲြခန္႔က ၿမိဳ႕ထဲမွ ေနအိမ္သုိ႔ ျပန္လာခဲ့သည္။ ထိုစဥ္ ကားႀကီး၀င္းအတြင္းလူသံုးဆယ္ခန္႔ပါ၀င္သည့္ ဆုိင္ကယ္အုပ္စုတစ္စုထြက္လာသည္ကို ျမင္ရသည္။

ယင္းလူစုသည္ ေတာင္တြင္းႀကီးၿမိဳ႕တြင္ လူမ်ိဳးေရး၊ ဘာသာေရးအသြင္ ဆူပူမႈမ်ားျဖစ္ပြားေစရန္ ႀကံစည္ခ့ဲသူမ်ားျဖစ္ေၾကာင္း ကိုတင္ထြန္းေအာင္က ဆုိသည္။

ေတာင္တြင္းႀကီးၿမိဳ႕တြင္ စက္တင္ဘာ ၁၀ ရက္ ည ၈ နာရီခန္႔က မ်က္ႏွာဖံုးစြပ္ထားေသာ လူတစ္စုက အစၥလာမ္ဘာသာ၀င္မ်ားပိုင္ ေစ်းဆုိင္မ်ား ေနအိမ္မ်ားကို ခဲမ်ား၊ တုတ္မ်ားျဖင့္ ပစ္ခတ္ဖ်က္ဆီးခဲ့သည္။ ထို႔ေနာက္ အဓိက႐ုဏ္းအသြင္ေဆာင္ကာ ေနရာအႏွံ႔ တိုက္ခုိက္ဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ၿမိဳ႕လယ္ရွိ ဗလီတစ္ခုကိုလည္း ဖ်က္ဆီးရန္ ႀကိဳးစားသျဖင့္ ရဲတပ္ဖဲြ႕က ၿဖိဳခြင္းခဲ့သည္။ ထို႔ေနာက္ နယ္ေျမခံတပ္ကပါ လံုၿခံဳေရး ကူညီေဆာင္ရြက္ခဲ့ရသည္။

‘‘ျပႆနာစတာက ေတာင္တြင္းႀကီး ကားႀကီး၀င္းထဲကျဖစ္ မယ္ဗ်။ ဘာျဖစ္လို႔လဲဆုိေတာ့ အဲဒီဖ်က္ဆီးမႈျပဳလုပ္တဲ့ လူတစ္စုကို အဲဒီကား၀င္းထဲက ထြက္လာတာ ကၽြန္ေတာ္ ေတြ႕လိုက္ရတယ္။ မေကြးလမ္းေပၚမွာ ေဘးခ်င္းတုိက္ကို ေရွာင္လိုက္ရတာ။ ကား၀င္းထဲက အစၥလာမ္ဘာသာ၀င္အခ်ိဳ႕ရဲ႕ ဆုိင္ခန္းေတြ စဖ်က္ဆီးခံရတယ္။ ေနာက္ေတာ့ မေကြးလမ္းမႀကီး ေပၚက ဘာသာျခားေတြရဲ႕ ဆုိင္ ေတြ၊ အိမ္ေတြကို ဆက္ဖ်က္ဆီး ေတာ့တာပါပဲ’’ဟု ယင္းျဖစ္ရပ္ကို ကိုယ္ေတြ႕ႀကံဳခဲ့ရသူ ကိုတင္ထြန္းေအာင္က ေျပာသည္။

ေတာင္တြင္းႀကီးဆူပူမႈျဖစ္စဥ္သည္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္႐ံုးက ျမန္မာႏုိင္ငံရွိၿမိဳ႕ႀကီးမ်ားတြင္ အၾကမ္းဖက္အႏၲရာယ္တြင္မ်ားျဖစ္ပြားလာႏုိင္ေၾကာင္း စက္တင္ဘာ ၅ ရက္က သတိေပး ခ်က္ထုတ္ျပန္ၿပီး ေျခာက္ရက္အ ၾကာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ စက္တင္ဘာ ၉ ရက္စဲြျဖင့္ မတူညီသည့္ လူ႔အဖဲြ႕အစည္းမ်ားၾကားတြင္ မလိုလားအပ္သည့္ ျပႆနာမ်ားျဖစ္ပြားေစရန္ တယ္လီဖုန္းမက္ေဆ့ခ်္မ်ား၊ ေဖ့စ္ဘြတ္ခ္မက္ဆင္ဂ်ာမ်ားတြင္ ေသြးထိုးလႈံ႔ေဆာ္သည့္ စာမ်ား ျဖန္႔ေ၀ေနၿပီး ယင္းလုပ္ရပ္မ်ားကို ေဖာ္ထုတ္ကာ ဥပေဒႏွင့္အညီ အေရးယူမည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္သမၼတကထုတ္ျပန္ၿပီး ေနာက္ရက္တြင္ အဆိုပါျဖစ္ရပ္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။


