



ခုတော့ ၄င်းကို အချုပ်ထဲမှာ ထည့်ထားပြီး စစ်ဆေးမှုများ ဆက်လုပ်နေကြောင်း ဖိလစ်ပိုင် အွန်လိုင်းဝက်ဆိုက်တစ်ခုဖြစ်တဲ့ viral4real က ရေးသားထားသည်။

Credit: PannPwint

#Unicode Version#
ဖိလစ်ပိုင်နိုင်ငံ နီဂရိုအောင်ရင်တယ်ဒေသတွင် ဆေးစွဲနေသူ သားတစ်ယောက်က သူ့ရဲ့ အသက် ၈၆ နှစ်အရွယ်မိခင်အရင်းကို ပြန်ပြီးမုဒိမ်းကျင့် ခဲ့သည့်အတွက် ရဲက ဖမ်းဆီးလိုက်ကြေင်းသိရသည်။

ဒီစက်ဆုပ်ဖွယ် အဖြစ်အပျက်ဟာ ဘရန်ဂေခရိုင်တွင် ဖြစ်ပွားခဲ့ပြီ ဒေသခံများအတွက် ထိတ်လန့် တုန်လှုပ်ခဲ့ကြရကြောင်း သိရသည်။
အိမ်နီးချင်းများက အသက်မရှိတော့သော ၈၆ နှစ်အရွယ် ဂျိုးစ်ဖီနာ ရဲ့ရုပ်အလောင်းကို သူမရဲ့အိမ်မှာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိတ်လန့်ဖွယ်မြင်ကွင်းတွင် ဓားဖြင့်ထိုးသွင်းရာများကိုလည်း ခန္ဓာကိုယ်ပေါ်တွင် တွေ့ခဲ့ကြရသည်။

အိမ်ကြမ်းပြင်တစ်ခုလုံး သွေးများစွန်းထင်းနေခဲ့သည်က တိုက်ခိုက်သတ်ဖြတ်မှု အမှုအခင်း ဘယ်လောက် ကြမ်းတမ်းခဲ့သလဲဆိုတာကို ပြသနေသည်။
အဖွားအိုရဲ့ရုပ်အလောင်းဟာ အိမ်တံခါးပေါက်ဝ နားမှာ ဦးခေါင်းစိုက် လဲကျနေခဲ့သည်။ ရုပ်အလောင်းကို စစ်ဆေးချက်အရ အဖွားဟာ အသတ်မခံရခင် မုဒိမ်းကျင့်ခံခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။

ရဲမှတ်တမ်းထုတ်ပြန်ချက်အရ အသက် ၅၂ နှစ်အရွယ် သားဖြစ်သူ ရော်ဂျာမန်ဘန်ဟာ ဒီအမှုအတွက် သင်္ကာမကင်းသူဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ အဖွားအို၏ သားအရင်းဖြစ်ပြီး အတူတူနေထိုင်သည့် ရော်ဂျာဟာ အချိန်ပြည့် မူးယစ်ဆေးသုံးစွဲနေပြီး ဆိုးသွမ်းနေတဲ့အတွက် သူပဲဖြစ်နိုင်သည်ဟုလည်း အိမ်နီးနားချင်းများက မှတ်ချက်ပေးကြသည်။

ခုတော့ ၎င်းကို အချုပ်ထဲမှာ ထည့်ထားပြီး စစ်ဆေးမှုများ ဆက်လုပ်နေကြောင်း ဖိလစ်ပိုင် အွန်လိုင်းဝက်ဆိုက်တစ်ခုဖြစ်တဲ့ viral4real က ရေးသားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top