ေတာင္တြင္းႀကီးၿမိဳ႕တြင္ လုံၿခဳံေရးတာ၀န္ထမ္းေဆာင္ေနေသာ ရဲတပ္ဖြဲ႕၀င္အခ်ိဳ႕ကို စက္တင္ဘာ ၁၁ ရက္ညက ေတြ႕ရစဥ္

‘‘တကယ္တမ္း ျပႆနာစခဲ့တာ လူႏွစ္ဆယ္ေလာက္ကစတာ။ ေနာက္ပုိင္း ငါးဆယ္ေလာက္ ျဖစ္လာတယ္ေပါ့ေနာ္။ ၿမိဳ႕ထဲ ေရာက္လာေတာ့ေလ။ လူသံုး ေလးရာဆုိတာမဟုတ္ပါဘူး။ ေဘးက၀ိုင္းၾကည့္သူေတြေတာ့ရွိတယ္။ ႏွစ္ရာဆုိတာ အမ်ားဆံုးေလာက္ပဲျဖစ္မယ္။ ဒါေပမဲ့ အဲဒီလူအုပ္ထဲက ႏွစ္ေယာက္၊ သံုးေယာက္ ေလာက္က ၾကည့္မေနဘဲ ၀င္လုပ္ ၾကဖို႔ ေအာ္ဟစ္ေျမႇာက္ေပးတာလုပ္တယ္’’ဟု အခင္းျဖစ္ေနရာတြင္ လံုၿခံဳေရးတပ္ဖဲြ႕၀င္မ်ားႏွင့္အ တူရွိေနခဲ့သူ ေတာင္တြင္းႀကီးၿမိဳ႕ ပရဟိတအသင္း၀င္တစ္ဦးက အခင္းျဖစ္စဥ္ျမင္ကြင္းကို ေျပာျပသည္။

ေတာင္တြင္းႀကီးေဒသခံအမ်ားစုရွိေသာ ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာႏွင့္ ဂ႐ု(ပ္)မ်ားတြင္လည္း ဆူပူမႈမ်ား စတင္ျဖစ္ပြားေနစဥ္ အေကာင့္တုမ်ားက ေတာင္တြင္းႀကီးၿမိဳ႕တြင္ လူမ်ိဳးေရးအဓိက႐ုဏ္း မ်ားျဖစ္ေနၿပီဟု အဓိပၸာယ္သက္ ေရာက္ေစသည့္ လႈံ႔ေဆာ္သည့္စာမ်ားကို သံုးႀကိမ္ထက္မနည္း တင္ခဲ့သည္ကို ေတြ႕ရွိေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာျပသည္။

ထို႔အျပင္ ဘာသာျခားေန အိမ္ဆိုင္ခန္းမ်ားကို ဖ်က္ဆီးခဲ့ေသာ လူအုပ္ႏွင့္ ပူးေပါင္းရန္ ရပ္ ၾကည့္ေနေသာ လူစုႀကီးထံသို႔ ေသြးထိုးေျပာၾကားသူအခ်ိဳ႕လည္းရွိခဲ့ေၾကာင္း ယင္းညျဖစ္စဥ္တြင္ ကိုယ္တိုင္ေတြ႕ႀကံဳခဲ့ရသူမ်ားက ေျပာသည္။

‘‘ရပ္ၾကည့္ေနတဲ့လူအုပ္ကို မင္းတို႔ဘာလုပ္ေနတာလဲ။ ၀ိုင္းဖ်က္ၾကပါလား၊ ၿဖိဳပစ္ကြာ၊ ခ်ကြာ နဲ႔ လူႏွစ္ေယာက္၊ သံုးေယာက္အနား လာေအာ္ေနေသးတယ္။ ၾကည့္ေနတဲ့သူေတြ မပါႏုိင္တာသိလို႔လား၊ လံုၿခံဳေရးကို ေၾကာက္လို႔ လားမသိ၊ ခဏၾကာေတာ့ ေပ်ာက္သြားေရာ။ အဲဒါ ႏွစ္ေနရာ၊ သံုးေနရာမွာကို ႀကံဳတာေနာ္’’ဟု ေဒသခံ တစ္ဦးက ေျပာျပသည္။

ျဖစ္စဥ္တြင္ လူတစ္စုကသာ တုိက္ခိုက္ဖ်က္ဆီးမႈခဲ့ၿပီး ေဒသခံျပည္သူအမ်ားစု ပါ၀င္ျခင္းမရွိေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္ ဦး၀င္းျမင့္လိႈင္က ေထာက္ခံေျပာဆုိသည္။

 ‘‘လူေလးရာေလာက္က လည္း မဟုတ္ပါဘူး။ လူသံုးဆယ္ ေလာက္ေပါ့ေနာ္။ အဲဒီေလာက္ကပဲလုပ္တာပါ။ က်န္တာေတြက ရပ္ၾကည့္ေနၾကတာပါ။ အဲဒါေၾကာင့္လည္း ထိန္းသိမ္းႏုိင္ခဲ့တာ’’ဟု ဆို သည္။ ေတာင္တြင္းႀကီးၿမိဳ႕ ေဒသခံမ်ားက ယင္းျဖစ္စဥ္တြင္ ပါ၀င္မႈမရွိဟု ဆိုသည္။

‘‘လုပ္တာေတာ့ လုပ္ၾကတာပဲ။ ဘုရားစာေတြလည္း ရြတ္တယ္ ဗ်ာ။ ႏုိင္ငံေတာ္သီခ်င္းကိုလည္း ေအာ္ဟစ္ၿပီးကို ဆိုၾကတာဗ်ာ။ ဒါ ေတြ ေနာက္လူေတြေမ်ာပါသြားရင္ လံုး၀မလြယ္တဲ့ အေျခအေန ျဖစ္မွာ’’ဟု ယင္းျဖစ္ရပ္စဥ္တြင္ အစအဆံုးရွိေနသူ ေတာင္တြင္းႀကီးေဒသခံတစ္ဦးက ဆုိသည္။

ယင္းျဖစ္ရပ္ေၾကာင့္ လူထိခုိက္ေသဆံုးမႈတစ္စံုတစ္ရာမရွိခဲ့ ေသာ္လည္း အစၥလာမ္ဘာသာ၀င္မ်ားပိုင္ ေစ်းဆိုင္ခန္း ရွစ္ခန္းပ်က္ စီးဆံုး႐ႈံးခဲ့ေၾကာင္း အစိုးရအဖဲြ႕က ထုတ္ျပန္ထားသည္။ ထို႔အျပင္ သတင္းထုတ္ျပန္ခ်က္တြင္မပါရွိ ေသာ္လည္း ေတာင္တြင္းႀကီးကား ႀကီး၀င္းအတြင္းရွိ အစၥလာမ္ဘာသာ၀င္အခ်ိဳ႕၏ ဆိုင္ခန္းေလးခန္းခန္႔လည္း ဖ်က္ဆီးခံခဲ့ရေၾကာင္း ၿမိဳ႕ခံအခ်ိဳ႕က မ်က္ျမင္ေတြ႕ရွိခ်က္ကို ျပန္ေျပာသည္။

ေတာင္တြင္းႀကီးၿမိဳ႕ခံ အစၥလာမ္ဘာသာဝင္တစ္ဦးကမူ ဆုိင္ခန္းဖ်က္ဆီးခံရ႐ံုသာမက ဆုိင္အတြင္းရိွ ပစၥည္းမ်ားပါ ဖ်က္ဆီးယူ ေဆာင္ေၾကာင္း ေျပာသည္။

ဆူပူမႈႏွင့္ ပတ္သက္၍ စက္တင္ဘာ ၁၁ ရက္ ည ၁၀ ခန္႔အထိ ဆူပူမႈတြင္ ပါဝင္သည့္ ယူဆသူငါးဦးကို ဖမ္းဆီးထားၿပီး ဆူပူမႈမ်ား ျဖစ္ပြားေအာင္ လုပ္ေဆာင္သည့္အေၾကာင္းရင္းကို စစ္ေဆးေဖာ္ထုတ္ေနဆဲျဖစ္ေၾကာင္း  ေတာင္တြင္းႀကီးၿမိဳ႕ ေဒသအာဏာပုိင္မ်ားက ဆုိသည္။


ဖ်က္ဆီးခံထားရသည့္ ေစ်းဆိုင္တစ္ဆိုင္အတြင္းပိုင္းကို ေတြ႕ရစဥ္
တုိင္းအစိုးရအဖဲြ႕အေနျဖင့္ ယင္းျဖစ္ရပ္အေပၚ ျပင္းျပင္းထန္ထန္႐ႈတ္ခ်ၿပီး အညင္သာဆံုးႏွင့္ အဆင္ေျပဆံုး နည္းလမ္းမ်ား ရွာႀကံကာ ေျဖရွင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေျပာသည္။

မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မုိးညိဳက ယင္းျဖစ္စဥ္အတြက္ ထိထိေရာက္ေရာက္အေရး ယူေဆာင္ရြက္ရန္ တိုင္းရဲတပ္ဖြဲ႕မွဴးကုိ ၫႊန္ၾကားထားၿပီးျဖစ္ ေၾကာင္း ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစုိးရအဖြဲ႕ အလုပ္သမားဝန္ႀကီး ဦးေန မ်ိဳးေက်ာ္ကမူ ဆူပူမႈစတင္ျဖစ္ပြားရျခင္း အေၾကာင္းရင္းကုိ စံုစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး ေနာက္ပုိင္းတြင္ အေသးစိတ္ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း ေျပာသည္။

အဆုိပါျပႆနာသည္ လူမႈ ကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေဖာ္ ျပေနေသာ ရခုိင္ေဒသ သတင္းအမွားမ်ားေပၚတြင္နားေယာင္ခဲ့ေသာ ေဒသခံလူငယ္မ်ား၏ မိုက္မဲေသာ လုပ္ရပ္တစ္ခုသာျဖစ္ႏုိင္ၿပီး ေနာက္ကြယ္မွ တြန္းအားေပးမႈ တစ္စံုတစ္ရာရိွေနႏိုင္ေၾကာင္း ဦးဝင္းျမင့္လိႈင္က သံုးသပ္သည္။ စက္တင္ဘာ ၁၀ ရက္ညက ဖမ္းဆီးရမိသူကုိ စစ္ေဆးခဲ့ရာ ရခိုင္ျပည္နယ္ေျမာက္ပုိင္း ေမာင္ေတာေဒသရိွ ARSA အစြန္းေရာက္အၾကမ္းဖက္သမားမ်ား၏ လုပ္ေဆာင္မႈႏွင့္ ပတ္သက္ၿပီး ေက်နပ္မႈမရိွေသာေၾကာင့္ ပါဝင္ခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း အစိုးရက ထုတ္ျပန္ထားသည္။

ေနအိမ္ႏွင့္ ဆုိင္ခန္းဖ်က္ဆီးခံရမႈမ်ား ႀကံဳေတြ႕ခဲ့ရေသာ္လည္း အစၥလာမ္ဘာသာဝင္မ်ားဘက္က တစ္စံုတစ္ရာတုံ႔ျပန္မႈမရိွခဲ့ေၾကာင္း ႏွစ္ဖက္ေသာ ေတာင္တြင္းႀကီး ေဒသခံမ်ားကဆုိသည္။

‘‘ကုိယ္ေတြက ဘာမွမလုပ္ရဲပါဘူး။ ေစာေစာဆုိင္ပိတ္ျပန္တယ္။ အျပင္မွာ ျဖစ္ေနတဲ့ အသံၾကားေတာ့လည္း ထြက္္မၾကည့္ခဲ့ပါဘူး။ ဒီအတုိင္းပဲ အိမ္ထဲမွေနခဲ့တယ္။ ကုိယ့္အိမ္ကုိ တစ္ခုခုလုပ္လာၿပီဆုိရင္ မိသားစုေဘးကင္းဖို႔ပဲ အဲဒီတုန္းက စဥ္းစားခဲ့တယ္’’ဟု အစၥလာမ္ ဘာသာဝင္တစ္ဦးက ေျပာျပသည္။

စက္တင္ဘာ ၁၁ ရက္ညတြင္္မူ ေတာင္တြင္းႀကီးၿမိဳ႕ေပၚ၌ လံုၿခံဳေရးမ်ား ေနရာအႏွံ႔အျပားတုိးျမႇင့္ခ်ထားလ်က္ရိွၿပီး ယခု ေဆာင္းပါးေရးသားခ်ိန္ စက္တင္ဘာ ၁၁ ရက္ည ၁၂ နာရီေက်ာ္အထိ အေျခအေနေအးေဆးတည္ ၿငိမ္ေနသည္။

ေတာင္တြင္းႀကီး ေဒသခံအမ်ားစုက စက္တင္ဘာ ၁၀ ရက္ည ဆူပူလႈံ႔ေဆာ္မႈတြင္ လူထုပါဝင္ျခင္းမရိွ၍ ထိုမွ်ႏွင့္ပင္ ၿပီးဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း မွတ္ခ်က္ျပဳသည္။

ထိုအျပင္ ေတာင္တြင္းႀကီး ျဖစ္စဥ္ကို သင္ခန္းစာယူ၍ တုိင္း ျပည္မတည္မၿငိမ္ျဖစ္ေစရန္ ဆူပူလႈံ႔ေဆာ္မႈမ်ားကို သတိထား ေစာင့္ၾကည့္ကာ လႈံ႔ေဆာ္မႈမ်ားရိွပါကလည္း နားမေယာင္ဘဲ အစိုးရႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ ေဒသခံမ်ားက အႀကံျပဳသည္။

‘‘တကယ္တမ္း လုပ္သြားတာက အေယာက္သံုးဆယ္ ပတ္ခ်ာလည္ေလာက္ပဲ အလုပ္လုပ္တာ။ ျပည္သူလူထုအေနနဲ႔ အသိ၊ သတိရွိဖုိ႔၊ ေနာက္ၿပီးေတာ့ ဆင္ျခင္တံုတရားနဲ႔ ဆင္ျခင္သံုးသပ္ဖို႔။ ေနာက္ၿပီးေတာ့ တုိင္းျပည္ၿငိမ္းခ်မ္းေအာင္ ေဘးၿမိဳ႕ေတြမွာေရာ ျပည္သူလူထုအကုန္လံုးက လက္ရွိအစိုးရနဲ႔ ပူးေပါင္းၿပီးေတာ့ ၿငိမ္းခ်မ္းေအာင္ေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီမွာလို ဆူပူမႈေတြ မျဖစ္ေအာင္ ဝိုင္းဝန္းထိန္းသိမ္းဖို႔ လိုပါတယ္’’ ဟု ဦး၀င္းျမင့္လိႈင္ကအႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
တောင်တွင်းကြီးမြို့တွင် ဆူပူမှုဖြစ်ပွားပြီးနောက်တစ်ရက်ဖြစ်သော စက်တင်ဘာ၁၁ရက်ညက လုံခြုံရေးဆောင်ရွက်နေသူများကိုတွေ့ရစဉ် (ဓာတ်ပုံ− Phone Swe'FB)

တောင်တွင်းကြီးမြို့သား ကိုတင်ထွန်းအောင်တစ်ယောက် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီခွဲခန့်က မြို့ထဲမှ နေအိမ်သို့ ပြန်လာခဲ့သည်။ ထိုစဉ် ကားကြီးဝင်းအတွင်းလူသုံးဆယ်ခန့်ပါဝင်သည့် ဆိုင်ကယ်အုပ်စုတစ်စုထွက်လာသည်ကို မြင်ရသည်။

ယင်းလူစုသည် တောင်တွင်းကြီးမြို့တွင် လူမျိုးရေး၊ ဘာသာရေးအသွင် ဆူပူမှုများဖြစ်ပွားစေရန် ကြံစည်ခဲ့သူများဖြစ်ကြောင်း ကိုတင်ထွန်းအောင်က ဆိုသည်။

တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက် ည ၈ နာရီခန့်က မျက်နှာဖုံးစွပ်ထားသော လူတစ်စုက အစ္စလာမ်ဘာသာဝင်များပိုင် ဈေးဆိုင်များ နေအိမ်များကို ခဲများ၊ တုတ်များဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်။ ထို့နောက် အဓိကရုဏ်းအသွင်ဆောင်ကာ နေရာအနှံ့ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး မြို့လယ်ရှိ ဗလီတစ်ခုကိုလည်း ဖျက်ဆီးရန် ကြိုးစားသဖြင့် ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်။ ထို့နောက် နယ်မြေခံတပ်ကပါ လုံခြုံရေး ကူညီဆောင်ရွက်ခဲ့ရသည်။

‘‘ပြဿနာစတာက တောင်တွင်းကြီး ကားကြီးဝင်းထဲကဖြစ် မယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဖျက်ဆီးမှုပြုလုပ်တဲ့ လူတစ်စုကို အဲဒီကားဝင်းထဲက ထွက်လာတာ ကျွန်တော် တွေ့လိုက်ရတယ်။ မကွေးလမ်းပေါ်မှာ ဘေးချင်းတိုက်ကို ရှောင်လိုက်ရတာ။ ကားဝင်းထဲက အစ္စလာမ်ဘာသာဝင်အချို့ရဲ့ ဆိုင်ခန်းတွေ စဖျက်ဆီးခံရတယ်။ နောက်တော့ မကွေးလမ်းမကြီး ပေါ်က ဘာသာခြားတွေရဲ့ ဆိုင် တွေ၊ အိမ်တွေကို ဆက်ဖျက်ဆီး တော့တာပါပဲ’’ဟု ယင်းဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့ရသူ ကိုတင်ထွန်းအောင်က ပြောသည်။

တောင်တွင်းကြီးဆူပူမှုဖြစ်စဉ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက မြန်မာနိုင်ငံရှိမြို့ကြီးများတွင် အကြမ်းဖက်အန္တရာယ်တွင်များဖြစ်ပွားလာနိုင်ကြောင်း စက်တင်ဘာ ၅ ရက်က သတိပေး ချက်ထုတ်ပြန်ပြီး ခြောက်ရက်အ ကြာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စက်တင်ဘာ ၉ ရက်စွဲဖြင့် မတူညီသည့် လူ့အဖွဲ့အစည်းများကြားတွင် မလိုလားအပ်သည့် ပြဿနာများဖြစ်ပွားစေရန် တယ်လီဖုန်းမက်ဆေ့ချ်များ၊ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာများတွင် သွေးထိုးလှုံ့ဆော်သည့် စာများ ဖြန့်ဝေနေပြီး ယင်းလုပ်ရပ်များကို ဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကထုတ်ပြန်ပြီး နောက်ရက်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


တောင်တွင်းကြီးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်အချို့ကို စက်တင်ဘာ ၁၁ ရက်ညက တွေ့ရစဉ်

‘‘တကယ်တမ်း ပြဿနာစခဲ့တာ လူနှစ်ဆယ်လောက်ကစတာ။ နောက်ပိုင်း ငါးဆယ်လောက် ဖြစ်လာတယ်ပေါ့နော်။ မြို့ထဲ ရောက်လာတော့လေ။ လူသုံး လေးရာဆိုတာမဟုတ်ပါဘူး။ ဘေးကဝိုင်းကြည့်သူတွေတော့ရှိတယ်။ နှစ်ရာဆိုတာ အများဆုံးလောက်ပဲဖြစ်မယ်။ ဒါပေမဲ့ အဲဒီလူအုပ်ထဲက နှစ်ယောက်၊ သုံးယောက် လောက်က ကြည့်မနေဘဲ ဝင်လုပ် ကြဖို့ အော်ဟစ်မြှောက်ပေးတာလုပ်တယ်’’ဟု အခင်းဖြစ်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အ တူရှိနေခဲ့သူ တောင်တွင်းကြီးမြို့ ပရဟိတအသင်းဝင်တစ်ဦးက အခင်းဖြစ်စဉ်မြင်ကွင်းကို ပြောပြသည်။

တောင်တွင်းကြီးဒေသခံအများစုရှိသော ဖေ့စ်ဘွတ်ခ်စာမျက် နှာနှင့် ဂရု(ပ်)များတွင်လည်း ဆူပူမှုများ စတင်ဖြစ်ပွားနေစဉ် အကောင့်တုများက တောင်တွင်းကြီးမြို့တွင် လူမျိုးရေးအဓိကရုဏ်း များဖြစ်နေပြီဟု အဓိပ္ပာယ်သက် ရောက်စေသည့် လှုံ့ဆော်သည့်စာများကို သုံးကြိမ်ထက်မနည်း တင်ခဲ့သည်ကို တွေ့ရှိကြောင်း မြို့ခံများက ပြောပြသည်။

ထို့အပြင် ဘာသာခြားနေ အိမ်ဆိုင်ခန်းများကို ဖျက်ဆီးခဲ့သော လူအုပ်နှင့် ပူးပေါင်းရန် ရပ် ကြည့်နေသော လူစုကြီးထံသို့ သွေးထိုးပြောကြားသူအချို့လည်းရှိခဲ့ကြောင်း ယင်းညဖြစ်စဉ်တွင် ကိုယ်တိုင်တွေ့ကြုံခဲ့ရသူများက ပြောသည်။

‘‘ရပ်ကြည့်နေတဲ့လူအုပ်ကို မင်းတို့ဘာလုပ်နေတာလဲ။ ဝိုင်းဖျက်ကြပါလား၊ ဖြိုပစ်ကွာ၊ ချကွာ နဲ့ လူနှစ်ယောက်၊ သုံးယောက်အနား လာအော်နေသေးတယ်။ ကြည့်နေတဲ့သူတွေ မပါနိုင်တာသိလို့လား၊ လုံခြုံရေးကို ကြောက်လို့ လားမသိ၊ ခဏကြာတော့ ပျောက်သွားရော။ အဲဒါ နှစ်နေရာ၊ သုံးနေရာမှာကို ကြုံတာနော်’’ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

ဖြစ်စဉ်တွင် လူတစ်စုကသာ တိုက်ခိုက်ဖျက်ဆီးမှုခဲ့ပြီး ဒေသခံပြည်သူအများစု ပါဝင်ခြင်းမရှိကြောင်း တောင်တွင်းကြီးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်လှိုင်က ထောက်ခံပြောဆိုသည်။

 ‘‘လူလေးရာလောက်က လည်း မဟုတ်ပါဘူး။ လူသုံးဆယ် လောက်ပေါ့နော်။ အဲဒီလောက်ကပဲလုပ်တာပါ။ ကျန်တာတွေက ရပ်ကြည့်နေကြတာပါ။ အဲဒါကြောင့်လည်း ထိန်းသိမ်းနိုင်ခဲ့တာ’’ဟု ဆို သည်။ တောင်တွင်းကြီးမြို့ ဒေသခံများက ယင်းဖြစ်စဉ်တွင် ပါဝင်မှုမရှိဟု ဆိုသည်။

‘‘လုပ်တာတော့ လုပ်ကြတာပဲ။ ဘုရားစာတွေလည်း ရွတ်တယ် ဗျာ။ နိုင်ငံတော်သီချင်းကိုလည်း အော်ဟစ်ပြီးကို ဆိုကြတာဗျာ။ ဒါ တွေ နောက်လူတွေမျောပါသွားရင် လုံးဝမလွယ်တဲ့ အခြေအနေ ဖြစ်မှာ’’ဟု ယင်းဖြစ်ရပ်စဉ်တွင် အစအဆုံးရှိနေသူ တောင်တွင်းကြီးဒေသခံတစ်ဦးက ဆိုသည်။

ယင်းဖြစ်ရပ်ကြောင့် လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ သော်လည်း အစ္စလာမ်ဘာသာဝင်များပိုင် ဈေးဆိုင်ခန်း ရှစ်ခန်းပျက် စီးဆုံးရှုံးခဲ့ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့အပြင် သတင်းထုတ်ပြန်ချက်တွင်မပါရှိ သော်လည်း တောင်တွင်းကြီးကား ကြီးဝင်းအတွင်းရှိ အစ္စလာမ်ဘာသာဝင်အချို့၏ ဆိုင်ခန်းလေးခန်းခန့်လည်း ဖျက်ဆီးခံခဲ့ရကြောင်း မြို့ခံအချို့က မျက်မြင်တွေ့ရှိချက်ကို ပြန်ပြောသည်။

တောင်တွင်းကြီးမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးကမူ ဆိုင်ခန်းဖျက်ဆီးခံရရုံသာမက ဆိုင်အတွင်းရှိ ပစ္စည်းများပါ ဖျက်ဆီးယူ ဆောင်ကြောင်း ပြောသည်။

ဆူပူမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၁၁ ရက် ည ၁၀ ခန့်အထိ ဆူပူမှုတွင် ပါဝင်သည့် ယူဆသူငါးဦးကို ဖမ်းဆီးထားပြီး ဆူပူမှုများ ဖြစ်ပွားအောင် လုပ်ဆောင်သည့်အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်နေဆဲဖြစ်ကြောင်း  တောင်တွင်းကြီးမြို့ ဒေသအာဏာပိုင်များက ဆိုသည်။


ဖျက်ဆီးခံထားရသည့် ဈေးဆိုင်တစ်ဆိုင်အတွင်းပိုင်းကို တွေ့ရစဉ်

တိုင်းအစိုးရအဖွဲ့အနေဖြင့် ယင်းဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချပြီး အညင်သာဆုံးနှင့် အဆင်ပြေဆုံး နည်းလမ်းများ ရှာကြံကာ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ယင်းဖြစ်စဉ်အတွက် ထိထိရောက်ရောက်အရေး ယူဆောင်ရွက်ရန် တိုင်းရဲတပ်ဖွဲ့မှူးကို ညွှန်ကြားထားပြီးဖြစ် ကြောင်း ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးနေ မျိုးကျော်ကမူ ဆူပူမှုစတင်ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး နောက်ပိုင်းတွင် အသေးစိတ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါပြဿနာသည် လူမှု ကွန်ရက်စာမျက်နှာများတွင် ဖော် ပြနေသော ရခိုင်ဒေသ သတင်းအမှားများပေါ်တွင်နားယောင်ခဲ့သော ဒေသခံလူငယ်များ၏ မိုက်မဲသော လုပ်ရပ်တစ်ခုသာဖြစ်နိုင်ပြီး နောက်ကွယ်မှ တွန်းအားပေးမှု တစ်စုံတစ်ရာရှိနေနိုင်ကြောင်း ဦးဝင်းမြင့်လှိုင်က သုံးသပ်သည်။ စက်တင်ဘာ ၁၀ ရက်ညက ဖမ်းဆီးရမိသူကို စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသောကြောင့် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

နေအိမ်နှင့် ဆိုင်ခန်းဖျက်ဆီးခံရမှုများ ကြုံတွေ့ခဲ့ရသော်လည်း အစ္စလာမ်ဘာသာဝင်များဘက်က တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခဲ့ကြောင်း နှစ်ဖက်သော တောင်တွင်းကြီး ဒေသခံများကဆိုသည်။

‘‘ကိုယ်တွေက ဘာမှမလုပ်ရဲပါဘူး။ စောစောဆိုင်ပိတ်ပြန်တယ်။ အပြင်မှာ ဖြစ်နေတဲ့ အသံကြားတော့လည်း ထွက်မကြည့်ခဲ့ပါဘူး။ ဒီအတိုင်းပဲ အိမ်ထဲမှနေခဲ့တယ်။ ကိုယ့်အိမ်ကို တစ်ခုခုလုပ်လာပြီဆိုရင် မိသားစုဘေးကင်းဖို့ပဲ အဲဒီတုန်းက စဉ်းစားခဲ့တယ်’’ဟု အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောပြသည်။

စက်တင်ဘာ ၁၁ ရက်ညတွင်မူ တောင်တွင်းကြီးမြို့ပေါ်၌ လုံခြုံရေးများ နေရာအနှံ့အပြားတိုးမြှင့်ချထားလျက်ရှိပြီး ယခု ဆောင်းပါးရေးသားချိန် စက်တင်ဘာ ၁၁ ရက်ည ၁၂ နာရီကျော်အထိ အခြေအနေအေးဆေးတည် ငြိမ်နေသည်။

တောင်တွင်းကြီး ဒေသခံအများစုက စက်တင်ဘာ ၁၀ ရက်ည ဆူပူလှုံ့ဆော်မှုတွင် လူထုပါဝင်ခြင်းမရှိ၍ ထိုမျှနှင့်ပင် ပြီးဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။

ထိုအပြင် တောင်တွင်းကြီး ဖြစ်စဉ်ကို သင်ခန်းစာယူ၍ တိုင်း ပြည်မတည်မငြိမ်ဖြစ်စေရန် ဆူပူလှုံ့ဆော်မှုများကို သတိထား စောင့်ကြည့်ကာ လှုံ့ဆော်မှုများရှိပါကလည်း နားမယောင်ဘဲ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဒေသခံများက အကြံပြုသည်။

‘‘တကယ်တမ်း လုပ်သွားတာက အယောက်သုံးဆယ် ပတ်ချာလည်လောက်ပဲ အလုပ်လုပ်တာ။ ပြည်သူလူထုအနေနဲ့ အသိ၊ သတိရှိဖို့၊ နောက်ပြီးတော့ ဆင်ခြင်တုံတရားနဲ့ ဆင်ခြင်သုံးသပ်ဖို့။ နောက်ပြီးတော့ တိုင်းပြည်ငြိမ်းချမ်းအောင် ဘေးမြို့တွေမှာရော ပြည်သူလူထုအကုန်လုံးက လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းအောင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဒီမှာလို ဆူပူမှုတွေ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်’’ ဟု ဦးဝင်းမြင့်လှိုင်ကအကြံပြုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top